“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, November 03, 2010

ကျောက်ပတောင်းမှာ ဖွတ်တွေသောင်းကျန်းနေ

ကြံ့ဖွံ့ကြိုတင်မဲ ကျောက်ပန်းတောင်းမှာ ကောက်ခံ
ကြိုတင်မဲထည့်ဖို့ ကြံ့ဖွံ့ပါတီက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ဒီနေ့ကစပြီး မဲစာရင်းစာရွက်တွေ ဖြန့်နေပြီလို့ ဒေသခံတယောက် အဆိုအရ သိရပါတယ်။

“အိမ်တိုင်း လာပို့ပေးတယ်။ ရယက ကနေ မဲစာရင်းနံပါတ် လာပေးတယ်။ နာမည်ပါတယ်။ ကြံ့ဖွံ့ရဲ့ စက္ကူအလံနဲ့အတူ လာပေးတာ။ ကြိုတင်မဲပေးရင် ရတယ်တဲ့။ ကျနော်က ဘာမဲမှ မထည့်ဘူးလို့ ပြောလိုက်တယ်” လို့ သူက ပြောပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒီလို ဘာမှနားမလည်တဲ့ သူတွေကို လိမ်လည်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ နတ်မော်အုန်းရွာတွင် တောင်ယာ လုပ်ကိုင်သော အခါလူမျိုး မိလုံးနှင့် မိအဖယ်သည် ရွေးကောက်ပွဲကို သိသော်လည်း မည်သည့် ပါတီကို မဲထည့်ရမည်မှန်းမသိ ဖြစ်နေသည်။ မည်သူကမျှ ပြောမပြသဖြင့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းစုံကို အခါလူမျိုးများ သေချာစွာ မသိသေးပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Identity မပျောက်စေနဲ့ ။

Identity ဆိုတဲ့ မိမိကိုယ်ကိုယ် ( မည်သူ ၊ မည်ဝါမှန်းသိစေခြင်း ) ဟာ
၊ လူဆိုပြီး ရှင်သန်နေသူတိုင်း
အတွက် ၊ အရေးအကြီးဆုံး ဖြစ်ပါတယ် ။ မွေးလာသည်မှ အစပြုလို့ ၊ (Birth
Certificate) မွေးစာရင်းထဲမှာ
အမိ ၊ အဘ ၊ မည်သူမည်ဝါ ရယ်လို့ ၊ တိတိကျကျ စာရင်းသွင်းပြီး (Identity)
ပြုလုပ်ရပါတယ် ။
ယောကျာင်္းလေး ၊ မိန်းကလေး ၊ ဖြစ်သည်ဆိုတာကိုလည်း တိတိကျကျ ( Identity ) လုပ်ရပါတယ် ။
ဒါဟာ ဘ၀ဆိုတာကို စပြီးရကထည်းက ၊ မဖြစ်မနေ ၊ လုပ်ခဲ့ရတာပါ ။
အဲဒီနောက် ၊ မိမိကိုယ် ၊ မည်သူ
မည်ဝါ ဆိုပြီး ၊ ခေါ်ဆို ဆက်သွယ်နိုင်အောင် ၊ နာမည် ဆိုတဲ့ ( မောင်ဘယ်သူ ၊
မဘယ်သူ ) ဆိုတာကို ၊
နောက်ထပ် ( Identity ) ပြုရပြန်ပါတယ် ။ နောက်ထပ် တော့ ( လူမျိုး ၊
ကိုးကွယ်သည့်ဘာသာ ၊……..)
စသည်ဖြင့် ၊ အဆင့်ဆင့် ဆက်ပြီး (Identity) လုပ်ရပါတယ် ။
အသက်ရှင်နေထိုင်မဲ့ ၊ ယခုဘ၀ အတွက် ၊ မိမိကိုယ်မိမိ
မည်သူမည်ဝါဖြစ်သည် ၊ ဆိုတာကို ၊ တိတိ
ကျကျ ၊ သတ်မှတ်ပြီး ၊ ရှင်သန်နိုင်မှသာလျှင် ၊ ဘ၀ ရှိမယ် ။ မည်သူ မည်ဝါ၏
( ဘ၀ ) ဆိုတာကို ၊ အသိ
အမှတ်ပြု ၊ မှတ်တမ်းပြုလို့ရတဲ့ ၊ တိကျတဲ့ လုပ်ဆောင်ချက်တွေ ၊ သမိုင်းတွေ
ရှိလာမှာပါ ။
မိမိကိုယ် မိမိ အဖြူပါလို့ ၊ မိမိ ( Identity ) ကို ၊ သေသေခြာခြာ
သိသူ တယောက်ဟာ ၊ သူ့ကိုယ်သူ
အမဲ မဟုတ်တာကို ၊ သေသေခြာခြာ သိပါတယ် ။ ဒီတော့ ( မောင်ဖြူ ) ဆိုပြီးတော့
သူ့ကိုယ်သူသေသေခြာခြာ
သိနေသူတယောက်ဟာ ၊ ( မောင်မဲ ) ဘယ်လိုမှမဖြစ်ပါဘူး ။ သူ့မှာ တိကျတဲ့ (
Identity ) ရှိနေလို့ပါ ။
ဒီလိုတိကျတဲ့ (Identity) ရှိနေမှသာ ၊ အဲဒီလူသားရဲ့ ရှင်သန်မှု (ဘ၀)ကို ၊
( မောင်ဖြူ ) ရဲ့ ဘ၀ ပါလို့ ၊
တိကျတဲ့ သတ်မှတ်ချက် ၊ သမိုင်းဆိုတာရှိပါတယ် ။
ဒီဥပမာဟာ အလွယ်ကူဆုံး ၊ ဥပမာပါပဲ ။ ဒီတော့ မောင်ဖြူဟာ ၊
သူ့ကိုယ်သူ မောင်ဖြူပါလို့ ၊ သေခြာ
သိနေမယ်ဆိုရင် ၊ မောင်မဲလို့ ခေါ်သံကြားရင် ၊ ပြန်မထူးပါဘူး ။
ဘာကြောင့်လဲဆိုတော့ ။ သူ့ရဲ့ ကိုယ်ပိုင်
(Identity) က မောင်ဖြူဖြစ်နေလို့ပါ ။ သူ့ ဘ၀ ဟာလည်း မောင်ဖြူ၏ ဘ၀ပဲ ဖြစ်နေလို့ပါ ။
သူရဲ့ ( Identity ) ဟာ သူ့မှာရှိနေတယ် ၊ မပျောက်ဆုံးဘူး ။
သူဘယ်သူလဲလို့ ၊ သူကိုယ်တိုင် ၊
သေသေခြာခြာသိတယ် ။ မောင်ဖြူဟာ မောင်မဲ ဖြစ်လို့မရပါဘူး ။
နောက်ထပ်ပြောချင်တာက ၊ မောင်ဖြူ ဖြစ်လိုက် ၊ မောင်မဲ ဖြစ်လိုက် ၊
အမျိုးမျိုး ဖြစ်နေတဲ့ ဖြစ်ခြင်း
အကြောင်းပါပဲ ။ မောင်ဖြူ လို့ခေါ်လည်း ပြန်ထူးလိုက်တာပဲ ။ မောင်မဲလို့
ခေါ်လည်း ပြန်ထူးလိုက်တာပဲ ။
အဲဒါမျိုးကို ( Identity ) ပျောက်နေတယ်လို့ ၊ ပြောချင်တာပါ ။
ကိုယ့်ကိုယ်ကိုယ် မည်သူ မည်ဝါ ၊ မသိတဲ့
အဖြစ် ရောက်နေတဲ့သူကို ဆိုလိုတာပါ ။
ဒီအတွက် ဆက်ပြောစရာရှိနေပါတယ် ။ မောင်ဖြူလို့ တိကျတဲ့
(Identity) ရှိပြီးတဲ့နောက်ဆက်တွဲ
အနေနဲ့ ၊ သူ့ရဲ့ကိုယ်ပိုင် ၊ ကိုယ်ရည်ကိုယ်သွေး (Personality) ဆိုတာကလည်း
တွဲပြီးပါလာပါတယ် ။
ဆရာဝန်မောင်ဖြူ ၊ သင်္ဘောသားမောင်ဖြူ ၊ … စသည်ဖြင့်ပေါ့ ။ အဲဒါဟာလည်း
(Identity) ပါပဲ ။
ကိုယ်ဟာ မည်သူမည်ဝါ ဆိုတာတိတိကျကျသိမှ ၊ အဲဒီမည်သူမည်ဝါ ဟာ ( ဘာလဲ ) လို့ တိတိကျကျ
သိမှာပါ ။
ငါဘာလဲ ? ဆိုတဲ့မေးခွန်းကို ဖြေနိုင်ဖို့ရာမှာ ၊
ကိုယ့်ကိုယ်ကိုယ် ၊ မည်သူ မည်ဝါ ဖြစ်ကြောင်း ၊
တိကျတဲ့ ( Identity ) ရှိထားမှ ၊ ဖြစ်မှာပါ ။ အဲဒီလို မသိ ၊ မရှိ ၊
ဖြစ်နေရင်တော့ ၊ ငါဘာလဲ ဆိုတဲ့ အဖြေ
ကို တိတိကျကျ ၊ မဖြေနိုင်တော့ပါဘူး ။ အခု မောင်ဖြူ ဖြစ်လိုက် ၊
အခုမောင်မဲဖြစ်လိုက် ၊ အမျိုးမျိုး ဖြစ်နေ
တဲ့သူဟာ ၊ နောက်ဆက်တွဲ ငါဘာလဲ ဆိုတဲ့ ( Personality ) ပျောက်သွားပါပြီ ။
တိတိကျကျ မဖြေနိုင်တော့
ပါဘူး ။ အမျိုးမျိုးဖြစ်နေတဲ့ ( Identity ) ပျောက်ဆုံးနေသူတွေမှာ ၊ ဘဝ
ဆိုတာပါ ပျောက်ဆုံးနေပါပြီ ။
သမိုင်းဆိုတာလည်း ၊ ပျောက်ဆုံးလို့နေပါပြီ ။ သူ့အသက်ရှင်မှုမှာ
မောင်ဖြူဖြစ်လိုက် ၊ မောင်မဲဖြစ်လိုက် နဲ့
ရှင်သန်နေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ငါဘယ်သူလဲ ၊ ငါဘာလဲ ဆိုတာမသိတော့တဲ့
၊(IDENTITY) ပျောက်ဆုံး
နေလို့ပါပဲ ။ တနည်းဆိုရရင် ၊ ကိုယ့်အဖြစ် ၊ ကိုယ့်အကြောင်း ၊
ကိုယ်တိုင်မသိတဲ့ ( စိတ်ရောဂါဝေဒနာသည် )
တွေပါပဲ ။
ဒီကနေ့ မြန်မာပြည်ရဲ့ အခြေအနေကိုလေ့လာသုံးသပ် ကြည့်မယ်ဆိုရင် ။
တိကျတဲ့ သတ်မှတ်ချက် ၊
မိမိကိုယ်ကိုယ် မည်သူမည်ဝါပါလို့ ( IDENTITY ) ရှိတဲ့ ၊
စိတ်မှန်တဲ့သူတွေထက် ။ (IDENTITY) ပျောက်
နေတဲ့ ၊ စိတ်ရောဂါသည်တွေကို ၊ အများအပြားတွေ့နေရပါတယ် ။ အခုတမျိုး ၊
တော်ကြာတမျိုး ၊ အမျိုးမျိုး
ဖြစ်နေတဲ့သူတွေ ၊ အမျိုးမျိုးပြောနေတဲ့သူတွေ ၊ အမျိုးမျိုး
လုပ်နေတဲ့သူတွေ ကို မြင်နေတွေ့နေရပါတယ် ။
အဲဒီလိုလူတွေဟာ ဒီကနေ့ နိုင်ငံရေးဆိုတဲ့ ဇတ်ခုံ ပေါ်မှာ ၊ အခု NLD
ဖြစ်လိုက် ၊ အခု NDF ဖြစ်လိုက် ။
အခု ( တ.စ.ည ) ဖြစ်လိုက် ၊ အခု ( NDF ) ထဲမှာပါပြီး ၊
အမတ်ဝင်အရွေးခံလိုက် ။ အမျိုးမျိုးလုပ်နေတာ
ကို မြင်နေရပါတယ် ။ မိမိကိုယ်မိမိ ဘာမှန်းသေခြာမသိလို့ (
မောင်ဖြူဖြစ်လိုက် ၊ မောင်မဲဖြစ်လိုက် ) ဖြစ်နေ
ကြရတဲ့ ၊ (စိတ်ရောဂါဝေဒနာသည်) တွေရဲ့ ၊ အဖြစ်ကို မသိပဲ ၊ အဲဒီလိုလုပ်နေတာ
၊ ဖြစ်နေတာကိုပဲ ၊
နိုင်ငံရေး လုပ်နေတာပါလို့ ပြောနေကြပြန်သေးတယ် ။
(IDENTITY) တိတိကျကျမရှိလို့ ၊ အခုတမျိုး ၊ တော်ကြာတမျိုး ၊လုပ်ပြီး ၊
ငါဘာလဲ လို့ တိကျတဲ့အဖြေ
ဒီဘ၀ အတွက်မရှိတဲ့သူတွေက ၊ တိုင်းပြည်နဲ့ ၊ လူမျိုးကောင်းစားရေးအတွက် ၊
လုပ်ပေးပါမယ် ၊ လုပ်ပြပါမယ်
လို့ ၊ ကတိတွေပေးပြီး စည်းရုံးနေကြပြန်တယ် ။ သေသေခြာခြာ တွေးကြည့်ပါ ။
လက်ရှိအမြင်မှာကိုက ၊
ဒီ (စိတ်ဝေဒနာသည်) တွေဟာ ၊ အခုတမျိုး ၊ တော်ကြာ တမျိုးလုပ်နေတာမြင်နေရတာပဲ ။
သူတို့ ပေးနေတဲ့ ကတိတွေဟာလည်း ၊ ( အခုတမျိုး ၊ တော်ကြာတမျိုး ) ဖြစ်မဲ့ (
ကတိ ) တွေဖြစ်မှာပါဆိုတာ ၊
ပြေးမကြည့်နဲ့ ၊ တွေးကြည့်တာနဲ့ သိနိုင်တယ်မဟုတ်လား ။
အဲဒီ IDENTITY ပျောက်နေတဲ့ ၊ စိတ်ရောဂါဝေဒနာသည်တွေ ၊ မူမှန်သူတွေရဲ့
၊ စကားတွေ ( ကတိ ) တွေကို ၊ ယုံမိလို့ကတော့ ၊ ကိုယ်က သူ့ထက်ဆိုးတဲ့ ၊
စိတ်ရောဂါဝေဒနာသည် ဖြစ်ပြီသာမှတ်ပေတော့ ။
ကိုယ်ကိုယ်တိုင်လည်း ( ငါဘာလဲ ) လို့ ၊ သေခြာမသိတဲ့ ( IDENTITY )
ပျောက်ဆုံးသူဖြစ်သွားမှာပဲ ။
မြန်မာပြည်သူအများစုဟာ ( IDENTITY )ပျောက်နေခဲ့လို့ ၊ ငါဘာလဲ
လို့သေခြာမသိတဲ့ ၊ အကြောက်တရား
လွှမ်းမိုးမှုနဲ့ ၊ အသက်ရှင်နေခဲ့ကြလို့ ၊ တပါးသူ ဖြူတယ်ဆို ဖြူလိုက်ရ ၊
မဲတယ်ဆို မဲလိုက်ရနဲ့ ။ ဘ၀ တွေ
သေနေခဲ့ရတယ် ။ ဒုက္ခ ပင်လယ် ဝေခဲ့ရတယ် ။
အခုလည်း ဆက်ပြီး ဒုက္ခပင်လယ်ဝေမဲ့ ၊ လိမ်ညာဖြီးဖျန်း ၊ အခုတမျိုး
တော်ကြာတမျိုး ၊ ပြောနေလုပ်နေ
သူတွေရဲ့ ၊ သူကယ်မယ် ၊ ငါကယ်မယ် ဆိုတဲ့ ( အရူးချီးပန်း ) စည်းရုံးနေတဲ့ ၊
စကားတွေ ကြားနေကြရပြီ ။
မိမိကိုယ်ကိုယ် ၊ ငါဘာလဲလို့ သေခြာသိရင် ၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်မှရမယ်
။ ကြောက်နေရသူရဲ့ ၊
အဖြစ်မျိုးနဲ့ ၊ သူများကယ်မယ်ဆိုတဲ့ မာယာစကားတွေကို အားကိုးနေလို့ ၊ မရတော့ဘူး ။
စိတ်မမှန်တဲ့ အရူးတွေ ကယ်မယ်ပြောတာယုံနေလို့ မရတော့ဘူး ။
အနာဂတ်ကာလတွေမှာ ၊ ဆင်းရဲမှ လွတ်မြောက်လိုသူအားလုံးဟာ ။ ငါဘယ်သူလဲ ။
ငါဘာလဲ ။ ဆိုတာကို
သေသေခြာခြာ သိသူတွေရဲ့အဖြစ်နဲ့ ( IDENTITY ) မပျောက်တဲ့ ၊
စိတ်ကျန်းမာသူတွေရဲ့ အဖြစ်နဲ့ ၊ မိမိ
ကိုယ်ကိုယ် ၊ ကယ်တင်ကြရမယ် ။ ပြောတိုင်းမယုံ ၊ ပေးတိုင်းမယူ ၊
ကြွေးတိုင်းမစား ၊ ခိုင်းတိုင်းမလုပ် ၊
ချောက်တိုင်းမကြောက် ၊ မြှောက်တိုင်းမမြောက် မှသာလျှင် ၊ အသိဉာဏ်ပညာနဲ့
ယှဉ်တဲ့ စစ်မှန်တဲ့ ၊
ငြိမ်းချမ်းသော အနာဂတ်တွေကို ၊ ပိုင်ဆိုင်ကြမှာပါ ။
ငြိမ်းချမ်းသော အနာဂတ်ကို အမှန်တကယ် ပိုင်ဆိုင်ချင်တယ်ဆိုရင် ။
ငါဘယ်သူ ။ ငါဘာလဲ ။
ငါလုပ်သင့်တာဘာလဲ ။ အဲဒါတွေကိုသိတဲ့ ( IDENTITY) ရှိသူတွေဖြစ်ကြပါစေ ။
IDENTITY မပျောက်ကြပါစေနဲ့ လို့ ၊ တိုက်တွန်းရင်းဖြင့် ။
မေတ္တာဖြင့် (အ.ဘ.ယ) ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တစ်ခုတည်းသော လမ်းစဉ်

ကျွန်တော်တို့ တိုင်းပြည်ဟာ အဘက်ဘက်က ချွတ်ခြုံကျနေသည့် အပြင် သဘာဝ ဘေးအန္တာရယ် အမျိုးမျိုးကလည်း အခါမလပ် နှိပ်စက်လျှက်ရှိနေသည် ။ တိုင်းပြည် တပြည်တွင် အုပ်ချုပ်သူ အစိုးရ မကောင်းလျှင် တိုင်းသူပြည်သားတို့ ကိုယ်ကျင့်သီလ မတည်ဆောက် နိုင်ကြတော့ ။ စီးပွားရေး ကျပ်တည်း ကျဉ်းမြောင်းလာတယ်ဆိုတော့ မစင်ကြတဲ့အသက်မွေးဝမ်းမှု တွေကို ပြုလုပ်လာကြရတယ် ။ အဲဒီလို ကိုယ်ကျင့်သီလ မလုံခြုံတဲ့လူတွေ များလာတဲ့ အခါ ကပ်ကြီး သုံးပါး က သူ့သဘာဝ အတိုင်း ဆိုက်ရောက်လာတာပေါ့ ။ ဒီလို အဖြစ်အပျက်တွေ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ မှာ အထင်အရှားရှိပါတယ် ။ အခုလို အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဖို့ တခုတည်းသော လမ်းစဉ်က တိုင်းပြည်ကို မတရား အုပ်ချုပ်နေတဲ့ အာဏာရှင် အစိုးရကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့ပါဘဲ ။

တိုင်းပြည် ရဲ့ ပကတိ အနေအထားက သယံဇာတတွေ ကုန်ခမ်းလာလို့ အခွံသာသာ ဘဲ ကျန်ပါတော့တယ် ။ အဲဒီ အခွံမှာ ကပ်ကျန်နေတဲ့ အသားလေးတွေ ကိုတောင်ချမ်းသာ မပေးချင်တဲ့ အာဏာရှင်တွေက ဆက်လက် အုပ်ချုပ်ကြဖို့ အမျိုးမျိုး ကြံစည်နေကြတယ် မိတ်ဆွေ တို့ ။ ရွေးကောက်ပွဲ ကို အကြောင်း ပြပြီး ပြည်သူလူထု ဆီက တရားဝင် အုပ်ချုပ်ရေး အာဏာကို ဆက်လက် ရယူကြတော့မယ် ဆိုတာကို သိသိကြီးနဲ့ ခေါင်းငုံ့ခံနေကြတော မှာလား ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ အထူးအထွေ စဉ်းစားစရာ မရှိပါဘူး ။ လက်ရှိ အစိုးရရဲ့ ပြည်သူလူထု အပေါ်ကို ထားရှိတဲ့ သဘောထား အပေါ်ကို အခြေခံ ပြီး စဉ်းစားရင် အလွယ်လေးပါ ။ ဒီအာဏာရှင်တွေ ဆက်လက် အုပ်ချုပ်နေသမျှ တိုင်းပြည် အခြေအနေ က ပိုမိုဆိုးရွားလာကြမှာအားလုံး တညီတညွတ်တည်း လက်ခံထားတဲ့ အမြင်ပါ ။ ဒါဆိုရင် ဒီအာဏာရှင်တွေ ဘဲ ဆက်လက် အုပ်ချုပ်ရေးကို ထောက်ခံပေးထားတဲ့ လက်ရှိရွေးကောက်ပွဲကို ပြည်သူတွေ လက်ခံမှာလား ဆန့်ကျင်မှာလား သေချာစွာ စဉ်းစားကြည့်သင့်တယ် ။



နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ ရှုပ်ထွေးစွာ အသုံးပြုနိုင်မှ နိုင်ငံရေး ကို နားလည်တယ်လို့ ခေါ်ဆိုနိုင်တာ မဟုတ်ပါဘူး ။ နိုင်ငံရေး ဆိုတာ ပြည်သူလူထု အတွက် ဦးတည်ဆောင်ရွက်တာ ဖြစ်လို့ ပြည်သူလူထု နားလည် နိုင်မှ ဖြစ်မှာပေါ့ ။ ပြည်သူလူထု သဘောထားနဲ့ ဆန့်ကျင်တဲ့အယူဝါဒကို မှန်သမျှ ဟာ ပြည်သူလူထု ကောင်းစားရေး ထက် သူတို့ကောင်းစားရေးကို ဦးတည်ထားကြတာပါ ။ လက်ရှိ ရွေးကောက်ပွဲပါ ဥပဒေ အချက်အလက် တော်တော်များများက သူတို့ အာဏာတည်မြဲရေး နှင့် ကိုယ်ကြိုးရှာလူတစ်စု ကောင်းစားရေးကို ဦးထိပ် ထားကြတာပါ ။ ဒါပေမယ့် သူတို့အာဏာတည်မြဲရေးကို ဦးထိပ်ထားတဲ့ လူတစ်စု က ပြည်သူလူထု နားမလည် နိုင်တဲ့ နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ သုံး လက်ရှိအစိုးရရဲ့ သဘောထား အမှန်ကို လှစ်လျူရှု ၊ အနာဂတ် မှာ ဘာလုပ်ပေးပါ့မယ် ဆိုတဲ့ စကားလုံးတွေကို အသုံးချပြီး ပြည်သူလူထု ကို လှည့်စားဖို့ ကြံစည်နေကြတယ် ။ လက်ရှိအနေအထားကို ထည့်မတွက်ဘဲ အနာဂတ် မှာ ကောင်းစားရေးကို ကြွေးကြော် ၊ မရောက်သေးတဲ့ လွှတ်တော်ဆိုတဲ့ စကားကို တွင်တွင်သုံး နေကြတာ ပြည်သူလူထု အနေနဲ့ အသိတရား ရသင့်ပါပြီ ။



ဒီမိုကရေစီ အုပ်ချုပ်ရေး ကို အရိုးရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် ပြည်သူလူထု က အုပ်ချုပ်ရေး အာဏာကို အမှန်တကယ် တိုင်းပြည် အကျိုးသယ်ပိုးဆောင်ရွက်မည့် လူများကို အုပ်ချုပ်ရေး အာဏာအပ်နှင်းတဲ့ စနစ်တစ်ခုပါ ။ ပြည်သူလူထု လိုလားတောင့်တချက် မှန်သမျှကို

အုပ်ချုပ်ရေးပိုင်းကို တာဝန် ပေးအပ်ခြင်းခံထားရတဲ့ လူတွေက အကောင်အထည် ဖော်ပေးရတာ ဒီမိုကရေစီ ပါ ။ ပြည်သူလူထု ကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြခံ ရေးဆွဲထားတဲ့ တရားမျှတတဲ့ ဥပဒေကို တိုင်းသူပြည်သားတိုင်း စောင့်ထိန်းလိုက်ကြရမယ် ။ အကယ်၍ သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် မည်သူ့ကို မဆို အပြစ်ပေး အရေးယူလို့ရတဲ့ အုပ်ချုပ်ရေး စနစ်တခုပါ ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေတာ ဒီမိုကရေစီ ။ ပြည်သူလူထု အားလုံး တညီတညွတ်တည်း တန်းတူညီမျှ အခွင့်အရေး ကို ပိုင်ဆိုင်ခွင့်ရနိုင်တာ ဒီမိုကရေစီ စနစ်မှာဘဲ ရှိပါတယ် ။



နိုင်ငံတော်သီချင်းလေးကို လူတိုင်း ရကြမှာပါ ။ အဲဒီ သီချင်းလေးထဲ အတိုင်း ကျွန်တော်တို့ အခွင့်အရေးတွေ ရကြလို့လား ။ ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း ခွင့်တူညီမျှမှု သေချာ စဉ်းစားကြည့်ကြစမ်းပါအုံး ။ ပြည်ထောင် စု အမွေကို ထိန်းသိမ်းပါ့မယ် လို့ ဓိဌန်ပြုထားတဲ့ လူတွေက တိုင်းရင်းသားတွေကို သူပုန်လို့ သတ်မှတ်ပြီး အကြမ်းဖက် နှိမ်နှင်းလိုက်ကြတာ ပြည်ထောင်စုကို ထိန်းသိမ်းတာလား ၊ ဖြိုခွဲလိုက်တာလား ။ ဘာတွေကို တွေဝေနေကြတာလည်း ။ ဘာတွေကို စဉ်းစားနေကြတာလည်း ။ မျက်မြင် ထင်ရှား သက်သေ အထောက် အထားတွေ ကို ငြင်းဆန်ပြီး အနာဂတ်ဆိုတာကြီးကို ကျော်မတွေးကြပါနဲ့ ။



ဒီမိုကရေစီ နိုင်ငံကို ချီတက်မယ်ဆိုတဲ့ အစိုးရက ဘာတွေများ တရားမျှတမှုတွေ ဖော်ဆောင် နေလို့လည်း ။ ပဲခူးလို မြို့ပေါ်မှာ အရပ်သားနဲ့ စစ်သား အချင်းများရာ သေနတ်နဲ့ ပစ်သတ်လိုက်တယ် ။ ဘယ်သူကို တရားသွားစွဲမလဲ ၊ အပြစ်မဲ့တဲ့ မိန်းကလေး တွေ မုဒိန်းကျင့်ခံရတယ် ၊ ဘယ်သူ့ကို သွားတိုင်ရမှာလည်း ။ တိုင်းရင်းသားကျေးရွာတွေ ဖျက်စီးတာ ခံရတယ် ဘယ်သူ့က လာပြီး အရေးယူပေးမှာလည်း ။ အခြား လွတ်လပ်ခွင့်ကို ဆိုတာ အသာထား စာပေလွတ်လပ်ခွင့်တောင် ရလို့လား ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်နေတာလား ။ ဘယ်လို အချက်အလက်တွေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကြီးပါလို့ လိုက်လံပြီး ကြွေးကြော်နေတာ ကို လက်ခံထားကြတာလည်း ။ ဒါတောင် တရားဝင် အုပ်ချုပ်ရေး အာဏာအပ်နှင်းခြင်းခံထားရတဲ့ အစိုးရ မဟုတ်ဘူးနော် ။ ပြည်သူလူထုကသာ ရွေးကောက်ပွဲကို လက်ခံလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်စွပ် လိုက်တာနဲ့ တူတူပါဘဲ ။



ဒီလမ်းကို လျှေက်ရင် ဒီခရီး ဘဲ ရောက်မှာ ၊ ရွေးကောက်ပွဲ ဖြစ်မြောက်သွားရင် စစ်အာဏာရှင်တွေ ဘဲ စိုးမိုးကြမှာ ။ ဒါတွေကို သိသိကြီးနဲ့ လက်ခံကြတော့မှာလား ။ အမြင်တွေ မမှားကြစမ်းပါနဲ့ ။ ဒီနေ့လက်ရှိ မြန်မာနိုင်ငံ အနေအထားက ပြည်သူလူထု ရုန်းမှ ဖြစ်တော့မှာ ။ ခေါင်းဆောင်ကောင်းတွေ ရှိတုန်း ရုန်းထလိုက်ကြစမ်းပါ ။ ပြည်သူလူထု ကောင်းစားရေး အတွက် ရွေးချယ်စရာ လမ်းမရှိတော့ပါဘူး ။ အားလုံး ရရာလက်နက် စွဲကိုင်ပြီး ပြည်သူလူထု လိုလားတောင့်တချက်ကို ဘဲ တညီတညွတ်တည်း တောင်းဆိုကြမှ ရတော့မှာပါ ။ ဒါဟာ တမျိုးသားလုံး အာဏာရှင် စနစ်အောက် လွတ်မြောက်စေမည့် တစ်ခုတည်းသော လမ်းစဉ်ပါ ။ ဒီလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ကြမှ ဖြစ်တော့မယ် ။



ရဲဘော်ဒို့

အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး

အခု စစ်မြေပြင်ကို ထွက်ကြမယ်

ဆင်းရဲမယ် ငတ်မယ်

အခက်အခဲတွေနဲ့ ရင် ဆိုင်ကြရမယ်

ဗမာပီပီ ဗမာ့သွေးကို ပြကြပါ

အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ

အနီးစပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ ၊

ရဲဘော်တို့ နဲ့ တူတူ ကျွန်ူပ်ကိုယ်တိုင် ချီတက်မယ် ..



ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက်မိန့်ခွန်းမှာ ဘာတွေ အကျိုးခံစားရမယ်လို့ပါခဲ့လည်း စဉ်းစားကြည့်ကြစမ်းပါ ။ ဒါပေမယ့် ဘာကို လိုချင်လို့ စစ်မြေပြင်ကို ထွက်မှာလည်း ၊ အဲဒီ စစ်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေ ရရှိမှာလည်း တိုက်ပွဲဝင်မည့် ရဲဘော်တွေ သာ မက ပြည်သူလူထု အားလုံးကလည်း

သိရှိနားလည်ပြီးသားလေ ။ ဗိုလ်ချုပ်ရယ် စစ်မြေပြင်ကို မထွက်ပါနဲ့ ပြည်သူတွေ သွေးမြေကြမှာ ဖြစ်လို့ နစ်နာပါတယ်လို့ ပြောတဲ့လူတွေ လည်း အဲဒီ အချိန်က ရှိခဲ့ကြမှာပါ ။ ဒီလောက် အင်အားကောင်းတဲ့ နယ်ချဲ့တွေကို သွားတိုက်ကြမလို့တဲ့ ဆိုပြီး လှောင်ပြောင်ခဲ့တာတွေလည်း ရှိမှာ ။ ဒါပေမယ့် ယုံကြည်ချက်ကို ဦးထိပ်ထားပြီး မှန်ကန်တဲ့လမ်းစဉ်တစ်ရပ် ကို ဖော်ဆောင်ပေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း နောက်ကို ပြည်သူလူထု တရပ်လုံးက လိုက်ပါလာကြလို့ မြန်မာပြည် လွတ်လပ်ရေး ရတာပါ ။ အခုလည်း ဒီမိုကရေစီ တိုက်ပွဲဝင် ဖို့အတွက် အကျိုးအမြတ်ကို သိထားပြီးသားပါ ။ တမျိုးသားလုံး ကောင်းစားရေးကို ဦးထိပ်ထားရင် အနည်းငယ်သော လူတွေ ဒုက္ခရောက်တာလောက်ကို တွက်မနေကြနဲ့လေ ။ လွတ်လပ်ရေး တိုက်ပွဲဝင်မှ သေမှာ မဟုတ်ဘူး ၊ သေခြင်းတရား ဆိုတာ မွေးဖွားပြီးတာနဲ့ မဖြစ်မနေ ကြုံတွေ့ရမယ့် အရာတစ်ခု ။ ဘယ်သူမှ မကျော်လွှားနိုင်တဲ့ သဘ၀ရဲ့ နိယာမ တရား ။ အသက်ရှင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံသားတွေ လူအခွင့်ရေး လေးတော့ ပြည့်ပြည့် ၀၀လေး စံစားစေချင်တယ်ဗျာ ။ အဲဒီလို လူအခွင့်အရေး ရဖို့ တိုက်ပွဲဝင်ကြမှ ရတော့မှာ ။



အားလုံး ညီညွတ်ရင် ဒီအာဏာရှင်တွေကို ဖြုတ်ချလို့ရပါတယ် ဆိုတဲ့ အမြင်ကို နိုင်ငံရေး လုပ်ရှားနေတဲ့ လူတွေ အားလုံး တညီတညွတ်တည်း လက်ခံထားကြပါတယ် ။ ဒါပေမယ့် စစ်မှန်တဲ့ စည်းလုံးညီညွတ်မှု ကို မဖော်ဆောင် နိုင်ဘူးလို့ ယူဆတာက တကြောင်း ၊ တိုက်ပွဲဝင်ရမှာ ကြောက်လို့ အာဏာရှင်တွေကို ခေါင်းငုံ့ခံချင်တာက တကြောင်း ၊ ကံကောင်းရင် ငါတို့ နေရာလေး ရနိုင်ပါတယ် လို့ ယူဆတာက တကြောင်း အကြောင်း အမျိုးမျိုးနဲ့ အာဏာရှင်တွေ ရှေ့မှာ ဒူးထောက်နေကြပေမယ့် သူတို့တွေရဲ့ လိမ်လည် လှည့်ဖျားတတ်တဲ့ ပါးစပ်ဖျားက တိုင်းပြည်ကောင်းစားရေး ဆိုတဲ့ စကားလုံးကို အာဂုံဆောင်ထားတော့ ပြည်သူလူထု အမြင်တွေ လွဲမှားကုန်ကြတာပေါ့ ။



ဇွန်ပန်းရုံ အနီး လှည်းဘီး နွံထဲ ကျွန်နေသည်

ကူ၍ တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ။

ပြိုင်တူ တွန်းလျှင် ရွှေ့နိုင်ပါသည်

ငယ်စဉ်ခါက အသံသာသာလေးနဲ့ ရွှတ်ဆိုခဲ့ကြတဲ့ ကဗျာလေးတွေကို မေ့ထားကြတော့မှာလား ။ ကိုယ်တိုင်က ကူညီ၍ တွန်းပေးဖို့ အသာထား ကူ၍ တွန်းပေးတဲ့လူတွေကို လှောင်ပြောင်နေကြတယ် ၊ ကူညီပြီး တွန်းပေးလိုက်၇င် အားအင် ကုန်ခမ်းမှာပေါ့လို့ အကြောင်းပြလာကြတယ် ။ သူ့ဟာသူ လှည်းဘီးနွံထဲ ကျွံတာ ငါတို့လှည်းမှ မဟုတ်တာ ဆိုတဲ့ အတွေး အခေါ်သမားတွေက ပိုပိုများလာကြတယ် ။

အဖြောင့်တွေးရင် ကူညီပြီး တွန်းပေးလိုက် ရင် လှည်းဘီး နွံထဲက အသာလေး ရုန်းထွက်နိုင်ပါတယ် ။ ဒါပေမယ့် ဘာကြောင့်လှည်းဘီးကြီး ကျွံနေတာ ၊ ဘယ်လို ၀န်မျိုးကို သယ်ဆောင်လာလို့ လှည်းဘီးနွံထဲ နစ်နေတာ ၊ လှည်းမောင်းသူက မှ မကျွမ်းကျင်တာ ၊ နေပူရင် အပူချိန်များပြီး နွံထဲကရေတွေ ခြောက်ခမ်းသွား မှာပါ ။ အဲဒီလို လက်တွေ့မကျတဲ့ အတွေးအခေါ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ပြီး သုံးသပ်နေသမျှတော့ လှည်းဘီးက နွံထဲကကို ရုန်းထွက် နိုင်မှာ မဟုတ်ဘူး ။ အားစိုက်ပြီး တွန်းနေကြတဲ့လူတွေသာ အင်အားကုန်ခမ်းသွားမှာပေါ့ ။ လက်ရှိ တိုင်းပြည် အနေအထားက လည်း နွံထဲကို နစ်နေတာပါ ။ ကူညီ၍ တွန်းပေးမယ့် လူတွေကို ဘဲ အလိုရှိနေတာပါ ၊ ဘာကြောင့်ဆိုတာ မြန်မာပြည်ကြီး အာဏာရှင် နွံထဲက ရုန်းထွက် ပြီး လမ်းမှန်ပေါ်ကို ရောက်လာတဲ့အခါ ၀ိုင်းပြီး အဖြေရှာကြည့်ကြပေါ့ ။ အခုတော့ အတွေးအခေါ်သမားတွေထက် လက်တွေ့ နွံထဲက ရုန်းထွက်တောင် တွန်းပေးမယ့် လူအင်အားဘဲ များများလိုပါတယ်ဗျာ ။

အခုချိန်ခါမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေကြပါသေးတယ် ၊ ပြည်သူလူထု ကိုယ်စားပြုခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပါလို့ လူထုက တညီတညွတ်တည်း သတ်မှတ်ထားရုံတင် မကပါဘူး ၊ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး သမား အများစုကလည်း လက်ခံထားကြပါတယ် ။

လက်ရှိ အနေအထားမှာ အစိုးရရဲ့ မတရားဖမ်းဆီး ခြင်းကို ခံထားရပေမယ့် ပြည်သူလူထု အတွက်သူမဟာ ဆက်လက် ရှင်သန် နေပါတယ်ဆိုတာကို အမြဲ အသိပေးနေတုန်းပါ ။ သူလုပ်ပေးနိုင်တာက လမ်းပြပေးနိုင်ယုံပါဘဲ ။ သူမဟာ အခု ချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာ ရှိစွာ ခေါင်းဆောင်မှု ပေးနေတုန်းပါ ။ လွဲမှာတဲ့ ထင်မြင် ယူဆချက်တွေကို လက်ခံလိုက်ပြီး သိသိကြီး နဲ့ အညံ့ခံလိုက်ကြရင်တော့ ရာဇ၀င်တွေ ရိုင်းကုန်လိမ့်မယ်နော် ။ နောင်လာမည့် မျိုးဆက်တွေ အများကြီးက လှောင်ပြောင် သရော်သံတွေ ကို ခံနိုင်ကြလို့လား ။ ရင်သွေးငယ်လေးတွေ ပါးစပ်ဖျား က မိဘတွေ ညံ့တယ်ဆိုတဲ့ စကားသံက ချိုသာနိုင်ပါ့မလား ကိုယ်တွေ့သာ စဉ်းစားကြည့်ကြတော့ပေါ့။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ သာသနာ ငါတို့ လက်ထက်မှာ ကွယ်ရင် ငါတို့ဟာ သာဿာနာဖျက် ။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ လူမျိုးတွေ ကွယ်ပျောက်ရင် ငါတို့ဟာ အမျိုးဖျက်သူ ။ တည်းတည်းလေး ဘဲ ကျန်ပါတော့တယ်နော် ၊ အဲဒီ စကားတွေကို ဆရာတော် ဦးသုမင်္ဂလက တနိုင်ငံလုံး လှည့်လည်ပြီး ဟောကြားခဲ့တာ နောက်ဆုံး မျိုးဆက် ဖြစ်ကုန်မှာ စိုးလို့ပါ ။

မြတ်ဗုဒ္ဓရဲ့သာသနာ တော် ထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံမှာ အနှိပ်ခန်း တခန်း ဖွင့်ချင်ရင် လွယ်တယ် ။ တရားပွဲတပွဲ ဖြစ်မြောက်ဖို့ မလွယ်ပါဘူး ။ ဒါတွေက ယုံတမ်းစကား မဟုတ်ဘူး နော် ။ အချို့ဆို တရားပွဲ ကို ဦးဆောင် ကျင်းပတဲ့ လူက ငွေပေးရုံတင် မကဘူး အချုပ်ထဲ အရင် ၀င် ပေးရသေးတယ် ။ သာသနာ ဘယ်လောက်အောက်တန်းကျနေပြီလည်း စဉ်းစားကြည့်ကြပါအုံး ။ ဒီနေ့ နိုင်ငံတကာ မှာ မြန်မာ လူမျိုးတွေ ဘယ်လောက် အောက် တန်းကျနေပြီလည်း ။ တနိုင်ငံလုံးလည်း ၀န်ထမ်း မှန်ရင် မခိုးမနေရ ၊ လဘ်မစားရင် နေရာ မရ ဒီလို ဆောင်ပုဒ်တွေ နဲ့ ချီတက်လာလို့ ဒီနေ့လက်ရှိ အနေအထားမှာ ရပ်ကွက် ထောက်ခံစာတောင် အလကား ရလို့လား ။ သတ်မှတ်ထားတဲ့ တန်ရာတန်ကြေး အတိုင်း ပေးဆောင်လို့ ရတဲ့ အစိုးရ ရုံး ဌာနတွေ ရှိလို့လား ။ သတိထားကြည့်ကြစမ်းပါ ။

မိုးလွန်မှ ထွန်ချ ၊ ကလေးကျမှ လှေကားထောင် ၊ ရန်သူလာမှ ဒူးလေးပြင် ၊ အဲဒီ ဆောင်ပုဒ်တွေက လိုက်နာဖို့လား ရှောင်ကြဉ်ဖို့လား ။ ကံကိုယုံ၍ ဆူးပုံ မနင်းရာ၏ တဲ့ ။ ကံဆိုတာ မမြင်နိုင်လို့ထားပါတော့ ဒီလောက် ယုတ်မာ ကောကျစ် ညံ့ဖျင်းတဲ့ ကိုယ်ကျိုးရှာ ၀ါဒသမားတွေ လုပ်ရပ်က ထင်ထင်ရှားရှားရှိပါလျှက်နဲ့ သူတို့စကားကို အဟုတ်မှတ် ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်ပါတယ်လို့ ထအော်နေတာကို ယုံကြည်နေကြရင် သူတို့တော်တာ မဟုတ်ဘူး ၊ ကျွန်တော်တို့ ညံ့တာဖြစ်သွားမှာပေါ့။

ကျွန်ူပ်တို့ မြန်မာလူမျိုးများသည် မဟုတ်လျှင် မခံ ၊ မတရားလျှင်တော်လှန် ဆိုတဲ့ ရှေးရှေးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ သူရဲကောင်းတွေရဲ့ စကား တွေကို လက် ကိုင်ထားပြီး ကိုယ်အားကိုယ်ကိုးလို့ ရုန်းထနိုင်ပါမှ လွတ်မြောက်နိုင်မည့် အခြေအနေကို ရောက်နေ ကြပါပြီ ။ ကျွန်ူပ်တို့မှာ ရွေးချယ်စရာ လမ်း မရှိတော့ပါဘူး ။ သူတို့လုပ်သမျှ ခေါင်းငုံ့နေကြမယ့် အစား တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ရာ တာဝန် ထမ်းပြီး ကျရာ အခန်းဂဏ္ဍကနေ တိုက်ပွဲဝင်ကြ၍ အနာဂတ်မှာ ခေတ်မှီဖွံ့ဖြိုးတိုးတက် စေမည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ ချီတက်ကြပါစို့။



ခင်မင်လေးစားလျှက်

ဗမာ့သွေး
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ် ကျဆုံးခန်းများ တွေ့ ရှိခြင်း

by Yeyint Nge on Sunday, October 31, 2010 at 7:33pm
နိဒါန်း။ ။မြန်မာနိုင်ငံ၏
နိုင်ငံရေးကံကြမ္မာနောက်ဆုံးနေ့ များနှင့် စစ်အာဏာရှင်စနစ်ကျဆုံးခြင်း
ပြသနာများကို လေ့လာကြည့်သောအခါ အချက်(၃ ) ချက်ကို ဆန်းစစ်ကြည့်ရသည်။
ယင်းမှာကာယကံရှင်ဖြစ်သော ဒီမိုကရေစီအင်အားစုများ၏
မှန်ကန်သောဘ၀အနေအထားများနှင့် စစ်အုပ်စုတို့ ၏ရပ်တည်သောအနေအထားများ
ကွာဟနေမူဖြစ်ကြောင်း လေ့လာတွေ့ ရှိရသကဲ့သို့  ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င်
အာဆီယံအဖွဲ့အစည်းများ၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းများ လွှဲချော်နေမူကြောင့်
ဤပြသနာများကို မဖြေရှင်းနိုင်ကြောင်း သိသာနိုင်သည်။ ဆိုလိုသည်မှာ
ဤသုံးဦးသုံးဖလှယ်မှာ နောက်တပါတ်ဆိုလျှင်
မြန်မာနိုင်ငံ၏ကံဆိုးမိုးမှောင်နေ့ ဖြစ်သောနိုဝင်ဘာလ - ၇- နေ့ တွင်
အဆုံးသတ်ကြတော့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၈ ခုနှစ်ကမှ
ယခုအချိန်ထိ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ဒီမိုကရေစီအင်အားစုများက
တောင်းဆိုတိုက်ပွဲဝင်မှုသည် မြန်မာနိုင်ငံကို
ဒီမိုကရေစီအခွင့်အရေးပြည့်ဝစွာရရှိစေရေးကြိုးပမ်းနေခြင်းဖြစ်သည်။
ယင်းမှာပကတိအနေအထားအရ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်ခြင်းပင်ဖြစ်သည်။
ခုအချိန်ထိ နအဖစစ်အစိုးရမှ ပါတီစုံဒီမိုကရေစီဖေါ်ဆောင်ရေးအတွက်
ရွေးကောက်ပွဲကို ကျင်းပရသည်ဆိုခြင်းမှာ သမိုင်းအဖြစ်ကျန်ရစ်နေသော ၈၈
ဒီမိုကရေစီအရေးအခင်းနှင့် ၉၀ ခုနှစ်
ပါတီိစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့်ဖြစ်သည်။
စစ်အစိုးရ၏ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဖြစ်သော်လည်း
လူကိုရွေးချယ်ခြင်းဖြစ်ကာ မူကိုပြောင်းလဲခြင်းမဟုတ်။

အဓိပ္ပါယ်မှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်သွားမည့်
အငြိမ်းစားစစ်ဗိုလ်လူထွက်များ၏ အုပ်ချုပ်မူယန္တယားစနစ်
အသက်သွင်းခြင်းဖြစ်သော ရွေးကောက်ပွဲဖြစ်သည်။ ၉၀ ခုနှစ်
ရွေးကောက်ပွဲ၏ရလဒ်သည် ဒီမိုကရေစနစ်ကို ရှင်သန်စေရန်ဦးတည်ခြင်းဖြစ်ရာ
ယင်းရလဒ်ကိုအကောင်အထည်မဖေါ်နိုင်သမျ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ
ဒုတိယဆန်သောရွေးကောက်ပွဲကို လက်ခံနိုင်စရာအကြောင်းမရှိ။
ပထမအကြိမ်ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်းသည် နောက်လာမည့်
မည်သည့်ရွေးကောက်ပွဲမျိုးဖြင့် အစားထိုး၍မရနိုင်ကြောင်း ဒိဌလက်ငင်း
ဖြေရှင်းပြထားသောအရာသာဖြစ်သည်။ ဤပြသနာမှာ မြန်မာနိုင်ငံ၏ပကတိလက်တွေ
့ကျသော နိုင်ငံရေးပဋိပက္ခဖြစ်သည်။

ဒီမိုကရေစီအင်အားစုများ၏ အဖြေထွက်နိုင်ခဲ့ သော လှုပ်ရှားမူများ။

စစ်အာဏာရှင်စနစ် ကျဆုံးစေရေးအတွက်
နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ထိရောက်သောနည်းလမ်းများကို အသုံးပြုခဲ
့ကြသည့် ငြင်းမရသောအချက်များရှိခဲ့ သည်။။
ယင်းမှာဝန်ကြီးချုပ်ဟောင်းဦးနု၏စင်ပြိုင်အစိုးရဖွဲ့ စည်းခြင်း။
ဒေါက်တာစိန်ဝင်းတို့ ပါဝင်သော စင်ပြိုင်အစိုးရဖွဲ့ စည်းရေး စသည်များသည်
အဓိကအားဖြင့် စစ်အစိုးရကို ဖြုတ်ချလို၍ ကြိုးစားမူဖြစ်သည်။
ဒီယင်းအရေးအခင်းသာ မဖြစ်ပေါ်ခဲ့ လျှင် တနိုင်ငံလုံးအံကြွမူကြီးဖြင့်
စစ်အာဏာရှင်စနစ်ကို ပြောင်းလဲသွားစေနိုင်မည့် အလားအလာရှိနေခဲ့ သည်။ ၂၀၀ရ
ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ လက်နက်အားကိုးဖြင့် မနှိမ်နှင်းခဲ့လျှင်
စစ်အုပ်စုတို့ ၏ယန္တယားမှာ ၈၈ ခုနှစ်အရေးအခင်းလို ဖြစ်မြောက်သွားနိုင်သည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ ဦးမောင်မောင် ဦးစီးသောအဖွဲ့ မှ ကုလသမဂ္ဂ၏
နအဖစစ်အစိုးရအား နေရာဖယ်ရှားပေးရေးတောင်းဆိုမူတို့ မှာ
ပြည်ပ၌အပြင်းထန်ဆုံးလှုပ်ရှားမူဖြစ်ခဲ့သည်။ ဤလှုပ်ရှားမူတို့ မှာ
စစ်အာဏာရှင်စနစ်ကို ဖယ်ရှားလိုသော အဓိကအရင်းခံပြသနာကို
ကောက်ချက်ချထားမူပင်ဖြစ်သည်။ စင်စစ်လည်းဒီမိုကရေစီအင်အားစုတို့ မှာ
နအဖစစ်အစိုးရကိုဖြုတ်ချရေးထက် အခြားနည်းလမ်းများမရှိ။
စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမူကော်မီတီကလည်း ဟန်ချက်ညီညီဖြင့်
ပြည်တွင်းပြည်ပအင်အားစုများနှင့် ပူးပေါင်းလှုပ်ရှားနေရာ
ယင်းမှာအန္တိမရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဆောင်နေကြခြင်းဖြစ်သည်။
အထူးသဖြင့် စစ်အာဏာရှင်လူထုလှုပ်ရှားမူကော်မီတီမှ
အထွေထွေသပိတ်ဖြစ်ပေါ်ရေးကို ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်နေပြီး
ပြည်တွင်းအင်အားစုများနှင့် ကြးဖြတ်အစိုးရဖြစ်ပေါ်ရေးအတွက်
လက်တွဲတိုက်ပွဲဝင်နေခြင်းမှာ အားရစရာကောင်းနေသည့်အဖွဲ
့အစည်းကြီးတခုဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ
အမျိုးသမီးများအပေါ်အကြမ်းဖက်ညှင်းပမ်းနှိပ်စက်သည့် ရာဇ၀တ်ပြစ်မူနှင့်
ပါတ်သက်၍ ကြားနာစစ်ဆေးခြင်းဆိုင်ရာ လှုပ်ရှားမူများ၌
နိုဗယ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ
ကုလသမဂ္ဂရုံးအဆောက်အဦးတွင် ကြားနာခဲ့မူသည် ထိရောက်မူရှိခဲ့သည်။
ညူကလီးယားလက်နက်စက်ရုံတည်ဆောက်မူများနှင့် ဗိုလ်မှူးကြီးစိုင်းသိန်းဝင်း၏
ထုတ်ဖေါ်ချက်မှာ နအဖစစ်အုပ်စု၏ အဓိကအထိုးနှက်ဆုံးခံရသောအချက်ဖြစ်သည်။
ဤအချက်များသည် ယေဘူယျအားဖြင့် အဆုံးစွန်သောအဖြေကို မရရှိခဲ့ သော်လည်း
တနည်းနည်းဖြင့် စစ်အစိုးရအပေါ် ပြင်းထန်ရိုက်ခတ်ထားနေဆဲဖြစ်သည်။ သို
့သော်ကံတရားမှာ ပြည်သူများဖက်သို့  ဦးညွတ်တိမ်းစောင်းလာမူများက
မရှိသေးသောကြောင့် နှောင့်နှေးကြန့် ကြာနေမူများသာရှိနေခြင်းဖြစ်သည်။
တိတိကျကျ သတ်မှတ်သိရှိထားကြသော အကြောင်းအရာတခုမှာ
စစ်အာဏာရှင်စနစ်ဖယ်ရှားရေးဖြစ်ပြီး ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာမည်ကို
တထစ်ချယုံကြည်ရင်း ရှိနေကြဆဲဖြစ်သည်။ ယင်းယုံကြည်ချက်များကို စစ်အုပ်စုမှ
အသေအချာအသိအမှတ်ပြုထားသောကြောင့် ကြောက်ကန်ကန်နေခြင်းဖြစ်၍
မြန်မာနိုင်ငံ၏နိုင်ငံရေးဇတ်ခုံမှာ ယခုလောက်ဇတ်မျှောရှည်ဖြစ်နေရသည်။

ပကတိမျက်မှောက်ကာလ ပြည်တွင်းနိုင်ငံရေး ရည်မှန်းချက်များကို
စောင်းငဲ့ကြည့်ခြင်း။

၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ သော ပြည်သူ
့လွှတ်တော်ကိုယ်စားလှယ်များမှာ အာဏာလွှဲပြောင်းမရရှိခဲ့ရ၍ ပြည်သူ
့လွှတ်တော်ခေါ်ယူလိုကြသည်။ တာဝန်ရှိသောစစ်အစိုးရမှာ ရွှေးကောက်ပွဲရလဒ်ကို
အသိအမှတ်မပြုသောကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက
လွှတ်တော်ခေါ်ယူနိုင်ရန် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ
့စည်းခဲ့ ကြသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို
ဖွဲ့စည်းပြီးသည်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ဒေါက်တာစောမြအောင်ကို
ဖမ်းဆီးခြင်းဖြင့် စစ်အစိုးရသည် သူတို့ ၏
အာဏာဖယ်ရှားရေးလုပ်ငန်းစဉ်ဟူသမျကို ထိပါးတိုက်ခိုက်စေမည့်
အဖွဲ့အစည်းများအား ပြတ်သားစွာချေမူန်းတော့သည်။ ပြည်သူ
့လွှတ်တော်ကိုယ်စားပြုကော်မီတီမှာ နှစ်ပေါင်းနှစ်ဆယ်အတောအတွင်း
မည်သည့်အခါမျှ လွှတ်တော်ပေါ်ပေါက်ရေးအတွက် မခေါ်ယူနိုင်ခဲ့ ။
မင်းကိုနိုင်ဦးဆောင်သော ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ကိုထင်ကျော်
။ မစုစုနွေးတို့  အကျဉ်းထောင်ထဲ ရောက်သွားရပြီးနောက်
ပြည်တွင်းလှုပ်ရှားမူများမှာ အင်အားချိနဲ့ သွားခဲ့ ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီအတွင်းတိုက်ပွဲ၌ နှစ်ခြမ်းကွဲကာ
နောက်ဆုံးတွင် ပါတီမှတ်ပုံမတင်သည့် အုပ်စုနှင့်
ရွေးကောက်ပွဲဝင်မည့်သူများကတဖက်ဖြစ်သွားကြသည်။ နအဖစစ်အစိုးရ၏
ရွေးကောပ်ပွဲကော်မရှင်မှ ထုန်ပြန်သော အသက်၁၈ နှစ်ပြည့်ပြီးသော
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိသည်ဆိုသောအချက်နှင့် မဲမပေးလိုပါက
မဲမပေးပိုင်ခွင့် ရှိသည်ဆိုသောအချက်ကို ဒေါ်အောင်ဆန်းစုကြည်က
ထုတ်ဖေါ်ရှင်းလင်းပြသည်။ မဲမပေးရေးဆိုသော ပြည်တွင်းလှုပ်ရှားမူမှာ
နအဖစစ်အုပ်စု၏ ဥပဒေကိုချိုးဖေါက်ခြင်းမဟုတ်သောကြောင့်
မည်သူမဆိုလွပ်လွပ်စွာ လှုပ်ရှားနိုင်သည်။ အောက်တိုဘာလ ၂၄ ရက်နေ့ တွင်
ဇိုမီးအမျိုးသားကွန်ကရက်အဖွဲ့အစည်းမှ ဒုတိယပင်လုံညီလာခံကို ခေါ်ယူရန်အတွက်
လက်မှတ်ထိုးကြေညာချက်ကို ထုတ်ပြန်လာသည်။ ဤကြေညာချက်မှာ
တိုင်းရင်းသားလူမျိုးများက ရေရည်ဖြစ်နေသော ပြည်တွင်းစစ်မီးကို
အဆုံးသတ်စေပြီး အနာဂါတ်မြန်မာနိုင်ငံကို
ငြိမ်းချမ်းသောဒီမိုကရေစီနိုင်ငံတခုဖြစ်စေလိုသည့်သောသဘောဖြင့်သူတို
့၏ရင်တွင်းဆန္ဒကို ထုတ်ပြန်ခြင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို
တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ
သွေးစည်းညီညွတ်ရေးမှာ အရေးကြီးသည်။ ပထမပင်လုံညီလာခံသည် နယ်ချဲ
့အင်္ဂလိပ်အစိုးရလက်မှ လွပ်လွပ်ရေးတောင်းဆိုသောအခါ
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့  သွေးစည်းညီညွတ်ကြောင်း
သဘောတူလက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။
ယခုဒုတိယပင်လုံညီလာခ့မှာ နယ်ချဲံ တို့ ထံမှ
လွပ်လွပ်ရေးတောင်းဆိုခြင်းမဟုတ်။ ဘာသာတူလူမျိုးတူ စစ်အစိုးရတို့ ထံမှ
စစ်မှန်သောလွပ်လွပ်ရေးအရသာကို တောင်းဆိုသည့် သဘောတူစာချုပ်ဖြစ်သည်။
ဤဒုတိယပင်လုံညီလာခံကို ခေါ်ယူရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ
ဦးဝင်းတင်က သဘောတူလက်မှတ်ထိုးပြီး ထုတ်ဖေါ်ပြောဆိုရှင်းလင်းသောအခါ
နအဖစစ်အစိုးရ၏ အာဘော်ဖြစ်သော သတင်းစာမှ ခြိမ်းခြောက်သတိပေးစာ
ရေးသားလာသည်။ ရွေးကောက်ပွဲကို မဲမပေးရေး ဆိုခြင်းမျိုး ၊
သပိတ်မှောက်သည်ဆိုခြင်းမျိုးကို စစ်အစိုးရမှ မည်သို့ မျှ ဂရုမစိုက် ၊
ဒုတိယပင်လုံညီလာခံ ခေါ်ယူမည့်အရေးကိုမူ သူတို့ သည်
ဆတ်ဆတ်ခါနာကျဉ်းသွားကြသည်။ အကြောင်းမှာ
ဒုတိယပင်လုံညီလာခံခေါ်ယူရေးကြေညာချက်သည် သူတို့ ၏ရွှေးကောက်ပွဲ၌
တိုင်းရင်းသားလူမျိုးပေါင်းစုံက ရွှေးကောက်ပွဲတွင် ပါဝင်နေပါသည်ဆိုသော
အကြောင်းပြချက်ကို အလှပဆုံးထိုးနှက်လိုက်ခြင်းကြောင့်ဖြစ်သည်။

နိုင်ငံတကာအစိုးရများမှ လျှာနှစ်ခွအတွေးအခေါ်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မှတ်ပုံမတင်သည့်နေ့ ကစပြီး
ယခုအချိန်ထိ နိုင်ငံတကာသံအရာရှိများက လာရောက်ဆွေးနွေးနေခြင်းမှာ
အားတက်စရာဖြစ်သည်။ သို့ သော်ယေဘူယျပြသနာများကိုသာ တင်ပြနိုင်ခြင်းကြောင့်
နိုင်ငံတကာအစိုးရများမှာ ရွေးကောက်ပွဲမတိုင်မှီကာလနှင့်
ရွေးကောက်ပွဲအလွန်ကာလ ကို နှစ်ပိုင်းခွဲ၍ ပြောဆိုဆက်ဆံနေကြရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားများကိုသာ မေးမြန်းပြီး သူတို့ ၏
ထိရောက်သောနည်းဗျူဟာများကို ချမပြပေးခြင်းဖြင့် သံတမန်များသည်
အလုပ်မဖြစ်သည့် သံခင်တမံခင်းစကားကိုသာ ပြောဆိုနေကြသည်။ ၉၀
ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ဆောင်၍ ယခုရွှေးကောက်ပွဲကို
လက်မခံပါဟု ပြောဆိုထားခြင်းသည် ရှင်းလင်းနေပါသည်။ သည်လိုဆိုလျင်
မည်သည့်အတွက်ကြောင့် မနေ့ ကအထိ ကုလသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး
မစ္စတာဘန်ကီမွန်းက ရွေးကောက်ပွဲတွင် အားလုံးပါဝင်ရေးကို
ပြောဆိုတိုက်တွန်းနေရပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်အား လွပ်မြောက်ရေးကို တောင်းဆိုနေပြီး ရွှေးကောက်ပွဲ၌
ပါဝင်ခွင့်တောင်းဆိုပေးနေသည်။ ရွှေးကောက်ပွဲ မတိုင်မှီကာလနှင့်ပါတ်သက်၍
မည်သို့ မျှ ပြောဆိုမရသောအခါ ရွေးကောက်ပွဲကာလအလွန်မှာ သူတို့ နှင့်
ဆက်ဆံသွားစရာရှိသည်ဟု ဆိုလိုက်ပါသေးသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
မစ္စကလင်တန်ကပင် စစ်အစိုးရ၏ မူဝါဒများကို အတိတ်မှာထားခဲ့ ပြီး
မူုအသစ်နှင့် သွားရမည်ဟု ပြောဆိုသည်။ လူလည်းမပြောင်း မူလည်းမပြောင်းသော
နအဖစစ်အစိုးရ၏ ပေါ်လီစီများကို ထိရောက်စွာမသုံးသပ်ကြသော နိုင်ငံတကာ၏
အားပေးမူကြောင့် ယခုအချိန်ထိ မြန်မာနိုင်ငံသည် ဝေလေလေအဆင့်မှ
မကျော်နိုင်ခဲ့ ကြပေ။ အမေရိကန်အစိုးနှင့် ဥရောပသမဂ္ဂအဖွဲ့
ဝင်နိုင်ငံများမှာ စစ်အစိုးရ၏ ရွှေးကောက်ပွဲကို
တိုင်းရင်းသားလူမျိုးပေါင်းများစွာက ၀င်ရောက်ရန်
သဘောတူလှုပ်ရှားကြသည်။ထောက်ခံကြသည်ဟု ယုံကြည်သွားရသည်မှာ ရှမ်းလူမျိုး
ဟန်ညောင်ဝေကြောင့် ပိုမိုဖြစ်သွားသည်ဟု စာတမ်းများ ၊ အစီရင်ခံစာများအရ
သိရှိရသည်။

ဟန်ညောင်ဝေနှင့် အပေါင်းပါတစုကြောင့် ပြည်ပတွင်
သုံးပွင့်ဆိုင်ဆွေးနွေးရေးဆိုသော ပြသနာက ထိပ်တိုက်ပြသနာဖြစ်သွားသည်။ တွေ
့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ
နှစ်ဦးချင်းတောင် တွေ့ ခွင့်မရသေး။ ပြည်ပမှ
သုံးပွင့်ဆိုင်ဆွေးနွေးရေးကို အော်လိုက်သောကြောင့် ကုလသမဂ္ဂကပါ
ထအော်ဖြစ်ကြသည်။ နောက်ဆံးတွင်
ပြည်တွင်းမှတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဇိုမီးကွန်ဂရက်အဖွဲ့မှ
ပူးကျင်ရှင်းထန်တို့ က ENC ဆိုသောတိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ
ု့အား ပြည်တွင်းမှ လူမျိုးပေါင်းစုံကို ကိုယ်စားမပြုသောအဖွဲ
့အဖြစ်ကြေညာပေးလာရသည်။ ယခုလည်း ဒုတိယပင်လုံညီလာခံခေါ်ယူသည့်အခါ ပြည်ပမှ
တိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့ က ပူးပေါင်းပါဝင်လာပါက
ပြသနာရှိလာမည်ကို သတိနှင့် စောင့်ကြည့် ရန်လိုပါသည်။
ဤပုဂ္ဂိုလ်များကြောင့် နိုင်ငံရေးအရှုပ်တော်ပုံများ ပြည်ပမှာ
ဖြစ်ပေါ်နေရသည်။ သူတို့ ကြောင့် ရွှေးကောက်ပွဲတွင် လူပေါင်းစုံ ပါဝင်ရေး။
ပါတီပေါင်းစုံပါဝင်ရေးနှင့် ရွှေးကောက်ပွဲကိ အသိအမှတ်ပြုရေး
ဆိုသောအပိုင်းကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယင်းကြောင့်လည်း
စစ်အစိုးရ၏ရွှေးကောက်ပွဲမှာ ဒီမိုကရေစီအတိုက်အခံကြားမှာပင်
နှစ်ခြမ်းကွဲသွားရခြင်းဖြစ်သည်။ နိုင်ငံတကာတွင် တဖက်မှ မဲမပေးရေးနှင့်
သပိတ်မှောက်နေချိန် အခြားတဖက်မှာ ရွေးကောက်ပွဲကို
ကျားကန်ပေးရေးသူများအဖြစ် ဟန်ညောင်ဝေတို့ အုပ်စုက နိုင်ငံတကာတွင်
ရုံးခမ်းတွေဖွင့်ပြီး လှုပ်ရှားပေးနေကြသည်။ ထို့ ကြောင့်လည်း
နိုင်ငံတကာမှ ရွှေးကောက်ပွဲအလွန်ကာလမှာပင် စစ်အစိုးရ၏အရပ်သားအစိုးရနှင့်
ဆက်ဆံရအုံးမည်ဟု ပြောဆိုလာကြသည်။ နိုင်ငံတကာအစိုးရများမှ ယင်းသို
့ဖြစ်အောင် ပြောဆိုလာကြခြင်းမှာ မီဒီယာအပိုင်းနှင့်လည်း
များစွာပါတ်သက်မူရှိသည်။ ဒီမိုကရေစီအတိုက်အခံသမားတို့ ၏ အသံများမှာ
ရွှေကောက်ပွဲကို ၀င်လိုကြသောသူများ၏အသံထက် မီဒီယာတွင် နေရာမရရှိ။
အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှာလည်း သီးခြားစီအမြင်အမျိုးမျိုးဖြင့်
မြန်မာနိုငငံရေးကို ဦးတည်ရှိနေကြသော်လည်း နောက်ဆုံးတွင်
ဒုံရင်းအခြေအနေသို့ သာရောက်ရှိသွားကြသည်။
ယင်းမှာဒေါ်အောင်ဆန်းစုကြည်လွပ်မြောက်ရေးကို မြင်လိုတွေ့ လိုပါကြောင်း
ကြေညာချက်ကလေးတစောင်ဖြင့် ပြီးစီးသွားခြင်းသာဖြစ်သည်။
တောင်အာရှနိုင်ငံအဖွဲ့ဝင်ဖြစ်သော အိန္ဒိယနိုင်ငံကမူမြန်မာနိုင်ငံ၏လူ
့အခွင့်အရေးချိုးဖေါက်မူများနှင့်ပါတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ
့စည်းရန်တောင်းဆိုနေမူကို လက်မခံကြောင်း ပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပါတ်သက်လျှင်
စီးပွါးရေးဆိုင်ရာရင်းနှီးမြုပ်နှံမူ၌ တရုပ်နိုင်ငံကို
ပြိုင်ဆိုင်နေသောနိုင်ငံဖြစ်ရာ နအဖစစ်အစိုးရ၏ မျက်နာလိုမျက်နာရ
လိုချင်နေပုံရသည်။ အထူးသဖြင့် နိုင်ငံတကာအစိုးရများ၏
လျှာနှစ်ခွဖြစ်သွားရသော အတွေးအခေါ်များ ဖြစ်ပေါ်ရအောင် အဓိကဖန်တီးသူများမှာ
ဟန်ညောင်ဝေလို လူစားးမျိုးဖြစ်ရာ ယင်းလျာနှစ်ခွဖြစ်နေသော
နိုင်ငံတကာအစိုးရများ၏ ဖိအားများကိုမူ ရနိုင်လိမ့်မည်ဟု လုံးဝစိတ်ချ
မယုံကြည်နိုင်သေးပေ။ ဖန်တီးသူဟန်ညောင်ဝေလိုလူစားမျိုးကို
ဒီမိုကရေစီနိုင်ငံရေးလောကတွင် မရှင်းလင်းနိုင်သရွှေ့  သူတို့ က ပြသနာရှာကာ
နှောင့်ယှက်နေအုံးမည်မှာသေချာနေသည်။

လက်တွေ့ ကျသော ဗျူဟာများနှင့် အတွေးအခေါ်မြင့်မားရေး

ပကတိမျက်မှောက်ကာလ၏ မြန်မာ့နိုင်ငံရေးသည်
ပြည်တွင်းနိုင်ငံရေးအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများနှင့်
ပြည်ပမှနိုင်ငံရေးနားလည်မူ လွှဲမှားနေမူသောကြောင့်ဖြစ်နေရသည်။ ၈၈
ခုနှစ်ကာလကပင် စစ်အစိုးရသည် လက်နက်ကိုင်အကြမ်းဖက်နှိမ်နှင်းခြင်းဖြင့်
အရာခပ်သိမ်းကို ထိမ်းချုပ်ထားနိုင်သည်ဟု ဆုံးဖြတ်ချက်ချထားသူများဖြစ်သည်။
နောက်ပိုင်းတွင် ညူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေးအထိကို
စီမံကွက်ကွဲလှုပ်ရှားလာပြီးဖြစ်သည်။ နိုဗယ်ငြိမ်းချမ်းရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားပြီး စစ်အစိုးရသည် သူတို
့လုပ်ချင်သမျ လုပ်လို့ ရသည်ဟု ထင်မှတ်ထားပုံရသည်။ သို့ သော်
ညူကလီးယားလက်နက်စက်ရုံထုတ်လုပ်ရေးနှင့်မူ ဒေါ်အောင်ဆန်းစုကြည်မှ
မည်သည့်စကားကိုမျှ ထုတ်ဖေါ်မပြောသေး။ ယခုလည်းေ၇ွှးကောက်ပွဲကို
သပိတ်မှောက်လိုက်ပြီဟု ကြေညာလိုက်သည်ဆိုခြင်းမှာ နအဖစစ်အစိုးရအား
နိုင်ငံတကာအစိုးရများက အသိအမှတ်မပြုရန် မီးစိမ်းပြလိုက်ခြင်းဖြစ်သည်။
ရွှေးကောက်ပွဲတွင် မဲမပေးရေး ကြွေးကြော်သံဖြင့် လှုပ်ရှားခဲ့သော်လည်း
မဲရေတွက်ရာတွင် ကြံ့ဖွံ့နိုင်သွားသည်ဆိုလျှင်တောင် ယင်းနိုင်သွားခြင်းမှာ
သပိတ်မှောက်ထားသောကြောင့် ဆိုသောပြသနာက လာနေပြီဖြစ်သည်။

ကြံ့ဖွံ့ပါတီဝင်ပေါင်း ၁၈ သန်းရှိသည်ဟု ကြေညာထားသောကြောင့်
မဲပေးသူလူဦးရေစာရင်းမှာ ၁၈ သန်းထက်နည်းပါးစွာ ရရှိသွားလျှင်
ကြ့ဖွံ့ပါတီသည် သပိတ်မှောက်ခြင်းကို လက်ခံသွားရမည်ဖြစ်သည်။ မည်သို
့ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရွှေးကောက်ပွဲကို
သပိတ်မှောက်ထားသောကြောင့် ဤရွှေးကောက်ပွဲသည် တရားမ၀င်တော့။ ပြိုင်ဖက်မရှိ၍
နိုင်သည်ဟု ဆိုဆို ၊ ပြိုင်ဖက်ရှိ၍နိုင်သည်ဟုဆိုဆို သပိတ်မှောက်ထားသော
နိုင်ငံရေးပါတီနှင့် ပြည်သူတို့ က ရှိနေသမျှ ကာလပတ်လုံး
ယင်းရွှေးကောက်ပွဲမှာ တရားလည်းမ၀င်။ အစိုးရလည်း မည်သူကမျှ
အသိအမှတ်မပြုနိုင်။ နိုင်ငံတကာအစိုးရများမှလည်း အသိအမှတ်မပြုဟု
ပြောဆိုနေကြသည်။ ရွှေးကောက်ပွဲမှ အရွေးချယ်ခံရသော
လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းလာမည့် အစိုးရကိုလည်း
အသိအမှတ်မပြုသောနိုင်ငံများရှိရာ ဤပြသနာကို တိကျစွာရှင်းရှင်းလင်းလင်း
နားလည်ရန်လိုပါသည်။

အကယ်၍ရွှေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သားအစိုးရကို
အသိအမှတ်မပြု လက်မခံလျင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော
အရပ်သားအစိုးရဖွဲ့ စည်းရေးကို လက်ခံပါမည်လား ဟု လက်တွေ့ ကျသောမေးခွန်းကို
မေးမြန်းရန် အချိန် နည်းနည်းရှိပါတော့သည်။ ဤမေးခွန်းကို
ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက မေးနေပါသည်။
မြန်မာနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖို့ အရေးကြီးနေပါသည်။
စစ်အစိုးရအနေဖြင့် ရွှေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်ပါသည်ဟု ပြောဆိုနေပါသည်။
အချိန်နည်းနည်း ရှိနေပါသေးသည်ဟု ပြောဆိုတိုက်တွန်းနေသည်။ သည်လိုဆိုလျင်
လက်တွေ့ ကျသော ဗျူဟာများကို အတွေးအခေါ်မြင့်မားစွာနှင့်
ချိန်ထိုးကြည့်ရန်လိုပါပြီ။

မစ္စတာဘန်ကီမွန်း၏ ပြောဆိုထောက်ပြသော အချိန်နည်းနည်းလိုနေပါဆိုသော
စကားကို စစ်အစိုးရက မလိုက်နာဟု ယေဘူယျသုံးသပ်ကြည့်ဖို့ လိုပါသည်။
စစ်အစိုးရမှ မလိုက်နာလျင် ဒီမိုကရေစီအတိုက်အခံများဖြစ်သော
မိမိကိုယ်တိုင်ကော လိုက်နာသင့်ပါသလားဟု စောကြောမိရမည်ထင်သည်။
နအဖစစ်အစိုးရက မလိုက်နာခြင်းမှာ အာဏာလက်လွှဲပြောင်းပေးရမည်မို့ 
မလိုကနာခြင်းဖြစ်သည်။ ဒီမိုကရေစီအတိုက်အခံများမှာမူ မြန်မာနိုင်ငံကို
အသွင်ကူးပြောင်းရေးအတွက်

ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားမရှိပြီဟု မြင်တတ်ရန်လိုပါသည်။
ယင်းအမြင်ရှိလျင် မစ္စတာဘန်ကီမွန်း၏ အချိန်နည်းနည်းသာ လိုတော့သည်ဟု
စကားကို တဖက်လှည့်ပြီး တွေးတောကြည့်ရပေတော့မည်။ ယင်းမှာ
မြန်မာ့နိုင်ငံရေးလာကေ၌ ဒေါ်အောင်ဆန်းစုကြည်ကို ရှိနေသင့်သည်ဟု ထင်လျှင်
ဒေါ်အောင်ဆန်းစုကြည်ဦးဆာင်သော လူထုအစိုးရ တနည်းအားဖြင့်
ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ကုလသမဂ္ဂမှ မစ္စတာဘန်ကီမွန်းအပါအ၀င်
ထောက်ခံပါမည်လား ဟု မေးမြန်းခွင့် ရှိနိုင်ရမည်ဖြစ်သည်။ သို့ အတူ
အခြားသောအာဆီယံနိုင်ငံများပါမက ဒေါ်အောင်ဆန်းစုကြည်ကို
ထောက်ခံချစ်မြတ်နိုးကြသော နိုင်ငံများ ၊အစိုးရများကို လက်တွေ
့ကျသောဗျူဟာများနှင့် အတွေးအခေါ်မြင့်မားစွာဖြင့်
လှုပ်ရှားဆောင်၇ွက်ရမည့်အချိန်လည်း ဖြစ်စ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်းက ပြောဆိုနေသောစကားမှာ စစ်အစိုးရကို ပြောဆိုနေသလို
ဒီမိုကရေစီအင်အားစုတွေကိုပါ ပြောဆိုနေပါသလားဟု စဉ်းစားရမည့်
အချိန်ဖြစ်သောကြောင့် အတွေးအခေါ်မြင့်င့်မားစွာ သုံးသပ်ရမည်ဖြစ်သည်။ သို
့မှသာ ကံဆိုးမိုးမှောင်နေ့ ဖြစ်သည့် နိုဝင်ဘာလ ရ ရက်နေ့ မတိုင်မှီ
ပွဲကသိမ်းသွားမည်ဖြစ်သည်။ အကယ်၍ယင်းသို့သာ ဗျူဟာကောင်းကောင်းနှင့် လက်တွေ
့မဆန်သော နိုင်ငံရေးလှုပ်ရှားမူဖြစ်နေလို့ ကတော့ ရေစီးကြောင်းကမူ
မျောနေအုံးမည်ဖြစ်သည်။

ယုံကြည်ချက်ပြင်းပြထားသူများ၏ စိန်ခေါ်မူများ

၂၀၁၀ ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး
ဒီမိုကရေစီအရပ်သားအစိုးရကို ဖြစ်ပေါ်လိုသည့်
ဒိမိုကရေစီအင်အားစုများအနေဖြင့် ယခုအချိန်မှာ အရေးကြီးဆုံးအချိန်ဖြစ်သည်။
တပါတ်မျှသာလိုတော့သည့်အချိန်မှာ မည်သို့ ဆောင်ရွှက်ကြပြီး စစ်အစိုးရကို
ဖြုတ်ချရန် လုပ်နိုင်ကြပါမည်နည်း ဆိုသောအတွေးကို တွေးတောအဖြေ
ရှာကြရတော့မည်ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ကြွေတလက်ကြက်တခုန်သာဖြစ်သည်။
ယခုအချိန်တွင် ၂၀၁၀ ရွှေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ
သပိတ်မှောက်လိုက်ပြီဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဤရွေးကောက်ပွဲ၏
ရလဒ်မှာ မည်သို့ မျှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။ ရွှေးကောက်ပွဲတွင်
မဲပေးမည့်သူများရှိသလို အနိုင်အရှုံးများလည်း ရှိနေကြမည်ဖြစ်သည် ။
ကြံ့ဖွံ့ဘဲနိုင်နိုင် တစညဘဲနိုင်နိုင် ယင်းရွှေးကောက်ပွဲသည် တရားမ၀င်ပေ၊
အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည်
မြန်မာနိုင်ငံသူနိုင်ငံသားတို့ အား ကိုယ်စားပြုသော ပါတီဖြစ်သောကြောင့်
ယင်းပါတီမှ မဲမပေး။ သပိတ်မှောက်ထားသောကြောင့် ရွှေးကောက်ပွဲမှာ မည်သို
့မျ တရားမ၀င်။ တချိန်တည်းမှာပင် နိုင်ငံတကာအစိုးရများမှလည်း
ယင်းရွှေးကောက်ပွဲကို အသိအမှတ်ပြုစရာ အကြောင်းမရှိ။ ထို့ ကြောင့်
စစ်အစိုးရ၏ ရွှေးကောက်ပွဲမှ အရပ်သားအစိုးရကိုလည်း အသိအမှတ်ပြုစရာမလိုအပ်။
ယုံကြည်ချက်ပြင်းထန်သူများ၏ တခုတည်းသောစိန်ခေါ်မူမှာ
ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို တပါတ်အတွင်းဆောင်ရွှက်သွားရေးပင်ဖြစ်သည်။
ကြားဖြတ်အစိုးရကို နိုင်ငံတကာအစိုးရမှ အသိအမှတ်ပြုရေးသည်
ဒီမိုကရေစီအတိုက်အခံများ၏ အသက်သွေးကြောဖြစ်သည်။ သေရေးရှင်ရေးဖြစ်သည်။
ပြည်တွင်းမှ နိုင်ငံရေးဗျူဟာအခင်းအကျင်းသည် ပြည်ပနိုင်ငံရေးအင်အားစုအတွက်
အကြီးမားဆုံး ကျားကန်ပေးမူဖြစ်နေရမည်ဖြစ်သည်။ နိုင်ငံတကာမှ
ကျားကန်ထောက်ခံနေမူကို စွမ်းဆောင်နိုင်ပါလျက်နှင့်
ဒီမိုကရေစီအတိုက်အခံတို့  ထုတ်မသုံးကြခြင်းမှာ မိမိတို့ အရည်အချင်းကို
မိမိတို့ မယုံကြည်ကြ၍ဖြစ်သည်။ နိုင်ငံတကာအစိုးရမှ အာမခံချက်တခုကို
ရရှိပြီဆိုပါစို့ ။ ကြားဖြတ်အစိုးရဖွဲ့ စည်းကြောင်းကို
ကြေညာချက်ထုတ်ပြန်လိုက်ဖို့ ဘဲ ရှိသည်။ ယင်းမှာ
မဟာဗျူဟာနိုင်ငံရေးဖြစ်သည်။

သို့ မှသာ နအဖစစ်အစိုးရသည် ကြားဖြတ်အစိုးရ၏ တရားဝင်ရပ်တည်မူကို
လုံးဝဥသုံသိရှိနားလည်သွာမည်ဖြစ်သည်။

နိဂုံး-----

ဤစာတမ်းမှာ ၂၀၁၁ ခုနှစ်တွင်
ရုံးပိတ်ရက်ဖြစ်လာနိုင်ကောင်းသော ကံဆိုးမိုးမှောင်နေ့  နိုဝင်ဘာလ ရ
ရက်နေ့ မတိုင်မှီ ဆောင်၇ွက်နိုင်သည့် ပေါ်လီရေးရာအပိုင်းသက်သက်ဖြစ်သည်။
ပေါ်လီစီပိုင်းကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖေါ်ဆောင်ကြသောအခါ အဖွဲ့ 
အစည်းအလိုက်သော်၎င်း ။ တဦးချင်းစီသော်၎င်း တွေ့ ဆုံဆွေးနွေးခြင်းဖြင့်
မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်
ထိရောက်စွာဆောင်ရွက်ရန်သာ လိုသည်။ တက်မညီလက်မညီ
တဦးကောင်းတယောက်ကောင်းမဖြစ်စေရဘဲ တိုင်ပင်ညှိနှိုင်းခြင်းဖြင့်
အဖြေကောင်းများကို ရရှိနိုင်ကြမည်ဖြစ်သည်။ အဖြေဆိုသည်မှာ
ပြသနာတရပ်ရပ်တွင် ရှိနေပြီးဖြစ်ရာ ယင်းအဖြေကို ရရှိစေရေးအတွက် တခါတခါ
နှစ်ရှည်ကြာညောင်းတတ်သလို တခါတခါ အချိန်မိနစ်ပိုင်းမှာပင်
ပြီးစီးသွားနိုင်ကြပါသည်။ သို့ သော် ဤစာတမ်းမှာ မည်သည့်အဖွဲ
့အစည်းမည်သည့်လူပုဂ္ဂိုလ်များကို ပြည်တွင်းမှဖြစ်စေ ပြည်ပမှဖြစ်စေ
ဆရာကြီးလုပ်၍ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး
ညွှန်ကြားချက်ပေးနေခြင်းမဟုတ်။ အဖြေရှာညှိနိုင်းကြရန်သာ
တိုက်တွန်းခြင်းဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော် လိပ်ခဲတင်းလဲဖြစ်နေသော
နိုင်ငံရေးပဋိပက္ခများကို တိကျသောအဖြေများအတွက် ဆောင်ရွက်ကြရန်သာရှိသည်။
သို့ မှသာ မြန်မာနိုင်ငံဒိမီုကရေစီလှုပ်ရှားမူ နောက်ဆုံးနေ့ များနှင့်
စစ်အာဏာရှင်စနစ်ကျဆုံးခန်းကို တွေ့ ရှိခြင်းဖြစ်ပေမည် ဟုသာ
တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါသည်။။

ခိုင်အောင်ကျော် ( နယူးယောက် )
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အရှက်မရှိ ဖွတ်ပါးစပ် ကပြောထွက်တယ်။ ကျက်သရေ တဖြည်းဖြည်းချင်းယုတ်လျော့ နေသော မြန်မာပြည်

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိအနိုင်ရမည်ဟုပြော
စိုးစိုး၊ ကောင်းဝါ သီတင်းကျွတ်လကွယ် ၁၀ရက်။နိုဝင်ဘာ၂၊၂၀၁၀။

စိုးစိုး(နိုဝင်ဘာ-၂)။ ။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည်ပြိုင်ဘက်မရှိ အနိုင်ရမည်ဟု မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ဟံဂံကျေးရွာတွင်စည်းရုံးရေးရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါက်တာမင်းကျော်စွာထွန်းက အောက်တိုဘာလကုန်တွင် ပြောဆိုစည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

ရေးမြို့နယ်ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဒေါက်တာမင်းကျော်စွာထွန်းအနေနှင့် အဆိုပါ စည်းရုံးရေးခရီးဆင်းရာ၌ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာဗမာအဖွဲ့မဟုတ်ပါဘူး။

တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ အခုလဲရပ်ရွာအေးချမ်းသာယာဖို့အတွက် စည်းရုံး ရခြင်းဖြစ်တယ်။ တကယ်လို့ကျွန်တော်တို့ပါတီအနိုင်ရလို့ရှိရင် ရွာသားတို့အနေနှင့်တောင်းဆိုကြပါ ကျွန်တော် တို့အဖွဲ့အစည်းက လိုက်လံဖြည့်ဆည်းပေးမယ်”ဟုပြောဆိုစည်းရုံးခဲ့သည်။

ဟံဂံကျေးရွာသည်အိမ်ခြေ (၁၅၀၀) ကျော်ရှိသော်လည်း ကြံ့ဖွံ့ပါတီစည်းရုံးရေးဟောပြောပွဲတွင် လူဦးရေ (၅၀)ခန့်နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်တစ်ချို့နှင့် ကျေးရွာလူကြီးများသာ တက်ရောက်ကြောင်း ဒေသခံများမှပြောပါသည်။

အဆိုပါရေးတောင်ပိုင်းဒေသသည် မွန်လူမျိုးအများစုနေထိုင်လျက်ရှိပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့အစည်းကိုသာ မဲပေးလိုကြကြောင်းသိရသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာမွန်အဖွဲ့အစည်းရှိနေတယ်။ ကောင်းသည်ဖြစ်စေ။ ဆိုးသည်ဖြစ်စေ ကိုယ့်မွန်လူမျိုးရဲ့ အဖွဲ့အစည်းကိုပဲမဲပေးချင်တယ်”ဟု ရွာသားတစ်ဦးမှပြောသည်။

ရေးမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့်ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကမူ ပြည်သူ့လွှတ်တော်အဖြစ် ဒေါတ်တာ မင်းကျော်စွာထွန်း။ အမျိုးသားလွှတ်တော်အဖြစ် ဦးထွန်းမြင့်(ရွှေတောင်ကြား) ပြည်နယ်လွှတ်တော်အဖြစ် ဦးဖေအောင် နှင့် ဦးမောင်မြင့်တို့က ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ်တွင်မူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ပါဝင်ယှဉ်ပြိုင်မည့် ဦးထွန်းမြင့်သည် ရေးမြို့နယ်တောင်ပိုင်း အစင်ကျေးရွာ၌ စည်းရုံးရေးဆင်းရာတွင် ရွာသားများမှ သူ၏ ကားကို ၀ိုင်းရိုက်နှက်ခဲ့ကြောင်း ရေးမြို့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးကဆိုသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဘဏ်ဝန်ထမ်းတွေလည်း တောင်းစားကုန်ပြီ

ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ် ၀န်ထမ်းတချို့ ငွေလွဲသူများထံမှ ငွေတောင်း
Tuesday, 02 November 2010 18:52 သျှမ်းသံတော်ဆင့်
မကွေးတိုင်း ချောက်မြို့သို့ မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် ငွေလွဲပို့ရာတွင် ဘဏ်ဝန်ထမ်းများက ငွေချက်ခြင်း မထုတ်ပေးသည့်အပြင် အလှူငွေတောင်းယူနေသောကြောင့် ဒေသခံငွေထုတ်သူများ မကျေမနပ်ဖြစ်နေကြသည်။

ချောက်မြို့ရှိ GTI စက်မှုတက္ကသိုလ်၌ ကျောင်းတက်နေသူ နယ်ကျောင်းသားများ၏ မိဘများနှင့် ရပ်ဝေး၌ စီးပွားရှာသူ ကုန်သည်များက ငွေလွဲခြင်း ဖြစ်ပြီး ဘဏ်ဝန်ထမ်းအချို့က အလှူငွေအတွက်ဟု ဆိုကာ ငွေတောင်းယူကြောင်း ချောက်မြို့ ခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ ကြုံပေါင်းများတော့ မခံနိုင်လို့ဗျာ အောက်တိုဘာ ၂၅ မနက် ၉ နာရီခွဲက လွဲတဲ့ဟာ ၂၇ ရက် ညနေ ၄ နာရီလောက်မှရတယ် ငွေ ၅ သိန်းလွဲလိုက်တယ် ၅ ထောင်တောင်းတယ် အဓိကတော့ မန်နေဂျာပေါ့”

“မှတ်ပုံတင်ကို သူ့ရုံးခန်းထဲမှာ ထိန်းထားတယ်ဗျ။ ငွေပေးပြန်တော့လည်း ငွေထုတ်ကိုင်ပြီး သူ့ရုံးခန်းကိုသွားရတယ် ကျနော် တို့ကို အလှူငွေလေး ထည့်ခဲ့ပါအုံးဆိုပြီး ပြောတယ်ဗျ” ဟု သူက ဆိုသည်။

ထို့အပြင် နယ်ကျောင်းသားမိဘများက သားသမီးထံလွဲသည့် ငွေသောင်းဂဏန်းကိုပင် ကျပ် ၅၀၀ ခန့် တောင်းယူနေ ကြောင်း သူက ဆိုသည်။

“အလှူငွေဆိုတာတော့ဟုတ်ပါပြီ ကျောင်းအတွက်လား ဇရပ်အတွက်လား ဆိုတော့လည်း မဟုတ်ဘူးတဲ့ ၀န်ထမ်းတွေ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင်လို့တဲ့၊ မပေးဘူးဆိုရင် ခင်ဗျားတို့နောက်ကို ငွေဒီကနေမလွဲနဲ့လို့ ပြောလွတ်တယ် ” ဟု ဆို သည်။

ချောက်မြို့၌ မြန်မာ့စီးပွားရေးဘဏ်နှင့် ထွန်းကော်ပရေးရှင်း ပုဂ္ဂလိကဘဏ် ၂ ခုသာရှိပြီး ၀န်ထမ်းများငွေတောင်းလွန်း သဖြင့် ချောက်မြို့တဘက်ကမ်းရှိ ဆိပ်ဖြူမြို့ဘဏ်သို့ ငွေလွဲနေရကြောင်း သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ

11/2/2010 ထွန်းထွန်း
အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန် အစီရင်ခံစာတွင် ဖေါ်ပြသည်။


မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံလိုက်ရသည့် မြို့နယ်များမှာ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်းနှင့် အဆိုပါ မြို့နယ် ၄ ခုထဲတွင် အပျက်အစီး အများဆုံးဒေသမှာ ကျွန်းသာယာ (မြေပုံ)နှင့် ဖရုံကာကျွန်း (ပေါက်တော) ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

စစ်အစိုးရဘက်မှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သေဆုံးသူ ၄၅ ဦး၊ ပျောက်ဆုံး ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦး ဖြစ်ကြောင်း ဖေါ်ပြရေးသားသည်။

၎င်းပြင် ခန့်မှန်းခြေအရ စိုက်ပျိုးနေသော လယ်မြေ ဧကပေါင်း ၁၇၅၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြေခံမူလတန်း ကျောင်းပေါင်း ၂၇၉ လုံးနှင့် အလယ်တန်းကျောင်းပေါင်း ၂၄ လုံး၊ အထက်တန်း ကျောင်း ပေါင်း ၁၅ လုံးမှာပျက်စီးသွားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယူအန်နှင့် အစိုးရ အဖွဲ့အစည်းတွေမှ လေဘေး အကူအညီများ ဖြန့်ဝေပေးနေသော်လည်း ထိုဒေသတွင် ဖြန့်ဝေနေသော ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါး၊ ရေဘေး ဒုက္ခသည်များ ကျန်းမာရေးနှင့် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြပ် ပေးရန် အကြီး အကျယ် လိုအပ်နေကြောင်းလည်းဖေါ်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က wfp အဖွဲ့မှ ဆန်အိပ်ပေါင်း ၅၄၀ လုံးကို မြို့နယ်လေးခုမှ အိမ်ခြေပေါင်း ၁၁၀၅၀ ကို တလအတွက် ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၈/၂၉ ရက်နေ့က စစ်တွေမြို့ရှိအစိုးရအရာရှိများနှင့် အင်ဂျီအိုအဖွဲ့များဖြစ်သည့် RC/HC, UNHCR, UNDP and OCHA မှကိုယ်စားလှယ်များနှင့် UN, INGO/NGO တွေ့ဆုံ ဆွေးနွေးချက် အရ ၂၉ ရက်နေ့ က ယူအန်မှတချို့ကိုယ်စားလှယ်များ ပေါက်တောမြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

မုန်တိုင်း ကျရောက်ခဲ့သည့် တချို့နေရာများသို့ အလှူပစ္စည်းများ သယ်ယူ ပို့ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးနေသဖြင့်အခက်အခဲများ ရှိနေကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လွိုင်ကော်မှာ နေဝင်မီးငြိမ်းထုတ်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ဒေသခံ စစ်တပ်က ပြီးခဲ့သည့်လ ၃၁ ရက်နေ့မှစ၍ နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်လိုက်သည်။

ကရင်နီတပ်မတော်က မြန်မာစစ်တပ်ကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းအပြီး စစ်သား ၄ ဦး သေဆုံးမှုနောက်ပိုင်း ညမထွက်ရအမိန့် ပေါ်ထွက်လာခြင်းဖြစ်သည်။

’’လူတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်ခွင့် မပြုဘူး။ ရွာသားတွေက လယ်ထဲဆင်း အလုပ်လုပ်လို့ မရတော့လို့ အခက်အခဲ ရှိတာပေါ့’’ ဟု ပြည်တွင်းမှ ကရင်နီ သတင်းရပ်ကွက် တခုက ဆိုသည်။

မြို့ပေါ်ရှိ အင်တာနက် ကဖေးဆိုင်များကိုမူ ည ၈ နာရီခွဲအထိ ဖွင့်လှစ်ခွင့် ပြုထားသည်။ ယခင်က ည ၁ဝ-၁၁ နာရီအထိ ဖွင့်လှစ်ခွင့် ရခဲ့သည်။

လွိုင်ကော်အရှေ့ဘက် ၈ မိုင်ကွာ၊ နမ့်ပွန်ချောင်း အနောက်ဘက်ရှိ ခြေမြန်တပ်ရင်း ခမရ ၇၂ ကို ကရင်နီတပ်ဖွဲ့တဖွဲ့က ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးနှင့် ကရင်နီဘက်မှ တဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်။ ခလရ ၂၄၇ ကိုလည်း အောက်တိုဘာ ၁၆ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

ညမထွက်ရနှင့်ပတ်သက်၍ ကရင်နီဒေသတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များကို လူသားချင်းစာနာစွာ ကူညီနေသော ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ဒါရိုက်တာ သီဘူးက ’’အကြောင်းနှစ်ကြောင်းကြောင့် ဖြစ်နိုင်တယ်။ တခုက ရွေးကောက်ပွဲနီးလာလို့၊ နောက်တခုက အောက်တိုဘာ ၂၆ ရက်နေ့က ကရင်နီတပ်နဲ့ ဗမာတပ် တိုက်ပွဲဖြစ်တာကြောင့် ဖြစ်မယ်။ ဒီကာဖျူး ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိဘူး’’ ဟု မဇ္ဈိမကို ပြောသည်။

ရွာသားများသည် ဝေးလံသော အရပ်ရှိ လယ်များသို့ လုံခြုံရေးစိတ်မချရသဖြင့် မသွားရဲဘဲဖြစ်နေပြီး၊ စစ်တပ်က စိတ်ဆိုးနေကာ ရွာသားများကို ပစ်သတ်နိုင်သည်ဟု ကရင်နီ သတင်းရပ်ကွက်က ဆိုသည်။

ကရင်နီတပ်မတော်၏ နိုင်ငံရေးပါတီ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ထားရှိသည့် သဘောထားကို ကြေညာထားသည်။ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်၍ လွတ်လပ်မျှတမှုလည်း ရှိမည်မဟုတ်ဟု သူတို့က ပြောသည်။

KNPP ကို ၁၉၅၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်မတော် KNPLF နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်မတော် KNSO စသော အဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းသွားပြီးနောက် စစ်အစိုးရကို ဆက်လက်တိုက်ခိုက်နေသည့် လက်နက်ကိုင် ကရင်နီတပ်မှာ KNPP တဖွဲ့သာ ကျန်ရှိတော့သည်။

KNPP က မြန်မာ့အရှေ့ဘက်ရှိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ကရင်အမျိုးသားအစည်းအရုံးနှင့်၎င်း၊ အနောက်ဘက် ရခိုင်လွတ်မြောက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးတို့နှင့်၎င်း စစ်ရေးမဟာမိတ်ဖွဲ့ထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပြီးရင် သတ်ပြစ်လိုက်တဲ့ 

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 02, 2010

Boycott ၂၀၁၀ ရွေးကောက်ပွဲမြင်ကွင်း စာစောင် အတွဲ ၁၊ အမှတ် ၇

အပြည့်အစုံသတင်းဖတ်ရန်....

ဂီရိမုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေး ...မဲကလွဲပြီး



ဘကောင်း Tuesday, 02 November 2010 15:11
E-mail Print
“တမြို့လုံးက အမှိုက်ပုံကြီး လိုပါပဲ။ လမ်းတော်တော် များများကလည်း အပျက်အစီးတွေနဲ့ ပိတ်နေတုန်းပါပဲ”ဟု မြန်မာပြည် အနောက်ဘက် ရခိုင် ကမ်းရိုးတန်း ဂီရိမုန်တိုင်းသင့် မြို့နယ်များအနက် အဆိုးဝါးဆုံး ခံခဲ့ရသော မြေပုံမြို့နယ် အတွင်း မုန်တိုင်း ဒုက္ခသည်များအတွက် ဒေသခံ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်နေသူ ကိုထွန်းနိုင်က ဧရာဝတီသို့ ပြောပြသည်။

Giri-7“မုန်တိုင်းသင့်ပြည်သူတွေမှာ တာပေါ်လင်စနဲ့ဆန် အရေးပေါ်လိုအပ်နေပါတယ်”ဟု ကိုထွန်းနိုင်က ဆက်လက် ပြောကြား လိုက်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် လူတဦးစီအတွက် ဆန်နို့ဆီဘူး ၅ ဘူးခန့်သာ ကူညီပေးနိုင်သည်ဟုလည်း ဆိုသည်။

တနာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀(ကီလိုမီတာ ၁၉၀ )နှုန်းဖြင့် မုန်တိုင်းအဆင့် ၄ ရှိသော ဂီရိမုန်တိုင်း ရခိုင်ပြည်နယ်သို့ ပြင်းပြင်း ထန်ထန် ၀င်ရောက်တိုက်ခတ်ပြီးခဲ့သည်မှာ ၁၀ ရက်ခန့် ရှိခဲ့ပြီဖြစ်သည်။

အစိုးရ သတင်းရပ်ကွက်များကို ကိုးကား၍ ထုတ်ပြန်သော ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ မုန်တိုင်းကြောင့် သေဆုံးသူ ၄၅ ဦးအထိရှိပြီး အိမ်ခြေ ၁၅၀၀ လုံးဝ ပျက်စီးခဲ့ရသဖြင့် လူပေါင်း ၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည်ဟု သိရ သည်။

သို့သော် အစိုးရက လူအသေအပျောက်နှုန်းနှင့် ပျက်စီးမှုပမာဏကို လျှော့ပေါ့ပြောဆိုသောကြောင့် မုန်တိုင်းသင့်ပြည်သူများ အကူ အညီ လုံလောက်စွာ မရရှိကြကြောင်း၊ အစိုးရ သတင်းမီဒီယာများတွင် လူ ၂၇ ဦးသေဆုံးသည်ဟု ဖော်ပြသော်ငြား ကြာသပတေး နေ့ အထိ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးရသူပေါင်း လူ ၁၀၀ ထက်မနည်း ရှိကြောင်းလည်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီသို့ ပြောပြသည်။

ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ကျွန်းများရှိ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်များတွင် ထောင်သောင်းချီသော မုန်တိုင်းသင့်ပြည်သူများသည် ဘုန်းတော်ကြီးကျောင်းများနှင့် အရေးပေါ် တဲများတွင် ယခုအချိန်အထိ နေထိုင်နေရဆဲဖြစ်သည်ဟု ထိုအဖွဲ့များက ပြောဆိုသည်။

သွားလာရန် ခက်ခဲလှသည့် မုန်တိုင်းသင့်ကျွန်းများရှိ ဒုက္ခသည်များထံသို့ အကူအညီများ အရောက်ပို့မပေးနိုင်မည့် အရေးအတွက် စိုးရိမ်မှုများရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် အစိုးရက ဒေသခံသတင်းထောက်များကို ဓာတ်ပုံရိုက်ခွင့် မပြုခြင်းနှင့် သတင်းမီဒီယာများတွင် မုန်တိုင်းသတင်းကို ဖော်ပြသည်မှာ အင်မတန်နည်းကြောင်း ဒေသခံများက ပြောဆိုသည်။

“တရွာလုံး လုံးဝ ပျက်စီးသွားခဲ့တဲ့ ရွာတွေက လူတွေ မြို့ပေါ်မှာ အစားအသောက် ဝေပေးတာကို လာယူကြတယ်။ သောက်ရေ က လည်း တော်တော်ကိုရှားနေပြီ။ အနီးအနားတောင်ကုန်းတွေကိုသွားပြီး ၀ါးကျည်တောက်တွေနဲ့ ဦးပဉ္ဇင်းတို့ ရေသွားခပ်ကြရတယ်” ဟု မြေပုံမြို့နယ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတိုက်မှ သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

ရန်ကုန်ရှိ UNOCHA ရုံး အကြီးအကဲ Theierry Delbreuve က မုန်တိုင်းကြောင့် ဆားငန်ရေများ ၀င်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ တကာမှ အကူအညီပေးရေး လုပ်သားများ၊ ဒေသခံဝန်ထမ်းများ ပူးပေါင်း၍ မုန်တိုင်းသင့် ဒေသများ၌ ကူညီလုပ်ကိုင်လိုသည့် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။

“မုန်တိုင်းသင့်ပြည်သူတွေဆီကို အမေရိကန်ဒေါ်လာ၂သောင်းနဲ့ညီမျှတဲ့ ဆန်အကူအညီကျနော်တို့ ပေးခဲ့ပြီးပါပြီ၊ ဆန်အိတ် ၂၀၀ ပို့ပြီးပါပြီ။ နောက်ထပ် ဆန်အိတ် ၅၀၀ ထပ်ပို့ဖို့ရှိပါသေးတယ်”ဟု ရန်ကုန်အခြေစိုက် ရခိုင် သဟာယ အသင်း၏ တာဝန်ရှိသူ တဦး ကပြောပြသည်။

၂၀၀၈ ခုနှစ် မေလ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပြည်သူလူထု ၁၃၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့စဉ် ဒေသခံ လူမှုရေးအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်သကဲ့သို့ ယခုလည်း ပါဝင်လုပ်ကိုင်ကြ ခြင်းဖြစ်သည်။

လယ်လုပ်ငန်း၊ တံငါလုပ်ငန်းနှင့် အသက်မွေးမြူကြသော ရခိုင်ပြည်နယ် ကမ်းရိုးတန်းသားများအတွက် မုန်တိုင်းဟူသည်မှာ ဖြစ်ရိုး ဖြစ်စဉ်တခု ဖြစ်သော်လည်း အင်အားပြင်းထန်သော ဂီရိမုန်တိုင်းကြောင့် ရေမျက်နှာပြင် ၁၂ ပေ ခန့် မြင့်တက်လာခဲ့ပြီး ငါးဖမ်းပိုက် များနှင့် စိုက်ပျိုးသီးနှံများဆုံးရှုံးခဲ့ရသည့် ဒေသခံတချို့က ၎င်းတို့နေထိုင်ရာကို စွန့်ခွာရန်အထိ စဉ်းစားနေကြကြောင်း ကိုထွန်းနိုင် က ပြောသည်။

အစိုးရက အန်ဂျီအို အဖွဲ့များမှ နိုင်ငံခြားသားဝန်ထမ်းများကို မုန်တိုင်းသင့်ဒေသများဆီသို့ သွားရောက်ခွင့်မပြုဟူသော ပြောဆိုသံ များ ထွက်ပေါ်လာနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အစိုးရက ၀င်ရောက်နှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုခြင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

“အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ လက်တွဲလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အခုအချိန် အထိတော့ ပြဿနာရယ်လို့ ဘာမှ မရှိသေးပါဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ တာဝန်ခံ ညှိနှိုင်းရေးမှူး ချမ်ဟွန်ချို က ပြောဆိုသည်။

သို့ရာတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် မုန်တိုင်းတိုက်ခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း နောက်ပိုင်း အပြင်ထန်ဆုံး သဘာဝဘေးအန္တရာယ် တခုလည်း ဖြစ်သည်။

ဂီရိမုန်တိုင်းတိုက်အပြီး ရက်အနည်းငယ်အကြာတွင် ရခိုင်ပြည်နယ်၏ အဓိကအင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(RNDP)က မုန်တိုင်းကြောင့် ပျက်စီးခဲ့သော မြို့နယ် ၃ မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ရွေးကောက်ပွဲကောင်မရှင်သို့ စာရေးသား ပေးပို့ခဲ့သည်။ သို့သော် ယခုအချိန်အထိ မည်သို့သော တုံ့ပြန်မှု တစုံတရာ မရသေးကြောင်း သိရသည်။

“အခြေအနေတွက အရမ်းကို ဆိုးဝါးနေပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေလိုအပ်တဲ့ လူသားချင်းဆိုင်ရာစာနာမှု လိုအပ်ချက် တွေ ကို ကျနော်တို့ မဖြည့်ပြီးသေးခင် ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်လို့ မရပါဘူး၊ အစိုးရ အနေနဲ့ မုန်တိုင်းရဲ့အခြေအနေကို ပွင့်လင်းမြင်သာ ဆောင်ရွက်ပေးသင့်ပါတယ်”ဟု RNDP ပါတီ ဥက္ကဌ ဦးအေးမောင်က ပြောဆို သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်ရှိနေသမျှ

နအဖ တပ်စခန်းကို ဒုတိယအကြိမ် ကရင်နီတပ် ဝင်တိုက်
စိုင်းဝမ်မိုင်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) - လွိုင်ကော်မြို့နယ်ရှိ မြန်မာ တပ်စခန်းကို ယခင်အပတ်က ကရင်နီတပ်များ ဝင်တိုက်ခဲ့ကြောင်း ၄င်းအဖွဲ့ အဆိုအရ သိရသည်။

လွိုင်ကော်အရှေ့ဘက် ၈ မိုင် (၁၃ ကီလိုမီတာ) ကွာ နမ့်ပွန်ချောင်း အနောက်ဖက် အမှတ် ၇၂ ခြေမြန်တပ်ရင်း တပ်စခန်းကို ကရင်နီတပ်ဖွဲ့များ အရင်အပတ် အင်္ဂါနေ့ကတိုက်ခဲ့သည် ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သတင်းရပ်ကွက်က မဇ္ဈိမ ကိုပြောသည်။

မြန်မာစစ်သား ၁၇ ဦးနှင့် ကရင်နီ တပ်သားတဦး တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး မြန်မာစစ်သား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ကေအန်ပီပီ ဘက်က ဆိုသည်။

အောက်တိုဘာ ၁၆ ရက်က လွိုင်ကော် ဒေါတမူးကြီးရွာရှိ အမှတ် ၂၄၇ ခြေလျင် တပ်ရင်းကိုလည်း ကရင်နီတပ်ဖွဲ့များ အလစ်ဝင်တိုက်ရာ မြန်မာစစ်သား ၄ ဦးကျဆုံးပြီး မြန်မာစစ်သားများထံမှ လက်နက်များကိုလည်း ကရင်နီတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။ ထိုတိုက်ပွဲအပြီး စစ်အစိုးရ တပ်များက ရွာသူကြီးနှင့် လက်ထောက်တဦးကို ဖမ်းဆီးခဲ့သည်။ ကျဆုံးသွားသူများ နှင့် ဆုံးရှုံးသွားသော လက်နက်များအတွက် လျော်ကြေးပေးရန် မြန်မာစစ်တပ်က ရွာသားများကို အမိန့်ပေးခဲ့သည်။

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများနှင့် ထိုတိုက်ခိုက်မှုများ ဆက်စပ်မှု ရှိမရှိ မဇ္ဈိမ က ကေအန်ပီပီ အဆင့်မြင့် အရာရှိတဦးကိုမေးမြန်းရာ ရွေးကောက်ပွဲနှင့် မဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

`မြန်မာစစ်တပ်ကို တိုက်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပါပြီ။ ဒါရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး တိုက်ပွဲက ဆက်ရှိနေမှာပါ´ဟု သူက ပြောကြားသည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနှင့် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲများသည် အတုအယောင်သာဖြစ်ပြီး လွတ်လပ်မျှတမည်လည်း မဟုတ်ဟု ကေအန်ပီပီ က ထပ်ပြောခဲ့သည်။

ကရင်နီ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ ဖြစ်ကြသော ကရင်နီ လူမျိုးပေါင်းစုံ လွတ်လပ်ရေး တပ်မတော် (KNPLF) နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်မတော် (KNSO) တို့ ဤရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပါတီ မထောင်ခဲ့ကြပါ။

ကေအန်ပီပီ ကို ကရင်နီ တပ်မတော်၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ၁၉၅၇ က တည်ထောင်ခဲ့သည်။ KNPLF နှင့် KNSO တို့ကို မြန်မာစစ်တပ် ကွပ်ကဲမှုအောက်က နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းဖွဲ့ခဲ့ပြီးနောက် ကေအန်ပီပီသာ မြန်မာ စစ်အစိုးရကို ဆက်တိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ကျန်ရှိသည်။

ဤအတောအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) စသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ကေအန်ပီပီ မဟာမိတ်ဖွဲ့ထားသည်။ ထိုင်းမြန်မာ နယ်စပ်က အင်အားကြီးမားသော အခြေခံစခန်းများကို ဤတိုင်းရင်းသား လက်နက်ကိုင်တပ်များက ဆက်ထိန်းထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 01, 2010

နအဖ ရွေးကောက်ပွဲ ကရင်ပြည်နယ်တွင် ဆန္ဒပြကြ



ကွယ်ကလူမှကူးယူဖော်ပြသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မဲမပေးရေး စာများ ရဲက လိုက်သိမ်း

သိန်းဇော် | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော်သော လက်ကမ်း စာစောင်များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရန်ကုန်တိုင်း တောင်ဒဂုံမြို့၌ ယနေ့နံနက် ဖြန့်ဝေခဲ့ရာ ရဲက သိမ်းဆည်းကြောင်း လှုံ့ဆော်သူများက ပြောသည်။

’’စာရွက်တွေကို ပြည်သူတွေက တောင်းတဲ့အခါ ပေးတယ်။ ဖြန့်တဲ့စာရွက်တွေကို ရဲတွေက လိုက်သိမ်းတယ်။ ဒီနေ့ ဖြစ်တဲ့နေရာတွေကတော့ တောင်ဒဂုံ ၂ဝ ရပ်ကွက်၊နောက် ဘုန်းကြီးကျောင်းကွေ့မှာ တခါ။ စုစုပေါင်း တောင်ဒဂုံမှာ နှစ်ခါ ဖြစ်တယ်’’ ဟု တောင်ဒဂုံ NLD လူငယ်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။

တောင်ဒဂုံ ရဲစခန်းမှရဲများ၊ မြို့နယ်ကောင်စီဝင် စုစုပေါင်း ၄ဝ ကျော်က စာဖြန့်သူ တောင်ဒဂုံ NLD လူငယ် ၃ဝ ခန့်နောက်မှ လိုက်ပါလာကာ လက်ခံရယူသူများထံမှ ပြန်လည်သိမ်းခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ A4 side ၃ ခေါက်ချိုးအရွယ် လက်ကမ်းစာစောင်တွင် ရှေ့စာမျက်နှာ၌ ’’ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး’’ ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အတွင်းစာမျက်နှာ၌ ’’အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျုးလွန်သူ ဖြစ်သည်’’ ဟု စာပိုဒ်ငယ်ဖြင့် ဖော်ပြထားသည်။

တားဆီးမှုများ ကြုံတွေ့ရသော်လည်း နောက်ရက်များတွင် ၎င်းတို့၏ လှုံ့ဆော်စာ ဖြန့်ဝေမှုကို ဆက်လက်ပြုလုပ်မည်ဟု တောင်ဒဂုံ လူငယ်များက ဆိုသည်။

တောင်ဒဂုံကဲ့သို့ပင် စမ်းချောင်းမြို့နယ်၌လည်း မဲမပေးရေး လှုပ်ရှားမှုကို NLD လူငယ်များက ပြုလုပ်ခဲ့ရာ ရဲက တားဆီးခဲ့သေးသည်။

’’ရဲက မလုပ်ရဘူး တားထားလို့ အိမ်တအိမ်မှာ ဝင်နေတယ်တဲ့။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကြားတယ်။ NLD လူငယ်တွေ ပါတယ်၊ အပြင်က လူငယ်တွေလည်း ပါတယ်’’ ဟု NLD ဗဟို သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ တနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

ယခုလ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ် မီးခွက်ဈေးလမ်းဆုံ၌ ဒေါ်စုပုံပါ တီရှပ်များ ဝတ်ဆင်ပြီး မဲမပေးရေး စာရွက်ဝေနေစဉ် NLD မြို့နယ်စည်းမှ ဦးချစ်လွင်ကို ၅ ထိပ် ရဲစခန်း၌ မြို့နယ် ရဲသတင်းတပ်ဖွဲနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးက ခေါ်ယူမေးမြန်းခဲ့သေးသည်။

“ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တာလားဆိုပြီး ပြောတယ်။ ပြီးတော့ ခင်ဗျားကို ဘာလုပ်လို့ ရတယ်၊ ညာလုပ်လို့ ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ပြန်ပြောပြလို့ သိရတယ်” ဟု လှိုင်သာသာမြို့နယ် မြို့နယ်စည်း အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၇ ရက်နေ့၌ပင် လှိုင်သာယာမြို့ ၁၉ ရပ်ကွက်အတွင်း NLD လူငယ်အဖွဲ့ဝင် ကိုထွေးမောင်က ရပ်ကွက်အတွင်း မဲမပေးရေး စာရွက်များ လိုက်ဝေစဉ် စည်းရုံးရေးဆင်းနေသည့် ကြံ့ခိုင်ရေး ပါတီဝင်စုများက တားမြစ်မှုများ ပြုခဲ့သေးသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 31, 2010

ပစ်ဖို့  ထိုင်ခုံလုဖို့ သာ သိတာ ကယ်ဖို့ က န အ ဖ အလုပ်မဟုတ်



အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့


by Lu Cifer on Sunday, October 31, 2010 at 8:59pm
ဒေသတွင်းက ခေါင်းဆောင်တွေ တော်တော်များများ အပါအဝင် အများစုက မြန်မာပြည် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြတယ်။ ဒါပေမယ့် ဘယ်သူကများ သူတို့ တကယ်ရင်ထဲရှိတဲ့ အတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြလို့လဲ။



လက်ရှိ အားမရစရာ အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ပြောတာဟာ မြန်မာပြည်သူတွေကို ကူညီရာ ရောက်ပါတယ်။



ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) ကတော့ “ဒီရွေးကောက်ပွဲဟာ အတုအယောင်ကြီးပဲ” လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ ပြောခဲ့တယ်။ သူ့စကားလုံးက တကယ့်အခြေအနေကို ထင်ဟပ်ပြီး တကယ့်ခံစားချက် အတိုင်းပြောတဲ့ စကားလုံးပဲ။



တခြား အာဆီယံခေါင်းဆောင်းတွေထဲမှာ အခုလို ရှင်းရှင်းလင်းလင်းပြောတာ ဘယ်သူရှိသေးလဲ။ ဘယ်သူမှ မရှိဘူး။



မစ္စတာ ရိုမူလို ပြောတာနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က အာဆီယံအစည်းအဝေး ပြင်ပမှာ အောက်တိုဘာ ၂၇ ရက်နေ့က ပြောခဲ့တာကို ယှဉ်ကြည့်ရအောင်။



မစ္စတာ နာတာလီဂါဝါ က “ကျနော်တို့ကတော့ အခြေအနေကို အဆိုးဘက်က မမြင်ဘူး။ မြန်မာပြည်ရွေးကောက်ပွဲဟာ တိုင်းပြည်ပြဿနာကို ပြေလည်စေမယ့် နည်းလမ်းတခုဖြစ်အောင်၊ ဒီရွေးကောက်ပွဲကြောင့် ရှေ့မှာ ပြဿနာတွေ ပိုမကြီးရလေအောင် ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်နိုင်တယ်” လို့ ဆိုတယ်။ “နောက်မကျသေးပါဘူး” တဲ့။



ဒါပေမယ့် မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပဖို့ သီတင်းတပတ်တောင် မလိုတော့ဘူးလေ။ သူတို့ တောင်းဆိုချက်တွေထဲက တခုကိုတောင် ဗိုလ်ချုပ်ကြီးတွေ လိုက်လုပ်အောင် အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက စစ်အစိုးရကို ဆွဲဆောင်၊ ဒါမှမဟုတ် ဖိအားပေးနိုင်ခဲ့ဖူးလို့လား။



ရွေးကောက်ပွဲကျင်းပတဲ့ အဓိကရည်ရွယ်ချက်ဟာ စစ်အစိုးရက သူတို့ကိုယ်သူတို့ တရားဝင်အစိုးရဖြစ်အောင် လုပ်ဖို့ပဲဆိုတာကို မြန်မာပြည်အကြောင်း နားလည်သူတိုင်း သိကြပါတယ်။ ရွေးကောက်ပွဲဟာ ပုံစံတမျိုးနဲ့ အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့ပဲဖြစ်တယ်။



မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတခုမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ဘူး၊ ယုံကြည်လို့မရဘူးလို့ ပြောခဲ့တယ်။ အရင်တုန်းက ပြောဘူးတဲ့ ဟိုမရောက် ဒီမရောက် သံတမန်စကားလုံးတွေနဲ့ စာရင် ဒီအချိန်တော့ ဘန်ကီမွန်းက ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပြောတာပဲ။



စစ်အစိုးရက မကြာခင်မှာ အကျဉ်းသားတွေ အများကြီးကို လွှတ်ပေးနိုင်တယ်။ အဲဒီလို ဖြစ်ခဲ့ရင်လည်း အံ့သြမသွားကြနဲ့ဦး။ လွတ်လာမယ့် အကျဉ်းသားတွေထဲမှာ အရင်လိုပဲ နိုင်ငံရေးအကျဉ်းသားတွေ လက်တဆုပ်စာပဲ ပါနိုင်တယ်။ သူတို့က ကျခံရမယ့် ထောင်ဒဏ်စေ့နေသူတွေနဲ့ လွတ်ရက်စေ့လုနီးပါး ဖြစ်နေကြသူတွေပါပဲ။



ဒီလိုလွှတ်ပေးတာဟာ စစ်အစိုးရက စာနာစိတ်ရှိလွန်းလို့ လွှတ်ပေးတာမဟုတ်ပါဘူး။ နိုင်ငံတကာက ဖိအားပေးမှုတွေကို လျှော့ချချင်တဲ့အနေနဲ့ လွှတ်ပေးတာသာဖြစ်ပါတယ်။ ဒါကို ဘန်ကီမွန်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက နားလည် သဘောပေါက်သင့်ပါတယ်။



စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရဲ့ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် မသမာမူတွေကို ပြည်ပအခြေစိုက် မြန်မာ မီဒီယာတွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေက နေ့စဉ် တင်ပြနေကြပါတယ်။



ဥပမာ အနေနဲ့ စစ်အစိုးရက နိုင်ငံတော်အလံအသစ် တင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အမိန့်ထုတ်ခဲ့တာမျိုးပါ။ သူတို့ကိုယ်တိုင် ရေးဆွဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင် ပထမဆုံး ပြည်ထောင်စု လွှတ်တော်ကျင်းပမယ့် နေ့ကျမှသာ ဒီနိုင်ငံတော် အလံအသစ်ဟာ တရားဝင်မှာဖြစ်တယ်။ ဒါကြောင့် ကိုယ်ပြဌာန်းတဲ့ ဥပဒေကို စစ်အစိုးရက ကိုယ်တိုင် ချိုးဖောက်ရာရောက်နေပါတယ်။



ဒီလို ကိုယ့်ဥပဒေကို ကိုယ်ပြန်ချိုးဖောက်တဲ့ အစိုးရမျိုးရဲ့ ရွေးကောက်ပွဲကို “အတုအယောင်” လို့ မစ္စတာ ရိုမူလို သုံးတာဟာ နည်းတောင် နည်းသေးတယ်။ ရာဇဝတ်သားတွေ၊ အာဏာရှင်တွေ၊ စိတ်ဖောက်ပြန်နေသူတွေ စသည်ဖြင့် ဒီထက်ပြင်းတဲ့ စကားလုံးတွေနဲ့တောင် သုံးပြီး ပြောရင်တောင် မမှားပါဘူး။



မြန်မာပြည်အခြေအနေကို အမှန်အတိုင်းထင်ဟပ်တဲ့ စကားလုံးတွေကို ဖွင့်ဟပြောဆိုသင့်နေတာ ကြာပါပြီ။·



မြန်မာပြည်အတွက် သိပ်ကို အရေးကြီးနေတဲ့ အခုလိုအချိန်မျိုးမှာ အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မထိရောက်တဲ့ သံတမန် အသုံးအနှုန်းတွေနဲ့ လာမယ့်ရွေးကောက်ပွဲကို တရားဝင် အသိအမှတ်ပြုတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်မိမို့လိုပါတယ်။



ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေမှန်ကို အရှိကိုအရှိအတိုင်း ဖော်ထုတ် ပြောရဲဖို့ လိုပါတယ်။ မြန်မာပြည်သူတွေကို မလိမ်ကြပါနဲ့။



Tell Burmese No Lies ကို ဆီလျော်အောင် ပြန်ဆိုသည်။



ဧရာဝတီ

Saturday, 30 October 2010 18:32



http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/4432-2010-10-30-11-37-43Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက်မန်းခေါက်ဆွဲထုပ်ဖြင့် ပစ်ပေါက်

10/31/2010
ကျောက်ဖြူခရိုင် ဥက္ကဌ ဦးအောင်ကျော်ဇောကို လေဘေး ဒုက္ခသည် အမျိုးသမီး တစ်ဦးက လေဘေး အကူအညီပေးစဉ် မက်မန်းခေါက်ဆွဲထုပ်ဖြင့် ပစ်ပေါက်ခဲ့သည်ဟု သတင်း ရရှိသည်။

မည်သည့် အတွက်ကြောင့် သာမန် လေဘေး အမျိုးသမီး တစ်ဦးက ခရိုင် ဥက္ကဌ တစ်ဦးကို မက်မန်းခေါက်ဆွဲ ထုတ်ဖြင့် ပေါက်ပစ်ရပါသလဲဟု လေဘေး ကူညီနေသူ တစ်ဦးကို မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ ဖြစ်တာက လွန်ခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ဖြူ ဘော်လုံးကွင်းမှာ လေဘေး ဒုက္ခသည်တွေကို ခရိုင် ဥက္ကဌက လေဘေး ပစ္စည်းတွေကို ဖြန့်ဝေပေးတဲ့ အခါ ဖြစ်ပွားခဲ့တာ ဖြစ်တယ်။ အဲသလို ပေးတဲ့ အခါ ဒန်အိုး ဒန်ခွက်တွေ အပါအ၀င် ထင်သာ မြင်သာ ရှိတဲ့ ပစ္စည်းတွေကိုပါကင်ထုတ်ပြီး အဲဒီအမျိုးသမီးကို ခရိုင် ဥက္ကဌက ပေးတာပေါ့။ အဲသလို ပေးနေစဉ် ဗွီဒီယို၊ ဓါတ်ပုံ ရိုက်တာပေါ့လေ။ ရိုက်ပီးတဲ့ အခါ ပစ္စည်းတွေကို ပြန်သိမ်း ယူသွားပြီး အဲဒီ အမျိုးသမီးကို မက်မက် ခေါက်ဆွဲ တစ်ထုပ်နဲ့ ဖယောင်းတိုင် တစ်ထုပ်ပေးတယ်။ အဲသလို လုပ်တာကို မကျေနပ်တဲ့ အတွက် အမျိုးသမီးက ခေါက်ဆွဲထုပ်နဲ့ ဖယောင်းတိုင် ထုပ်ကို ခရိုင် ဥက္ကဌ ထိုင်နေတဲ့ ခုံရှေု့ကို ပစ်ပေါက်လိုက်တာ ဖြစ်ပါတယ်။”

ကျောက်ဖြူ ခရိုင် ဥက္ကဌ ဦးအောင်ကျော်ဇောမှာ အဆိုပါ အမျိုးသမီး၏ ပစ်ပေါက်ခံရမူကြောင့် အထူး အရှက်ရသွားခဲ့သည်ဟု သိရသည်။

“ ဒီလောက်များတဲ့ ဒုက္ခသည်တွေ အပါအ၀င် ဌာနဆိုင်ရာက အရာရှိကြီးတွေရှေ့မှာ ခုလို ပစ်ပေါက်ခံရတော့ ခရိုင် ဥက္ကဌ အထူး အရှက်ရသွားတာပေါ့လေ။ ဒီပစ္စည်းတွေဟာ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဒုဝန်ကြီးက လေဘေး ဒုက္ခသည်တွေကို ပေးဖို့ နေပြည်တော်ကနေ ပို့ဆောင်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ မက်မန်းထုပ်နဲ့ ပစ်ပေါက်တဲ့ အမျိုးသမီးကို အရေးယူရင် ဒီထက် ရှက်စရာကောင်းနိုင်တဲ့ အတွက် အရေး တစုံတရာ ယူတာတော့ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။

အလားတူ ဆွေသုံးဆွေ ၀န်ကြီး အဖွဲ့ ( ဦးသိန်းဆွေ၊ ဦးမောင်မောင်ဆွေ၊ ဦးဖုန်းဆွေ) ကျောက်ဖြူကို ရောက်စဉ်ကလည်း ဒုက္ခသည်များကို လေဘေး အကူညီများ ပေးနေပုံများကို ဓါတ်ပုံရိုက်ပြီး နောက်ပိုင်းတွင် အာဏာပိုင်များက လေဘေး ပစ္စည်းများကို ပြန်လည် သိမ်းယူသွားခဲ့သည်ဟု မျက်မြင် ကျောက်ဖြူမြို့ခံ အများအပြားက နိရဉ္စရာသို့ ပြောသည်။

ယခု ခရိုင် ဥက္ကဌ ဦးအောင်ကျော်ဇော မက်မန်းထုတ်ဖြင့် ပစ်ပေါက်ခံရသော သတင်းမှာ နေပြည်တော်ထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်းနှင့် အဆိုပါ သတင်းမှာ ယခုအခါ ကျောက်ဖြူတွင် လူပြော အများဆုံး သတင်း ဖြစ်နေကြောင်း သတင်း ရရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

NLD မဲမပေးရေး တိုးမြှင့်လှုံ့ဆော်

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေခြင်းဖြင့် ဖွဲ့စည်းပုံ ဥပဒေသစ်ကို ကန့်ကွက်ကြရန် ရန်ကုန် NLD လူငယ်များ စနေနေ့ မနက်က လှုံ့ဆော်ခဲ့ကြသည်။

တာမွေမြို့နယ်တွင် NLD လူငယ် ၂ဝ က “ မဲမပေးချင်က မပေးဘဲ နေထိုင်ခွင့်ရှိတယ်” ဟု ရေးထားသော လက်ကမ်းစာစောင် ၁,၅ဝဝ ခန့် နံနက်ပိုင်းတွင် နှစ်နာရီကြာ ဖြန့်ဝေခဲ့သည်။

“ပြည်သူတွေအစိုးရ အလိမ်မခံရအောင် လုပ်ရတာဖြစ်တယ်။ ပြည်သူတွေကို လိမ်နေတဲ့ အကြောင်း ပြည်သူတွေ သိအောင် ပြောပြခွင့်ရတဲ့အတွက် ကျနော်တို့ ကျေနပ်မိတယ်” ဟု လှုံ့ဆော်ရေးလူငယ်တဦးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွက် ပြန်ကြားရေးဌာနက နိုင်ငံပိုင် မီဒီယာများမှတဆင့် ဖျော်ဖြေရေးဟန် မဲပေးရေး လှုံ့ဆော်မှုများ အရှိန်မြှင့် ဖော်ပြနေစဉ် NLD က မဲမပေးဘဲ သပိတ်မှောက်ရန် လှုံ့ဆော်မှုကို သိသာစွာ ပြသလာခြင်းလည်း ဖြစ်သည်။

“ကျနော်တို့က ဥပဒေဘောင်တွင်းက လုပ်တာပါ” ဟုလည်း အဖွဲ့ဝင် လူငယ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တခြား NLD ခေါင်းဆောင်များ ပုံပါ တီရှပ်ဆင်တူ ဝတ်ထားသော လူငယ်များ၏ ဝေစာတွင် ” ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်တဲ့ မသမာမှုတွေရှိရင် ပြည်သူတွေ ရဲစခန်းကို တိုင်ရမယ်” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် စကားကို ကိုးကားထားသည်။

သို့သော်လည်း လျှို့ဝှက်စွာ မဲပေးခွင့်ရှိခြင်းနှင့် ကြိုတင်မဲကို အတင်းအကြပ် ပေးခိုင်း၍ မရကြောင်း ရှင်းလင်းချက်နှင့်အတူ မဲရေတွက်မှု စောင့်ကြည့်ခွင့်တို့ကိုလည်း လှုံ့ဆော်စာတွင် ဖော်ပြထားသည်။

၂ဝဝ၈ အခြေခံဥပဒေကို သဘောမတူသော ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD က မဲမထည့်ရန် လှုံ့ဆော်နေစဉ် ကြံ့ဖွံ့စသည့် ပါတီ ၃၇ ခုက ဝင်ပြိုင်ကြမည် ဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အကျင့်ဆိုး


|

အပြည့်အစုံသတင်းဖတ်ရန်....

ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 

၁။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။

၂။
ဓါးသွားထက်က ပျားရည်စက်များ
သူခိုးလက် ဓါးရိုးကမ်းသူများရဲ့ 
မိတ်ဆွေ ..
အကောင်းမြင်ဝါဒ ထားကြည့်စမ်းပါအရှက်တရား ကင်းတဲ့စကား
စစ်ကျွန်အဖြစ် နွံနစ်ခံကြမယ့်သူများ
အလုအယက် တိုးဝှေ့ 
ဗမာပြည်ပျက်မယ့် နေ့ ဆီ တရွေ့ ရွေ့  ။
၃။
ဘယ်လိုမျိုး တံဆိပ်တွေကပ်ကြပါစေ
ကောက်ကျစ်တဲ့ ယုတ်မာတဲ့
အုပ်စုဖွဲ့  ကိုက်ဖြတ် မှုတွေ
နိုဝင်ဘာ ခုနှစ်ရက် နေ့ နဲ့ အတူ
ပျောက်ကွယ် ပျက်သုဉ်း လူဖြစ်ရှုံးစေရမယ်
ပြည်သူ့ ရဲ့  ဒဏ် အကြိမ်ကြိမ်အဖန်ဖန်ခံရတော့မယ် ။
၎။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။

ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၂၀၁၀

အပြည့်အစုံသတင်းဖတ်ရန်....

မမှန်တာပြော မဟုတ်တာလုပ်နေကြသည့် အာဂဗမာများ

တမျိုးသားလုံး စိတ်ကောင်းထားကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။တမျိုးသားလုံး ညီညွတ်ကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။တမျိုးသားလုံး စည်းကမ်းရှိပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။တမျိုးသားလုံး ပညာတတ်ပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
လူတိုင်းသိအထက်ပါသဘောတရားများကို လူတိုင်းသိကြပါသည်။ လောကအလယ်သို့ရောက်စ ကလေး ငယ်များမှအစ သေနယ်သို့ တဖက်နင်းနေကြရပြီဖြစ်သည့်လူကြီးမင်းတို့အဆုံး၊ ဤသဘောတရားကို သိကြပါသည်။ အလွှာပေါင်းစုံ၊ အတန်းစားပေါင်းစုံသည် အထက်ပါ ရိုးရှင်းသည့် သဘောသကန်ကို နားလည်ထားကြပါသည်။ မြန်မာတမျိုးသားလုံး ထိုသဘော တရားကို နားလည်သဘောပေါက်ကြပြီး လက်ခံအသိအမှတ်ပြုကြပါသည်။ အားတက်စရာ၊ အားကိုးစရာ အာဂဗမာများပါတကား။
လူတိုင်းပြောထိုကြောင့် လူတိုင်းထိုသဘောတရားကို ဖော်ထုတ်ကြဘို့ နှိုးဆော်နေကြသည်။ “ မြန်မာပြည်သူပြည်သားများ စိတ်ကောင်းထားကြပါ၊ ညီညွတ်ကြပါ၊ စည်းကမ်းရှိကြပါ၊ ပညာရှာကြပါ၊ ” လမ်းဘေးဈေးသည်၊ ဥဋ္ဌ်ကြားမြက်ပေါက်မှအစ နအဖစစ်အုပ်စု၊ တော်လှန် ရေးသမားအလယ် ဘုရားလူကြီး၊ မဟာသံဃာ့နာယကအဆုံး ရွှေနှုတ်ဖျားတွင် အထက်ပါ ရွှေစကားများကို တွင်တွင်ကြယ်ကြယ် သုံးပြုနေလျှက်ရှိကြသည်။ ဝမ်းမြောက်စရာ၊ နှစ်သက် စရာ အာဂဗမာများပါတကား။
လူတိုင်းကျင့်သို့သော်…ဗမာ့ကလေးငယ်များ ငတက်ပြားကလေးများဖြစ်နေကြပြီး၊ ဗမာ့လူပျိုပေါက်များ ဆေးသမား၊ ဘိန်းသမားဖြစ်နေကြသည်။ သမီးပျိုများ ပြည့်တန်ဆာဖြစ်နေကြရပြီး၊ သားပျိုများ လောင်းကစားဒိုင်ကြီးများ ဖြစ်နေကြသည်။ စီးပွားရေးသမားများ စဉ်းလဲနေကြပြီး၊ နိုင်ငံရေး သမားများ ဖောက်ပြားနေကြသည်။ ဝန်းထမ်းများ လာဒ်ပေးလာဒ်ယူလုပ်နေကြပြီး၊ အစိုးရဆို သူများ ခြစားနေကြသည်။ ဂေါပကများ ခွက်ပုန်းသောက်နေကြပြီး၊ သံဃာတော်များ အဂတိ လိုက် နေကြသည်။ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ အာဂဗမာများပါတကား။
ပြောသလောက်မကျင့်ဗမာတို့သည် စကားကြွယ်သလောက် ပျူပျူငှာငှာ၊ ချိုချိုသာသာ၊ တီတီတာတာ၊ ပလီပလာ အင်မတန်မှပင် ပြောဆိုကြပြီး ကြားရသူတိုင်း ဟဒယရွှင်ပြုံး စိတ်နှလုံးထုံးမွေ့ စရာပင်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ သိပ္ပံအကြောင်း၊ နိဗ္ဗာန်အကြောင်းများကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ကြီးကြီးကျယ်ကျယ် အဏ္ဏဝါလှိုင်းလုံးကြီးသဖွယ် အပင့် အမြှောက်၊ အလျှော့အတင်း၊ အကွေးအကောက်၊ အနိမ့်အမြင့်တို့ဖြင့် အားရိုက်ကြ၊ လေတိုက်ကြသည်မှာလည်း တဝုန်းဝုန်း၊ တရုန်းရုန်း။
တကယ့်ဖြစ်တည်မှုနှင့် အကျင့်ကြံ၊ အပြုအမူများကြတော့ နံ့သာဆီနှင့် အီး၊ ခွေးချီးနှင့် ထောပတ်ကွာသလို မိုးနှင့် မြေတမျှ ကွဲပြားခြားနားနေတော့သည်။ “ငါလုပ်သလို မလုပ်ကြနဲ့ ငါပြောသလိုလုပ်” ဆိုသည့် ဖောက်ပြန်သည့် စကားကို အသုံးချနေကြသည်မှာ မဟာ့မဟာ အမှား တခုပင်ဖြစ်လေတော့သည်။ နေ့အခါ အများရှေ့တွင် ဟန်ဆောင်ပြီး “အမေနဲ့ သား” ယဉ်ကျေးပြပြီး ညအခါ ကွယ်ရာတွင်ကျတော့ “မနှင့် မောင်” ရုတ်ချည်း ပြောင်းလွဲသွား ကြသည်မှာ ထွီဖွယ်စရိုက်၊ အာဂလူမိုက် အကျင့်ကြံများပါတကား။ ပါးစပ်ကဘုရားတပြီး လက်က ကားယားဖြစ်နေသည်နှင့် တူနေတော့သည်။
မနာလို ဝန်တိုမှု၊ အဂလိုက်မှုများ ပြည့်လျှမ်းနေကြပြီး ကျေးဇူးမသိတတ်၊ တာဝန် မယူတတ်၊ အမှားကို ဝန်မခံတတ်သည့် ဉာဉ်ဆိုးများလည်း အပြည့်အဝပင်။ ကြီးပွားမည် မကြံနှင့် ဘဝမေ့တော့သည်၊ ချီးမွမ်းမည်မကြံနှင့် ခြေဖျားထောက်တော့သည်။ မစားရလျှင် သဲနှင့်ပက်ချင်စိတ်၊ မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်၊ ကိုယ့်ထက်သာ မနာလိုသည့်စိတ်တို့သည် တမျိုးသားလုံးစိတ်ထဲတွင် ကိန်းဝပ်နေကြသည်။ မတုသင့်သည့် အရာတို့တွင် လျှင်စွာတုပကြီးပြီး တုပကောင်းသည့်အရာများကြတော့ တွန့်ဆုတ်လျှင် ဆားပက်ခံသည့် တီကောင်များပမာ။
ကျင့်သလောက်မပြောဘုရားရဟန္တာ၊ သူတော်ကောင်းများမှာ “ငါရဟန္တာဖြစ်ပြီ၊ ဈန်ပျံကြွနိုင်သည်၊ ငါသာ ပညာတတ်၊ ငါသာ အမြတ်ဆုံး၊ ငါ့အား လာဒ်ပါတ်သကာ တို့ဖြင့် ပူဇော်ကြ၊ ”ဟု လူတကာရှေ့ မော်ကြွားခြင်းမရှိ၊ နောင်ကွယ်တွင်လည်း မော်ကြွားခြင်း မရှိပါ။ ဘုရားရဟန္တာ၊ သူတော် ကောင်းတို့သည် လူသူကင်းဝေး ဆိတ်ငြိမ်သည့် တောအုပ် များတွင် တရားဘာဝနာကို ပွားစည်းလျှက် အေးချမ်းစွာ နေလေ့ရှိပါသည်။ ပညာရှိ သူတော်ကောင်းတို့သည် မိမိနာမည်ကို ဖော်၍ ဝါကြွားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာနေ ကြသည်။ ကိုယ်ရည်အမျိုးမျိုးသွေးပြပြီး ကိုယ့်နာမည်ဖော်ကာ ရပ်တကာရွာအနှံ ကြွားဝါကြသူများမှာ မသူတော်များပင်ဖြစ်သည်။ သူတော်ကောင်းများမှာ ကျင့်သလောက် မပြောဘဲ ပညာရှိပီပီ နှုတ်ဆိတ်လျှက်ရှိကာ ပြောသလောက် မကျင့်ဘဲ ရပ်တကာအနှံ့ စပ်ရာစပ်ရာဖြန့်၍ မသူတော်များမှာ အပြစ်များကို တိုးပွားစေကြ၏။
ဝေလာဝေးတိုင်းပြည်၏ အနာဂါတ်ကံကြမ္မာသည် တည်ငြိမ်အေးချမ်းလာဘို့ဝေးစွ၊ ထိုလူ၊ ထိုစိတ်၊ ထိုအကျင့်၊ ထိုအပြုအမူတို့များနှင့်တော့ အရွယ်လွန်ပြည့်တန်ဆာကဲ့သို့ အောက်ကျ၊ နောက် ကျ မျက်နှာမလှနှင့် ထမင်းမဝ၊ ခါးမလှဘဝသို့ ရောက်ရှိဦးမည်ဖြစ်သည်။ “ပျက်စဉ် ပြင်ခဏ” ဟု ပါးစပ်တဖွဖွ ရွတ်ဆိုနေကြသော်လည်း ထိုအညဉ်ဆိုးများကို မည်သူမှမပြင်ကြ။ ပြင်ရန် မတိုက်တွန်းကြ၊ ကိုယ်ကိုယ်တိုင်လည်း မပြင်ကြ ထိုသို့မပြင်သမျှကာလပတ်လုံး ချေးအိုး၊ သေးအိုးကဲ့သို့ နံဟောင်ပုပ်သိုး ရွံရှာဖွယ်ဖြစ်မျိုးနှင့် မျက်နှာငယ်စွာ နေကြရဦးမည် ဖြစ်သည်။
မှန်တာပြောလျှင် ရွာပြင်မရောက်သီလမလုံ အထုံအဖျင်းများ ပေါများလာကြသည်တပြိုင်နက် “မှန်တာပြောလျှင်၊ ရွာပြင်ရောက်/ ဖြောင့်လွန်းသည့်သစ်ပင်၊ တက်ရခက်” ဆိုသည့် စကားပုံမှာ လူတကာ၊ ရပ်တကာ၊ ဈေးတကာတို့တွင် ရေပန်းစားနေတော့သည်။ ထိုစကားပုံသည် မှားယွင်းစွာ ဖောက်ပြန်သူများ၏ လက်သုံးစကား ဂွင်ဆင် ထွင်လုံးများသာဖြစ်သည်။ ဘုရားရဟန္တာ၊ သူတော်ကောင်းတို့သည် အရိုးပင်ကြေကြေ၊ အသက်ပင်သေသေ ကိုယ်ကျင့်သီလအရာ၌ တစွန်းတစမှ ဖောက်ပြန်ကြရိုး ထုံးတမ်းမရှိပါ။ ရေစုန်သို့သာ အသာတကြည်မျှောလိုက်ကြပြီး အကုသိုလ်တရားတို့၌ ပျော်ပါးနေသူတို့သာ အကျိုးအကြောင်းမမြင်နိုင်ကြဘဲ ကတိမတည်၊ သစ္စာမမြဲ အကျင့်သီလ ဖောက်လွဲကြခြင်းဖြစ်သည်။ သတ္တဝါအားလုံးသာ သီလမြဲကာ မှန်အတိုင်း ပြောဆိုကြလျှင် ရွာပြင်လည်းမရောက်၊ လိုလားသလောက် အကျိုးဖြစ်ထွန်း မည်သာဖြစ်သည်။
ကိုယ်တိုင်ကျင့် ကိုယ်တိုင်ကြံမိမိကောင်းချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိလူမျိုးကို ကောင်းစေချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိတိုင်းပြည်ကောင်းစေချင်လျှင် မိမိတိုင်ကိုယ်ကျင့်ကြံရမည်၊ မိမိနိုင်ငံကောင်းစေချင်လျှင် မိမိကိုယ်တိုင်ပင်ကျင့်ကြံရမည်သာ။ မိမိကိုယ်တိုင်က မကျင့်ကြံ၊ မလိုက်နာဘဲ အများသူငါကို လမ်းပြလို့မရ၊ ညွန်ပြလို့မရ၊ ဆုံးမလို့မရသလို အပြစ်တင်လို့ လည်းမရနိုင်ပါ။ မိမိကိုယ်တိုင်ကျင့်ကြံလိုက်နာပါမှ အများသူငါကို ကိုယ်လိုရာသွပ်သွင်း၍ ကောင်းခြင်းသို့ ရောက်စေနိုင်မည်ဖြစ်သည်။ ထိုကြောင့် စကားမများ လေပွားမနေဘဲ မိမိကိုယ်တိုင်ကပင် အများသူငါ စံထားလောက်စရာဖြစ်အောင် တရားလက်ကိုင်၊ သတိခိုင်မြဲ၊ စိတ်ဇွဲမလျှော့ကာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကောင်းရာသို့ ပို့ဆောင်ကြပါဟု တိုက်တွန်း အပ်ပါသည်။အရှင်ဓမ္မ(ဒေလီ)


တမျိုးသားလုံး စိတ်ကောင်းထားကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။တမျိုးသားလုံး ညီညွတ်ကြပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။တမျိုးသားလုံး စည်းကမ်းရှိပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။တမျိုးသားလုံး ပညာတတ်ပါမှ စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်။
လူတိုင်းသိအထက်ပါသဘောတရားများကို လူတိုင်းသိကြပါသည်။ လောကအလယ်သို့ရောက်စ ကလေး ငယ်များမှအစ သေနယ်သို့ တဖက်နင်းနေကြရပြီဖြစ်သည့်လူကြီးမင်းတို့အဆုံး၊ ဤသဘောတရားကို သိကြပါသည်။ အလွှာပေါင်းစုံ၊ အတန်းစားပေါင်းစုံသည် အထက်ပါ ရိုးရှင်းသည့် သဘောသကန်ကို နားလည်ထားကြပါသည်။ မြန်မာတမျိုးသားလုံး ထိုသဘော တရားကို နားလည်သဘောပေါက်ကြပြီး လက်ခံအသိအမှတ်ပြုကြပါသည်။ အားတက်စရာ၊ အားကိုးစရာ အာဂဗမာများပါတကား။
လူတိုင်းပြောထိုကြောင့် လူတိုင်းထိုသဘောတရားကို ဖော်ထုတ်ကြဘို့ နှိုးဆော်နေကြသည်။ “ မြန်မာပြည်သူပြည်သားများ စိတ်ကောင်းထားကြပါ၊ ညီညွတ်ကြပါ၊ စည်းကမ်းရှိကြပါ၊ ပညာရှာကြပါ၊ ” လမ်းဘေးဈေးသည်၊ ဥဋ္ဌ်ကြားမြက်ပေါက်မှအစ နအဖစစ်အုပ်စု၊ တော်လှန် ရေးသမားအလယ် ဘုရားလူကြီး၊ မဟာသံဃာ့နာယကအဆုံး ရွှေနှုတ်ဖျားတွင် အထက်ပါ ရွှေစကားများကို တွင်တွင်ကြယ်ကြယ် သုံးပြုနေလျှက်ရှိကြသည်။ ဝမ်းမြောက်စရာ၊ နှစ်သက် စရာ အာဂဗမာများပါတကား။
လူတိုင်းကျင့်သို့သော်…ဗမာ့ကလေးငယ်များ ငတက်ပြားကလေးများဖြစ်နေကြပြီး၊ ဗမာ့လူပျိုပေါက်များ ဆေးသမား၊ ဘိန်းသမားဖြစ်နေကြသည်။ သမီးပျိုများ ပြည့်တန်ဆာဖြစ်နေကြရပြီး၊ သားပျိုများ လောင်းကစားဒိုင်ကြီးများ ဖြစ်နေကြသည်။ စီးပွားရေးသမားများ စဉ်းလဲနေကြပြီး၊ နိုင်ငံရေး သမားများ ဖောက်ပြားနေကြသည်။ ဝန်းထမ်းများ လာဒ်ပေးလာဒ်ယူလုပ်နေကြပြီး၊ အစိုးရဆို သူများ ခြစားနေကြသည်။ ဂေါပကများ ခွက်ပုန်းသောက်နေကြပြီး၊ သံဃာတော်များ အဂတိ လိုက် နေကြသည်။ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာ အာဂဗမာများပါတကား။
ပြောသလောက်မကျင့်ဗမာတို့သည် စကားကြွယ်သလောက် ပျူပျူငှာငှာ၊ ချိုချိုသာသာ၊ တီတီတာတာ၊ ပလီပလာ အင်မတန်မှပင် ပြောဆိုကြပြီး ကြားရသူတိုင်း ဟဒယရွှင်ပြုံး စိတ်နှလုံးထုံးမွေ့ စရာပင်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ သိပ္ပံအကြောင်း၊ နိဗ္ဗာန်အကြောင်းများကိုလည်း အာဘောင်အာရင်းသန်သန်ဖြင့် ကြီးကြီးကျယ်ကျယ် အဏ္ဏဝါလှိုင်းလုံးကြီးသဖွယ် အပင့် အမြှောက်၊ အလျှော့အတင်း၊ အကွေးအကောက်၊ အနိမ့်အမြင့်တို့ဖြင့် အားရိုက်ကြ၊ လေတိုက်ကြသည်မှာလည်း တဝုန်းဝုန်း၊ တရုန်းရုန်း။
တကယ့်ဖြစ်တည်မှုနှင့် အကျင့်ကြံ၊ အပြုအမူများကြတော့ နံ့သာဆီနှင့် အီး၊ ခွေးချီးနှင့် ထောပတ်ကွာသလို မိုးနှင့် မြေတမျှ ကွဲပြားခြားနားနေတော့သည်။ “ငါလုပ်သလို မလုပ်ကြနဲ့ ငါပြောသလိုလုပ်” ဆိုသည့် ဖောက်ပြန်သည့် စကားကို အသုံးချနေကြသည်မှာ မဟာ့မဟာ အမှား တခုပင်ဖြစ်လေတော့သည်။ နေ့အခါ အများရှေ့တွင် ဟန်ဆောင်ပြီး “အမေနဲ့ သား” ယဉ်ကျေးပြပြီး ညအခါ ကွယ်ရာတွင်ကျတော့ “မနှင့် မောင်” ရုတ်ချည်း ပြောင်းလွဲသွား ကြသည်မှာ ထွီဖွယ်စရိုက်၊ အာဂလူမိုက် အကျင့်ကြံများပါတကား။ ပါးစပ်ကဘုရားတပြီး လက်က ကားယားဖြစ်နေသည်နှင့် တူနေတော့သည်။
မနာလို ဝန်တိုမှု၊ အဂလိုက်မှုများ ပြည့်လျှမ်းနေကြပြီး ကျေးဇူးမသိတတ်၊ တာဝန် မယူတတ်၊ အမှားကို ဝန်မခံတတ်သည့် ဉာဉ်ဆိုးများလည်း အပြည့်အဝပင်။ ကြီးပွားမည် မကြံနှင့် ဘဝမေ့တော့သည်၊ ချီးမွမ်းမည်မကြံနှင့် ခြေဖျားထောက်တော့သည်။ မစားရလျှင် သဲနှင့်ပက်ချင်စိတ်၊ မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်၊ ကိုယ့်ထက်သာ မနာလိုသည့်စိတ်တို့သည် တမျိုးသားလုံးစိတ်ထဲတွင် ကိန်းဝပ်နေကြသည်။ မတုသင့်သည့် အရာတို့တွင် လျှင်စွာတုပကြီးပြီး တုပကောင်းသည့်အရာများကြတော့ တွန့်ဆုတ်လျှင် ဆားပက်ခံသည့် တီကောင်များပမာ။
ကျင့်သလောက်မပြောဘုရားရဟန္တာ၊ သူတော်ကောင်းများမှာ “ငါရဟန္တာဖြစ်ပြီ၊ ဈန်ပျံကြွနိုင်သည်၊ ငါသာ ပညာတတ်၊ ငါသာ အမြတ်ဆုံး၊ ငါ့အား လာဒ်ပါတ်သကာ တို့ဖြင့် ပူဇော်ကြ၊ ”ဟု လူတကာရှေ့ မော်ကြွားခြင်းမရှိ၊ နောင်ကွယ်တွင်လည်း မော်ကြွားခြင်း မရှိပါ။ ဘုရားရဟန္တာ၊ သူတော် ကောင်းတို့သည် လူသူကင်းဝေး ဆိတ်ငြိမ်သည့် တောအုပ် များတွင် တရားဘာဝနာကို ပွားစည်းလျှက် အေးချမ်းစွာ နေလေ့ရှိပါသည်။ ပညာရှိ သူတော်ကောင်းတို့သည် မိမိနာမည်ကို ဖော်၍ ဝါကြွားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာနေ ကြသည်။ ကိုယ်ရည်အမျိုးမျိုးသွေးပြပြီး ကိုယ့်နာမည်ဖော်ကာ ရပ်တကာရွာအနှံ ကြွားဝါကြသူများမှာ မသူတော်များပင်ဖြစ်သည်။ သူတော်ကောင်းများမှာ ကျင့်သလောက် မပြောဘဲ ပညာရှိပီပီ နှုတ်ဆိတ်လျှက်ရှိကာ ပြောသလောက် မကျင့်ဘဲ ရပ်တကာအနှံ့ စပ်ရာစပ်ရာဖြန့်၍ မသူတော်များမှာ အပြစ်များကို တိုးပွားစေကြ၏။
ဝေလာဝေးတိုင်းပြည်၏ အနာဂါတ်ကံကြမ္မာသည် တည်ငြိမ်အေးချမ်းလာဘို့ဝေးစွ၊ ထိုလူ၊ ထိုစိတ်၊ ထိုအကျင့်၊ ထိုအပြုအမူတို့များနှင့်တော့ အရွယ်လွန်ပြည့်တန်ဆာကဲ့သို့ အောက်ကျ၊ နောက် ကျ မျက်နှာမလှနှင့် ထမင်းမဝ၊ ခါးမလှဘဝသို့ ရောက်ရှိဦးမည်ဖြစ်သည်။ “ပျက်စဉ် ပြင်ခဏ” ဟု ပါးစပ်တဖွဖွ ရွတ်ဆိုနေကြသော်လည်း ထိုအညဉ်ဆိုးများကို မည်သူမှမပြင်ကြ။ ပြင်ရန် မတိုက်တွန်းကြ၊ ကိုယ်ကိုယ်တိုင်လည်း မပြင်ကြ ထိုသို့မပြင်သမျှကာလပတ်လုံး ချေးအိုး၊ သေးအိုးကဲ့သို့ နံဟောင်ပုပ်သိုး ရွံရှာဖွယ်ဖြစ်မျိုးနှင့် မျက်နှာငယ်စွာ နေကြရဦးမည် ဖြစ်သည်။
မှန်တာပြောလျှင် ရွာပြင်မရောက်သီလမလုံ အထုံအဖျင်းများ ပေါများလာကြသည်တပြိုင်နက် “မှန်တာပြောလျှင်၊ ရွာပြင်ရောက်/ ဖြောင့်လွန်းသည့်သစ်ပင်၊ တက်ရခက်” ဆိုသည့် စကားပုံမှာ လူတကာ၊ ရပ်တကာ၊ ဈေးတကာတို့တွင် ရေပန်းစားနေတော့သည်။ ထိုစကားပုံသည် မှားယွင်းစွာ ဖောက်ပြန်သူများ၏ လက်သုံးစကား ဂွင်ဆင် ထွင်လုံးများသာဖြစ်သည်။ ဘုရားရဟန္တာ၊ သူတော်ကောင်းတို့သည် အရိုးပင်ကြေကြေ၊ အသက်ပင်သေသေ ကိုယ်ကျင့်သီလအရာ၌ တစွန်းတစမှ ဖောက်ပြန်ကြရိုး ထုံးတမ်းမရှိပါ။ ရေစုန်သို့သာ အသာတကြည်မျှောလိုက်ကြပြီး အကုသိုလ်တရားတို့၌ ပျော်ပါးနေသူတို့သာ အကျိုးအကြောင်းမမြင်နိုင်ကြဘဲ ကတိမတည်၊ သစ္စာမမြဲ အကျင့်သီလ ဖောက်လွဲကြခြင်းဖြစ်သည်။ သတ္တဝါအားလုံးသာ သီလမြဲကာ မှန်အတိုင်း ပြောဆိုကြလျှင် ရွာပြင်လည်းမရောက်၊ လိုလားသလောက် အကျိုးဖြစ်ထွန်း မည်သာဖြစ်သည်။
ကိုယ်တိုင်ကျင့် ကိုယ်တိုင်ကြံမိမိကောင်းချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိလူမျိုးကို ကောင်းစေချင်လျှင် မိမိကိုယ်တိုင်ကျင့်ကြံရမည်၊ မိမိတိုင်းပြည်ကောင်းစေချင်လျှင် မိမိတိုင်ကိုယ်ကျင့်ကြံရမည်၊ မိမိနိုင်ငံကောင်းစေချင်လျှင် မိမိကိုယ်တိုင်ပင်ကျင့်ကြံရမည်သာ။ မိမိကိုယ်တိုင်က မကျင့်ကြံ၊ မလိုက်နာဘဲ အများသူငါကို လမ်းပြလို့မရ၊ ညွန်ပြလို့မရ၊ ဆုံးမလို့မရသလို အပြစ်တင်လို့ လည်းမရနိုင်ပါ။ မိမိကိုယ်တိုင်ကျင့်ကြံလိုက်နာပါမှ အများသူငါကို ကိုယ်လိုရာသွပ်သွင်း၍ ကောင်းခြင်းသို့ ရောက်စေနိုင်မည်ဖြစ်သည်။ ထိုကြောင့် စကားမများ လေပွားမနေဘဲ မိမိကိုယ်တိုင်ကပင် အများသူငါ စံထားလောက်စရာဖြစ်အောင် တရားလက်ကိုင်၊ သတိခိုင်မြဲ၊ စိတ်ဇွဲမလျှော့ကာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကောင်းရာသို့ ပို့ဆောင်ကြပါဟု တိုက်တွန်း အပ်ပါသည်။အရှင်ဓမ္မ(ဒေလီ)

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */