“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 03, 2010

တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ အလည်အပတ် ရောက်ရှိ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် နှစ်ရက်တာခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ယနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာရာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲကိစ္စများပါ ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

ရန်ကုန်သို့ ညနေ ၃ နာရီကျော်က မစ္စတာ ဝမ်ကြားပေါင်သည် တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားသို့ သွားရောက်ခဲ့ပြီး သူ၏အာရှ ၄ နိုင်ငံ ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့က မင်္ဂလာဒုံလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သော တရုတ်ဝန်ကြီးချုပ်သည် ယနေ့တွင် ဒဂုံ အလယ်တန်းကျောင်းအမှတ် (၁) နှင့် ရွှေတိဂုံစေတီတော်တို့သို့ သွားရောက်ခဲ့သည်။

မနက်ဖြန်တွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ်ဦးသိန်းစိန် အပါအဝင် စစ်ဘက် အရာရှိများနှင့် တွေ့ဆုံဖွယ်ရှိသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စွမ်းအင်နှင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍများတွင် တိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားလျက် ရှိသည်။

နအဖတပ်များက နယ်ခြားစောင့်တပ်ပြောင်းရင် ငြင်းဆန်သော ကိုးကန့်တပ်ဖွဲ့များ အပေါ် လွန်ခဲ့သည့်နှစ်က တိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများဖြစ်သည့် ကိုးကန့်တို့ ဝင်ရောက် ခိုလှုံမှုဖြစ်ပွားပြီးနောက် မြန်မာစစ်အစိုးရအတွက် အားထားရသော မဟာမိတ်တရုတ်နိုင်ငံက နေပြည်တော်၏ တိုင်းရင်းသား လက်နက်ကိုင်တပ်များအား တပ်မတော်အတွင်း သွတ်သွင်းရေး စီမံကိန်းကို စိုးရိမ်ကြောင်း ပြသခဲ့ဖူးသည်။

ဝ၊ ကချင်၊ ရှမ်း၊ ကရင်နှင့် မွန်တို့ကလည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ငြင်းဆန်ထားပြီး တရုတ်နိုင်ငံ ယူနန်နှင့် နယ်မြေထိစပ်နေသော ဒေသများ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်လာနိုင်သည့် အနေအထားလည်း ဖြစ်သည်။

“ကျနော်တို့ နယ်စပ်လုံခြုံရေးအတွက် အများကြီး အရေးကြီးတယ်။ နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးလိမ့်မယ်လို့ ကျနော်တို့ မျော်လင့်တယ်” ဟု ဝပြည်သွေးစည်းညီညွတ်ရေးတပ် UWSA မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

အသစ်ရေးဆွဲလိုက်သော စစ်အစိုးရ၏ အခြေခံဥပဒေတွင် စစ်တပ်တခုထဲထားရှိရေး ပြဌာန်းထားရာ နအဖက ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်ပြသနာကို ဖြေရှင်းလိုနေသည်။

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်အစိုးရ အဆင့်မြင့်အရာရှိတဦး၏ ယခုခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားဖွံဖြိုးတိုးတက်ရေးကော်မရှင်နာ၊ စီးပွားရေး ဝန်ကြီး၊ နိုင်ငံတော်ကောင်စီရုံး မူဝါဒရေးရာ ဒါရိုက်တာ၊ နိုင်ငံတော်ကောင်စီ တွဲဘက်အထွေထွေ အတွင်းရေးမှူး၊ ယဉ်ကျေးမှု ဒုဝန်ကြီးတို့လည်း ပါဝင်ကြောင်း သိရသည်။

သို့သော် တရုတ်အနေဖြင့် နယ်စပ်တည်ငြိမ်ရေးအတွက် စစ်အစိုးရနှင့် ဝ အဖွဲ့အကြား ပြေလည်မှု ရရှိစေလိုမည်ဖြစ်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက ပြောသည်။

“အရိပ်အခြေလောက်တော့ ပြောလိမ့်မယ်။ နယ်ချင်းကပ်တော့ သူ့ဖက် ရိုက်ခတ်လာနိုင်တယ်လေ။ ဝ’ တခုခုဖြစ်ရင် တရုတ်ဘက်ဘဲ ပြေးလာတယ်ဆိုတော့ ကုန်သွယ်ရေးတွေ အကုန် ပျက်ပြားသွားနိုင်တာဘဲလေ” ဟု သူက မဇ္ဈိမကို ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ယခုနှစ် ဇန်နာဝါရီလအထိ စွမ်းအင်ကဏ္ဍအပါအဝင် အမေရိကန် ဒေါ်လာသန်း ၁၈ဝဝ ကျော် ရင်းနှီးမြှုတ်နှံထားကြောင်း တရုတ်အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသည် မြန်မာတနိုင်ငံလုံးရှိ နိုင်ငံခြားရင်းနှီးမှု အားလုံး၏ ၁၁.၅ ရာခိုင်နှုန်းဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်တွင် သန်း ၂၉ဝဝ ကျော်ရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပိုပေးမှ

ကြေးမုံကြော်ငြာ သတ်မှတ်နှုန်းထက် ပိုပေးမှ အမြန်ပါ
အောင်ထက် / ၀၂ ဇွန် ၂၀၁၀
မီးလောင်သွားသည့် မင်္ဂလာဈေးဆိုင်ခန်း ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ကြော်ငြာများကို ယခုရက်ပိုင်းအတွင်း ကြေးမုံသတင်းစာ၌ ထည့်သွင်း ကြော်ငြာနေကြရာတွင် သတ်မှတ်နှုန်းထက် ပိုမိုပေးဆောင်ပါက အမြန်ဖော်ပြပေးကြောင်း ဆိုင်ခန်းပိုင်ရှင်တို့က ပြောသည်။

ထိုသို့ ပေးဆောင်ကြရာ၌ ထည့်သွင်းဖော်ပြမည့် ကော်လံ၊ လက်မအလိုက် အပိုကြေး (၅,၀၀၀) ကျပ်မှ (၁၀,၀၀၀) ကျပ်အထိ ပေးသွင်းနေကြရသည်ဟု သိရသည်။

မင်္ဂလာဈေး မြေညီထပ် အထည်ဆိုင်ပိုင်ရှင်တဦးက “စာမျက်နှာ (၁၇) က ကြော်ငြာအချပ်ပိုမှာ ထည့်လိုက်ပါတယ်။ (၂) ကော်လံ (၃) လက်မ (၆) ယူနစ် ခေါ်မှာပေါ့။ (၁) လက်မ (၁) ကော်လံ (၁) ယူနစ် (၇,၅၀၀) ကျပ်နဲ့ (၆) ယူနစ်အတွက် (၄၅,၀၀၀) ကျပ် ပြေစာထွက်ပါတယ်။ စာရေးမကို (၅,၀၀၀) ကျပ် အပိုပေးလိုက်တော့ (၃) ရက်ပဲ စောင့်ရတယ်” ဟု ပြောသည်။

အထည် ဖြန့်ချိရေးဆိုင်ရှင်တဦးက “ပုံမှန် ကြော်ငြာစာမျက်နှာဖြစ်တဲ့ (၁၃၊ ၁၄) မှာ ပါဖို့ ခက်တယ်ပြောတယ်။ (၁) ယူနစ် (၁၀,၀၀၀) ကျပ်နဲ့ (၄) ယူနစ်အတွက် (၄၀,၀၀၀) ကျပ် ပေးသွင်းလိုက်တယ်။ တာဝန်ခံကို (၁၀,၀၀၀) ကျပ် အပိုပေးတာတောင် (၅) ရက် စောင့်ရတယ်” ဟု ပြောသည်။

ကြော်ငြာထည့်သွင်းနေကျ လုပ်ငန်းရှင်များသည် ရန်ကုန်မြို့၊ ကြေးမုံသတင်းစာတိုက် ကြော်ငြာတာဝန်ခံ ဒေါ်စန်းစန်းမြင့်ထံသို့ တိုက်ရိုက်ဝင်တွေ့လေ့ရှိပြီး လုပ်ငန်းမြန်ဆန်ချောမွေ့ခဲ့ကြသည်ဟု သိရသည်။

ကြော်ငြာသစ်ထည့်မည့် မင်္ဂလာဈေး ဆိုင်ခန်းရှင်များမှာမူ ကြော်ငြာဌာန စာရေးမနှစ်ဦးက “နေရာကျပ်နေတယ်။ (၁) ပတ် (၁၀) ရက် စောင့်ရမယ်။ အမြန်ပါချင်ရင် တာဝန်ခံနဲ့ သွားတွေ့ပါ” ဟု ပြောဆိုကာ အအော်အဟောက်ခံနေရကြောင်း သိရသည်။

“သတ်မှတ်နှုန်းအတိုင်း ငွေသွင်းထားပေမယ့် ကြာမယ်။ ထည့်လိုတဲ့ရက် ပါချင်မှလည်း ပါမယ်။ ကြော်ငြာအမြန်ပါချင်ရင် ငွေပိုပေးလို့ စာရေးမတွေက ဗြောင်ကိုပြောတာ။ ကျမတို့က ပစ္စည်းတွေ မီးလောင်ဆုံးရှုံးထားလို့ စိတ်တွေ ရှုပ်နေကြတာ။ အဲဒီနေ့က အတော်သည်းခံခဲ့ရတယ်” ဟု ဆေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

စာရင်းကိုင် သင်တန်းကျောင်းဆရာတဦးကလည်း ၎င်းအနေဖြင့် သင်တန်းဖွင့်မည့်ရက်မတိုင်ခင် (၁၀) ရက်ခန့်က ကြိုတင် ကြော်ငြာထည့်ခဲ့သော်လည်း သင်တန်းဖွင့်သည့်တိုင် ကြော်ငြာပါမလာသည့်အတွက် ငွေလက်ခံဖြတ်ပိုင်းပြ၍ သွားရောက်ပြောဆိုခဲ့ရာတွင် ကြော်ငြာများကျပ်နေကြောင်း၊ မကျေနပ်ပါက ငွေပြန်ထုတ်သွားနိုင်ကြောင်း မောက်မာစွာ ပြောဆိုခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

စကားပြော သင်တန်းဆရာတဦးကလည်း “သင်တန်းဖွင့်ရက်နဲ့ သတင်းစာကြော်ငြာကို ချိန်ပြီး လုပ်ထားတာ။ အဲဒါ ဘယ်နေ့ပါအောင် ကြိုးစားပေးပါလို့ အကူအညီတောင်းမိပါတယ်။ အဆင်ပြေတဲ့ရက် ထည့်ပေးမယ်။ ကြိုးချည်ထားသလို ကျိန်းသေမပြောနိုင်ဘူးလို့ အဟောက်ခံခဲ့ရတယ်” ဟု ပြောဆိုသည်။

ကြေးမုံသတင်းစာ၏ သတ်မှတ်ကြော်ငြာနှုန်းမှာ အချပ်ပို စာမျက်နှာ (၁၅၊ ၁၆၊ ၁၇၊ ၁၈) တွင် ထည့်သွင်းလိုက (၁) ယူနစ် (၇,၅၀၀) ကျပ်၊ ပုံမှန်စာမျက်နှာ (၁၃၊ ၁၄) တွင် (၁) ယူနစ် (၁၀,၀၀၀) ကျပ် ဖြစ်သည်။ မြန်မာ့အလင်းသတင်းစာ ကြော်ငြာနှုန်းမှာလည်း ၎င်းနှင့် သိပ်မကွာဟု သိရသည်။

မဂ္ဂဇင်း၊ ဂျာနယ် ကြော်ငြာများအနေဖြင့် ပုံမှန်စာမျက်နှာတွင် ထည့်သွင်းဖော်ပြလိုက နေပြည်တော်သို့ တင်ပြရ၍ (၂) ရက် စောင့်ဆိုင်းရကြောင်း၊ အချပ်ပိုစာမျက်နှာတွင် ဖော်ပြလိုပါက ထည့်ပြီးနောက်ရက်တွင် ဖော်ပြပေးကြောင်း၊ ၀န်ထမ်းနှင့် ရင်းနှီးပတ်သက်မှုအပေါ် မူတည်ပြီး (၅,၀၀၀) မှ (၁၀,၀၀၀) ကျပ် အပိုကြေးပေးရကြောင်း အယ်ဒီတာတဦးက ပြောသည်။

အထက်ပါအခြေအနေကို ကြေးမုံသတင်းစာ ကြော်ငြာဌာန တာဝန်ခံ ဒေါ်စန်းစန်းမြင့်သို့ မေးမြန်းရာ “အားလုံးကို အဆင်ပြေအောင် လုပ်ပေးနေပါတယ်။ အချပ်ပိုဆိုရင် (၃) ရက်၊ ပုံမှန် စာမျက်နှာဆိုရင် (၅) ရက်အတွင်း ဖော်ပြနိုင်အောင် ကြိုးစားပေးနေပါတယ်” ဟု ဖြေဆိုသည်။

ရန်ကုန်မြို့ရှိ သတင်းစာတိုက်များ၏ စာတည်းမှူး၊ စာတည်းမှူးချုပ်များသည် နေပြည်တော်၌ တာဝန်ထမ်းဆောင်နေရကြောင်း၊ ရန်ကုန်မြို့၌ နောက်ဆုံးအသုတ် ကျန်ရှိနေသည့် ကြေးမုံသတင်းစာ ဘာသာပြန်အယ်ဒီတာ (၃) ဦးသည် ဇွန် (၃) ရက်နေ့အမီ နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ကြော်ငြာ အချပ်ပိုကဏ္ဍကိုလည်း မကြာမီ နေပြည်တော်မှ စီစဉ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း ကြေးမုံသတင်းစာတိုက် ၀န်ထမ်းတို့ထံမှ သိရသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ် ရင်းနှီး မြှုပ်နှံမှု မြန်မာလူထု ကို အကျိုးမပြု

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံ တိုးမြှင့်မှု နဲ့ အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်း ဖြစ်နေကြတာလည်း ရှိပါတယ်။ Earth Rights International ခေါ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က လက်ရှိ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသခံတွေ ဒုက္ခ ခံစားနေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ်ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေးဖို့အပြင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေအတွက် သဘောတူ စာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ အများက တွက်ဆနေကြပါတယ်။ ဒီလို မြန်မာပြည်ထဲမှာ တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာတွေ တိုးမြှင့် လုပ်ဆောင်လာမှာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ Earth Rights International သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ကိုနိုင်ထူးက ပြောပါတယ်။

“ကျနော်တို့ Earth Rights International အနေနဲ့ စိုးရိမ်မကင်း ဖြစ်ပါတယ်။ သူတို့လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်လာမယ်ဆိုရင် ဒီက ဒေသခံတွေ ပိုပြီးခံရမှာကို ကျနော် စိုးရိမ်ပါတယ်။ အခုလက်ရှိ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ထားတဲ့ ပြဿနာတွေက အများကြီး ရှိနေသေးတယ်။ လတ်တလော ခံနေရတာလည်း အများကြီး ရှိနေသေးတယ်။ အခု လာရောက်လည်ပတ်ပြီး သူတို့ ထပ်လက်မှတ်ထိုးသွားမယ့် ဟာတွေ၊ စီမံကိန်းလုပ်သွားမယ့် ဟာတွေ ထပ်ပြီး လုပ်မယ်ဆိုရင် မြန်မာပြည်သားတွေ အကျိုးတခုမှ မရှိဘူးဆိုတာ ကျနော် ပြောချင်ပါတယ်။”

တခြားနိုင်ငံတွေမှာ နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေသခံတွေအတွက် အလုပ်လက်မဲ့ ပြဿနာ ပြေလည်စေတာမျိုးတွေ၊ နည်းပညာ တိုးပွားမှုမျိုးတွေလို အကျိုးဖြစ်ထွန်းမှုတွေ တွေ့ရပေမဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုတွေမှာတော့ တရုတ်လုပ်သားတွေ သောင်းနဲ့ချီပြီး ၀င်လာတာမျိုးအပြင် ဒေသခံတွေအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘဲ ဒုက္ခရောက်ရတာကိုသာ ERI အဖွဲ့က တွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“အခု မြန်မာပြည်မှာ ပြဿနာပေါင်းစုံ ဖြစ်နေတယ်ဆိုတာ တော်တော်များများက ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်နေတာ။ ပြီးခဲ့တဲ့ တလောတုန်းက ကျနော်တို့ ထုတ်ခဲ့တဲ့ Research မှတ်တမ်းထဲမှာ တရုတ်ကုမ္ပဏီ အခု ၆၀ လောက်က မြန်မာပြည်ထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပဲ ဖြစ်ဖြစ်၊ သတ္တုတူးဖော်ရေးပဲ ဖြစ်ဖြစ်၊ ရေကာတာ တည်ဆောက်တာပဲ ဖြစ်ဖြစ်၊ ရွှေတွေ ငွေတွေ တူးဖော်တာပဲ ဖြစ်ဖြစ် သူတို့ ၀င်ရောက်လုပ်နေတာတွေ အများကြီးပဲ။

“ဒီလိုလုပ်နေတဲ့ အများကြီးအောက်မှာ ချိုးဖောက်မှုတွေ တော်တော်များများ ဖြစ်နေတယ်၊ ပြည်သူပြည်သားတွေ ခံနေရတယ်၊ ဒီစီမံကိန်းတွေကြောင့်။ အခုလက်ရှိ စစ်အစိုးရအောက်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေက တော်တော်များများ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံနေရတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပဲ ရှိတာပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့် အချိန်မှာ ရွာသူရွာသားတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာတွေ ဖြစ်နေတယ်။ ပြီးတော့ ရွာသူရွာသားတွေကိုလည်း လက်မခံဘူး။ ဒါပေမဲ့ အဲဒီလို စီမံကိန်းတွေ ၀င်လာတော့ သူတို့မှာ အတင်းအဓမ္မ ပြောင်းရွှေ့မှုတွေ ပြုခံနေရတယ်။

“နောက် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ဆိုရင်လည်း ပြည်သူပြည်သားတွေက သူတို့မှာ ဘာမှ မသိသေးဘူး၊ ဒီစီမံကိန်းနဲ့ ပတ်သက်တာတွေ။ ရခိုင်ပြည်ဘက်မှာ တချို့ဆိုရင် ပိုက်လိုင်းကြောင့် သူတို့ လယ်ယာတွေ၊ ခြံတွေ အသိမ်းခံရတာတွေ ဖြစ်နေပြီ။ ဒါတွေကလည်း တရုတ်ပြည်ကိုသွားမယ့် စီမံကိန်းတွေ အတွက်ကြောင့် ဖြစ်နေပါတယ်။”

ဒီလို ဒေသခံတွေ ဒုက္ခရောက်နေရတာမို့ မြန်မာနိုင်ငံထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့အတွက် ERI အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

“လတ်တလော အခြေအနေမှာ မြန်မာပြည်ထဲကိုလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်ဘူးလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက လူ့အခွင့်အရေးကို အရေးတယူ မထားဘဲနဲ့ လုပ်ဆောင်သွားတဲ့အတွက် ပြည်သူတွေကို အကျိုးမဖြစ်စေဘဲ ဆိုးကျိုးဖြစ်စေတယ်။ နောက်တချက်ကလည်း ကျနော်တို့ တောင်းဆိုချင်တာ သူတို့ဆီမှာရှိတဲ့ ပါဝါတွေ၊ အာဏာတွေ သုံးပြီးတော့ စစ်အစိုးရ ပြောင်းလဲလာဖို့အတွက် လုပ်ဆောင်နိုင်မယ် ဆိုရင်လည်း ကောင်းတယ်လို့ ကျနော်တို့ မြင်ပါတယ်။

“အထူးသဖြင့် မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ်ကုမ္ပဏီတွေကို သူတို့လုပ်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးတွေ မချိုးဖောက်ဖို့ရယ်၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ မရှိအောင် လုပ်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ဖြစ်နေတာက အခုလက်ရှိ စစ်အစိုးရအောက်မှာ ဖြစ်နေတာကိုး။ ကျနော်တို့ မြင်တာကတော့ လက်ရှိ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိနေသရွေ့ကတော့ ဒီစီမံကိန်းတွေ ဆက်မသွားသင့်ဘူးလို့ မြင်တယ်။ ဆက်ပြီး ထပ်မံ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။”

ERI အဖွဲ့က ကိုနိုင်ထူး ပြောပြသွားတာ ဖြစ်ပါတယ်။

တရုတ်၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၀၉ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ နီးပါးအထိ ရှိလာခဲ့တာမို့ အရင်နှစ်ကထက် ၁၀% တိုးလာခဲ့တာ ဖြစ်ပါတယ်။
http://www1.voanews.com/burmese/news/china-myanmar-eri-95473209.html

အပြည့်အစုံသတင်းဖတ်ရန်....

ဒီလို ပေါ်တင်ကြီး စားပစ်လိုက်တယ်

သမိုင်းဖျောက်ရအောင်..စာကြည့်တိုက်တောင်မချန်ဖူး..
နိုင်ငံပိုင် အဆောက် အအုံများ ရောင်းချ
နရီလင်းလက် Wednesday, June 02, 2010 .1မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိန်းသိမ်း ထားသော ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံ ၂၀ ကျော် အနက် ၅ ခုကို ရောင်းချ လိုက်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အဆောက် အအုံ ၅ ခုမှာ ခြောက်ထပ်ရုံး၊ ပြည်သူ့ ကုန်တိုက်၊ MRTV-3 New Studio Complex၊ ရတနာပုံ ရုပ်ရှင်ရုံနှင့် အမျိုးသား စာ ကြည့်တိုက်တို့ ဖြစ်သည်။

၂၀၀၉ ခုနှစ် အကုန်ပိုင်း လောက်မှ စတင်၍ နိုင်ငံပိုင် စက်ရုံများ၊ ၀န်ကြီးဌာနများ၊ အလုပ်ရုံများ စသည့် နိုင်ငံပိုင် အဆောက် အအုံ ၁၄၇ ခု ကို ဈေးပြိုင် စနစ်နှင့် ရောင်းချ ခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အဦး မြေနေရာ ကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နဲ့ ရောင်းချလိုက်ပြီ”ဟု သူက ပြောသည်။

ယင်း အဆောက်အအုံနှင့် မြေနေရာကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်က ရရှိသွားသည်။ ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှ အရာရှိတဦးက“အာဏာပိုင်တွေကတော့ ပုဂ္ဂလိက ကို လွှဲပေး တယ်ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပိုင်ဆိုင်မှုတခု ထပ်တိုးမယ်၊ ပြည်သူတွေလည်း သင်တင့်မျှတတဲ့ ဈေးနှုန်း နဲ့ သုံးစွဲခွင့်ရ အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှဲပေးနေတာ”ဟု ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံ ရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက် အအုံကို လည်း ပုဂ္ဂလိက လုပ်ငန်းရှင် တဦးအား ငွေကျပ် သိန်း ကိုးထောင့် နှစ်ရာ ကျော် ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ အမျိုးသား စာကြည့်တိုက်အား ကျပ် သိန်းပေါင်း တစ် ထောင် ကျော်ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“နေပြည်တော်မှာရှိတဲ့ အဆောက်အဦးတွေကို ဦးစားပေးဆောက်နေတော့ ဒီအတွက် ကုန်ကျစရိတ်နဲ့ ရွေးကောက်ပွဲအတွက် သုံးဖို့ ငွေကြေး အများအပြားက လိုလာပြီဆိုတော့ အခုလို တဖြည်းဖြည်းချင်း ထပ်ရောင်းထုတ်နေတာ”ဟု သူက ပြောသည်။

ယခုကဲ့သို့ တမျိုးသားလုံးနှင့် သက်ဆိုင်သည့် စာကြည့်တိုက်နေရာအား ရောင်းချလိုက်ခြင်းမှာ အာဏာပိုင်များအနေနှင့် အမှန် တကယ် စာပေပြန့်ပွားမှုကို လုပ်ဆောင်မည်ဆိုသည်နှင့် ကိုက်ညီမှုမရှိကြောင်း စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တဦးက သုံးသပ် ပြော ဆိုသည်။

ထိန်းသိမ်းထားသည့် အဆောက်အဦးပေါင်း၂၀ ကျော်တွင် အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ၀န် ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ သမ၀ါယမ၀န်ကြီးဌာန စသည့် ၀န်ကြီးဌာနများမှ ရုံးများ၊ အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3280-2010-06-02-09-35-20

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, June 02, 2010

ရေ ရ ရှိရေးသန်းရွှေဆောင်ရွက်




SummaryRest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဂရုဏာလက် လူမူမှု ကူညီရေးအသင်းဗမာပြည်တွင်ရှိသည်






ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ၏ ရေလှူပြီးနောက်ပိုလျှံသောအလှူငွေတစ်သိန်းခုနှစ်သောင်းအားကမ်ပါးပြို၍ရွာတစ်ဝက်ပါသွားသော ခရမ်းမြို့ နယ်အပိုင်မုတ္တမပင်လယ်ကွေ့ ကမ်းစပ်ရှိညောင်ပင်ကြီးစုရွာမူလတန်းကျောင်းရှိကျောင်းသား
• အယောက်(60)ကျော်အတွက်စာအုပ်များနှင့်ခဲတံများကို၎င်း၊ သန်လျှင်မြို့ အောင်ချမ်းသာ ပိုင် အေးသာယာရပ်ကွက်ရှိ ဆုထူးပန် ပရဟိတမိဘမဲ့ ကျောင်းရှိကျောင်းသား(365)ယောက်အတွက် စာအုပ်များနှင့် ခဲတံများကို၎င်း၊
• အခြားကျောင်းများတွင်ကျောင်းနေရန်ခက်ခဲသောကလေးငယ်များအတွက်ကကျောင်းစရိတ်များ ကို(8.6.2010)ရက်နေ့ တွင်သွားလှူဒါန်းကြမည်ဖြစ်သည့်  အတွက်ကိုယ်တိုင်လိုက်ပါ၍လှူဒါန်းလိုသောအလှူရှင်များအနေဖြင့်  ဂရုဏာလက်လူမှုအကျိုြးုပု လူငယ်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။
8.6.2010 ရက်နေ့ တွင်သန်လျင်မြို့ ယခင်ဖို့ မြေမှတ်တိုင်ဟောင်း(အ.ထ.က(၃)ကျောင်းအနီးရှိ "ညီညီလှိုင်" လက်ဖက်ရည်ဆိုင်မှမနက်ရှစ်နာရီခွဲတွင်ကားစတင်ထွက်ခွာမည်ဖြစ်သဖြင့် လိုက်ပါလိုသောအဖွဲ့ ဝင်များနှင့်စေတနာရှင်အလှူရှင်များအနေဖြင့် အချိန်မီလာရောက်ကြပါရန်အသိပေးအပ်ပါသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

န အ ဖ သူတောင်းစား ပိုများပြားလာ


လမ်းတွင် ငွေတောင်းသည့် ရဲ ပိုများပြားလာ
Wednesday, 02 June 2010 10:00 သျှမ်းသံတော်ဆင့်
တရုတ် - မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လုံခြုံရေး ရဲကင်းများ တိုးမြှင့်လာရာ ကား ထော်လာဂျီနှင့်ဆိုင်ကယ်သမား များထံမှ တရားမ၀င်ငွေတောင်းယူသည့် ရဲတပ်ဖွဲ့ဝင် ဦးရည် ပိုတိုးလာကြောင်းလှိုင်းဆွဲနေ သည့် ကားသမားများ အဆိုအရ သိရသည်။

အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတားကြီး ရွာကြီး မှန်သမျှတွင် ရဲကင်း လုံခြုံရေးချထားခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မှ မန္တလေး အထိ လမ်းတစ်လျှောက်တွင် ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ရှိကြောင်း သိရသည်။

တရားဝင် ကုန်စစ်ဆေးရေး စခန်းများ အနေဖြင့် မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုံ ၊ ရေပူ နှင့် ၁၆ မိုင် တို့တွင် သာ ထားရှိ သော်လည်း ရဲကင်းများက ဂျူတီလက်မှတ်စစ်ဆေးခြင်း ကုန်စစ်ဆေးခြင်းများပြုလုပ်ပြီး ငွေတောင်း ယူကြောင်းကားသမား တစ်ဦးက ဆိုသည်။

[မန္တလေး - လားရှိုး - မူစယ် ကုန်သွယ်ရေးလမ်းမ (ဓါတ်ပုံ - S.H.A.N. Sai Sai)]

မန္တလေး - လားရှိုး - မူစယ် ကုန်သွယ်ရေးလမ်းမ (ဓါတ်ပုံ - S.H.A.N. Sai Sai)

တရားဝင်ဂျူတီ ကုန်ကားများအား စစ်ဆေးသည့်အခါ စာရွက်စာတမ်းနှင့်ကုန် ကိုက်ညီနေ သော်လည်း ရဲများ၏ငွေတောင်း ယူခံရခြင်းမှ မလွတ်ကင်းကြောင်း သူကဆိုသည်။

“တရားဝင်ဂျူတီဆောင်ထားတဲ့ကားပေါ့ဆိုရင် ကားဆရာ ခင်ဗျားဘာတွေတင်လာသလဲ ပြအုံး ဂျူတီစာရွက် တောင်း ကြည့်တယ်ဗျာ စာရွက်စာတမ်း စစ်ကြည့်လို့ အကုန်စုံတယ်ဆိုရင်တောင်မှ စားဖို့သောက်ဖို့ ပေးခဲ့ပါအုံး ပေါ့ အနည်းဆုံး ၅၀၀၀ ပေါ့ဗျာ တရားဝင် ဂျူတီ မဆောင်တဲ့ ထော်လာဂျီတို့ ဆိုင်ကယ်တို့ဆိုရင် လာစမ်းပဲ ဘယ် လောက် ဆိုတာ ” ဟု ဆိုသည်။

ထင်ရှားသည့် ရဲကင်းများမှာ မူစယ် အ၀င် / အထွက် အေးရှားဝေါလ်ဂိတ် ၊ လားရှိုးအ၀င်/ အထွက် အေးရှား ဝေါလ်ဂိတ် ၊ သိန်းနီတံတား ၊ သီပေါတံတား ၊ ကျင်တီတံတား ၊ ပြင်ဆာရဲကင်း ၊ ၀က်ဝံရဲကင်း ၊ နောင်ချို မူးယစ်ဂိတ် တို့ဖြစ်ကြောင်း သိရသည်။

ကားသမားများက တစ်နိုင်တစ်ပိုင် တရားမ၀င် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများလည်းရှိရာ ပစ္စည်းပေါ်မူ တည်၍ ငွေတောင်းယူကြောင်း သိရသည်။

“စစ်ဆေးရေး ဂိတ်တွေ မသိအောင် သယ်သွားတာမျိုးလည်း ရှိတယ် တောင်းတာကတော့ အစားစားပေါ့ ရဲကင်း ရှိရင် ရဲကင်းကထွက်လာတယ် ပိုက်ဆံတောင်းပြီဆို ၅၀၀၀ ပေးလိုက်တယ်ဆိုရင် ဒါငါတို့ အတွက်ပဲရှိ သေးတယ်စခန်းမှူးအတွက် လုပ်ပါအုံး မြို့နယ်မှူးအတွက်လုပ်ပါအုံး အဲဒါမျိုးတွေပေါ့ အုပ်စုလိုက် အုပ်စုလိုက် အနည်းဆုံးက ၃ /၄ ယောက်ထွက်တောင်း တယ် နောင်ချိုမူးယစ်ဂိတ်က ၅ သောင်းအထက်ပဲ ” ဟု ဆိုသည်။

ထိုသို့ တရားမ၀င်ငွေတောင်းယူမှုများကြောင့် ကားသမားများအနေဖြင့် လမ်းခရီးကြန့်ကြာ၍ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း ဆိုကြသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်မျိုးဟေ့ တို့ ဗမာ

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေဆိုတာ တရုပ်အဖေတော် .. ရရှားပထွေးခေါ်.. မြောက်ကိုးရီးယား နဖားအစွဲခံတဲ့  ငတုံး

Burma’s strongest ally is looking to “open a new page” with the military-ruled country when Chinese premier Wen Jiabao tomorrow arrives in Naypyidaw to mark 60 years of diplomatic relations.

China’s ambassador to Burma, Ye Dabo, told Xinhua news agency today that the two governments are due to sign a series of agreements to boost already burgeoning bilateral trade, which reached $US264 million in February this year alone.

He added that the two countries “share a long history of friendly exchanges”, and in recent decades have “supported each other in resisting foreign invasion and fighting for national independence and liberation”.

In an article he wrote for the Beijing Review last week, Dabo said that Burma’s ruling State Peace and Development Council (SPDC) “has unswervingly upheld the one-China principle and opposed so-called ‘Taiwan independence’ secessionist activities”.

He added that “China has always been ready to support Myanmar [Burma] in efforts to safeguard its state sovereignty and territorial integrity as well as its legitimate rights”.

That mantra has become the cornerstone of the Burmese regime’s almost xenophobic rhetoric that in recent years has seen it refuse emergency aid, shun visiting senior diplomats and aggressively strengthen its military power. The government spends 40 percent of its annual budget on the military, and has a standing army of close to 500,000, despite having no external enemy.

China’s growing influence over Burma, and indeed the whole of Southeast Asia, has worried the US, which is also contending with the prospect of a new military nexus emerging between Burma and North Korea, with Beijing a silent partner.

Burma is looking to shore-up support for its elections this year, which many Western countries have slated as a sham aimed at cementing military rule. China said in a statement made shortly after Burma confirmed it would block international monitors from entering during the polls that elections must remain the sole responsibility of the host country.

But according to Pak K Lee, a China and Burma expert at the University of Kent, “China has reasons to be concerned about the post-election political landscape and stability [in Burma]“.

“The current top leaders, Than Shwe and Maung Aye, will likely step down after the elections, but will not entirely retire. China may want to have a first-hand understanding of the new ‘collective’ leadership and its policy platforms,” he told Reuters.

Furthermore, international sanctions on Burma, aimed at pressuring the junta into democratic reform, have been softened by China’s reach into the country; it is Burma’s third largest foreign investor, and is tapping the vast gas reserves lying off Burma’s western coast.

Ye Dabo wrote in the Beijing Review that “all of these projects have not only become a driving force for Myanmar’s economy, but also created employment opportunities for the Myanmar people. It is mutually beneficial for both sides”.

Rights groups have however urged China to withdraw from gas and hydropower projects that they say are responsible for severe human rights violations, and from which the vast majority of product is sold off to neighbouring countries, despite massive electricity shortages across Burma.
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သတိ. နအဖ ကြံ့ ဖွတ်လှုပ်ရှားနေသည်။

ဝန်ထမ်းလောကတွင်းသို့ ထောက်လှမ်းရေးများဝင်ရောက်သတင်းယူ...
သတင်းတွေကတော့ ကြာလေပွင့်အန်ထွက်လာကြလေပဲဗျို့…..လာပြန်ပြီဗျာ ၀န်ထမ်းလောကထဲကနေ သတင်းတခုထွက်လာပြန်ပါပြီ..ဘာလဲဆိုတော့စစ်အစိုးရကနေ ဌာနဆိုင်ရာဝန်ထမ်းတွေကြားထဲမှာ ထောက်လှမ်း စုံစမ်းဖို့  အတွက် အယောင်ဆောင်ဝန်ထမ်းများ ထည့်သွင်းထားတယ်ဆိုတဲ့သတင်းပါပဲ ။
စစ်အစိုးရဟာယခုအစီစဉ်ကို ရွေးကောက်ပွဲကော်မရှင် ဥပဒေမထုတ်ပြန်ခင် အချိန်မတိုင်မီထဲက ကြိုတင်စနစ်တကျလုပ်ဆောင်ထားတာလို့ သိရပါတယ် ။ ရန်ကုန်မြို့ မှာရှိနေတဲ့ အစိုးရရုံးဝန်ထမ်းများအကြားမှာ ၀န်ထမ်းအသွင်ယူ၍သော်လည်းကောင်း ၊တရားရုံးများ နှင့် စည်ပင်ကဲ့သို့ဌာနများတွင် ပွဲစားများကဲ့ သို့  အသွင်ယူ၍ သော်လည်း ကောင်း ၊ ပညာရေးဌာနရှိကျောင်းများတွင်လည်း ကျောင်းသားမိဘများ ဆရာ/ဆရာမ(အသစ်)များကဲ့သို့ လည်းကောင်း ၊ ဆေးရုံဆေးခန်းများပါမကျန် ၀င်ရောက်သတင်း ရယူနေ ကြတယ်လို့ သိရပါတယ် ။
၎င်းတို့၏ အဓိက လုပ်ဆောင်ချက်များမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပါက်သတ်၍၀န်ထမ်းများ၏ သဘောထားများစုံစမ်းရန် နှင့် ၀န်ထမ်းများအားစည်းရုံးရန်တို့ဖြစ်ပါတယ်။စုံစမ်းရေး နှင့် စည်းရုံးရေးကို သီးခြားလုပ်ဆောင်ကြပြီးဌာနတခုတွင်အနည်း၃ဦးမှ၅ဦးအထိရှိသည်ဟုသိရပါသည်။ရန်ကုန်မြို့ အတွင်း၌ ရရှိလာ သော သတင်းများအားစုစည်းသည့်နေရာများထားရှိပြီး အဓိကအားဖြင့် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စည်ပင်ရုံး ဌာနအတွင်းရုံးခန်းတခန်းသီးသန့်ဖွင့်လှစ်ထားသည်ဟုသိရပါသည်။အလားတူပဲအခြားဌာန
ဆိုင်ရာများတွင်လည်းလျှို့ဝှက်ရုံးခန်းများထားရှိထားသည်ဟု ၀န်ထမ်းလောက မှခိုင်မာသည့်သတင်းများရရှိထားပါသည် ။
ထို့အပြင် ဘာသာရေးပွဲများ ဥပမာ အစ္စလာမ်ဘာသာရေးဆိုင်ရာတရားပွဲများ ၊ ခရစ်ယာန် ဘာသာ ဘုရားရှိခိုးသည့်နေများ အစရှိသည့်နေများတွင် စစ်အစိုးရမှ အဆိုပါပွဲများတွင်ဘာသာရေး ခေါင်းဆောင်များ ၏ဟောပြောမှု့များ ကို အသွင်အမျိုးမျိုးဖြင့်သတင်းရယူလျှက်ရှိနေသည်မှာလည်း အချိန်ကာလ အတန်ကြာ ရှိနေပြီဟု သိရပါသည် ။
ထို့ကြောင့်ဝန်ထမ်းများအနေဖြင့်သတိကြီးစွာဖြင့်နေထိုင်ကြပါရန်နှင့်မိမိဌာနများသို့ဝန်ထမ်း အသစ်များ ရောက်ရှိလာပါက ဦးစွာလေ့လာပြီးမှတာဝန်ထမ်းဆောင်ကြပါရန်အသိပေးနိုးဆော်လိုက်ရပါသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဝင်နော် မ၀င်ရင် ပြသနာတက်သွားမယ်

ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်းမ၀င် မနေရစာရင်းကောက်သိမ်းသွင်း Tuesday, 01 June 2010 15:35 မွေခေါဝ်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအားထောက်ခံမဲရရန် ဒေသခံများအား ကြံ့ဖွံ့အသင်းသားအဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။


[ပြောင်ကြီးသိန်းစိန်]
ကျိုင်းတုံမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျိုင်းလိတ်လေဆိပ်အနီးရှိ မိုင်းလန်းကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာတွင် မေ ၁၇ ရက်မှစ၍ ကျေးလက်လူထုကြံ့ဖွံ့အသင်းဝင်များဖြစ်စေရန် စာရင်းများကောက်ယူလျက်ရှိသည်။

“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံတော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးကပြောပါသည်။

ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏စာရင်းများ ကောက်ယူ ပြီး မြို့ပေါ် ၅ ရပ်ကွက်၌ လူထုစာရင်းဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကျိုင်းတုံမြို့ ကြံ့ဖွံ့အကြီးအကဲများက “တြိဂံတိုင်းမှူးဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်(လက်ရှိကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်)ရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ အသက် ၁၅ နှစ်အထက် လူတွေအားလုံး ကြံ့ဖွံ့ အသင်းထဲဝင်ရောက်ရမယ်လို့ လူထုကိုပြောဆိုစည်းရုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရွာသူရွာသားအချို့က ကြံ့ဖွံ့အကြီးအကဲများ ၀န်ကြီးချုပ်သိန်းစိန်သည် ကျေးလက်ပြည်သူလူထုများကို မည်ကဲ့သို့ လုပ်ဆောင်ပေးခဲ့သည်ကို မပြောပြကြောင်း၊ သူတို့လည်း ဘာမှမသိရှိရကြောင်း အဆိုပါဒေသခံက သျှမ်းသံတော်ဆင့် သို့ဆက်၍ပြောပါသည်။

ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့ပါတီသည် တပြည်လုံးအတိုင်းအတာဖြင့် စည်းရုံးရေးဆင်းနေပြီဖြစ်သော်လည်းအခြား ယှဉ်ပြိုင်ပါတီများ စည်းရုံးရေးဆင်းခွင့်မရသေးပေ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်တွေမှာ ကျောင်းသားမိဘတွေထံ ဆက်ကြေးတဲ့  အဲ အဲ

စစ်တွေတွင် ကျောင်းတချို့ ကျောင်းဝင်ကြေး အဆမတန် ကောက်၍ ကျောင်းသားမိဖများ အခက်ကြုံ
6/1/2010
Maungdaw Schoolစစ်တွေတွင် နာမည်ကြီး အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေး အဆမတန် ကောက်ခံနေ၍ ဆင်းရဲသော ကျောင်းသား မိဖများ အနေဖြင့် သားသမီးကို ကျောင်းသွင်းရာတွင် အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ကျောင်းသား မိဖတဦးက ပြောသည်။

စစ်တွေတွင် နာမည်ကြီး ကျောင်းတကျောင်းမှ ကျောင်းဝင်ကြေးကို အထက်တန်း ကျောင်းသား တဦးကို ကျပ်ငွေ ၅၀၀၀၀ ကောက်ခံပြီး အလယ်တန်းကျောင်းသား တဦးကို ၃၀၀၀၀ ကျပ် ကောက်ခံသည်ဟု သူက ပြောသည်။

“ဒီနှစ်မှာ သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးထက် ပိုမကောက်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ခုလို ကောက်ခံရင် အထက်ကို တိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်။ ကောက်ခံတာကို တွေ့ရှိရင် အလုပ်က ဖြုတ်မယ်။ တခြား ဝေးလံတဲ့ ဒေသတွေကိုလည်း ပြောင်းရွှေ့ ပစ်မယ်ဆိုပီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တချို့ အထက်တန်းကျောင်းတွေက လိုက်နာမူ မရှိဘဲ ခုလို ကောက်ခံ နေတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုနှစ်တွင် ကျောင်းသား ကျောင်းသူများအား ကျောင်းလက်ခံရာတွင် သတ်မှတ်ထားသော ကျောင်းဝင်ကြေးထက် ပိုမကောက်ခံရန်နှင့် ကောက်ခံပါက အရေးယူခံရမည်ဟု မေလ ၃ ရက်နေ့ နေ့စွဲ ဖြင့် သက်ဆိုင်ရာ ကျောင်းများ အားလုံးသို့ ပညာရေး ၀န်ကြီးဌာနမှ ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့တောင်းခံပါက သက်ဆိုင်ရာ ကျောင်းသား မိဖများ အနေဖြင့် ပညာရေး ၀န်ကြီးဌာနသို့ စာဖြင့်သော်၎င်း၊ လူကိုယ်တိုင်သော်၎င်း၊ ဖုံးဖြင့်သော်၎င်း တိုင်ကြားနိုင်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ ပြောသည်။

အပိုငွေကြေး တောင်းခံမူများကို တိုင်ကြားလိုလျှင် ဦးအေးကြူ၊ ညွန်ကြား ရေးမှူးချုပ်၊ အမှတ် (၃) အခြေခံ ပညာဦးစီးဌာန (ဖုံး - ၀၁ ၂၁၁၀၀ ၇) သို့ သော်၎င်း၊ ဦးကျော်ဝင်း ညွန်ကြားရေးမှူး၊ အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန (ဖုံး ၀၁- ၂၁၀၀၂၆) သို့ သော်၎င်း၊ ရုံးအဖွဲ့မှူး ပညာရေး ၀န်ကြီးဌာန နေပြည်တော် (ဖုံး ၀၆၇- ၄၀၇၁၁၆) သို့သော်၎င်း ဆက်သွယ် တိုင်ကြားနိုင်ပြီး တခြား မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် ပညာရေး ဌာနများသို့လည်း တိုင်ကြားနိုင်ကြောင်း အခြေခံ ပညာ ဦးစီးဌာနမှ အသိပေးထားကြောင်း သိရသည်။

ကျောင်းအပ်နှံရေး နေ့များဖြစ်သော မေလ ၂၅၊ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉-ရက်နေ. များတွင် ထိုကဲ့သို့ စစ်တွေမှ အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေးများကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။ “အများစု ကျောင်းသားမိဖတွေကတော့ ခုလို စီးပွားရေး ကျပ်တည်းတဲ့ ကာလမှာ အထက်တန်းကျောင်းတွေက တောင်းတဲ့ ကျောင်းဝင်ကြေးကို မပေးချင်ကြပါဘူး။ ဒါပေမယ့်လည်း သားသမီး ပညာရေး ကိစ္စ ဖြစ်နေတော့ မတတ်သာဘဲ ပေးနေကြရပါတယ်။ ပီးရင် နာမည်ကြီး ကျောင်းတွေမှာ ၀င်ခွင့်ရဖို့ အရေးကလည်း လွယ်တာ မဟုတ်တော့ ပြဿနာ မလုပ်တော့ဘဲ ပေးနေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျောင်းဝင်ကြေးကို သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာမှ တိတိကျကျ သတ်ထားချက် မရှိသဖြင့် တိုင်ကြားပါကလည်း အကျိုးထူးမည် မဟုတ်သည့် အပြင် အဆိုပါ နာမည်ကြီး ကျောင်းများတွင် ကျောင်းဝင်ခွင့် ရရှိရေးမှာလည်း မလွယ်ကူသဖြင့် ကျောင်းသား မိဖ အများစုမှာ အထက်သို့ တိုင်ကြား လိုစိတ် မရှိဘဲ ကျောင်းများမှ တောင်းသော ၀င်ကြေးကို ပေးနေကြရကြောင်း အဆိုပါ ကျောင်းသား မိဖက ပြောသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မ မှန်တာ မိုးပေါ်မှာလည်းပျံသည်

Air Bagan နှင့် အပြိုင် Air Inlay လေကြောင်းလိုင်းသစ် ပျံသန်းမည် ရန်ပိုင် Tuesday, June 01, 2010
စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ ပိုင်ပုဂံ (Air Bagan) လေကြောင်း လိုင်းနှင့် အပြိုင် လေကြောင်း လိုင်းသစ် တခုအား စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင် (IGE Co.,Ltd) ကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။


[ဦးတေဇပိုင် Air Bagan လေယာဉ်နှင့် လေယာဉ်မယ်များ (ဓာတ်ပုံ - AP)]

ဦးတေဇပိုင် Air Bagan လေယာဉ်နှင့် လေယာဉ်မယ်များ (ဓာတ်ပုံ - AP)
အဆိုပါ လေကြောင်း လိုင်းကို အင်းလေး လေကြောင်းလိုင်း (Air Inlay) ဟု အမည်ပေး ထားပြီး စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်မည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ မတိုင်ခင် လုပ်ငန်းတွေအားလုံး၊ သူတို့နဲ့ ပတ်သက်တဲ့သူတွေကို ခွဲပေးတဲ့ သဘောပဲ”ဟု အဆိုပါ စီးပွားရေး သမားက ဆိုသည်။

Air Inlay လေကြောင်းလိုင်း ပြေးဆွဲမည့် ခရီးစဉ် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

မကြာသေးမီ ရက်ပိုင်းက ထုတ်ဝေသည့် Weekly Eleven ဂျာနယ်တွင်လည်း “ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းစုတခု”မှ ပြည် တွင်း လေကြောင်းလိုင်းသစ်တခု တည်ထောင်ပြီး မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ ပျံသန်းရန် စီစဉ်နေသည်ဟု ရေးသားထားသည်။

ဦးနေအောင်သည် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး၊ IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။

ဦးနေအောင်၏ ညီဖြစ်သူ ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သားမက်ဖြစ်သည်။

IGE ကုမ္ပဏီသည် မုတ္တမ ပင်လယ်ကွေ့မှ ရန်ကုန်မြို့သို့ သွယ်တန်းသည့် ကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းကို လုပ်ကိုင်နေသည်။

ကမ္ဘောဇ ဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်းမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် နီးစပ်သူဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက မြန်မာ့လေကြောင်းလိုင်း (MAI) ကို ၀ယ်ယူခဲ့သူဖြစ်သည်။

ပြည်တွင်းထုတ် မြန်မာ ပို့စ် ဂျာနယ်တွင်မူ အင်းလေး လေကြောင်းလိုင်းကို ဦးအောင်ကိုဝင်းက တည်ထောင်သည်ဟု ရေးသား ထားသည်။

ပြီးခဲ့သည့် ရက်အတွင်းကလည်း ဦးနေအောင် ၊ ဦးတေဇ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ၄ ဦး ကို ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

အရေးပါသည့် စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေး မှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦးက ဦးဆောင် ပြုလုပ်နေကြောင်း သိရသည်။

၎င်းနှင့်နီးစပ်သည့် ဦးဇော်ဇော်(မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့်များကို ပေးနေကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အမေရယ် မလွတ်လပ်တဲ့ဗမာပြည်ထောင်ထဲကနေ ပိုကျဉ်းတဲ့ထောင်ထဲမှာ ၅ နှစ်တဲ့ 

မလေးရှား အန်အယ်ဒီအဖွဲ့ဝင် ထောင်ဒဏ် ၅ နှစ် ချမှတ်
မြင့်မောင် | အင်္ဂါနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင်ဖြစ်ဖူးသူ ကိုသန်းမြင့်အောင်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနှင့် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယနေ့ ချမှတ်လိုက်သည်။

မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု (၁၇/၁) ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံရန် တရားသူကြီး ဒေါ်ညွှန့်ညွှန့်ဝင်းက ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူ့အီမေးလ် ဖွင့်ကြည့်ပြီးတော့ အဲဒီထဲက အထောက်အထားတွေအရ မလေးရှား NLD L/A မှာ ဝင်ရောက် လှုပ်ရှားခဲ့တဲ့ သက်သေခံတွေ၊ အချက်အလက် အထောက်အထားတွေက ခိုင်လုံနေတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်အောင်သည် စစ်အစိုးရက အတိုက်အခံများကို ထောင်သွင်း အကျဉ်းချရာတွင် တွင်ကျယ်စွာ သုံးနေသော နိုင်ငံတော် အကြည်ညို ပျက်စေသော သတင်းအချက်အလက်များ အင်တာနက်မှတဆင့် ဖြန့်ဝေမှု အီလက်ထရောနစ် အက်ဥပဒေ ၃၃ (က) ဖြင့်လည်း စွဲဆိုခံထားရပြီး ဇွန် ၄ ရက်နေ့တွင် တာမွေမြို့နယ်ရှိ အရှေ့ပိုင်း ခရိုင်ထပ်မံ အမှုရင်ဆိုင်ရမှာဖြစ်သည်။

ကိုသန်းမြင့်အောင်မှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက် အလုပ်လုပ်ရန် နိုင်ငံကူး လက်မှတ်လျှောက်ထားစဉ် မတ်လ ၄ ရက်နေ့က တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခုတွင် ရဲများက ဖမ်းဆီးခဲ့သည်။

ရဲက ဗုံးဖောက်ခွဲမှု တခုတွင်ပါ ပတ်သက်သည်ဟု သံသယရှိကာ သူကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စမ်းချောင်းမြို့ ပဒုမ္ပာပန်းခြံအတွင်း လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု မတ်လ ၃ ရက် နေ့က ဖြစ်ပွားရာ ကိုသန်းမြင့်အောင် လက်ချက်ဟု ရဲက စွပ်စွဲခဲ့ရာက အထောက်အထား မပြနိုင်သဖြင့် စွဲချက် ပျက်ပြယ်သွားသည်။

ကိုသန်းမြင့်အောင်သည် မလေးရှားနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းအထိ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်ဟု စုံစမ်း သိရှိရသည်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, June 01, 2010

၁၀ မှ ဇီးရိုးသို့ 

ထက်ထက်မိုးဦးကို စာပေ စာနယ်ဇင်းက ရှုတ်ချ
ခိုင်စု | အင်္ဂါနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ သတင်းထောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုအား ကျေအေးမှုရစေရေး နှစ်ဖက်စလုံးကို ညှိနှိုင်းပေးရန် ဖိတ်ခေါ်သော်လည်း မင်းသမီး ဒေါ်ထက်ထက်မိုးဦးက လာရောက်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချလိုက်သည်။

ရန်ကုန်အခြေစိုက် စာပေစာနယ်ဇင်းအဖွဲ့က မေလ ၃၁ ရက်နေ့စွဲတပ် ထုတ်ပြန်ကြေညာချက်တွင် 7 Days ဂျာနယ်၏ တိုင်ကြားချက်ကြောင့် စာနယ်ဇင်းအဖွဲ့က ဆဲဗင်းဒေးသတင်းထောက် မအေးသူစံနှင့် ဒေါ်ထက်ထက်မိုးဦးတို့ကို မေ ၂၃ ရက်နေ့နှင့် မေ ၂၆ ရက်များတွင် သီးခြားတွေ့ဆုံခဲ့သည်ဟု ပါရှိသည်။

ဒေါ်ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများကို တောင်းပန်ပြီး အမှုကြေအေးကြစေရန် စာနယ်ဇင်းအဖွဲ့က ညှိနှိုင်းခဲ့သော်လည်း ဒေါ်ထက်ထက်မိုးဦးဘက်က ပျက်ကွက်သည်ဟု ပါရှိသည်။

” စာပေနှင့် အနုပညာသမားများ ဘဝတူအချင်းချင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း အပြန်အလှန် ရိုင်းပင်းစာနာ နားလည်သည်းခံခွင့်လွှတ်ရမည့်အစား လွန်စွာရိုင်းပြခဲ့သည့်အပြင် လူမှုရေးအရ ဖြေရှင်းပေးခဲ့သည်ကို လိုက်လျောမှုမရှိသည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏ လုပ်ရပ်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာ ရှုတ်ချလိုက်သည်” ဟု အဖွဲ့ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

7 Days ဂျာနယ်က ရုပ်ရှင်အစည်းအရုံးတို့သို့ မေလ ၂၁ ရက်နေ့တွင် အမှုကိစ္စကို တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှုမရှိဟု ဂျာနယ်အယ်ဒီတာတဦးက မဇ္ဈိမသို့ ပြောသည်။

သတင်းထောက် မအေးသူစံက လူတွေ့မေးမြန်းမှုတခုတွင် ဒေါ်ထက်ထက်မိုးဦးအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ မေးမြန်းရာက မင်းသမီးက ရိုက်နှက်ခဲ့သဖြင့် တရားဆိုင်နေရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ဆက်သွယ်၍မရသလို စာနယ်ဇင်း အတွင်းရေးမှူးကလည်း အသေးစိတ်ပြောရန် ငြင်းဆန်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Repost အဟဲ ..တင်ခဲ့ပြီးပါပြီ ထပ်တွေ့ စေချင်လို့ 

အပြည့်အစုံသတင်းဖတ်ရန်....

မီးသတ်ကားတစီးဟာ ရေပက်ပြီဆိုရင် သူ့ရဲ့ရေထွက်နှုန်းအရှိန်နဲ့ ၃ မိနစ်နဲ့ ၅ မိနစ်အကြားပဲ ခံပါတယ်

ကျော်ခ | တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်နှင့် လွဲမှားပြောဆိုနေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသင်းဌေးရွှေ ကပြောသည်။

ယခုလ ၂၄ ရက်နေ့၌ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေးကြီးတွင် နာရီ ၃ဝ ကျော် မီးလောင်မှုဖြစ်ပွားမှုနောက် ဈေးသူဈေးသားများ၏ ပြစ်တင်မှုတွင် မီးသတ်ကားများ ရေမပါလာဟု ပါရှိသည်။

“မီးသတ်ကားတစီးဟာ ရေပက်ပြီဆိုရင် သူ့ရဲ့ရေထွက်နှုန်းအရှိန်နဲ့ ၃ မိနစ်နဲ့ ၅ မိနစ်အကြားပဲ ခံပါတယ်။ ခဏလေး ပက်လို့ ရေကုန်တာမြင်တာနဲ့ ရေမပါဘူး ပြောကြတယ်။ ကျနော်တို့တွေမှာ တကယ်လုပ်ရဲ့သားနဲ့ အပြစ်တင်ခံနေရတယ်” ဟု ဦးသင်းဌေးရွှေက မဇ္ဈိမကို ပြောသည်။

မင်္ဂလာဈေး မီးလောင်မှုကို ငြိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့အင်အား ၁၅ဝဝ ဦးနှင့် မီးသတ်ကား အစီး ၇ဝ ကျော် အသုံးပြုကာ မနားမနေ ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမား ၂ ဦး မီးခိုးမွန်းကြပ်မှုခံရပြီး တဦးမှာ မီးသတ်ပိုက် ခေါင်းဖြင့်ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တဦးက အထပ်မြင့်များသို့ လှေကားများဖြင့် တက်၍ ထိထိရောက်ရောက် ပက်ဖျန်းနိုင်သည့် မီးသတ်ကားနည်းသဖြင့် စတုတ္တထပ်နှင့် ခေါင်မိုးထပ်တို့ မီးလောင်ကုန်သွားရသည်ဟု စွပ်စွဲပြောဆိုသည်။

ယင်းသို့ အချိန်ကြာ လောင်ကျွမ်းမှုကြောင့် စတုတ္ထထပ်ရှိ အလှကုန်နှင့် ဆေးဆိုင်ခန်းပေါင်း ၇၉၇ ခန်းနှင့် ပဉ္စမ ထပ်ရှိ စားပွဲဝိုင်း ၁ ရာကျော် ဆံ့သည့် STYLE 3 စင်တင်တေးဂီတ စားသောက်ဆိုင် အပါအဝင် စားသောက်ဆိုင် ၄၈ ဆိုင် မီးထဲပါသွားကြောင်း သိရသည်။ ဆုံးရှုံးမှု စုစုပေါင်း ခန့်မှန်း တန်ဘိုး ကျပ်သိန်းပေါင်း ၂ဝ၉၂၆၃ သိန်းရှိ ပြီး မီးပေါ့ဆမှုဖြင့် ဆိုင်ပိုင်ရှင် ၃ ဦးအား အရေးယူထားကြောင်းလည်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။

အဆောက်အအုံမြင့်များသို့ လှေကားဖြင့် တက်ရောက်ပက်ဖြန်းနိုင်သည့် မီးသတ်ကားမှာ ရန်ကုန်တိုင်း တခုလုံး အတွက် ၇ စီးသာရှိပြီး ပိုမိုလိုအပ်နေသေးသည်ဟု ဦးသင်းဌေးရွှေက သဘောတူသော်လည်း ပြည်သူများ အနေ ဖြင့်လည်း မီးဘေး အရေးပေါ် သုံးစွဲနိုင်ရန် ဓာတုမီးသတ်ဗူးများသုံးစွဲမှု အားနည်းသေးကြောင်း ထောက်ပြသည်။

“မီးဘေးကာကွယ်ရေးအတွက်တော့ နိုင်ငံတကာအဆင့်မှီအောင် လုပ်နေတုန်းပါပဲ။ ဘယ်လောက် အဆင့်မှီ အောင်ပဲ လုပ်လုပ် နည်းပညာပိုင်းနဲ့ သုံးစွဲမှုအပိုင်းမှာ အားနည်းနေရင် ဖြစ်တတ်ပါတယ်” ဟု သူက ပြောသည်။

မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ခန်းများ၏ ဖွဲ့စည်းပုံကြောင့် မီးသတ်သမားများအတွက် အခက်အခဲဖြစ်ပြီး ကြန့်ကြာမှုဖြစ်စေခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်း မီးသတ်ဌာန ရုံးတာဝန်ကျ မီးသတ်သမား တဦးက ပြောသည်။

“ကျနော်တို့လည်း တနေကုန် မနားမနေ ပက်တာပဲ။ သူတို့ဆိုင်ခန်းတွေအားလုံးက အလျူမီနီယံတခါးတွေနဲ့ သော့ခတ်ပြီး ပိတ်ထားတာပါ။ မီးက အထဲထဲမှာ လှိုက်ပြီးလောင်နေတော့ မီးသတ်ရတာ အင်မတန်ခက်ပါတယ်။ ဆိုင်ခန်းတခုချင်းစီသော့တွေဖျက်ပြီး ငြိမ်းရတာဆိုတော့ ကြာသွားတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ခဲ့ရာ ဆိုင် ၆၅၁ ခန်းခန့် ဆုံးရှုံးခဲ့သည်။ ထို့ပြင် မတ်လ ၁ ရက်နေ့တွင်လည်း ရန်ကုန်မြို့သိမ်ကြီးဈေး D ရုံတွင် မီးလောင်မှုတခု ဖြစ်ပွား ခဲ့သေးသည်။

၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကလည်း မန္တလေးမြို့ ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင်တည်ရှိသော ရတနာပုံဈေးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်စတင်ခဲ့ရာ မြေညီထပ်ရှိ ဆိုင်ခန်းပေါင်း ၁၂၉၃ ခန်း မီးထဲ ပါသွားခဲ့သည်။

တနိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလ တလထဲတွင်ပင် မီးလောင်မှုပေါင်း ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း တခု တည်း၌ ၂၆.၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မီးဖိုနှင့် ပေါ့ဆမီးမှ ၆၅ ကြိမ်၊ လျပ်စစ်မီးမှ ၁၁ ကြိမ်၊ ရှို့မီး ၁၁ ကြိမ်၊ တောမီးမှ ၁ ကြိမ်နှင့် အလိုလျောက်လောင်မှု ၁ ကြိမ်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။

၂ဝဝ၉ ခုနှစ်ထဲတွင် နိုင်ငံတဝန်း မီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ် ဖြစ်သည်ဟု ပါရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

8888 People Power Jun 1 June 06-2010

အပြည့်အစုံသတင်းဖတ်ရန်....

ဗမာပြည်ရဲ့ သံယံဇာတ တွေဟာ ပြည်သူ့ အတွက်လား စစ်တပ်အတွက်လား







မြန်မာနိုင်ငံတွင် ဘူမိ အပူဓာတ် နဲ့ လျှပ်စစ် ထုတ်ယူနိုင်တဲ့ နေရာ ၉၂ ခု တွေ့ရှိ
မြန်မာ နိုင်ငံတွင် ဘူမိ အပူဓာတ် (Geothermal) နည်းမှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ များကို ပြည်နယ် ငါးခုတွင် တွေ့ရှိ ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကျွမ်းကျင် သူများက ပြောသည်။ ဘူမိ အပူဓာတ်မှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ ၉၂ နေရာ ခန့်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင် တွေ့ရှိထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘူမိ အပူဓာတ်ဖြင့် လျှပ်စစ် စွမ်းအင် ထုတ်ယူသော နည်းမှာ အပူရှိန် ပြင်းသော မြေအောက် အလွှာ အထိ မြေပြင်မှ အပေါက် ဖောက်ကာ ရေအေး ထိုးသွင်း ခြင်းဖြင့် ရေအေးကို ရေငွေ့ အဖြစ် ပြောင်းလဲစေပြီး အခြား တစ်ပေါက်မှ ရေငွေ့ ပြန်ထွက်၍ ယင်း ရေငွေ့များဖြင့် တာဘိုင် များကို လည်ပတ်စေကာ လျှပ်စစ် စွမ်းအင် ထုတ်ယူစေခြင်း ဖြစ်သည်။ ဘူမိ တေဇော အရင်းအမြစ် (Geothermal Resources) များကို မီးတောင် ဒေသတွင် အများ အပြား တွေ့ရှိ ရပြီး ကမ္ဘာပေါ်တွင် ဘူမိ အပူဓာတ် ထုတ်ယူ နိုင်သော နိုင်ငံပေါင်း ၂၁ နိုင်ငံသာ ရှိကာ နှစ်စဉ် လျှပ်စစ် စွမ်းအင မဂ္ဂါဝပ် ၆၂၀ဝ ခန့် ထုတ်ယူ အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။ အရှေ့တောင် အာရှ နိုင်ငံများ ထဲတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် ယင်း စွမ်းအင်ကို ရယူ အသုံး ပြုလျက် ရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ

လွန်းဒင်။ ၃၁၊ ၅၊ ၂၀၁၀
ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် ဒီပဲယင်း အကြမ်းဖက်မှုတွင် ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူကျောင်းသားလူငယ်များအတွက် ဆွမ်းကပ် ဆုတောင်းပွဲများကို မနေ့က ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်ရှိ NLD အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း (၂) ကျောင်းကို ဆွမ်းကပ်လှူခဲ့ပြီး မအီမြို့နယ်၊ ဆားပြင်ရွာဘုရားတွင်လည်း အဖွဲ့ချုပ်ဝင် (၁၈) ယောက်က မီးပူဇော်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဒီပဲယင်းတွင် အကြမ်းဖက်ခံရ၍ ကျဆုံးခဲ့သူများအတွက် အမျှပေးဝေခဲ့သည်ဟု မြို့ခံက ပြောသည်။

သံတွဲမြို့နယ်တွင်လည်း အထိမ်းအမှတ် ဆွမ်းကပ်ပွဲများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“သံတွဲမြို့မှာလည်းပဲ အဖွဲ့ဝင် (၇) ယောက်လောက်က မြို့မကျောင်းမှာ မနက် ၁၀ နာရီလောက်မှာ ဒီပဲယင်းအထိမ်းအမှတ်အနေနဲ့ အဖွဲ့ဝင်တွေ ဆွမ်းကပ်တယ်” ဟု ပြောသည်။

အာဏာပိုင်များက ဒီပဲယင်းအထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို ကြိုတင်သိရှိထားပြီး မေလ (၃၀)ရက်နေ့ ညနေတွင် တောင်ကုတ်မြို့နယ်အတွင်း လက်နက်၊ ယူနီဖောင်းအပြည့်အစုံဖြစ် အင်အား(၂၀)ကျော်သည့် လက်နက်ကိုင် လုံခြုံရေးများ လှည့်လည် အင်အားပြခဲ့ပြီး ဆက်သွယ်ရေးဖုန်းလိုင်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ဖြတ်တောက်ထားခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒီပဲယင်းအထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် NLD အဖွဲ့ဝင်များကို အာဏာပိုင်များက စောင့်ကြည့်မှုများ မေးမြန်းစုံစမ်းခြင်းဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

အလားတူ ဒီပဲယင်းအကြမ်းဖက်မှု (၇)နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်တိုင်း မြို့နယ်တချို့နှင့် ကျန်မြို့နယ် အသီးသီးတို့တွင်လည်း ဆွမ်းကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး


ကိုထွေး Monday, May 31, 2010
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။

[လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်]

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်

မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ရေးသား ထားသည်။

“မြောက်ကိုရီးယားက သဘောင်္ ကွန်တိန်နာတွေမှာ မှားယွင်းတဲ့ ပိုင်ရှင်လိပ်စာ အညွှန်းတွေ တပ်ပြီးတော့ ကုန်ပစ္စည်းတွေ ဘယ် ကနေ ဘယ်ကို ပို့တယ်ဆိုတာ မသိရအောင် လှည့်စားတယ်၊ မြောက်မြားလှတဲ့ ကြားခံ လက်နက်ကုမ္ပဏီတွေနဲ့ ငွေကြေး အဖွဲ့ အစည်းတွေကို အသုံးပြုတယ်”ဟု ကျွမ်းကျင်သူများက ယင်းအစီရင်ခံစာတွင်ရေးသား ထားသည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုး တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီး ခဲ့သည့် ဖြစ်ရပ်နှင့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ကူညီခဲ့သည့် Namchongang Trading ကုမ္ပဏီစသော မြန်မာနိုင်ငံနှင့် ပတ် သက်သည့် သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုများကိုလည်း ဆက်လက် စောင့်ကြည့်နေကြောင်း အဆိုပါ ကျွမ်းကျင်သူများ အဖွဲ့က ဆို သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading ကုမ္ပဏီကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်”ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

ယင်းကျွမ်းကျင်သူများက လေဆိပ်များ၌ မြောက်ကိုရီးယားက တင်သွင်းသည့် ပစ္စည်းများကို စစ်ဆေးရာတွင် ပိုမို သတိဝီရိယ ရှိရန် နှိုးဆော်ထားပြီး မြောက်ကိုရီးယားမှ ထွက်ခွာလာသော လေယာဉ်များကိုလည်း သေချာစွာ စောင့်ကြည့်ရန် တိုက်တွန်း ထားသည်။

အဆိုပါ ၄၇ မျက်နှာရှိ အစီရင်ခံစာကို မေလ ၂၇ ရက်နေ့တွင် အေပီသတင်းဌာနက လက်ခံရရှိထားပြီး အစီရင်ခံစာ ထွက်ပေါ် လာသည့် အချိန်သည် တောင်ကိုရီးယား ရေတပ်သင်္ဘောကို မြောက်ကိုရီးယားတို့က ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတကာ စုံစမ်း လေ့လာရေး အဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ချင်းမိုင်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ နျူကလီးယား လက်နက် ရောင်းချခြင်းနှင့် ပတ်သက်၍ အသေအချာ မသိရှိရသော်လည်း ဒုံးကျည်လက်နက်များကို တင်ပို့ ရောင်းချနေသည်မှာ ခိုင်မာ ကြောင်း ဆိုသည်။

“မြောက်ကိုရီးယားက သူ့သဘာဝအရ အဲသလို ကြားခံ ကုမ္ပဏီတွေနဲ့ လုပ်လေ့ရှိတယ်၊ နိုင်ငံတကာ စာရင်းမှာတော့ မြောက် ကိုရီးယား သုံးတဲ့ ကုမ္ပဏီ စာရင်းတွေ အတိအကျရှိတယ်၊ မြန်မာကလည်း နျူကလီးယား နည်းပညာတွေရအောင်တော့ ကြိုးစား နေတာပဲ”ဟု ဦးဝင်းမင်းက ပြောသည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင် စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခြင်း ခံခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိရမည် ဖြစ်သည်။

မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ဦးသောင်းက ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ဖူးသည်။ ထိုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င်၂၁ ဦး သေဆုံးပြီး နောက်ပိုင်း သံတမန် ဆက်ဆံရေး ရပ်သွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း

မင်းသက် | တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၅ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် ၁ နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေးသုသာန်တွင် သဂြိုဟ်ခဲ့သည်။

မြို့တော်ဝန်၏ သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်အောင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာပြင်းထန်၍ အမှတ် ၁ တပ်မတော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။

နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီးဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */