မြောက်ကိုးရီးယားဆီက နည်းပညာတွေကို လျို့ ဝှက်ဝယ်ယူရရှိပြီး အကောင်အထည်ဖော် လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကို မျိုးချစ်တပ်မတော်သား တဦးဖြစ်တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းက သတ္တိရှိစွာ ဖေါ်ထုတ်လိုက်ပါတယ်။
ဗိုလ်မှုးစိုင်းသိန်းဝင်းမှ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်း တွေ၊ ဗွီဒီယိုတွေ၊ ဖိုင်တွေ၊ အနုမြူ ဗုံးထုတ်လုပ်မှုက ဘယ်အဆင့်ဆီ ရောက် နေပြီ ဆိုတာတွေကို နိင်ငံတကာအနုမြူအေဂျင်ဆီက အရာရှိ ဘော့ကယ်လီ ဆီကိုပေးအပ်ခဲ့တယ်။
အဲလ်ဂျဇီးယား ( ရေလက်ကြား ) ရုပ်မြင်သံကြား က ထုတ်လွှင့်ချက်ပါ။ ရိုက်ကူးပေးပို့ သူ အားကျေးဇူးပါခင်ဗျား။
Friday, June 04, 2010
မြန်မာနအဖရဲ့ နျူကလီယားအိမ်မက်..
ဘ၀တူ..
ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်တဦးက အိမ်ချုပ် တရက် ကျခံမည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇွန် ၃၊ ၂ဝ၁ဝ
တရက်တာ အကျယ်ချုပ် ကျခံစဉ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လာရောက် လေ့လာသူ မည်သူ့ကို မဆို မုန့်ဟင်းခါးဖြင့် ဧည့်ခံ မည်ဟု Alix Clarke က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီ ကျရောက်တော့မည့် ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် အမေရိကန် အမျိုးသမီး တဦးက ဝါရှင်တန်ပြည်နယ်၊ Vashon ကျွန်း ရှိ သူ၏ နေအိမ်တွင် လာမည့် တနင်္ဂနွေနေ့ တနေ့လုံး ၂၄ နာရီ အကျယ်ချုပ် ကျခံမည်ဟု ဆိုသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လေ့လာလိုသူ အမေရိကန်များကို ထိုနေ့တွင် သူ၏ နေအိမ်သို့ လာရောက်ရန်လည်း Alix Clarke က ဖိတ်ခေါ်ထားသည်ဟု အပတ်စဉ်ထုတ် ဒေသခံသတင်းစာ Beachcomber တွင် ရေးထားသည်။
လေ့လာလိုသူများအတွက် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အပါအဝင် လေ့လာဖွယ်ကို ပြင်ဆင် ထားပြီး မြန်မာပြည်စစ်ရာဇ၀တ်မှုများကို နိုင်ငံတကာအဆင့် ဒဏ်ခတ်ရာတွင် သမတ အိုဘားမား အစိုးရက ဦးဆောင်ရေးအတွက် လက်မှတ်ထိုး တောင်းဆိုရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။
သူ နှင့် ခင်ပွန်းသည် Bob Blauvelt တို့က မြန်မာ့ အစားအစာ ဖြစ်သည့် မုန့်ဟင်းခါး၊ မြန်မာ လက်ဘက်ရည်၊ မွေးနေ့ကိတ် တို့ဖြင့် တည်ခင်း ဧည့်ခံမည်ဟု သိရသည်။
မြန်မာ့အရေးကို နိုင်ငံတကာတွင် အာရုံစိုက်လာကြစေရန် သူ့ကဲ့သို့ တရက်တာ နေအိမ်အကျယ်ချုပ် ကျခံခြင်းမျိုးကို ကမ္ဘာအရပ်ရပ်တွင် ပြုလုပ်ကြဖွယ် ရှိသည်ဟု Clarke က ပြောသည်။ သူသည် ယခင်ကလည်း ဤသို့ မိမိကိုယ်မိမိ အကျယ်ချုပ် ကျခံဖူးသည်ဟု ဆိုသည်။ ဤသို့ အကျယ်ချုပ် ကျခံခြင်းမှာ သင်္ကေတ တခုသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရမှုနှင့် နှိုင်းယဉ်နိုင်မည် မဟုတ်ဟု သူက ဆိုသည်။
“ရှင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပြီး ကျမတို့ လွတ်လပ်အောင် ကူညီပါလို့ ဒေါ်အောင်ဆန်းစုကြည်က တကမ္ဘာလုံးကို ပြောလေ့ရှိပါ တယ်။ ဒီလို တိုက်တွန်းတာကို ကျမလည်း ကြားမိပါတယ်။ ဒါကြောင့်လည်း ကျမက မြန်မာ့အရေးကို အာရုံစိုက် လုပ်ဆောင်နေတာပါ” ဟု တရက်တာ အကျယ်ချုပ်ကျခံမည့်သူက ပြောပြသည်။
၎င်းတို့ ဇနီးမောင်နှံသည် ရန်ကုန်တွင် ၄ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာပြည်မှ ပြန်လည် ထွက်ခွာကြသူများ ဖြစ်သည်။
Clarke သည် အမေရိကန် သံရုံး အစီအစဉ်ဖြင့် ရန်ကုန်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် တာဝန်ယူခဲ့သည်။
Blauvelt သည် ရန်ကုန်ရှိ International School of Yangon အမည်ရှိ ကျောင်းတွင် လုပ်ကိုင်ခဲ့သည်။
တရက်တာ အချုပ်အနှောင်ခံမည့် အမျိုးသမီးက အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို နှစ်သက်သူ မဟုတ်ပေ။ သူ၏ သတင်း ကို ဖော်ပြပေးသည့် Beachcomber သတင်းစာ အင်တာနက်စာမျက်နှာတွင် အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်မှုကြောင့် မြန်မာပြည်သူများ ထိခိုက်စေသည်ဟု သူက မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရသည်။
မိုးမခက Clarke ကို ယနေ့ ဆက်သွယ် မေးမြန်းရာ တနင်္ဂနွေနေ့တွင် အကျယ်ချုပ် ကျခံရန် အသင့်ဖြစ်နေပြီဟု ပြောသည်။
မြန်မာပြည်အနှံ့မှ ဒုက္ခသည်များ ၀ါရှင်တန် ပြည်နယ်တွင် အခြေချ နေထိုင်လျက်ရှိသည်ဟုလည်း ပြောပြသည်။
www.moemaka.com မှ
တိုင်းပြည်ခွဲရောင်းမယ်..တရုတ်အဖေရယ်..၀ယ်မလား..
စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည်
ခက်ထန် Friday, June 04, 2010 .
မြန်မာ စစ်အစိုးရသည် စစ်ရေး အသုံးစရိတ် အတွက် ပုံမှန်ထက် ပိုမို များပြားသော ဘတ်ဂျက်ကို ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် အတွင်းက ချမှတ်ပေး လိုက်ကြောင်း သိရသည်။
MiG-29 အမျိုးအစား တိုက်လေယာဉ်
မေလ နောက်ဆုံးပတ် အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူး စီမံကိန်းများ အကောင် အထည် ဖော်ရေး အဖွဲ့ ညှိနှိုင်း အစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြ ထားခြင်း မရှိသော ဘတ်ဂျက်များ ချပေးလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။
“ထူးတာ ကတော့ Defense Budget ဆိုပြီး ငွေပမာဏ အတော် များများကို ချပေးလိုက်တယ်၊ ဘာတွေ ဝယ် မယ်၊ လုပ်မယ်လို့ စာရင်း ဖော်ပြ ထားတာ မရှိဘဲ ဘတ်ဂျက် ချပေးလိုက်တာ”ဟု စစ်အာဏာပိုင် များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခု ချပေးသည့် ဘတ်ဂျက်သည် ပုံမှန် ချပေးသည်ထက် ပိုမိုများပြားနေကြောင်း၊ ၆ လ အတွင်း စစ်သုံးပစ္စည်း များ အကြီးအကျယ် ဝယ်ယူရန် အစီအစဉ် ရှိသည်ဟုလည်း သိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
စစ်အစိုးရသည် လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး နှင့် ဆားဗီးယားတို့မှ ဝယ်ယူကြောင်း သိရ သည်။ စစ်အစိုးရ ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကို စစ်ရေး ကဏ္ဍတွင် အသုံးပြုနေသည်ဟု ပညာရှင် များက ခန့်မှန်း တွက်ချက်ကြသည်။
ဘတ်ဂျက်ငွေ လျာထားရာ၌ ကျန်းမာရေးကဏ္ဍတွင် ၀.၄ ရာခိုင်နှုန်းနှင့် ပညာရေး ကဏ္ဍတွင် ၀.၅ ရာခိုင်နှုန်း သာ သုံးစွဲကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ၂၀၀၇ တွင် ထုတ်ပြန် သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၉ နှစ်ကုန်ပိုင်းကလည်း ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG 29 တိုက်လေယာဉ် အစီး၂၀ ဝယ်ယူခဲ့သည်။
မေလကုန်တွင် ကုလသမဂ္ဂ ကျွမ်းကျင်သူများက မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့ လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ဖော်ပြထားသည်။
၂၀၀၈-၂၀၀၉ ခုနှစ်အတွက် စစ်အစိုးရ ဘတ်ဂျက်သုံးစွဲမှုများနေ၍ ကျပ်ငွေ ဘီလီယံ ၇၀၀ ကျော်လိုငွေပြနေကြောင်း နေပြည်တော်ဝန် ကြီး အဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ၀န်ခံခဲ့ သည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသည်မှာ ကြာမြင့်ပြီ ဖြစ် သည်။ ထို့အပြင် စစ်အစိုးရ၏ စစ်ရေးအသုံးစရိတ်များကိုလည်း တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။
မြန်မာစစ်တပ်တွင် စစ်အင်အား ၄ သိန်းခန့်ရှိမည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3300-2010-06-04-05-31-17
ကြွက်တွင်းတွေ..ဆက်ဖောက်နေလည်း..ဆာဒန်လိုဘဲ ချောင်ပိတ်မိမှာပါ..
စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက်
ရန်ပိုင် Friday, June 04, 2010 .မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် စစ်အစိုးရက သံသယ ဖြစ်ဖွယ် ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ် နေကြောင်း သိရသည်။
အဆိုပါ လိုဏ်ခေါင်းများ၏ အကျယ်နှင့် အမြင့်မှာ ပေ ၅၀ ခန့်ရှိပြီး တနေ့လျှင် အလုပ်သမား ၅၀၀ ခန့် အလုပ်လုပ်ကိုင်နေကြောင်း၊ ကိုရီးယားလူမျိုး ကျွမ်းကျင်သူ ပညာရှင်များက ကြီးကြပ်၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။
မကွေးတိုင်း ပဒါန်းမြို့နယ် အတွင်းရှိ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်သည့် တည်နေရာ မြေပုံ
“ပဒါန်းမြို့နယ်ကနေ တောထဲကို ၃နာရီလောက် မောင်းရတယ်၊ စစ်တပ်ကခွင့်ပြုထားတဲ့ ကားတွေပဲ သွားရတယ်၊ လိုဏ်ခေါင်းက တော်တော် ရှည်နေပြီ မိုင်းခွဲလို့ အပြင်ကို ထွက်ပြေးရင် မိနစ် ၃၀ လောက် ပြေးရတယ်”ဟု ၎င်းကဆိုသည်။
ထို့အပြင် ပင်မလိုဏ်ခေါင်း နှင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည့် လိုဏ်ခေါင်းများကိုလည်း ဘေးပတ်လည်တွင် ရှိကြောင်း၊ တောင်၏ ကျောက်သားနံရံများကို တနေ့လျှင် မိုင်း ၅ ကြိမ်ခန့် ခွဲ၍ တူးဖော်ပြီး မြေတူးစက်များ၊ မြေသယ်ကားများဖြင့် လုပ်ကိုင်နေ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
လိုဏ်ခေါင်း အတွင်း မြေထိန်းနံရံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် လက်သမား၊ ပန်းရံ၊ နှင့် သံချည်သံကွေး လုပ်သားများကို တနေ့လျှင် လုပ်အားခ ၉၀၀ကျပ် ပေးပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း သိရသည်။
ယင်းစီမံကိန်း ကန့်သတ်နယ်မြေတွင် စစ်တပ်များချ၍ လုံခြုံရေး တင်းကျပ်ထားပြီး အလုပ်သမားများမှာ အလုပ်ခွင်အတွင်း ၀င် ထွက်ခွင့် လက်မှတ်များဖြင့် သွားလာရကြောင်း အလုပ်သမားများက ပြောသည်။
ယခင် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်ကတည်းက ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမအကြား၊ ဧရာဝတီမြစ် အနောက်ဘက် ပြည်ခရိုင်အတွင်းရှိ ဆင်တဲ၊ ထုံးဘို၊ ညောင်ခြေထောက်၊ အထက်မင်းလှ မြို့နယ်ရှိ မလွန်ဒေသတွင် ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခဲ့သည်။
ထို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို ပုသိမ်- မုံရွာကားလမ်းနှင့် ဆက်စပ်ထားသည်။
ပဒါန်းမြို့နယ်သည် ပုသိမ်- မုံရွာ ကားလမ်းနံဘေး တည်ရှိပြီး မင်းဘူး- အမ်းလမ်းနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။
ယခုတည်ဆောက်နေသည့် ဥမင်လိုဏ်ခေါင်းများကို စစ်အစိုးရက စစ်ရေး သို့မဟုတ် စီးပွားရေး မည်သည့်ကဏ္ဍတွင် အသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။
မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသ နှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်တွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြော သည်။
“အခု ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မကွေးတိုင်း ဥက္ကဋ္ဌလုပ်တုန်းက တပ်မ ၈၈ က ဗိုလ်မှူးကြီး ဇော်မင်းတို့ ပွင့်ဖြူ စကုဘက်မှာ ယူရေနီယံတွေ့လို့ ထုတ်ဖို့ စီမံကိန်းဆွဲတယ်လို့ ကြားဖူးတယ်”ဟု၎င်းက ဆိုသည်။
စစ်အစိုးရသည် တခြားသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစီမကိန်းများကို နေပြည်တော်၏ အနောက်ဘက် ပဲခူးရိုးမ အနောက်ဘက်ခြမ်း တောင်တွင်းကြီး၊ နတ်မောက်ဒေသ၊ ပဲခူးရိုးမ အတွင်းရှိ အောင်လံမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ဆက်စပ် နေသည့် ဒေသတွင် စစ်လက်နက်ပစ္စည်း စက်ရုံများ တည်ဆောင်နေကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။
မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ဖိုင်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ ဒါရိုက်တာဟောင်း ဘော့ကယ်လီ(Bob Kelley)ကို ပြသခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာအသံ(DVB)နှင့် တွေ့ဆုံခန်း တွင် ပြော ဆိုသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းသည် မကြာသေးမီက စစ်အစိုးရ၏ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ် သို့ ထွက်ပြေးလာသူဖြစ်သည်။
စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်ခန်းတွင် ပြောဆိုခဲ့သည်။
၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက် ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသော မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။
မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3299-2010-06-04-05-27-45
လူ့အခွင့်အရေး အဆိုးရွားဆုံး ချိုးဖောက်နိုင်ငံတွေထဲမှာ မြန်မာပါဝင်
နော်ရှိုး ကြာသပတေး, 03 ဇွန် 2010
ကမ္ဘာတ၀န်း လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်နေတဲ့ ၀ါရှင်တန် အခြေစိုက် Freedom House က ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံးဒေသတွေအဖြစ် နိုင်ငံ ၁၇ နိုင်ငံနဲ့ နယ်မြေဒေသ ၃ ခုအကြောင်း အစီ ရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနိုင်ငံနဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ အခြေခံ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတဲ့အပြင် ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါ တယ်။ ဒီအစီရင်ခံစာကို လတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပနေရာ ဂျနီဗာမြို့မှာ မနေ့က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံးနိုင်ငံ ၉ နိုင်ငံကတော့ မြန်မာနိုင်ငံ အပါအ၀င်၊ မြောက်ကိုရီးယား၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ လစ်ဗျား၊ ဆူဒန်၊ အီကွေတိုရီယယ် ဂီနီ၊ ဆိုမားလီးယား၊ အီရီထရီးယားနိုင်ငံတို့ ဖြစ်ပြီး တရုတ်ပြည်တွင်းက တိဘက်ဒေသတို့ ဖြစ်ကြပါတယ်။ ၂၀၀၉ ခုနှစ် တနှစ်တာအတွင်း ကမ္ဘာတ၀န်းက နိုင်ငံပေါင်း ၁၉၄ နိုင်ငံနဲ့ နေရာဒေသပေါင်း ၁၄ နေရာက လွတ်လပ်မှု အခြေအနေတွေကို လေ့လာ တိုင်းတာထားတဲ့ Freedom House အဖွဲ့ရဲ့ Freedom in the World ၂၀၁၀ ခုနှစ် အစီရင်ခံစာကနေ အဆိုးဝါးဆုံးနိုင်ငံနဲ့ ဒေသစာရင်းကို ကောက်နုတ် တင်ပြထားတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ တိုင်းသူပြည်သားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဟာ စီမံကိန်းကျကျ ချိုးဖောက်ခြင်း ခံနေရတယ်လို့ သတ်မှတ်ခံ ထားရတဲ့ နိုင်ငံပေါင်း ၄၇ နိုင်ငံထဲမှာမှ အဆိုးဆုံး ၉ နိုင်ငံ အကြောင်းကို ခုလောလောဆယ် ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အ ခွင့်အရေးကောင်စီ အစည်းအဝေးပွဲမှာ Freedom House အဖွဲ့က မီးမောင်းထိုး တင်ပြခဲ့တာ ဖြစ်ပါတယ်။ Freedom House အဖွဲ့က အဓိက လေ့လာတိုင်းတာ တာကတော့ နိုင်ငံတနိုင်ငံတွင်းမှာရှိတဲ့ Political rights နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနဲ့ Civil rights နိုင်ငံ သားဆိုင်ရာ လူမှုအခွင့်အရေးတို့ ဖြစ်တဲ့အကြောင်း Freedom House အစီရင်ခံစာ အယ်ဒီတာထဲက တဦးဖြစ်တဲ့ မစ္စတာ အာ့ခ် ပူဒင်တန် (Mr. Arch Puddington) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။
“နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးလို့ ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲ၊ အုပ်ချုပ်စီမံခန့်ခွဲမှုတို့နဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ရှိသလား၊ အတိုက်အခံပါတီ၊ လူနည်းစုကို ကိုယ်စားပြုတဲ့ပါတီ ရှိသလား၊ အဲဒီပါတီတွေမှာ တန်းတူညီမျှတဲ့ အခွင့်အရေး တွေ ရှိသလား၊ အုပ်ချုပ်စီမံခန့်ခွဲမှုကို အုပ်စုတခု ဥပမာ စစ်တပ်ကပဲ ချုပ်ကိုင်ထားသလားဆိုတာ ကြည့်ပါတယ်။ Civil rights နိုင်ငံသား လူမှုအခွင့်အရေးလို့ဆိုတဲ့ နေရာမှာတော့ သတင်းမီဒီယာ လွတ်လပ်မှု၊ ဘာသာရေး လွတ်လပ်မှု၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်၊ စုဝေးထုတ်ဖော် ပြောကြား ရေးသားပိုင်ခွင့် ရှိသလား၊ တရားဥပဒေ စိုးမိုးမှု ရှိသလား စတာတွေကို လေ့လာတိုင်းတာတာ ဖြစ်ပါတယ်။”
နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနဲ့ နိုင်ငံသားဆိုင်ရာ လူမှုအခွင့်အရေး ဆိုတာကလည်း အုပ်ချုပ်တဲ့ အစိုးရက ခွင့်ပြုမှသာလျှင် တိုင်းသူပြည် သား တွေ ရရှိခံစားနိုင်တာ ဖြစ်တာကြောင့် နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံသားဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံးနိုင်ငံနဲ့ ဒေသအားလုံးမှာ အဓိက ချိုးဖောက်သူဟာ အာဏာရ အစိုးရတွေ ဖြစ်နေတယ်လို့လည်း မစ္စတာ ပူဒင်တန်က ပြောပါတယ်။
နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လူမှုအခွင့်အရေးတွေမှာ အဆိုးဆုံး ၉ နိုင်ငံထက် အမှတ်နည်းနည်းလေး ပိုများတဲ့ ၈ နိုင်ငံကိုလည်း Freedom House အဖွဲ့က ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ တရုတ်၊ ကျူးဘား၊ ဆော်ဒီအာရေးဗျ၊ ဘယ်လာရုစ်၊ ချတ်ဒ်၊ လာအို၊ ဆီးရီးယားအပြင် အဲဒီစာရင်းထဲ ပထမဆုံးအကြိမ်အဖြစ် ၀င်လာတဲ့ ဂီနီနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီထဲက တရုတ်၊ ကျူးဘား၊ ဆော်ဒီအာ ရေးဗျ တို့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ ကိုယ်တိုင်က နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေ ဖြစ်နေတာကတော့ စိတ်မကောင်းစရာပါပဲလို့ မစ္စတာ ပူဒင်တန်က ပြောပါတယ်။
“အာရှ၊ အာဖရိက၊ နောက် လက်တင်အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတချို့ဟာ တရုတ်တို့၊ ကျူးဘားတို့လို လူ့အခွင့်အ ရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ဖြစ်စေဖို့ မဲပေးကြတာကတော့ ၀မ်းနည်းစရာပါပဲ။ ဒါကလည်း သူတို့နဲ့ အဲဒီနိုင်ငံတွေကြားမှာ မျက်နှာပျက်စရာ ဆက်ဆံမှု တမျိုးမျိုး ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ ဥပမာ အာဖရိကမှာ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံးလို့ ဆိုရမယ့် တောင်အာဖရိကနိုင်ငံဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ပြစ်တင် ရှုတ်ချဖို့ အကြိမ်ကြိမ် ပျက်ကွက်နေတာမျိုး၊ နောက် အိန္ဒိယနိုင်ငံ၊ သူတို့နိုင်ငံသားတွေကို သူတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေမဲ့ တခြားနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရဲရဲတင်းတင်း ရှုတ်ချဖို့ ၀န်လေးနေကြတာကို တွေ့ရပါတယ်။”
Freedom House အဖွဲ့က မစ္စတာ အာ့ခ် ပူဒင်တန် ပြောသွားတာ ဖြစ်ပါတယ်။
အခုလို လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ တနိုင်ငံမှ မရှိဘဲ စစ်တပ်က အုပ်ချုပ်တဲ့ မြန်မာနိုင်ငံ၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ ဥဇဘက်ကစ္စတန်၊ လစ်ဗျား၊ အစွန်းရောက် အစ္စလမ်ဝါဒနဲ့ ရောပြီး စစ်တပ်က အုပ်ချုပ်တဲ့ ဆူဒန်၊ အဂတိလိုက်စားမှု ကြီးမားတဲ့ အစိုးရက အုပ်ချုပ်တဲ့ အီကွေတိုရီယယ် ဂီနီနိုင်ငံနဲ့ ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်တဲ့ အီရီထရီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။
http://www1.voanews.com/burmese/news/burma/freedom-in-the-world-freedom-house-95585024.html
ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ
By ဦးသန်းလွင်ထွန်း ကြာသပတေး, 03 ဇွန် 2010
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီး စဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ် တွေ မှာ မြောက်ကိုရီးယားနိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာ စစ်အစိုး ရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင် သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေ အကြောင်း ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။
နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို ရယူနေတယ်ဆိုတဲ့ သ တင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ လျှို့ဝှက်ခရီးစဉ်အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင် ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက် ကိုရီး ယား နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဇန်န၀ါရီလကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း မှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့ ကြေညာလိုက်တော့မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင် သံကြား အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား တည် ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ကြေညာထား ပါတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။ အမေရိကန် အထက်လွှတ် တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ …
“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။
အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက်လွှတ် တော်အမတ် ဂျင်မ်ဝက်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။
“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန် ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိ တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှု တွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေး ပါလို့ ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံ ဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။
ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စ တွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က ဆိုပါတယ်။
“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့ ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့ ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ် ပါတယ်။”
ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မ ဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မ်ဝက်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…
“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော် ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။
အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ အရေးပါဆုံးခေါင်းဆောင် တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။
တဘက်မှာလည်း မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်း ကြား ထားတာ မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ချိုးဖောက်လိုဟန်လည်း မရှိပါဘူး။
http://www1.voanews.com/burmese/news/burma/jim-webb-myanmar-analysis-95582979.html
ငြုတ်သီးနဲ့ အပေါင်းကောင်းမှ ကြေတော့မဲ့ ကြက်သွန်..အော် မှားပါတယ် အဘရယ်
Myanmar nuclear arms drive under way
Posted: 04 June 2010 1532 hrs
Myanmar's military leaders at a ceremony to mark the country's Armed Forces Day in Naypyidaw
BANGKOK : Military-ruled Myanmar has begun a nuclear weapons programme with the help of North Korea, a new investigation revealed Friday, citing an army major defector and years of "top secret material".
A documentary shows thousands of photos and defector testimony revealing its nuclear ambitions and a secret network of underground tunnels, alleging some are used for storing secret weapons, television network Al-Jazeera said.
Revelations in the film, made by Norway-based news group Democratic Voice of Burma (DVB) and broadcast by Al-Jazeera on Friday, prompted a US senator to abruptly cancel a trip to Myanmar, formerly known as Burma.
Jim Webb was due to fly to the country Thursday but said it would be "unwise and potentially counter-productive" until there is further clarification on accusations of cooperation with nuclear-armed North Korea.
The findings "contain new allegations regarding the possibility that the Burmese government has been working in conjunction with North Korea in order to develop a nuclear programme," Webb said.
DVB, a news service run by Myanmar expatriates, says "evidence of Myanmar's nuclear programme has come from top-secret material smuggled out of the country over several years," Al-Jazeera reported on its website.
The years-long investigation included hundreds of files and other evidence from a Myanmar defector, army major Sai Thein Win, who said he was deputy commander of a military factory heading up Myanmar's nuclear battalion.
"They really want to build a bomb. That is their main objective," he is quoted as saying in the film.
Files reportedly smuggled out of Myanmar by Sai Thein Win have been seen by experts including Robert Kelley, former director of the International Atomic Energy Agency, in the film.
"It appears it is a nuclear weapons programme because there is no conceivable use for this for nuclear power or anything like that," he said, according to Al-Jazeera.
The network said the tunnels were allegedly built with the help of expertise from North Korea.
Myanmar, which has been military-ruled since 1962, has previously been accused of violating a UN Security Council ban on North Korean arms exports, which was imposed last June.
Following a visit there in May, US Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell expressed concern about a suspected arms shipment from North Korea to Myanmar. - AFP/jy
http://www.channelnewsasia.com/stories/afp_asiapacific/view/1061023/1/.html
ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားချင်တဲ့ အညာသားများ..ခုတော့ ကားယားကြီး မိနေပြီ
Myanmar 'nuclear plans' exposed 
Defectors say Myanmar's military is pushing ahead with efforts to aquire nuclear weapons [EPA]
An investigation by an anti-government Myanmar broadcaster has found evidence that it says shows the country's military regime has begun a programme to develop nuclear weapons.
Journalists from the Norway-based Democratic Voice of Burma (DVB) have been gathering information about secret military projects in Myanmar for years.
But they say recent revelations from a former army officer show that the military government is pushing ahead with ambitions to become a nuclear power.
The allegations are contained in a special documentary produced by the DVB being aired by Al Jazeera.
On Thursday evening, shortly before the film was due to be broadcast, US Senator Jim Webb announced he was postponing his scheduled trip to Myanmar in response to allegations in the documentary.
"They really want a bomb, that is their main objective"
Sai Thein Win,
former Myanmar army major
"Until there is further clarification on these matters, I believe it would be unwise and potentially counterproductive for me to visit Burma," Webb, who is the Democratic chairman of the US Senate Foreign Relations Committee Subcommittee on East Asia and Pacific Affairs, told reporters in Bangkok.
Burma is the former name of Myanmar.
Webb had been due to fly to Myanmar late on Thursday for talks with detained pro-democracy leader Aung San Suu Kyi and senior officials in the country's reclusive military junta.
Defector speaks out
The producers of the DVB documentary say evidence of Myanmar's nuclear programme has come from top-secret material smuggled out of the country over several years, including hundreds of files and other evidence provided by Sai Thein Win, a former major in Myanmar's army.
On Al Jazeera
The film Myanmar's military ambitions can be seen on Al Jazeera from Friday, June 4, at the following times (GMT):
Friday: 0600; Saturday: 1900; Sunday: 0300; Monday: 1400; Tuesday: 0530; Wednesday: 1900; Thursday: 0300.
Sai Thein Win says he was deputy commander of a highly classified military factory that was the headquarters of the army's nuclear battalion.
But he says he decided to defect and bring top-secret evidence of the project with him.
"They really want a bomb, that is their main objective," he says in the film.
"They want to have the rockets and nuclear warheads."
His smuggled files were shown to Robert Kelley, the former director of the International Atomic Energy Agency (IAEA), who told the producers they showed clear indications of a programme to build atomic weapons.
"It appears it is a nuclear weapons program because there is no conceivable use for this for nuclear power or anything like that," he says.
Suspicions
However other experts like John Isaacs, executive director of the Washington-based Centre for Arms Control and Non-Proliferation, are not ready to make a definitive conclusion yet.
Photos and other documents show equipment used in the alleged nuclear programme [DVB]
"I would say there are a lot of suspicions," Adams told the DVB. "But it's hard to say there's actual proof of what Myanmar's trying to do."
Sai Thein Win says he decided to defect after seeing a previous report by the DVB about the Myanmar regime's extensive network of secret underground bunkers and tunnels.
The broadcaster gathered thousands of photos and more defector testimony, claiming some of the tunnels are used as command posts, while others – some are large as two football fields – are used for storing secret weapons and equipment to protect them from aerial bombardment.
The tunnels have allegedly been built with the help of expertise from North Korea – a link that has drawn growing international attention.
A network of tunnels and bunkers is allegedly being built with North Korean help [DVB]
'Bunker mentality'
Aung Zaw, an exiled Myanmar journalist and editor of the Thailand-based magazine Irrawaddy, told Al Jazeera there was substantial evidence Myanmar had been buying conventional weapons and missiles from North Korea, but the secret nature of the ruling regime makes it very difficult to get at the truth.
A network of tunnels and bunkers is allegedly being built with North Korean help [DVB]
"They live in a bunker mentality," he said of the ruling generals.
"They live in fear of an invasion by the West - that's why they relocated the capital to central Burma."
A recent UN report on the sanctions against North Korea banning nuclear and ballistic missile activities, found what it called "suspicious activity in Myanmar" and experts say that might build up the case for an IAEA inspection.
"In many ways North Korea is a parallel to Burma," the Centre for Arms Control's John Isaacs says in the DVB film.
"It's a poor country with a weak economy and starvation at home, and yet they manage to gather resources to build a nuclear weapon."
The DVB investigation agrees, but also points out it was not that long ago when few people imagined that countries like North Korea, Iran and Pakistan would also become nuclear powers.
http://english.aljazeera.net/news/asia-pacific/2010/06/2010642542469132.html
Report: Myanmar seeking nuclear weapons
By DENIS D. GRAY, Associated Press Writer
Democratic Voice of Burma
In this Jan. 6, 2010, photo released by the Democratic Voice of Burma, Myanmar defector Sai Thein Win poses at at undisclosed place in Myanmar. Documents smuggled out of Myanmar by an army defector indicate its military regime is trying to develop nuclear weapons and long-range missiles, and North Korea is probably assisting the program, an expatriate media group said Friday, June 4, 2010. The Norway-based Democratic Voice of Burma said Win was an army major who was trained in Myanmar as a defense engineer and later in Russia as a missile expert. It said he had access to secret Myanmar nuclear facilities including a nuclear battalion north of Mandalay "charged with building up a nuclear weapons capability."
In this Jan. 6, 2010, photo released by the Democratic Voice of Burma, Myanmar defector Sai Thein Win poses at at undisclosed place in Myanmar. Documents smuggled out of Myanmar by an army defector indicate its military regime is trying to develop nuclear weapons and long-range missiles, and North Korea is probably assisting the program, an expatriate media group said Friday, June 4, 2010. The Norway-based Democratic Voice of Burma said Win was an army major who was trained in Myanmar as a defense engineer and later in Russia as a missile expert. It said he had access to secret Myanmar nuclear facilities including a nuclear battalion north of Mandalay "charged with building up a nuclear weapons capability."More News
South Korean general questioned in spy case Rights conflict in Argentine court battle over DNA Afghan delegates support talks with Taliban Dozens protest migrant's death on US-Mexico border 21 years later, quiet day on Tiananmen Square China uses drones to spot opium fields Report: Myanmar seeking nuclear weapons Turkey sends 2 ambulance planes to Israel Gates 'disappointed' by Chinese rebuff Roman Catholic bishop's driver charged with murder Sierra Leone parents seek answers in adoption case AP Impact: US-Mexico border isn't so dangerous Pope Benedict XVI makes sensitive trip to Cyprus Dutch suspect in Peru murder in Chilean custody 17 Somalis die in shelling, gunbattles in capital US senator nixes Myanmar trip over nuclear concern Belgian police detain courthouse shooting suspect Muslim praise for Obama dries up a year after Cairo speech Naoto Kan elected Japan's prime minister Argentina opens dirty war torture garage trial Documents smuggled out of Myanmar by an army defector indicate its military regime is trying to develop nuclear weapons and long-range missiles, and North Korea is probably assisting the program, an expatriate media group said Friday.
The Norway-based Democratic Voice of Burma said the defector had been involved in the nuclear program and smuggled out extensive files and photographs describing experiments with uranium and specialized equipment needed to build a nuclear reactor and develop enrichment capabilities.
But the group concluded in a report that Myanmar is still far from producing a nuclear weapon.
On Thursday, U.S. Sen. Jim Webb announced he was postponing a trip to Myanmar because of new allegations that it was collaborating with North Korea to develop a nuclear program.
Webb, chairman of the Senate Foreign Relations Subcommittee on East Asia and Pacific Affairs, referred to documents provided by a Myanmar army defector.
Myanmar's military government has denied similar allegations in the past, but suspicions have mounted recently that the impoverished Southeast Asian nation has embarked on a nuclear program.
Myanmar's junta, which has been condemned worldwide for its human rights abuses, has no hostile neighbors. The military's prime concern is suppressing dissidents at home and battling several small-scaled insurgencies.
Last month, U.N. experts monitoring sanctions imposed against North Korea over its nuclear and missile tests said their research indicated it was involved in banned nuclear and ballistic missile activities in Iran, Syria and Myanmar, which is also called Burma.
The DVB report said Russia has also trained Myanmar technicians in nuclear and missile technology.
The group, which operates Oslo-based television and radio stations, said the defector, Sai Thein Win, was an army major who was trained in Myanmar as a defense engineer and later in Russia as a missile expert. It said he had access to secret Myanmar nuclear facilities including a nuclear battalion north of Mandalay "charged with building up a nuclear weapons capability."
It said the documents it obtained were examined by Robert Kelley, an American nuclear scientist and former director in the International Atomic Energy Agency who concluded that Myanmar "is probably mining uranium and exploring nuclear technology that is only useful for weapons."
The group said its report was based on a five-year study that indicated that North Korea was involved in assisting the program.
Documents obtained earlier showed that North Korea was helping Myanmar dig a series of underground facilities and develop missiles with a range of up to 3,000 kilometers (1,860 miles).
The group said the documents obtained from the defector show a number of components used in nuclear weapons and missile technology, including a missile fuel pump impeller, chemical engineering equipment that can be used to make compounds used in uranium enrichment, and nozzles used to separate uranium isotopes into bomb materials.
"The total picture is very compelling. Burma is trying to build pieces of a nuclear program, specifically a nuclear reactor to make plutonium and a uranium enrichment program," the report said.
Read more: http://www.kansascity.com/2010/06/04/1991535/report-myanmar-seeking-nuclear.html#ixzz0pruWU04z
Burma, North Korea, Libya, Somalia and Sudan are among the worst violators of human rights worldwide
Last Updated: June 04, 2010 Burma, N Korea 'worst rights violators'
NON-GOVERNMENTAL US watchdog Freedom House saysBurma, North Korea, Libya, Somalia and Sudan are among the worst violators of human rights worldwide.
In its 13th annual report published today on the sidelines of a UN Human Rights Council meeting the organisation listed 17 countries and three territories with "extremely oppressive environments, with minimal basic rights and persistent human rights violations".
Freedom House said Burma, Equatorial Guinea, Libya, North Korea, Sudan, Somalia, Turkmenistan, Uzbekistan, Tibet and Eritrea were the countries or territories with the worst record of political and civil liberties. Eritrea was a newcomer in this group this year.
Runners-up were Belarus, Chad, China, Cuba, Guinea, Laos, Saudi Arabia and Syria.
"In this report we identify countries where individuals have almost no opportunity to enjoy the most fundamentals rights - regimes whose people experience heavy penalties for independent thought or action and where little or no opposition activity is permitted to exist," said the NGO's Paula Schriefer.
Start of sidebar. Skip to end of sidebar.
"Nine countries and one territory are judged to have the worst human rights conditions, receiving the lowest possible score of seven (based on a one to seven scale) on both political rights and civil liberties."
It said an additional eight countries and two territories scored only slightly better, with a score of seven in political rights and six in the civil liberties category.
"While it is shameful that three of the 'Worst of the Worst' regimes now actually sit on the Council (China, Cuba and Saudi Arabia) and a fourth (Libya) was just elected, we nonetheless call on the member states of the Council to fulfill their mandate and take actions to address the systemic abuses in these countries," said Ms Schriefer.
The annual report assesses rights violations in a total of 194 countries and 14 territories, such as Tibet which is part of China and South Ossetia which is disputed between Georgia and Russia.
It takes into account political liberties such as pluralism, freedom of the press, religion, free speech and the electoral process but also the possibility of moving around freely and access to education.Rest of your post
Large fire destroys over 400 shops in northern Myanmar
YANGON Thu Jun 3, 2010 12:06pm EDT
YANGON (Reuters) - More than 400 shops were destroyed when a huge fire broke out in a town in northern Myanmar on Thursday, the second major blaze at a commercial market in the last 10 days.
The fire started in the early hours of Thursday in the commercial town of Monywa, about 840 km (520 miles) north of the biggest city, Yangon, and burned down 410 of the 550 shops at a market, local fire officials said by telephone.
Investigators were yet to determine the cause of the fire and there were no known casualties.
A huge fire on May 24 at the five-storey Mingalar Zay market complex in Yangon raged for almost 12 hours, destroying 870 shops and causing damage worth more than $21 million.
In February, at least 650 shops were reduced to ash when a fire broke out in Thingangyun market in Yangon, Myanmar's commercial capital.
Fires have become a major problem in Myanmar, often as a result of the overheating of batteries used because of chronic power shortages in the country.
A total of 528 fires broke out across the country in the first four months of this year, killing 25 people, according to official statistics.
(Reporting by Aung Hla Tun; Editing by Martin Petty and Sugita Katyal)Rest of your post
သျှမ်းပြည်မှဒုက္ခသည်များထိုင်းနယ်စပ်သို့ထောင်ချီရောက်ရှိ

Thursday, 03 June 2010 22:25 မွေခေါဝ်
သျှမ်းပြည်မှဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက်နှစ်ဆပိုမိုများပြားလာ ကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။
“ဇန်န၀ါရီမှဧပြီအထိ ကျနော်တို့ဆီရောက်လာတဲ့သူ ၁၃၂၂ ယောက်ရှိတယ်။ အခုမေလနဲ့ဆို အားလုံပေါင်း အယောက် ၁၅၀၀ ကျော်တယ်။ အရင်က တစ်လဆို ၂၀၀ လောက်ဘဲ ရောက်လာတယ်။ အခုဆိုပျှမ်းမျှ တစ်လ ၄၀၀ လောက် ရောက်လာကြတယ်။ အဲဒါကျနော်တို့ဆီတိုက်ရိုက်လာတဲ့သူတွေ။ တခြားနယ်စပ်ဂိတ်ကနေ ထိုင်းထဲဝင်လာတဲ့ သူနဲ့ဆိုရင် ခန့်မှန်းခြေ တစ်ယောက် လေးယောက်နှုန်းဆိုတော့ လေးငါးထောင်မကရှိမှာ” ဟု နယ်စပ်ဒုက္ခသည်လေ့လာစောင့်ကြည့် သူတစ်ဦးကပြောပါသည်။
[The Shan Human Rights Foundation မှ ၁၉၉၈ ဧပြီလ ထုတ် Dispossessed အစီရင်ခံစာ]
The Shan Human Rights Foundation မှ ၁၉၉၈ ဧပြီလ ထုတ် Dispossessed အစီရင်ခံစာ
အမျိုးသမီး ၆၈၆ ယောက်(၅၂%)၊ မွေးကင်းစမှ ၁၄ နှစ်အောက်ကလေး ၃၄၆ ယောက်(၂၆%)ရှိကြောင်း၊ သျှမ်းပြည်တောင် ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်၊ မိုင်းဆက်၊ မိုင်းပြင်းမြို့နယ်မှ ၀င်ရောက်လာသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားပါသည်။
“ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေက ပြည်သူလူထုကို ဆန်၊ ကြက်၊ ၀က်စတာတွေ မကြာခဏအလကားတောင်းစားတယ်။ အိမ်ခွန်၊ ယာခွန်၊ ကောက်ပဲသီးနှံခွန်စတဲ့ အခွန်မျိုးစုံလည်းထပ်ကောက် တယ်။ ယောင်္ကျားလေး/အမျိုးသားတွေကို ပြည်သူ့စစ်လုပ်ခိုင်းတယ်။ စပါးတွေကို ဈေးနိမ်ပြီးဝယ်တယ်။ အဲဒီဒဏ် တွေကို မခံနိုင်လို့ထွက်ပြေးလာရတာ”ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါသည်။
ခလရ ၁၁၂ နှင့် ၁၁၃ တို့ကလည်း ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များ အမြဲမပြတ်ချောဆွဲကြောင်း၊ ပြည်သူလူထုအား လုပ်အားပေးစေခိုင်းကြောင်း၊ ပြည်သူလူထုပိုင်မြေယာများ အတင်းအဓမ္မသိမ်းယူပြီး ပိုက်ဆံရှိသူ များထံပြန်လည်ရောင်း ချသည်ဟုဆိုသည်။
“တစ်နေ့ ထော်လာဂျီ ၆ စီး၊ ဆိုင်ကယ် ၅ စီး ချောဆွဲတယ်။ ထော်လာဂျီ၊ ဆိုင်ကယ်မရှိတဲ့သူတွေကို ဓါတ်ဆီ၊ဒီဇယ်ဆီတွေ အတွက် စုပေါင်းပိုက်ဆံထည့်ရတယ်”ဟု အဆိုပါမိုင်းကိုင်ဒေသခံက ဆက်လက်ပြောကြားပါသည်။
နယ်စပ်သို့ရောက်ရှိရန် ခရီးစရိတ် ကျပ်ငွေ ၁၅၀၀၀၀ (၅၃၀၀ဘတ်ခန့်) မှ ၂၀၀၀၀၀ (၇၀၀၀ဘတ်ခန့်) အထိကုန်ကျ ကြောင်း၊ နယ်စပ်မှတဆင့်ထိုင်းထဲသို့ ခရီးဆက်လျှင် ဘတ် ၄၀၀၀ မှ ၉၀၀၀ အထိထပ်မံကုန်ကျကြောင်း၊ ထို့ကြောင့် အနည်းဆုံးဘတ် ၉၀၀၀ မှ အများဆုံးဘတ် ၁၆၀၀၀ ထိကုန်ကျကြောင်းသိရှိရသည်။
[ထိုင်းနယ်စပ်ရောက်သျှမ်းပြည့်ကလေးငယ်များ]
ထိုင်းနယ်စပ်ရောက်သျှမ်းပြည့်ကလေးငယ်များ
နယ်စပ်တွင် အလုပ်လုပ်လျှင် တစ်ရက် ယောက်ျားလေး ဘတ် ၁၀၀၊ မိန်းကလေး ဘတ် ၉၀ ရရှိကြောင်းနယ်စပ် ဒေသခံတစ်ဦးပြောပြချက်အရ သိရှိရသည်။
၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ နအဖစစ်တပ်များက သျှမ်းပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၇၈ ရွာအား မီးရှို့ ဖျက်စီးပြီး နေရပ်မှအဓမ္မစွန့်ခွါခိုင်းခဲ့သောကြောင့် ရွာသူရွာသားသုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ၁၉၉၈ ဧပြီလ၌ The Shan Human Rights Foundation မှထုတ်ဝေသော Dispossessed အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။Rest of your post
Thursday, June 03, 2010
ရခိုင်ပြည်မှာ ဘာဖြစ်သလဲ
နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် စစ်တွေမှ အမ်းထိ ရထားလမ်း တခုကိုဖေါက်လုပ်လျှက် ရှိသည်။ အဆိုပါ လမ်းဖေါက်လုပ်ရာတွင် ပြည်သူပိုင် လယ်မြေ အမြောက်အမြားကို စစ်အစိုးရမှ လျော်ကြေး တစုံတရာမပေးဘဲ သိမ်းယူ ခဲ့သဖြင့် ရခိုင်လယ်သမား တချို့မှာ လယ်မဲ့ယာမဲ့ ဘ၀သို့ ကျရောက်ခဲ့ကြရသည်။
ဗမာပြည်က နှေးတယ်ဗျ နှေးတယ်
အင်တာနက်လိုင်း နှေးကွေးမူကြောင့် သုံးစွဲနုန်း အလွန်အမင်းလျော့ကျ 6/3/2010 မိညို
ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံမှ မြို့တချို့တွင် အင်တာနက်လိုင်းများ နှေးကွေးသည့် အပြင် သုံးမရ ဖြစ်နေသဖြင့် အင်တာနက် သုံးစွဲသူ အရေအတွက် အလွန်လျော့နည်းသွားကြောင်း အမည်မဖေါ်လိုသူ အင်တာနက်ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်ကိုင်နေသူ လူငယ် တဦးက ပြောသည်။
“ မေလ ၂၈ ရက်နေ့က စပြီးတော့ အင်တာနက်လိုင်းတွေ တော်တော့ကို နှေးကွေးသွားတယ်။ ကျွန်တော်တို့ ဆိုင်မှာ အင်တာနက်လိုင်း က လာတော့ လာပါတယ်။ ဒါပေမယ့် ပုံမှန်လို မဟုတ်တော့ သုံးစွဲသူတွေက အချိန် အကြာကြီး စောင့်ရတယ်။ သတင်းတွေ ဖတ်မယ်- စာပို့မယ် ဆိုရင် အချိန်အကြာကြီး စောင့်ပီးမှ အဆင်ပြေတယ်။ နောက်နေ့တွေမှာ တဖြည်းဖြည်းနဲ့ သုံးစွဲသူက လုံးဝကို လျော့ကျ သွားတယ်။ အခုတော့ စီးပွားရေး ထိခိုက်နေရပီ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လူထု ၀န်ဆောင်မူ လုပ်ငန်းများထဲတွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခြင်းသည်လည်း တွက်ခြေကိုက်သော စီးပွားရေးလုပ်ငန်း တခု ဖြစ်သဖြင့် ရန်ကုန်နှင့် မန္တလေးမြိုကများ၌ သာမက နယ်မြို့များတွင်လည်း အင်တာနက်ဆိုင်များကို စီးပွားရေး အရ ဖွင့်လှစ်ပြီး လုပ်ကိုင် လာကြသည်ဟုသိရသည်။
ထိုသို့ စီးပွားရေး အရ အင်တာနက်ဆိုင်များ ဖွင့်လှစ်ပြီး လုပ်ကိုင် စားသောက်နေရသော်လည်း အင်တာနက်လိုင်းများ နှေးကွေးလာ သဖြင့် သုံးစွဲသူများ အပေါ် အားနာစရာ ဖြစ်နေကြောင်း တခြား ဆိုင်ပိုင်ရှင် တဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ ကျွန်တော်တို့လည်း စီးပွားရေး လုပ်လို့သာ လုပ်နေရတာပါ။ သုံးစွဲတဲ့ လူတွေကို အထူး အားနာစရာ ဖြစ်နေပါတယ်။ မေးလ် တစောင် ဖွင့်ဖို့ အတွက် အချိန်ယူပြီး စောင့်နေရတယ်။ ခုလို သုံးစွဲတဲ့ သူတွေ အခက်အခဲ ဖြစ်နေတဲ့ အတွက် လိုင်းမကောင်းကြောင်းကို သွားပီး အကြောင်း ကြားရင်လည်း လာပြုပြင်ပေးတာ မရှိပါဘူး။ ဒါပေမယ့် လိုင်းကြေးကိုတော့ ပုံမှန် ပေးဆောင် နေကြရပါတယ်။”
ထိုသို့ အင်တာနက်လိုင်းများ နှေးကွေးမူနှင့် အတူ လျှပ်စစ်မီးမှာလည်း ပုံမှန် မလာသဖြင့် ပုဂ္ဂလိက မီးစက်များကို အချိန်အကြာကြီး အသုံးပြုရသဖြင့် အင်တာနက်ဆိုင်ပိုင်ဆိုင်များမှာ စီးပွားရေး အရ တွက်ခြေမကိုက် ဖြစ်နေသည်ဟု သူက ပြောသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အင်တာနက် လိုင်းများကို တွင်ကျယ်စွာ အသုံးမပြုနိုင်ရန်အတွက် ယခုအချိန်က စပြီး ကန့်သတ်မူများ ပိတ်ပင်မူများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟုလည်း သိရသည်။
“ ဒီမှာ ကောလဟာလ ပြောသံကြားနေရတာကတော့ အင်တာနက် လိုင်းတွေ နှေးကွေးသွားတာဟာ ရွှေးကောက်ပွဲနဲ့ ပတ်သက်တယ် ဆိုပီး ပြောနေကြပါတယ်။ နောက်ပိုင်းဆိုရင် ဒီထက် အခြေအနေ ပိုဆိုး လာနိုင်တယ်လို့ တွက်ချက် ပြောဆိုနေသူတွေလည်း ရှိပါတယ်။ ခုခေတ် လူငယ်တွေက အင်တာနက်ကို အများကြီး အသုံးပြုလာကြတယ်လေ။ ခုတော့ အင်တာနက်လိုင်းတွေ သုံးမရတာကြောင့် ညဉ်းတွား သံတွေကို ကြားနေရပါပြီ” ဟု သူက ဆက်ပြောသည်။
ရန်ကုန်မြို့အတွင်း အင်တာနက်ဆိုင်များ မှိုလို ပေါက်နေပြီး ယခင်က ဆိုင်တိုင်းလိုလိုတွင် လူပြည့်ကျပ်နေသော်လည်း ယခုရက်ပိုင်း အတွင်းတွင် သုံးစွဲသူ မရှိဘဲ ဆိုင်များကို ဖွင့်ထားရကြောင်း တခြား ဆိုင်ပိုင်ရှင် အမျိုးသမီး တဦးက ပြောသည်။
သို့အတွက် သူမတို့ဆိုင်တွင် အင်တာနက် သုံးစွဲရန် လာသူများမှာ အင်တာနက် လိုင်းအဆင် မပြေမူကြောင့် ဂိမ်းမ်များကိုသာ ဆော့က စား နေကြသည်ဟု သူမက ပြောသည်။ Rest of your post
ပါးရိုက်မှုကြောင့် ပုဒ်မ ၂ခု။ ကဲသန်းရွှေ ဘုန်းကြီးသတ်မှု ဒီပဲရင်းသတ်မှု ကဲ တွေးသာကြည့်ပေတော့
ထက်ထက်မိုးဦးကို ပုဒ်မ ၂ ခုနှင့် အမှုစွဲတင်ပြီ
မင်းနိုင်သူ Thursday, June 03, 2010
မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက ပုဒ်မ ၂ ခုဖြင့် ယနေ့ အမှုစွဲတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးက 7day Newsဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် သတင်းထောက်က မင်းသမီးကို ရန်ကင်းမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့ရာ နာကျင်စေမှု၊ ခြိမ်းခြောက်မှုတို့ဖြင့် အမှု စွဲတင် လိုက်ခြင်းဖြစ်သည်။
ထက်ထက်မိုးဦးကို ပြစ်မှု ကျင့်ထုံးဥပဒေပုဒ်မ ၂၀၄(ခ) အရ အရေးယူစစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဒီနေ့မနက်ပိုင်းကပဲ တရားသူကြီး ဦးနေအောင်က ပုဒ်မ ၃၂၃ နဲ့ ပုဒ်မ ၅၀၆ (ပထမပိုင်း) ဆိုပြီး ပုဒ်မ ၂ ခုနဲ့ အမှုလက်ခံတဲ့ အကြောင်း ဖတ်ပြပါတယ်” ဟု 7day News ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။
ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံးငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားကြောင်း ရန်ကုန်အခြေစိုက် ရှေ့နေတဦးက ပြောသည်။
အဆိုပါ အမှုရုံးချိန်းကို ၁၇ ရက်နေ့တွင် တရားလို၊ တရားခံ နှစ်ဦးစလုံးအား ခေါ်ယူ၍ ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဧရာဝတီ မဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။
မင်းသမီးနှင့် သတင်းထောက်အမှုကို စာနယ်ဇင်းအသိုင်းအ၀န်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အဆိုပါအမှုကို ငွေဒဏ်ဖြင့်သာ အဆုံးသတ်မည်ဟု ယူဆမိကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ထက်ထက်မိုးဦးသည် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့အား ကူညီဖြေရှင်းပေးရန် တင်ပြမှုရှိသည်ဟု သတင်းများ ပေါ်ထွက်နေသော်လည်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတဦးက ယင်းကိစ္စနှင့်စပ်လျဉ်း၍ မသိရှိကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလို၍ ထက်ထက်မိုးဦးကို ဆင့်ခေါ် ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသဖြင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်တွင် သတင်းထောက် မအေးသူစံကိုလည်း စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ လိုက်နာ ဆောင်ရွက်ပြီး စာပေနှင့် အနုပညာ နယ်ပယ် အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပျက်ပြား စေသည့် ပြောဆို ပြုမူမှုများ ရှောင်ရှားရမည် ဟူ၍ စာနယ်ဇင်းအဖွဲ့က ခေါ်ယူအသိပေးခဲ့သည်။Rest of your post
ကျုပ်လည်းထွက်တယ် နေဘူး
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက်နီးပါးမျှဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှစတင်၍ အလုပ်ထွက်သွားကြပြီး လစာပိုမိုကောင်းမွန်သော နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်ရှာကြမည်ဖြစ်သည်။
တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့်သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂၇ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက်သွားကြသည်။
’’ဝန်ထမ်းဟောင်းတွေကို ဆန္ဒသဘောထား တောင်းခံပြီးတော့ ဆက်လုပ်မယ့်လူကို ဆက်ခန့်ပါတယ်။ ဆက်မလုပ်တဲ့လူကို ထွက်ခွင့်ပေးလိုက်ပါတယ်’’ ဟု ကြယ်ငါးပွင့် အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ယနေ့အထိ သင်္ဘောကုန်းပတ်ဌာနမှ ဝန်ထမ်း ၃၅ဝ နုတ်ထွက်သွားခဲ့ပြီး အင်ဂျင်ဌာနမှ ၂ဝဝ ဦး အလုပ်ထွက်သည်။
နုတ်ထွက်လိုကြောင်း ဆန္ဒပြုသည့် ဝန်ထမ်းများ၏ CDC (Continuous Discharge Certificate) များကို ရန်ကုန်တိုင်း ဒေါပုံမြို့ရှိ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD) သို့ ယနေ့တွင် အပြီးသတ် လွှဲပြောင်းမှုပြုလုပ်မည်ဟု သိရသည်။ CDC တွင် သင်္ဘောသားတဦး၏ သက်တမ်းတလျှောက် လုပ်ကိုင်ခဲ့သည့် သင်္ဘောအမျိုးအစား၊ လုပ်သက်အတွေ့အကြုံနှင့် ကပ္ပတိန်တို့၏ မှတ်ချက်များ ပါရှိသည်။
ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် လက်ရှိအချိန်တွင် နိုင်ငံခြားသွား ကုန်တင်သင်္ဘော ၉ စီးနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၁၆ စီး ပိုင်ဆိုင်သော်လည်း ၁၃ စီးသာ ပြေးဆွဲရန် စီစဉ်ထားသည်။
ဦးပိုင်အုပ်ချုပ်မှုအောက် ရောက်လာပြီးနောက် ဝန်ထမ်းများကို ထိန်းထားနိုင်ရေး ကြိုးပမ်းမှုအဖြစ် ကြယ်ငါးပွင့်က သင်္ဘော အုပ်စု ၄ စုခွဲ၍ လစာတိုးမြှင့်ပေးရန် စီစဉ်လျက်ရှိသည့်ကြားကပင် နုတ်ထွက်ကြခြင်းလည်း ဖြစ်သည်။
အုပ်စု - ၁ တွင် နိုင်ငံခြား ခရီးဝေးသွား ကုန်တင်သင်္ဘောများဖြစ်သော ကိုကိုးကျွန်း၊ ကျောက်ဖြူ၊ ကျိုင်းတုံတို့ ပါရှိသည်။ အုပ်စု - ၂ တွင် နိုင်ငံခြား ခရီးတိုသွား သင်္ဘောများဖြစ်သော ထားဝယ်၊ မာန်အောင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ ပါဝင်သည်။ အုပ်စု - ၃ တွင် မော်လမြိုင်၊ စစ်တွေ၊ Ocean Brave တို့ ပါဝင်သည်။ အုပ်စု - ၄ တွင် ကမ်းရိုးတန်းသွား ပြည်တွင်းခရီးစဉ်သုံး မြစ်ကြီးနားနှင့် တောင်ကြီးတို့ ပါဝင်သည်။
အုပ်စု ၁ သင်္ဘော၌ အမြင့်ဆုံး ကပ္ပတိန်နှင့် Chief Engineer တို့အား လစာငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝ၊ အုပ်စု ၂ တွင် ကန်ဒေါ်လာ ၄၇ဝဝ ၊ အုပ်စု ၃ တွင် ကန်ဒေါ်လာ ၃၅ဝဝ နှင့် အုပ်စု ၄ တွင် မြန်မာကျပ်ငွေ ၇ သိန်းခွဲပေးရန် လစာနှုန်းထားအသစ်ကို ဇွန် ၁ ရက်နေ့မှစတင်၍ သတ်မှတ်ထားသည်။
သို့သော် ယင်းလစာငွေနှုန်းသစ်သည်ပင် နိုင်ငံတကာ သင်္ဘောလိုင်းကြီးများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟု သင်္ဘောသားများက ပြောသည်။
နိုင်ငံပိုင် စီမံခန့်ခွဲမှုအောက်တွင် ရှိခဲ့စဉ်က ကာလကြာရှည်စွာ အရှုံးပေါ်ခဲ့ပြီး ဝန်ထမ်းများ ပိုလျှံနေခဲ့သလို မေလကတည်းက စတင်၍ လူသစ်စုဆောင်းမှုများ ပြုလုပ်ထားသဖြင့် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု ဖြစ်သော်လည်း မထိခိုက်ဟု ကုန်းပတ်ဌာနအရာရှိက ပြောသည်။
ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းအရှည် ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) တွင် အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက် တနင်္သာရီတိုင်းအထိ ခရီးသည်နှင့် ကုန်ပစ္စည်း ပို့ဆောင်ခြင်း လုပ်ငန်းများကို တာဝန်ယူထားသည်။
ထို့ပြင် အရှေ့ဖျား ခရီးစဉ်အဖြစ် ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အနောက်ဘက် ခရီးစဉ်အဖြစ် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ယူအေအီးနှင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့ရှိ ဆိပ်ကမ်းများသို့ ကုန်စည်များ ပို့ဆောင်ပေးနေသည်။Rest of your post
တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု
၀၃ ဇွန် ၂၀၁၀
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေးကိစ္စတွင် အကျိုးသက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။
“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှလုပ်ပေးမှာလည်းမဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့ကနေပြီးတော့ ဒီမိုကရေစီအယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာအစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန်ရှိသည်ဟု ရန်ကုန်မှလာသော သတင်းများအရ သိရသည်။
တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးရန်ရှိသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေးကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှုအပြောင်းအလဲက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲကြည့်မည့်သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။
“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင်သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီအနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရကနေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီးတပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရအနေဖြင့် ပြောလာသည့်အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှအကောင်အထည်မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင်မလာခင် အကြိုထုတ်တဲ့ကြေညာချက်ထဲမှာလည်း ဒီစကားလုံးပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှုအတွက် လုပ်ပေးတာမဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်းထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှုမရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။
အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာမရှိခြင်းသည် အခက်အခဲဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။
“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီအရိပ်အယောင်ပြတဲ့ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှမထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲလိုဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင်မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက်မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးရလဒ်တွေကိုလည်း ဘာမှမမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှရှိလိမ့်မယ်မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။ Rest of your post
မီးဗျို့  --- ခေတ်က မကောင်းတော့



မုံရွာမြို့ ချင်းတွင်းရတနာဈေး မီးလောင်ကြွမ်းမှုဖြစ်ပွား
မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် ယနေ့ (၃-၆-၂၀၁၀) နံနက် (၃)နာရီကျော်ခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ ဈေးပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ နံနက် (၂း၄၅) နာရီခန့်တွင် လျှပ်စစ်မီးလာကြောင်း၊ အဆိုပါမီးလာပြီးမကြာမီ ဖောင်းကနဲအသံကြားပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။မီးလောင်ကျွမ်းမှုကို ပုလဲ၊ မြင်းမူ၊ အလုံ၊ ဆားလင်းကြီး တို့မှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်လျက်ရှိကြောင်း၊ နံနက် (၈)နာရီခန့်တွင် မီးညွန့်ကျိုးသွားကြောင်း၊ ယခုအထိ (နံနက် ၉း၄၅ နာရီအထိ) မီးငြိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။သတင်းဖြစ်စဉ်အသေးစိတ်နှင့် ထပ်မံရရှိသော သတင်းအချက်အလက်များကို မုံရွာမြို့ရှိ Weekly Eleven သတင်းထောက်နှင့်ချိတ်ဆက်၍ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
UPDATED NEWS : ချင်းတွင်းရတနာဈေးကို ယခင်က "ဈေးသစ်"ဟူ၍ခေါ်ဆိုကြပြီး မုံရွာခရိုင်အတွင်းရှိ မြို့ရွာများ လာရောက်ရောင်းဝယ်ဖောက်ကားရာ အဓိကဈေးကြီးတစ်ခုဖြစ်သည်။ ချင်းတွင်းရတနာဈေးကြီးသည် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ရှိ၍ မန္တလေး-မုံရွာ-ရေဦးလမ်းမကြီး၏ အနောက်ဘက်ခြမ်းရှိ ချင်းတွင်းရတနာဈေးကို အနောက်ဘက်ဈေး၊ အရှေ့ဘက်ခြမ်းရှိဈေးကို အရှေ့ဘက်ဈေးဟု၍ ခေါ်ကြသည်။
"မုံရွာမှာဈေးသစ်နဲ့ဈေးဟောင်းဆိုပြီး ဈေးတည်လာတာကြာပါပြီ။၁၉၉၆ခုနှစ်လောက်မှာ ဈေးအဆောက်အဦးတွေကိဖျက်ပြီး ခေတ်မီနှစ်ထပ်ဈေးအဖြစ်တည်ခဲ့ရာမှာ မြသလ္လာဈေး၊ ချင်းတွင်းရတနာဈေးနဲ့ သီရိရတနာဈေးတွေကို ၁၉၉၇၀န်းကျင်းလောက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ချင်းတွင်းရတနာဈေးကြီးဟာ မီးဘေးလုံခြုံရေးအတွက် ဈေးသူဈေးသားတွေရဲ့ စုပေါင်းကာကွယ်ရေး အသုံးစရိတ်အနေနဲ့ မုံရွာမြို့ပေါ်မှာအများဆုံး အသုံးပြုတဲ့ဈေးကြီးဖြစ်တယ်လို့သိရပါတယ်။ ဈေးမီးသတ်အပြင် အလယ်ရပ်ကွက် (ဈေးတည်ရှိရာရပ်ကွက်) မီးသတ်တပ်ဖွဲ့တွေပါ ညတိုင်းလုံခြုံရေးမီးကင်းစောင့်ပါတယ်" ဟူ၍ ချင်းတွင်းရတနာဈေးမှ ဈေးသည်းတစ်ဦးက ပြောသည်။
"ဈေးအပေါ်ထပ်မှာက ဈေးရောင်းဈေးဝယ်သိပ်မရှိဘဲ အောက်ထပ်က ဈေးဆိုင်တွေက အပေါ်ထပ်က ဆိုင်ခန်းတွေကိုဝယ်ပြီး ကုန်သိုလှောင်ရုံသဖွယ်ထားကြပါတယ်။ အပေါ်ထပ်က ဆိုင်ခန်းတွေမှာ ငါးခြောက်၊ အိမ်တွင်းအသုံးအဆောင်ပစ္စည်း၊ ကျူလီယာပစ္စည်းမျိုးစုံတွေ သိုလှောင်ထားတာများပါတယ်။ လက်ဖက်ရည်ဆိုင်နဲ့ အစားအသောက်ဆိုင်တွေရှိပေမယ့် ဂက်စ်အိုးတွေသုံးတာကို မတွေ့ရပါဘူး" ဟူ၍ ဈေးသည်းတစ်ဥိးကပြောသည်။
ဓါတ်ပုံ - ဟိန်းမင်းထက် (မုံရွာ)Rest of your post
အစဉ်အလာ
မကြာခင်ကဖြစ်သွားတဲ့ တစ်ဝက်လမ်းခင်း အောင်သိန်းလင်းရဲ့ယဉ်မတော်တဆမှုက ဘာကိုပြနေသလဲဆိုရင် စစ်တပ်မှာ အရာရှိကြီး တွေဟာ ဘယ်ကိုသွားသွား နိုင်ငံတော်စရိတ်နဲ့ မိသားစုတွေ တရုန်းရုန်းပျော်ပွဲစားထွက်သလို သွားလာနေတာဟာ အစဉ်အလာ ကြီးတခုလိုဖြစ်လာနေပြီဆိုတာကို စိုးရိမ်စရာ တွေ့လာရပါတယ်။
စစ်တပ်မှာ ထုးံစံတခုရှိတယ်။ ကိုယ်အထက်အရာရှိ အကြိုက်ကို ကိုယ်ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ မျက်နှလိုမျက်နှာရ အကြိုက်လိုက်ပြီး လိုက်လုပ်ရလေ့ထုးံစံရှိတယ်။ ဥပမာ ကိုယ်အထက်အရာရှိက Golf ကစားတာကြိုက်ရင် ကိုယ်ကလည်းမျက်စိမှိတ်ပြီး အတင်းကို ဝါသနာပါပြရပြီး မျက်နှာသာအပေးခံရအောင် လိုက်ကစားပြရ၊ Golf နဲ့ ပက်သက်တဲ့ပစ္စည်းတွေ လက်ဆောင် ပေးရတယ်။ အ ထ က အရာရှိက ခွေးချစ်တယ်ဆိုရင်လည်း အတင်းလိုက်ပြီး ချစ်ပြရ၊ ခွေးတွေလိုက်မွေးရနဲ့ ရာထူးလေးတက်ဖို့ လုပ်ယူရတယ်။
အခုလည်း တမတ်သန်းရွှေကလည်း မြေးချစ်တယ်ပြီးတော့ ဘယ်သွားသွား မိသားစုတွေကို နိုင်ငံတော်စရိတ်နဲ့ ခေါ်သွားတတ်တာဟာ စစ်တပ်မှာနောက်လာ နောက်သားတွေအတွက် အစဉ်လာတစ်ခု လိုဖြစ်လာပြီး လုပ်ကောင်းတဲ့အလုပ်လို့ အထင်ရောက်နေပုံပေါ်တယ်။ ဥပမာ ရွှေမန်းက ကြပ်ပြေးမှာ သီတင်းကျွတ်မီးထွန်းတာ လှလို့ဆိုပြီးရန်ကုန်က မြေးတွေကို လေတပ် ကရဟတ်ယဉ်နဲ့ အခေါ်လွှတ်တယ် ။ သူတို့ထဲမှာ မြေးတွေကိုအာဏာ သုးံပြီးချစ်မှလူရာဝင်သလိုဖြစ်နေတယ်။
ခေတ်မှီချင်တဲ့ အောင်သိန်းလင်းဟာလည်း လေးလပတ် အစည်းဝေးလေးကို တာဝန်နဲ့သွားတာတောင် မိသားစုတခုလုးံ ကိုခေါ်သွားပြီး ကြက်ပြေးက ဗိုလ်ချုပ်ရူးကြီးရဲ့ရှေ့မှာ မြေးကိုချစ်ပြပြီး အခစားဝင်ကာ မျက်နှာချိုသွေးပုံပေါ်တယ် ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်း
မလှစွာ ယဉ်မတော်တဆမှုဖြစ်ပြီး ၂ နှစ်သားရွယ် ကလေးငယ်အသက် ဆုးံရှုးံခဲ့ရတယ်။
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်တွေရိုက်သက်လို့ မကုန်အောင်ပေါတာ သူတို့တတွေဘယ်လောက်များ နိုင်ငံတော်စရိတ်တွေနဲ့ သုးံဖြုန်းနေကြ သ လဲ။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်မသွားတော့နောက်က နွားတွေလည်းဖြောင့်ဖြောင့် မလိုက်ဆိုသလို လက်တဆုပ်စာ မိသားစု ကြောင့် ဒုက္ခရောက်နေရတဲ့ အာဏာရှင်အောက်က မြန်မာပြည်ကို ကျွန်တော်တို့အားလုးံညီညီညွတ်ညွတ် တော်လှန်ကြပါစို့ လို့ တပ်လှန့်ပါရစေ။
ရန်နောင်။
ရခိုင်လူငယ်တစ်ဦးအား နအဖ တပ်မတော်သားများ အုပ်စုဖွဲ့ အနိုင်ကျင့် သတ်ဖြတ်
မိုးမိုးကျော် (Arakan Review)ဇွန် (၁)၊ ၂၀၁၀။
ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်တွင် နေထိုင်သူ မောင်ကျော်ဝင်းနိုင် (ဘ) ဦးဝင်းမောင်အား တောင်ကုတ်မြို့ အခြေ စိုက် တပ်မ (စကခ-၅) မှ တပ်သား စိုးမင်းနောင်နှင့် အပေါင်းအပါ စစ်သား (၇) ဦးတို့က အနိုင်ကျင့် ၀ိုင်းဝန်း ရိုက်နှက်ကြ၍ ဒဏ်ရာများ စွာနှင့် သွေးအန်ကာ သေဆုံးခဲ့ရကြောင်း Arakan Review မှ သိရှိရသည်။
ရခိုင်လူငယ်တဦး ဖြစ်သူ မောင်ကျော်ဝင်းနိုင်အား တောင်ကုတ်မြို့ အခြေစိုက် တပ်မ (စကခ-၅) မှ တပ်သား စိုးမင်းနောင်နှင့် အပေါင်းအပါ (၇) ဦး အနိုင်ကျင့် ၀ိုင်းဝန်း ရိုက်နှက်ခြင်းကြောင့် မောင်ကျော်ဝင်းနိုင် သေဆုံးသွားရခြင်း ဖြစ်ကြောင်း သေဆုံးသူ မောင်ကျော်ဝင်းနိုင်နှင့် နီးစပ်သူ တဦးမှ ယခုကဲ့သို့ ပြောပြခဲ့သည်။
“တောင်ကုတ်မြို့မှာ အခြေစိုက်တဲ့ တပ်မ (စကခ-၅) မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်သား စိုးမင်းနောင်နဲ့ သူ့ သူငယ်ချင်း စစ်သား (၇) ယောက်၊ စုစုပေါင်း (၈) ယောက်ပေါ့နော်။ အဲဒီနေ့ညနေပိုင်းလောက်မှာ (၂၀၁၀ ခုနှစ်၊ မေလ၊ ၄- ရက်) မောင်ကျော်ဝင်းနိုင်က ဘုရားဘက် ခဏသွားမယ် ဆိုပြီး ဆုတောင်းပြည့် ကျောင်းဘက်ကို ထွက်သွားတာကို တွေ့လိုက်တယ်။ သူ ထွက်သွားပြီး ခဏလေး အကြာမှာ ဘယ်ကနေ ဘယ်လို ဖြစ်သွားမှန်း မသိလိုက်ဘူး။ (စကခ-၅)က စစ်သားတွေ သူကို ၀ိုင်းပြီး ရိုက်နေကြတာကို တွေ့တယ်။ စစ်သားတွေမှာ လက်နက်တွေလည်း ပါတယ်၊ ပြီးတော့ ယူနီဖောင်း အပြည့် ၀တ်ထားတာ ဆိုတော့ ဘယ်သူကမှ သွားပြီး မတားရဲကြဘူး လေ” ဟု ပြောသည်။
မောင်ကျော်ဝင်းနိုင်အား တောင်ကုတ်မြို့အခြေစိုက် တပ်မ (စကခ-၅) မှ တပ်သား စိုးမင်းနောင်နှင့် အပေါင်းအပါ (၇) ဦးက နောက်ပြောင် သလိုမျိုး ပြောဆိုရာမှ မောင်ကျော်ဝင်းနိုင်မှ သည်းမခံနိုင်သောကြောင့် အခြေအတင်ဖြစ်ကြရာတွင် ၀ိုင်းဝန်း ရိုက်နှက် ကြခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောပြခဲ့သည်။
“ စိုးမင်းနောင် တပ်မ (စကခ-၅) ဦးဆောင်တဲ့ စစ်သား (၇) ယောက်က မောင်ကျော်ဝင်းနိုင်ကို ၀ိုင်းပြီး ထိုးကြတယ်၊ ဗိုက်ကို စစ်ဖိနပ်တွေနဲ့ တက်နင်းကြတယ်၊ မောင်ကျော်ဝင်းနိုင်က သူ့ကို ဆက်လက် မရိုက်ကြဖို့၊ တောင်းပန်ပါတယ် အကြောင်း လက်အုပ် ချီပြီး ပြောတော့လည်း မရပ်သေးပဲ ဆက်ပြီး ရိုက်နှက်ကြတော့ မောင်ကျော်ဝင်းနိုင် သတိလစ် မေ့မျော သွားတယ်။ သူ သတိလစ် မေ့မျောသွား တာကို တွေ့မှ စိုးမင်းနောင်က သူ့ အပေါင်းအသင်းတွေကို ရပ်တော့လို့ ပြောရင်းနဲ့ “ ဒီမယ်..ဟေ့ကောင်၊ မင်း ဒီနေ့ သေရင်သေ မသေသေးဘူး ဆိုရင် ငါတို့ ရှေ့တန်းက ပြန်လာတဲ့အခါ အသေသတ်အုံးမယ်” ဆိုပြီး ကြွေးကြော်သွားသေးတယ်” ဟု သူက ပြောသည်။
အဆိုပါ တပ်မ (စကခ-၅) မှ စိုးမင်းနောင်နှင့် စစ်သား (၇) ဦး ပြန်သွားပြီးမှ မောင်ကျော်ဝင်းနိုင်အား ရပ်ကွက်နေ ပုဂ္ဂိုလ် များနှင့် မျက်မြင် ရွာသားများက သူ၏ နေအိမ်သို့ သယ်ဆောင် ပို့ပေးခဲ့ကြောင်း၊ ထို့သို့ သယ်ဆောင်နေစဉ် အချိန်အတွင်း မောင်ကျော်ဝင်းနိုင်မှာ လုံးဝ သတိလစ် မေ့မြော နေခဲ့ကြောင်း သိရသည်။
စစ်သားများ၏ လူမဆန်သော ရိုက်နှက်မှုကြောင့် နောက်တစ်နေ့ မေလ (၅) ရက်နေ့၊ နံနက် (၆) နာရီတွင်ပင် မောင်ကျော်ဝင်းနိုင်မှာ သတိရလိုက် မရလိုက် ဖြင့် နောက်ဆုံးတွင် သွေးအန်၍ နေအိမ်၌ပင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ရခိုင်လူငယ် မောင်ကျော်ဝင်းနိုင် တွင် ဇနီးဖြစ်သူ မသင်းသင်းလှိုင်နှင် ကလေးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်လူငယ်တဦး ဖြစ်သူ မောင်ကျော်ဝင်းနိုင်အား အသက်သေဆုံးသည်အထိ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည့် တပ်မ (စကခ-၅) မှ တပ်သား စိုးမင်းနောင်နှင့် အပေါင်းအပါ စစ်သားများမှာ မေလ (၅) ရက်နေ့တွင်ပင် ရှေ့တန်းသို့ တာဝန်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
သေဆုံးသူ ရခိုင်လူငယ် မောင်ကျော်ဝင်းနိုင်၏ ဖခင်နှင့် ဇနီးသည်တို့က သိမ်တောင် ရယက ဥက္ကဌ ထံသို့ အကြောင်းခြင်း ရာများကို ဖြစ်ကြောင်း ကုန်စင်အောင် မျက်မြင် သက်သေများနှင့် တကွ တိုင်းတန်း ခဲ့သော်လည်း စစ်တပ်ကို ကြောက်ရွံ့၍ ဥပဒေ ကြောင်းအရ ရှေ့ဆက်တိုး မဆောင်ရွက်ဝံ့ကြသလို သိမ်တောင် ရယက ဥက္ကဌကလည်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးခြင်း မရှိသဖြင့် ဤလူသတ်မှုမှာ ယနေ့ထိတိုင် တစုံတရာ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Rest of your post

