
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်း ပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါး အသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။
(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်ဿတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်ဿတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။
"ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။"
ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။
Monday, April 05, 2010
စစ်ခွေးမိစ္ဆာ နအဖ ရဲ့ လက်ကိုင်တုတ် တွေ ကိုကျော်သူရဲ့ Facebook Website ကိုလုပ်ကြံလိုက်ခြင်း
Sunday, April 04, 2010
ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ
မောင်စွမ်းရည်
ဧပြီ ၃၊ ၂၀၁၀
ဗမာပြည်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်အစိုးရ စစ်အာဏာရှင် အုပ်စိုးလာပြီး အခုမှ “အများသဘောကျ“ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာတယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတယ်။ နိုင်ငံခြားတိုင်းပြည်တွေကရော၊ ဗမာပြည်ထဲက အချို့နိုင်ငံရေးသမားဟောင်း များကရော၊ နိုင်ငံရေးသမားအသစ်စက်စက်များကရော ကိုယ့်ရှု့ထောင့်နဲ့ကိုယ် ရွေးကောက်ပွဲဝင်ဖို့သင့်ကြောင်း ပြောလာကြပါတယ်။
နိုင်ငံခြားသားတွေကတော့ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ အစိုးရတို့ ခြားနားချက်ဟာ “ရွေးကောက်ပွဲ” လို့ပဲ မြင်တယ်။ နှစ်ပေါင်း ၂၀ ကြာမှ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ၀မ်းသာကြတယ်။ ရွေးကောက်ပွဲဆိုတာ “၀င်ရမှာပေါ့“ လို့ပဲ မြင်တာဟာ သဘာဝကျပါတယ်။ ပြည်တွင်းက “၀င်ကြပေါ့“ လို့ ပြောကြတာဟာလဲ အမြင်အမျိုးမျိုးပါပဲ။
(၁) ရိုးအီငြီးငွေ့နေရာက “အပြောင်းအလဲတခု“ ဖြစ်သွားလို့၊
(၂) တခြား “ထွက်ပေါက်“ မရှိလို့၊
(၃) အရွေးခံရပြီး လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာကို တဖြည်းဖြည်း အရေးဆိုပြီး ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်လို့၊
(၄) သူများတွေ မ၀င်ချင်တဲ့အချိန်၊ ကိုယ် ၀င်လိုက်ရရင် “ငါတို့တော့ အချောင်အမတ် ဖြစ်ရချေသေးရဲ့“ မျှော်လင့်လို့ စသဖြင့် “၀င်“အမြင် အမျိုးမျိုးရှိကြောင်း သိရပါတယ်။
“မ၀င်“အမြင် ရှိကြတဲ့ နိုင်ငံရေးသမားများက အထက်ပါ “၀င်“အမြင်အားလုံးကို သဘောမတူကြဘူးလို့ ကြားသိရပါတယ်။ ဆန့်ကျင်ကြပါတယ်။
(၁) အငြီးပြေ အပြောင်းအလဲတခု ဖြစ်သွားခြင်း
အခုလို နှစ်ပေါင်း ၂၀ လောက် အာဏာရှင်လက်အောက် နေရတာဟာ ပြည်သူတွေအဖို့ ငြီးငွေ့တာတော့ အမှန်ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ဘာမှ မတိုးတက်ဘဲ “တနိုင်ငံလုံး အကျဉ်းသားဘ၀“ နဲ့ ထိတ်လန့်တကြားနေလာကြရတာ ကြာခဲ့ပြီကိုး။
“အပြောင်းအလဲ“ လိုချင်တယ်ဆိုရင် မှန်တာပေါ့။ တိုးတက်တဲ့ အပြောင်းအလဲ လား။ “ဗြိစုံ ဗြုံစိ“ အပြောင်းအလဲ လား။ ပိုဆိုးမယ့် အပြောင်းအလဲ လား။ ဆုတ်ယုတ်မယ့် အပြောင်းအလဲ လား။ ဒါကို စဉ်းစားဖို့လဲ လိုပါတယ်။ ဆုတ်ယုတ်မှာလား၊ တိုးတက်မှာလား၊ အရင်အတိုင်းလားဆိုတာ ကြို ပြောမရတာလဲ ရှိ၊ ကြို ပြောလို့ရတာလဲ ရှိပါတယ်။
ခု ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေဟာ စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ နိုင်ငံတော်အခြေခံဥပဒေကို အမှီပြုပြီး ထုတ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေကို ပြန်ကြည့်ပြီး ပြောမှသာ အပြာင်းအလဲ “ဖြစ်၊ မဖြစ်“ ဆိုတာ ပေါ်လွင်ပါတယ်။ ရှေ့ကိုလဲ မျှော်မှန်းကြည့်လို့ ရတန်သလာက် ရပါတယ် တဲ့။
အခြေခံဥပဒေဆိုတာ ဘယ်သူတွေက ဘယ်လိုအခွင့်အရေးနဲ့ ရွေးဆွဲတာလဲ။ “ဘယ် အခွင့်အာဏာ“ နဲ့ ရေးဆွဲတာလဲဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းအရ အများသဘောကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲမှသာ သဘာဝကျပါမယ်။ အဓိပ္ပါယ်က ပြည်သူတွေက အာဏာအပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်များက အခြေခံဥပဒေကို ရေးဆွဲရပါမယ်။
ခုဟာက စစ်အာဏာရှင် ဗိုလ်ချုပ် (တွေ) ကပဲ ရေးဆွဲတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ တရားဝင်အစိုးရမဟုတ်ပါ။ ပိုဆိုးတာက တရားဝင် ရွေးကောက်ထားတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြု၊ စစ်အာဏာရှင်တစုရဲ့ အကျိုးအခွင့်ကိုသာ ကာကွယ်ပြီး စစ်အာဏာရှင်ကသာ ထင်ရာစိုင်းပြီး ရေးဆွဲထားတဲ့ဥပဒေ ဖြစ်ပါတယ်။
အများသိပြီးဖြစ်တဲ့အတိုင်း စစ်အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း (တမတ်သား) ဟာ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များသာ ဖြစ်ရမယ် တဲ့။ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များ ဖြစ်ရမယ် တဲ့။ ပို ဆိုးတာက ဒီ ကိုယ်စားလှယ်များကို သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ထိပ်ဆုံးက အကြီးဆုံးရာထူးတွေကိုသာ ပေးအပ်ရမယ် တဲ့။ ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၇၅ ရာခိုင်နှုန်းတို့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းက များတာပေါ့လို့ ထင်စရာ ပဲ။ ဒါပေမဲ့ တကယ့်အာဏာတွေက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
အဲဒီ စစ်ဗိုလ်တွေဟာ မှားယွင်းမှု ရှိခဲ့ရင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးအတွက် လွှတ်တော်က (နိုင်ငံတော်က) အရေးယူခွင့် မရှိစေရ တဲ့။ အရေးယူစရာရှိရင် စစ်တပ်ကသာ အရေးယူရမယ် တဲ့။ အဲဒီမှာပဲ “နိုင်ငံတော်ရဲ့အာဏာ” က “ပဲ့“ သွားခဲ့ပါပြီ။ “စစ်ဗိုလ်တွေသာလျှင်“ ဆိုတဲ့ သဘော ဆောင်သွားပါပြီ တဲ့။
အခြေခံဥပဒေနဲ့တကွ အခြား အပြောင်းအလဲတခုခု လုပ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ် (အမတ်) ၇၅ ရာနှုန်းက ထောက်ခံရမယ် တဲ့။ ဒီ ၇၅ ရာနှုန်းဟာ စစ်ဗိုလ်ချုပ် ၂၅ ရာနှုန်းရဲ့ အတိုက်အခံတွေချည်း မဟုတ်နိုင်ပါဘူး။ စစ်တပ်ကထဲ့ထားတဲ့ စစ်တပ်လက်အောက်ခံ ပါတီအဖွဲ့အစည်း (ဥပမာ ကြံ့ဖွံ့) က အမတ်တွေလဲ ပါနိုင်ပါတယ်။ အမတ်တယောက်လျှော့သွားရင် ၇၅ ရာနှုန်း မပြည့်တော့ပါဘူး။
ဒီမိုကရေစီလွှတ်တော်မှာ “စစ်တပ်ကိုယ်စားလှယ်“ လို့ သီးခြား၂၅ ရာနှုန်း (တမတ်သား) တောင်းစရာ မလိုပါ။ ဒီလိုဆိုရင် စာရေးဆရာတွေကလဲ တမတ်သား၊ လယ်သမား တမတ်သား၊ အလုပ်သမား တမတ်သား၊ ရဲက တမတ်သား၊ ကျောင်းဆရာ တမတ်သား၊ ဆရာဝန် တမတ်သားဆိုပြီး အားလုံးကပဲ တမတ်သားစီ တောင်းခွင့် ရှိရပေမှာပေါ့။ စစ်တပ်တခုတည်းကသာ ဘာ့ကြောင့် “တမတ်သား“ တောင်းထားရသလဲ။ ထိပ်ဆုံးက ဘာ့ကြောင့် နေခွင့်ယူထားရသလဲ။ ဒီလိုဆိုရင် ဗိုလ်နေ၀င်းရဲ့ ဦးနေ၀င်း အရပ်သားအစိုးရနဲ့ ဘာ ထူးသလဲ။ ဗိုလ်သန်းရွှေနဲ့ ဦးသန်းရွှေ၊ ငရဲမင်းနဲ့ ယမမင်း၊ ဂ ကောက်ကောက်နဲ့ ကွေးကွေး၊ ဘာများပြောင်းလဲသွားမှာလဲ တဲ့။ နိုင်ငံရေး ဝေဖန်သူတွေက မေးကြပါတယ်။ ဆိုလိုတာက ဒီ ရွေးကောက်ပွဲ ပြီးသွားရင်လဲ ဘာမှ ပြောင်းလဲမှု မရှိ။
(၂) ထွက်ပေါက်တခု ပေါ်လာခြင်း
“ထွက်ပေါက်“ နဲ့ ပတ်သက်ပြီး ဗမာ ပြောရိုးပြောစဉ်မှာ “ရှေ့ပေါက်“၊ “နောက်ဖေးပေါက်“၊ “မလွယ်ပေါက်“၊ “ခွေးတိုးပေါက်“ စတဲ့ စကားတွေ ရှိပါတယ်။ ခု စစ်အာဏာရှင်ပေးတဲ့ ထွက်ပေါက်ကို ဘယ်လို နာမယ်ပေးချင်ပါသလဲ မသိပါ။
တခြား ထွက်ပေါက် မရှိဘူးဆိုတာ အမှန်ပဲလား။ အာဏာရှင်က ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ ပြည်သူ ထွက်ချင်တဲ့ ထွက်ပေါက် ဟုတ်ပါရဲ့လား။ ပြည်သူက ဒီ ထွက်ပေါက်မျိုးကပဲ ထွက်ချင်သလား။ တခြား ထွက်ချင်တဲ့ ထွက်နိုင်တဲ့ ထွက်ပေါက် မရှိတော့ဘူးလား။ ဘာလား၊ ညာလား စသဖြင့် အမျိုးမျိုး တွေးကြ ရေးကြပါတယ်။
ကောင်းပါပြီ။ ဒီ ထွက်ပေါက်ကပဲ ထွက်ကြမယ်ဆိုပါတယ်။ ဒီ ထွက်ပေါက်က ဘယ်ရောက်မှာလဲ။ အတိုဆုံး ပြောရရင် စစ်တပ် ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ စစ်အာဏာရှင်ရဲ့ စစ်ဖိနစ်အောက်ကိုပဲ ပြန်ရောက်မှာပါ တဲ့။ ဒီ ထွက်ပေါက်ကို ခွင့်တာဟာ “မလိမ့်တပတ်“ မဟုတ်တာ မဟုတ်။ “ဗြောင်“ လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့အတွက် ဘာ အကျိုးရှိသလဲ။
ပြည်သူအဖို့ အကျိုးမထူး။ စစ်အာဏာရှင်အဖို့ အကျိုးထူးပါတယ် တဲ့။ ဒီလို ဝေဖန်ကြပါတယ်။
ဒီ ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် အရင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်။ ပြည်သူ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ လွှတ်တော် မဖြစ်မြောက်လိုက်ဘဲ ဖယ်ရှားပြီးသား ဖြစ်သွားမယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် တရားမ၀င် “အာဏာရ စစ်အစိုးရ“ လဲ တရားဝင် ဖြစ်သွားပြီး သူတို့က ကြိုက်သလို (ဆွဲခွင့် မရှိဘဲ ဆွဲထားတဲ့) အခြေခံဥပဒေလဲ အတည် ဖြစ်သွားမယ်။ ဒါ့ကြောင့် ဘယ်သူ့အတွက ထွက်ပေါက် လဲ။ ပြည်သူအတွက် ထွက်ပေါက် လုံးဝ မဟုတ်။ အာဏာရှင်အတွက် တရားဝင်ဖြစ်အောင် လုပ်ထားတဲ့ “ထွက်ပေါက်“ ဖြစ်ပါတယ် တဲ့။
တခြားဖြစ်နိုင်တဲ့ထွက်ပေါက်ကို အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်နဲ့ “သော့“ လုပ်ထားပါတယ်။ အကျပ်အတည်းက လွတ်အောင်လို့ပါပဲ။ အာဏာရှင်တွေ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ တူအောင် နည်းနည်းလေးပဲ ပြင်ပေးပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပါ၊ တွေ့ဆုံ ဆွေးနွေးပါ စသည်ဖြင့် ဖြစ်ပါတယ်။ အာဏာရှင်ဘက်က တခုမှ လိုက်လျောခြင်း မရှိသလောက်ပါ ပဲ။ (ဦးတင်ဦး လွတ်လာတာလေးက လွဲလို့)။
ဒါ့ကြောင့် ရွေးကောက်ပွဲ နိုင်ခဲ့လို့ အများစု ထောက်ခံမှုရတယ်လို့ အများက ယူဆတဲ့ အဖွဲ့ချုပ်ရဲ့ တလေးတစား တောင်းဆိုမှုကို ငြင်းပယ်ခံရတဲ့ “ရွှေဂုံတိုင်ရွှေသော့“ နဲ့ ဖွင့်နိုင်မယ့် ထွက်ပေါက်က ထွက်လို့ မရတော့ပါ။
တခြားနည်းကတော့ “ပြည်သူစွမ်းအား“ ဆိုတဲ့ သော့နဲ့ ဖွင့်ဖို့ ရှိပါတော့တယ် တဲ့။ ဒီလိုဆိုတော့ ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတဲ့သေဘာက အားသားရင် မျှော်လင့်ရတဲ့ ထွက်ပေါက်က “ပြည်သူစွမ်းအား“ ထွက်ပေါက် ပါပဲ တဲ့။
(၃) လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာ ပြုပြင်သွားနိုင်ခြင်း
ဒါမျိုးကို ကိုလိုနီလက်ထက်ကစပြီး ဗမာတွေ အတွေ့အကြုံရှိခဲ့ပါပြီ။ ဂျီစီဘီအေခေတ်က “ပူးသတ်“၀ါဒနဲ့ ကြွေးကြော်ပြီး ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲ ပူးပေါင်း ၀င်ရောက်သွားတဲ့ ၀ံသာနုဂိုဏ်းကလို ပါပဲ တဲ့။ “ပူးသတ်“ ဆိုပေမဲ့ ကိုယ်ပဲ “ပူးသတ်“ ခံရပြီ ကိုယ်ပဲ ဘုရင်ခံနဲ့အတူ “ပူး သေ“ သွားရတာပါပဲ တဲ့။ သူများဖွဲ့တဲ့ အစိုးရအဖွဲ့ထဲဝင်ရင် သူများအောက်ကပဲ ရောက်ရမှာ မလွဲပါဘူး တဲ့။
(၄) အချောင်အမတ် ဖြစ်ခြင်း
ဒါကတော့ အမတ် ဖြစ်လိုသူများအတွက်တော့ မှန်နေတာပါပဲ။ သူတို့အတွက် “ထွက်ပေါက်“ ပါ ပဲ တဲ့။ ပြည်သူ့အတွက် မဟုတ်ပါဘူး တဲ့။
ခု ရွေးကောက်ပွဲဥပဒေကထွက်လာတာ အချိန် နောက်ကျပါတယ်။ ပါတီတွေ ဖွဲ့ဖို့လဲ နောက်ကျပါတယ်။ ပြည်သူ့အသံကို ကိုယ်စားပြုရမယ့်ပါတီတရပ်ဟာ တပြည်လုံးကို အချိန်ယူ စည်းရုံးရပါအုံးမယ်။ ပါတီက ခုမှ ဖွဲ့ရမှာပါ။ ပါတီရဲ့လမ်းစဉ်ကလဲ ခုမှ ရေးဆွဲ၊ ခုမှ ကြေညာရမှာပါ။ အသစ်ဖွဲ့မယ့် ပါတီက ၀ါဒလမ်းစဉ်ကို တင်ပြရင် ရွေးကောက်ပွဲကော်မရှင်အသစ်ကလဲ မှတ်မု့တင်ခွင့် ပြုပါ့မလား။ ဥပမာ “စစ်အာဏာရှင် အမြစ်ဖြုတ်ရေး လမ်းစဉ်“ ကို တင်ပြ ကြေညာခွင့် ရမှာလား တဲ့။ ပါတီ ဖွဲ့ဖို့၊ စည်းရုံးဖို့ တနှစ်တောင် အချိန် မပေးတဲ့အပြင် ဖွဲ့စည်းပြီးသား ပါတီများလဲ ထပ်မံပြီး ပါတီသစ်တွေလိုပဲ မှတ်ပုံတင်ရအုံးမတဲ့။ အဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကြာမှ ထပ်ပြီး မှတ်ပုံတင်ရအုံးမယ့် သဘော ပါ။
ပါတီဖွဲ့ပြီးရင် အနည်းဆုံး၃နေရာကယှဉ်ပြိုင်ရမယ်။ မပြိုင်ရင် ပါတီ ပယ်ဖျက်မယ် တဲ့။ ရွေးကောက်ပွဲ ၀င်ရင် အခြေခံဥဒေကို (စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ဥပဒေ ကို) အကာအကွယ် ပေးပါ့မယ်လို့လဲ လက်မှတ်ထိုးရအုံးမှာ တဲ့။ လွှတ်တော်ထဲရောက်မှ “အခြေခံဥပဒေကို ပြင်ချင်ပါတယ်“ လို့ ပြောလို့ မရတော့ဘူး ပေါ့။ အစကတည်းက “မီးသေ“အောင် အာဏာရှင်က လုပ်ထားတော့ ရွေးကောက်ပွဲ ၀င်မယ့် အမတ်လောင်း (ပါတီကိုယ်စားလှယ်တွေ) က “မီးငြှိမ်း“ ပြီးမှ “၀င်“ လို့ရမယ့် အဓိပ္ပါယ် ပါပဲ။
“သဘောကွဲလွဲခွင့် မရှိရင် ရွေးကောက်ပွဲ လုပ်နေစရာ မလိုတော့ပါဘူး“ တဲ့။
အားလုံးကို ခြုံလိုက်ရင် အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေဟာ အာဏာရှင်အလိုကျ ရွေးကောက်ပွဲသာ ဖြစ်မှာပါ တဲ့။ ဗိုလ်သန်းရွှေက တောင်ရှည်ပုဆိုးကြီး ၀တ်ပြီး ဦးသန်းရွှေ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမှာ မဟုတ်ပါဘူး တဲ့။
ဗြိစုံနဲ့ ဗြုံစိ၊ အရာကြီးနဲ့ ဘာဘူကြီး၊ ဗိုလ်ရွှေနဲ့ ဦးရွှေ၊ ငရဲမင်းနဲ့ ယမမင်း သာ။
မစိုးရိမ်ဆရာတော်ကြီးက မိန့်တော်မူဖူးတယ်။ သံဃာတောင် သတ်တဲ့ စစ်အစိုးရကရေးဆွဲထားတဲ့ “ဥပဒေ“ နဲ့ “ရွေးကောက်ပွဲ“ ကိုဖတ်ဖို့ မလို၊ စဉ်းစားဖို့ မလို၊ ထောက်ခံဖို့ မလို။ သူတို့ကို သံဃာတွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။ သူတို့ ကံကြီးထိုက်ကြ မယ်။ သူတို့ကို ထောက်ခံသူများလည်း ကံကြီးထိုက်နိုင်တယ် တဲ့။ ကံကြီးထိုက်မယ့် အပြုအမူကို ရှောင်ကြပါစို့။
မောင်စွမ်းရည် ၂၀၁၀ မတ် ၂၇
http://moemaka.com/index.php?option=com_content&task=view&id=6165&Itemid=1
အသေ၀နာ စ ဗာလာနံ …..လူမိုက်ကိုမမှီဝဲမပေါင်းသင်းရခြင်း
Summary
စာရေးသူရန်ကုန်မှာနေစဉ်က အင်္ဂလိပ်စာသင်တန်းမှာဆရာကြီးတစ်ယောက်ရဲ့ပြောတဲ့စကားလေး
ကိုအမှတ်ရလို့ပြန်လည်ရေးသားပြလိုက်ခြင်းဖြစ်ပါတယ်။ဆရာကြီးကတယ်တော်တဲ့ဆရာကြီးဖြစ်ပါတယ်။အင်္ဂလိပ်စာပေ၊ဂျပန်စာပေ၊တရုပ်စာပေ၊ပါဠိစာပေတို့ကိုကျွမ်းကျင်ပါတယ်။စာသင်နည်းစနစ်လည်းတကယ်တော်တဲ့ဆရာကြီးဖြစ်ပါတယ်။စာသင်ရင်းအတွေးအခေါ်အယူအစတွေကိုပါသင်ပေးလေ့ရှိပါတယ်။တစ်နေ့တပည့်တို့တဲ့ တွေ့တဲ့သူနဲ့သင့်အောင်ပေါင်းဆိုတဲ့စာတန်းကိုတွေ့ဘူးကြ လားတဲ့။တွေ့ဘူးတာပေါ့မြန်မာတစ်နိုင်လုံးပြောဆိုနေကြရေးနေကြတာပဲ။သီချင်းတောင်ရှိသေး တာ။အေးတပည့်တို့တဲ့ တွေ့တဲ့သူနဲ့သင့်အောင်ပေါင်းဆိုရင် မြတ်စွာဘုရားဟောထားတဲ့ အသေ၀နာစ ဗာလာနံ၊လူမိုက်ကိုမမှီဝဲမပေါင်းသင်းနဲ့ဆိုတာကိုဘယ်လိုလုပ်မလဲ။ဖျက်ပစ်လိုက် ရမှာလားတဲ့…………… ဟုတ်တယ်၊ ကျနော်တို့နိုင်ငံမှာဝမ်းနည်းစရာကောင်းတာက လူမိုက်ကို မပေါင်းသင်းနဲ့လို့မြတ်စွာဘု ရားဟောထားတဲ့စကားကိုတော့ လစ်လျူရှု့ထားကြပြီး ဘယ်သူရေးမှန်းမသိတဲ့ တွေ့တဲ့သူနဲ့ သင့်အောင်ပေါင်းဆိုတာကို တွင်တွင်ကျယ်ကျယ်ကြီး
သုံးစွဲနေကြလက်ခံကျင့်သုံးနေကြတာဟာလုံးဝကိုမသင့်လျော်ပါဘူး။ဒါကြောင့်စာရေးသူတို့ နိုင်ငံဟာလူမိုက်တွေတစ်နေ့တခြားပိုပိုများများလာ နေခြင်းဖြစ်ပါတယ်။ စာရေးသူသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာစာသင်နေစဉ်ကဖြစ်ပါတယ်။ တစ်နေ့ စာရေးသူတို့နေတဲ့မန္တလေးဆောင်က သူငယ်ချင်းတစ်ပါး အပြင်ကပြန်လာပြီးကျန်တဲ့သူ ငယ်ချင်းတွေကိုကြွားနေပါတယ်။သူစာအုပ်ဈေးပွဲတော်ကိုရောက်ခဲ့ကြောင်း အဲဒီဈေးပွဲတော်မှာ ၀န်းကြီးချုပ်ခင်ညွှန့်နဲ့အတူတူဓါတ်ပုံရိုက်ခဲ့ရကြောင်းကိုကြွားနေပါတယ်။ကျန်နားထောင်နေတဲ့ သူတွေကို သူနဲ့အတူတူမလိုက်ခဲ့လို့ဒီလိုအခွင့်အရေးမျိုးမကြုံရသလိုပြောနေပါတယ်။ စာရေးသူက အဲဒီသူ ငယ်ချင်းကိုပြောလိုက်ပါတယ်။ဟေ့သူငယ်ချင်း မင်းကကွာတစ်ကမ္ဘာလုံးက သူခိုးဂျပိုးလို့သတ်မှတ် ထားတယ်၊ပြီးတော့ ကိုယ်တိုင်းပြည်ကို ကိုယ်ပြန်ဖျက်ဆီးနေတဲ့ သူခိုးတွေနဲ့ဓါတ်ပုံရိုက်ခဲ့ရတာကို ဂုဏ်ယူနေတော့မင်းရင်ထဲမှာကိုယ်က သူခိုးစိတ်ရှိနေလို့ပေါ့ကွလို့ပြောလိုက်ပါတယ်။တို့ကတော့ အဲဒီလူမိုက် လူယုတ်မာတွေနဲ့ဓါတ်ပုံရိုက်မဲ့အစား နွားကျောင်းသားနဲ့တွဲဓါတ်ပုံရိုက်ပြီး ဂုဏ်ယူ မယ် ကွလို့ပြောလိုက်ပါတယ်။သူလဲဆက်မပြောရဲတော့ပဲပါးစပ်ပိတ်သွားပါတယ်။ စာရေးသူသာ ၀င်မပြောရင် ဆက်ပြီးကြွားနေအုံးမှာပါ။ဒါဟာသူတစ်ယောက်ထဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာတော်တော်များများဒီအတိုင်းဖြစ်နေကြတာပါ။ဟီရိဆိုတဲ့ အရှက်တရား မရှိကြတော့ ပါ ဘူး။ရှက်ရမှန်းကြောက်ရမှန်းမသိကြတော့ပါဘူး။
မဟနဆရာတော်ကြီးတွေကြည့်ပါလားကိုယ့်တိုင်းပြည်ကိုယ့်သာသနာကိုဖျက်ဆီးနေတဲ့လူယုတ်မာ ဗာလဗိုလ်ချုပ်ကြီးတွေကို ပေါင်းသင်း နေရတာ ကိုကျေနပ်နေကြပါတယ်။မျက်နှာတွေမှာပြုံးပျော်နေ ကြပါတယ်။ကိုယ်ကိုယ်တိုင်သာသနာ့ခေါင်းဆောင်လုပ်ပြီးတော့ မြတ်စွာ ဘုရားရှင်ရဲ့တရားတော် တွေကိုမလိုက်နာပဲ လူမိုက်တွေခိုင်းတာမှန်သမျှလုပ်နေတာဟာမြတ်စွာဘုရားကိုစော်ကားခြင်းပါပဲ။ ပြီးတော့ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တွေဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ တို့အဂ္ဂမဟာဂန္ဓ၀ါစကတို့ ဆို့တဲ့ဘွဲ့တံဆိပ်တွေကို ဒီဘာမှမတက်တဲ့ သာသနာ ဖျက်တွေဆီမှာ ပိုက်ဆံသိန်းနဲ့ချီပေးပြီးသွားယူနေကြတာဟာ အလွန်ကိုအရှက်မရှိရာကြပါတယ်။ မြတ်စွာဘုရားရှင်သာသက်တော်ထင်ရှားရှိနေသေးရင် အဲဒီလိုအရှက်မရှိပုဂ္ဂိုလ်တွေကို ပေးနေကြ ဖြစ်တဲ့မောဃပုရိသ အချီးနှီးသော ပုဂ္ဂိုလ်ဆိုတဲ့ဘွဲ့ကိုတော့ရကြမှာသေချာပါတယ်။မြန်မာနိုင်ငံကြီး ဘာလို့ဒုက္ခတွေရောက်နေတာလဲဆိုရင်မြတ်စွာဘုရားရှင်ရဲ့စကားတွေကို မလိုက်နာကြလို့လက် တွေ့မကျင့်သုံးကြလို့ဖြစ်ပါတယ်။အသေ၀နာစ ဗာလာနံဆိုတဲ့ မင်္ဂလာတရားတော်ကိုရွတ်ဆိုရုံပဲ ရွတ်ကြပြီးတော့ လက်တွေ့မကျင့်သုံးကြပါဘူး။ဆရာအောင်သင်းပြောသလို အရွတ်ကြီးပဲဆိုတော့ တစ်ဆယ်သားငါးကျပ်ပဲရတာပေါ့။တန်ဖိုးမထွက်ဘူးပေါ့။ မင်္ဂလာတရား၃၈ပါးထဲက အခုဆွေးနွေး ပြနေတဲ့ အသေ၀နာစ ဗာလာနံ လူမိုက်ကိုမမှီဝဲမပေါင်းသင်းနဲ့ဆိုတာကို လိုက်နာကြည့်ပါ ဒီနေ့ တစ်နိုင်ငံလုံးလိုက်နာကြည့် ဒီနေ့ဒီမိုကရေစီရပါမယ်။ အားလုံးသိကြတဲ့အတိုင်း ချက်သမ္မတနိုင်ငံဟာ လူမိုက်ကို မပေါင်းသင်းနဲ့(အသေ၀နာစဗာလာနံ)ကိုလက်တွေ့လိုက်နာကြလို့ဒီမိုကရေစီရသွား တာဖြစ်ပါတယ်။သူတို့နိုင်ငံမှာစစ်တပ်က အာဏာ သိမ်းထားတော့ ဒီလူမိုက်တွေခိုင်းတာတော့ဒို့မလုပ်နိုင်ဘူးသူတို့နဲ့မပေါင်းဘူးဆိုပြီးဝန်ထမ်းတွေအကုန်လုံးနီးပါး နှုတ်ထွက်ကြပါတယ်။အလုပ်တွေမဆင်းကြတော့ပါဘူး။ရုံးတွေဖွင့်မည့်သူမရှိလို့ပိတ်ထားလာရ ပါတယ်။ဆရာဝန်တွေကလည်းသူတို့လက်အောက် တော့ မလုပ်ဘူးရရာအလုပ်တံမြက်စည်းလှည်းတာကအစ လုပ်ကြပါတယ်။ ကျောင်းဆရာတွေကလည်းနှုတ်ထွက်ကြပါတယ်။ပြည်သူတွေဝန်ထမ်းတွေတက်ညီလက်ညီ ၀ိုင်းတော်လှန်လိုက်ကြလို့ ပြည်သူ့လက်ကိုအာဏာပြန်လွဲအပ်ခဲ့ရပါတယ်။ဒါဟာအသေ၀နာစ ဗာလာနံ လူမိုက်ကိုမပေါင်းသင်းနဲ့ဆိုတာကိုလက်တွေ့ကျင့်သုံးကြလို့လက်တွေ့အကျိုးခံစားရခြင်း ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံဟာဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်တယ်တာပြောတာ ဒါပေမဲ့ဘုရားရဲ့စကား ကိုမလိုက်နာကြသူတွေ မကျင့်သုံးကြသူ တွေများပါတယ်။မဟနဆရာတော်တွေ ပါမောက္ခ တွေ ဒေါက်တာတွေ ကျောင်းဆရာ၊ဆရာမတွေ တော်တော်များများ အရှက်မရှိကြ တော့ပါဘူး။ဗိုလ်ချုပ် ကြီးတွေခိုင်းတာကို လုပ်ရတာကိုပဲဂုဏ်ယူနေကြပါသေးတယ်။ မှတ်မှတ်ရရ စာရေးသူသာသနာ့ တက္ကသိုလ် နေစဉ် ကဖြစ်ပါတယ်။ဆရာကြီးကနေပြီးပြောပါတယ်။အရှင်ဘုရားတို့ရဲ့ ခေါင်းဆောင် မဟန ဆရာတော်တွေမှာ အရှက်တရား မရှိကြ တော့ ဘူးတဲ့။ဗိုလ်ချုပ်ကြီးတွေခိုင်းတာမှန်သမျှအကုန် လိုက်လုပ်ပေးနေကြတယ်။တပည်တော်တို့ရန်ကုန်မန္တလေး တက္ကသိုလ် အစည်းအဝေးမှာ မဟန ဆရာတော်တွေထဲကတစ်ပါးဖြစ်တဲ့ မုံရွာ ဦးစန္ဒိမာကနေပြီး ထပြောတာက အရှင်ဘုရားတို့အခု မူလတန်း၊ပထမငယ်တန်း ၊ပထမလက်တန်း၊ပထမကြီးတန်းစာမေးပွဲတွေမှာ မြန်မာစာမသင်ရဆိုပြီး ပြဌာန်းပြီးပါပြီ။တက္ကသိုလ်မှာလဲ မြန်မာစာ မသင်ရ မြန်မာစာ ပယ်ပေးပါလို့ထပြောပါတယ်။တက္ကသိုလ် ပါမေါက္ခဆရာတော်တွေ ကထိကတွေ မော်ကွန်းထိမ်းတွေ တစ်ပါးမှမပြောရဲပါဘူးငြိမ်နေကြပါ တယ်၊ ကံကောင်းတာက အဲဒီအချိန်မှာဆရာကြီးရှိနေလို့ပါ။ဆရာကြီးကထပြီးအဲဒီကိုယ်တော်ကို မေးလိုက်ပါတယ်။အရှင်ဘုရားက တက္ကသိုလ်မှာမြန်မာစာပယ်ပေးပါ၊ မြန်မာစာမသင်ရလို့ပြောရ အောင် မြန်မာစာဘယ်လောက်တတ်ပါသလဲ၊ဘယ်လောက်ကျွမ်းကျင်ပါသလဲလို့ ဆရာကြီးက မေးလိုက်ပါတယ်။မတတ်ပါဘူးဆရာကြီးလို့ပြောပြီးပြန်ထိုင်သွားပါတယ်။ဆရာကြီးက ဆက်ပြောပါတယ်၊တက္ကသိုလ်မှာသံဃာတော်တွေဘီအေ၊အမ်အေဘွဲ့ယူစာတမ်းတွေရေးနေကြတာမြန်မာစာနဲ့ရေးပြီးတင်နေတာ မြန်မာစာမသင်ပဲ ဘယ်လိုရေးကြမှာလဲလို့ဆရာကြီးပြောတဲ့အခါ ဘာမှပြန်မပြောနိုင်ပါဘူး။ပြီးတော့ ဆရာကြီးက ကိုယ်မကျွမ်း ကျင်တဲ့အရာကိုမပြောရဘူး၊ ကိုယ်ကိုယ်တိုင်ကျွမ်းကျင်မှဘာကြောင့်ပယ်သင့်တယ်ဘာကြောင့်မပယ်သင့်ဘူးဆိုတာကိုပြောရတယ်လို့ပြောလိုက်ပါတယ်။ မဟန ဆရာတော်တွေ နအဖ ဗိုလ်ချုပ်ကြီးတွေခိုင်းတာ မှန်သမျှ လုပ်သင့် မလုပ်သင့် ပြောသင့်မပြောသင့် မစဉ်းစားနိုင်ကြတော့ပါဘူး။ခိုင်းတာမှန်သမျှအကုန်လိုက် လုပ်နေရတယ်ဆိုတာ ဒါဟာသက်သေ သာသဓက တွေဖြစ်ပါတယ်။မဟန ဆရာတော်တွေဟာ နအဖဗိုလ်ချုပ်ကြီးတွေခိုင်းတာမှန်သမျှလိုက်လုပ်နေရတာကိုရေးပြရင်ကုန်နိုင်ဘွယ်မရှိပါဘူး။ အများကြီးကျန်ပါသေးတယ်။ဆရာကြီးကစာရေးသူတို့ကိုစာချရင်းပြောပါတယ်၊ တပည့်တော်အဲဒီ မဟန ဆရာတော်ကိုမေးစဉ်က မြန်မာစာတတ်ပါတယ်ပြောရင် မြန်မာစာမေးပြီး လူလယ်ကောင်မှာအရှက်ခွဲမလို့တဲ့။ ကံကောင်းလို့မတတ်ဘူးပြောပြီးပြန်ထိုင် သွားလို့ပါ။ ဆရာကြီးကစာချရင်းဆက်ပြောပါတယ်။ တပည့်တော်စစ်တက္ကသိုလ်မှာစာသင်ပြပေး ဘူးတယ်တဲ့။တပည့်တော်သင်ပြတဲ့အုပ်စုတွေက ဗိုလ်ချုပ်ထွန်းကြည်တို့အုပ်စုတွေလို့ပြောပါတယ်။ သူတို့တိုင်းမှူးတွေ ၀န်းကြီးတွေ ဖြစ်နေကြတော့ဆရာကြီးဆီလာကြတယ်၊ဆရာကြီးဘာလိုလဲ လိုတာပြောပါ၊ ပြီးတော့ဆရာကြီးကို ဘွဲတံဆိပ်တွေလဲချီးမြင့်ချင်လို့ပါလို့ပြောတော့ ဆရာကြီးက ဟာမလုပ်ကြပါနဲ့ ငါဒီအတိုင်းနေတာကောင်းပါတယ်။ မင်းတို့ပေးတဲ့ဘွဲ့ယူလိုက်ရင် ငါ့မှာရှိတဲ့သိက္ခာ တွေကျကုန်ပါအုံးမယ်လို့ပြောလိုက်ပါတယ်။ဆရာကြီးကဆက်ပြောပါတယ် တပည့်တော်ကလူပုဂ္ဂိုလ်တဲ့ တပည့်တော်လိုလူပုဂ္ဂိုလ်ကတောင်ငြင်းနိုင်သေးရင် အရှင်ဘုရားတို့ရဲ့ဆရာတော်တွေက ပိုပြီးတော့ငြင်းနိုင်ရမှာပေါ့တဲ့။ အခုတော့အရှက်မရှိ နအဖ ဗိုလ်ချုပ်ကြီးတွေပေးတဲ့အဂ္ဂမဟာပဏ္ဍိသွပ်ကိုပိုက်ဆံပေးပြီး ယူနေကြတာအံ့သြလို့မဆုံးဘူးတဲ့။ တပည့်မကောင်းဆရာ့ ခေါင်းတာကြားဘူးတာ အခုတော့ကိုယ့်ဆရာတော်တွေမကောင်းတော့ အရှင်ဘုရားတို့ဆရာတော်တွေတဲ့ဆရာမကောင်းတပည့်ခေါင်းလာရောက်နေပါပြီ။ကိုယ့်ဆရာတော်တွေကလည်းဆရာကြီးပြောတာကမှနည်းနေသေးတာဆိုတော့ဒီလောက်ပြောပြီးရပ်သွားတာကိုပဲ ကျေးဇူးတင်ရအုံးမှာပါ။ကိုယ့်ဆရာတော်တွေကြောင့် မျက်နှာငယ်နေရတဲ့ဘ၀ကနေ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရပဲ သာသနာ့ဂုဏ်ရောင်ပြန်လည် ထွန်း တောက်လာ စေလာတာကတော့ ၂၀၀၇ စက်တင်ဘာ သံဃာ့ ရွှေဝေါရောင်တော်လှန်ရေးပဲဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ သာသနာ့အာဇာနည်သံဃာတွေက ငါတို့တော့ ပြည်သူကိုနှိပ်စက်ပြည်သူဘဏ္ဍတွေခိုစားရောင်း ထုတ် သံဃာတော်တွေကိုသတ်ဖြတ် သာသနာတော်ကို ဖျက်ဆီးနေတဲ့လူယုတ်မာ ဗာလ ဗိုလ်ချုပ်ကြီးတွေနဲ့တော့ မပေါင်းဘူးဟေ့လို့မြတ်စွာဘုရားရှင်ရဲ့အသေ၀နာစ ဗာလာနံ လူမိုက်ကို မမှီဝဲမပေါင်းသင်းခြင်းသည်မင်္ဂလာမည်သည်ဆိုတာကိုလက်တွေ့လိုက်နာကျင့်သုံးပြလိုက်ခြင်းဖြစ်ပါတယ်။မြန်မာတစ်နိုင်ငံလုံး လှည်းနေလှေအောင်းမြင်းစောင်းမကျန် ရွှေဝါရောင်တော်လှန်ရေး သာသနာ့အာဇာနည်တွေလို အသေ၀နာစ ဗာလာနံ ဆိုတဲ့မြတ်စွာဘုရားရှင်ရဲ့စကားတော်ကိုပြည်သူပြည်သားတွေအားလုံး လက်တွဲညီညီဖြင့် လက်တွေ့ကျင့်သုံးလိုက်နာ ကြမည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် လူယုတ်မာတွေကင်းစင်သော ဒီမိုကရေစီနိုင်ငံကြီးဖြစ်နိုင်ကြောင်းကို ခံစားတင်ပြရင်း............
အသေ၀နာ စ ဗာလာနံ…..လူမိုက်ကိုမမှီဝဲမပေါင်းသင်းခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ပါသည်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
http://www.demowaiyan.co.cc/
ဆင်ဖြူတော်ရူးရူးနေတဲ့ အာဏာပါးကွက်သား သန်းရွှေ
Elusive white elephant could shape Myanmar's future
Elephants hold a special place in the hearts of Southeast Asians. And if it's a white elephant, it becomes a matter of hope and good fortune.
So when an elephant handler spotted the rare elephant in the forested hills behind Ngwe Saung beach in Myanmar, news spiralled through the corridors of power like wild fire.
The military dictatorship of Myanmar led by Senior General Than Shwe immediately dispatched a company of some 50 soldiers, with an entourage of elephant handlers and veterinarians armed with tranquilliser darts, The Independent reported. The search for the rare animal is on at present
White elephants have been objects of reverence and envy. They have brought glory to the kings who possessed them and have been the objects of dreadful wars, launching not ships, but battalions of lesser elephants.
While the military junta hopes that the white elephant prolongs their hold over power even after the country's first elections in more than 20 years. It is a different story that it could do so without the pachyderm, as the Opposition has already decided to boycott the polls following the junta's decision to bar detained opposition leader Aung San Suu Kyi [ Images ] from contesting.
But for Myanmar citizens, the spotting of the albino elephant comes as a ray of hope for peace in the nation, which is dogged by rampant poverty.
The legend of the white elephant originates in tales of the birth of Buddha: A white elephant reputedly appeared before his mother and presented her with a sacred lotus flower. The ancient Burmese kings believed that white elephants were found only during the reign of good kings and that the possession of one would help a country prosper. Conversely, the death of one of these creatures could spell disaster.
http://news.rediff.com/report/2010/apr/02/elusive-white-elephant-may-shape-myanmars-future.htm
ဗမာပြည်မဲဆန္ဒပေးပွဲ အားလုံးပါဝင်ဖို့ ကဆစ်ပြော
ဧပြီ ၃၊ ၂၀၁၀(ဘန်ကောက်ပို့စ်)
Saturday, April 03, 2010
ဆယ်စုနှစ်၂ခုအတွင်း ကျင်းပတဲ့ပထမဆုံး ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံးနဲ့ တိုင်းရင်းသား လူနည်းစုတွေ လွတ်လွတ်လပ်လပ် ပါဝင်စေဖို့ ထိုင်းနိုင်ငံအနေနဲ့ လာမယ့်အပါတ်မှာ ဗမာပြည်က စစ်ခေါင်းဆောင်တွေကို ဖိအားပေးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရိုမြ က ပြောပါတယ်။
"ဗမာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သူ့နိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီအားလုံးပါဝင်ရေးဆိုတဲ့ အပေါ်မှာ ကျနော် စိုး ရိမ်ပူပန်မိတယ်" လို့ မစ္စတာ ကဆစ်က ပြောပါတယ်။
ပြီးခဲ့တဲ့အပါတ်က နေအိမ်ချုပ်ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ လမ်းညွှန်ဥပဒေသစ် တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီမကျဘူးဆိုပြီး ပြစ်တင်ပြောဆိုလိုက်ပြီး ဒီနှစ် နှောင်းပိုင်မှာ လုပ်မယ်လို့ခန့်မှန်းရတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သဘောထားပေးလိုက်ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပေမဲ့ အာဏာရယူဖို့ကို တားမြစ် ခံထားရတဲ့ သူမရဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တနင်္လာနေ့က ရွေးကောက်ပွဲကနေ ဘေးဖယ်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုတော့ ဖျက်သိမ်းခံရမယ့်ပုံပေါ်နေပါတယ်။
စစ်ခေါင်ဆောင်တွေကိုပဲ လွတ်ငြိမ်းခွင့်ပေးပြီး အတိုက်အခံနိုင်ငံရေးသမားတွေ မပါတာကြောင့် ရွေးကောက်ပွဲဥပဒေဟာ ခွဲခြားပြ ဋ္ဌာန်းထားပုံရတယ်လို့ မစ္စတာ ကဆစ်က ပြောပါတယ်။ အိမ်ရှင်အနေနဲ့ကျင်းပတဲ့ မဲခေါင်မြစ်ဒေသကော်မရှင်အစည်းအဝေး ၂ ရက် အတွင်းမှာ ထိုင်းနိုင်ငံက ဗမာနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံရေးပါတီအားလုံး ပါဝင်ရေးကိစ္စကို တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ နောက်အပတ် ဟနွိုင်းမှာကျင်ပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဗမာခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ ၀န်ကြီးချုပ် အဘိဆစ် ဝေ့ ချာချီဝ က လည်း ဒီကိစ္စကို တင်ပြဆွေးနွေးမှာဖြစ်ပါတယ်။လို့ သူက ပြောပါတယ်။
ဒီသီတင်းပါတ်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဗမာပြည်မှာရှိနေမှာ ဖြစ်တယ်။ "သူက အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ စိုးရိမ်ပူပန်မှုကို ဆွေးနွေးမှာ ဆိုတာတော့ ကျနော် အာမခံတယ်" လို့ မစ္စတာ ကဆစ် က ပြောပါတယ်။
http://www.naytthit.com/internationalnews/2010/april10/bl-april3.html
ဗမာပြည်မှ အစိုးရဟု သမုတ်သော သူခိုးကြီးများအတွက်
Saturday, April 03, 2010
နောက်လိုက်ကောင်းများဖြစ်ကြရန်လိုသည်
"လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ" ဆိုတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ လူမိုက်ရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး လုပ်နေခဲ့တဲ့ နိုင်ငံရေးမျိုးကို မလုပ်တော့ဘူးဆိုပြီး စည်းခြားလိုက်တာဟာ မင်္ဂလာတစ်ပါးပါ။
NLD ရွေးကောက်ပွဲဝင်သင့်တယ်လို့ ပြောနေကြတဲ့ သူတွေ ...... လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိတယ်ဆိုပေ မယ့် တရားမျှတမှု၊ လွတ်လပ်မှု၊ အခြေခံလူ့အခွင့်အရေးတွေ ဘာတစ်ခုမှ မရှိတဲ့ အနေအထားမှာ .....၀င်သင့် တယ်လို့ ပြောနေကြတာဟာ NLD အဖွဲ့ချုပ်အနေနဲ့ရော၊ အဖွဲ့ဝင်တစ်ဦးချင်းကိုရော သမိုင်းမှာ နာမည်ပျက် ချင်ပျက်ပါစေဆိုတဲ့ သဘောပါနေပါတယ်။ ပြည်သူအတွက် အလုပ်လုပ်ခဲ့၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများဟာ ဘယ်တော့မှ သမိုင်းမသေခဲ့ပါဘူး။ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။
NLD ရဲ့ မူဝါဒမှာရော၊ ကျနော်တို့ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီဆိုတာမှာရော အခြေခံထားတာ တရား မျှတမှု၊ လွတ်လပ်မှုနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ပြည်သူတိုင်း ရယူခံစားနိုင်ဖို့ပါ။ အဲဒီအတွက် တိုက်ပွဲဝင်နေတာပါ။ အဲဒီအတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတာပါ။ နိုင်ငံရေး (စစ်မှန်တဲ့နိုင်ငံရေး စကားလုံးအသုံးအနှုန်းကိုမဆိုလိုပါ။) လုပ်စားဖို့ ၊ ဆိုင်းဘုတ်နဲ့အလံကျန်နေရုံ ရပ်တည်ဖို့မဟုတ်ပါဘူး။
ကျနော်တို့ဟာ NLD ကို အမှန်တရားဆိုတဲ့ Icon ပေါ်မှာပဲ ရပ်တည်နေစေချင်ပါတယ်။ လူမိုက်နဲ့ အလိုက်သင့် လိုက်လျောညီထွေနေမယ် အဲဒါဟာ ပြည်သူတွေအတွက် ရတဲ့ဘက်က နိုင်တဲ့ဘက်က တိုက်ပွဲဝင်နေတာဆိုရင် အဲဒါဟာ တကယ်တမ်းပြောရမယ်ဆိုရင် အခု ပြည်သူအတွက်ပါ ပြည်သူအတွက်ပါလို့ ကုန်းကုန်းအော်နေတဲ့ ဟိုယောင်ယောင်ဒီယောင်ယောင်ပါတီတွေနဲ့ တစ်တန်းတစ်စားတည်း ဖြစ်သွားမှာပေါ့။ NLD ရွေးကောက်ပွဲဝင်မှ ပြည်သူတွေအတွက် ကြည့်ရာရောက်မယ်ဆိုသူများ၊ ဒါမှမဟုတ် NLD ဆုံးဖြတ်ချက်ကို မှားတယ်ဆိုသူများ (အချို့က ပြည်သူတွေလို့ သုံးနှုန်းကြပါတယ်။) အခုမှ NLD အတွက် ၀မ်းနည်းပက်လက်ဖြစ်နေသူများကို ပြောချင်တာကတော့ သမိုင်းဟာ အမှားအမှန်ကို ခွဲခြားပါလိမ့်မယ်။
တကယ်လိုအပ်နေတာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ခြင်းမတင်ခြင်း မဟုတ်။ ရွေးကောက်ပွဲဝင်ခြင်းမ၀င်ခြင်း မဟုတ်။ အခုအချိန်မှာ ပြည်သူအတွက် ဦးဆောင်ဦးရွက် အနစ်နာခံ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ (ဒီမိုကရေစီအင်အားစုတွေ) တစ်သွေးတည်း တစ်သားတည်းဖြစ်ဖို့ပါပဲ။ ဒီလိုမဖြစ်သရွေ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဟာ ဝေးနေ အုံးမှာပါ။ ကျနော်တို့ရဲ့ ခေါင်းဆောင်လို့ ချစ်ခင်ယုံကြည်တဲ့ ကြည်ညိုလေးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ဟာ ဟန်ချက်ညီညီ ၀န်းရံနိုင်ရမယ်။ ဒေါ်အောင်ဆန်းစုကြည် လျှောက်မယ့်လမ်းကို ကျနော်တို့ဟာ မမှိတ်မသုန် ယုံကြည်အား ကိုးစွာနဲ့ လိုက်ပါ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ခေါင်းဆောင်ကောင်းရဲ့နောက်မှာ ကျနော်တို့ဟာ နောက်လိုက်ကောင်းများ အဖြစ် တကယ်ကို ၀န်းရံနိုင်တဲ့နေ့ဟာ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မလွဲဧကန် မုချ ရောက်ရမှာပါ။
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခုဒီဥပဒေတွေဟာ NLD အတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေ အများကြီးပါနေပါ တယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အင်အားတရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာရောက်ပါတယ်။ ပြည် သူလူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ်ဒီမိုကရေစီလိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်းစုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါတော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီတက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကားပါးခွင့်ရတာ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...
အာဇာနည်များ၏ရပ်တည်ချက်
သူ့ ပထွေးပိုင်တဲ့သစ်တောကျနေတာဘဲ..ပြုန်းနေအောင်ခုတ်နေတာ နအဖ
တရားမ၀င်သစ်ခိုးထုတ်မှု နအဖ စစ်ဗျူဟာမှူး(မိုးမိတ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ၀င်းမြင့်ထွန်း)တိုက်ရိုက်ပတ်သက်
Friday, 02 April 2010 17:04 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း တရားမ၀င်သစ်များ ခုတ်ဖြတ် တင်ပို့ရောင်းချရာတွင် နအဖစစ်ဗျူဟာ မှူး ကိုယ်တိုင် တိုက်ရိုက်ပတ်သက်ကြောင်း စုံစမ်းသိရှိရပါသည်။
သျှမ်းပြည်ထွက် သစ်များမတ်လဆန်းပိုင်းကစ၍ မြန်မာစစ်တပ်က ကချင် နှင့် သျှမ်းပြည် (မြောက်ပိုင်း) နယ်စပ်သစ်တောများအတွင်း တရားမ၀င်သစ်ထုတ်သူများ ကို တောနင်းရှာဖွေနေသည့်ကြားက သစ်ခိုးထုတ်မှုများ ဆက်ရှိနေခြင်းဖြစ်သည်။
“ မိုးမိတ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ၀င်းမြင့်ထွန်းကိုယ်တိုင်တောနင်းပြီး ရှာနေတာ ငွေပေးထားတဲ့ တရုတ်လောပန်းတွေရဲ့ သစ် တွေကို တော့ တစ်ဖက်လှည့်နဲ့လွတ်ပေးတယ် ငွေမပေးနိုင်တဲ့ တိုင်းရင်းသားသစ်သမားတွေကိုတော့ဖမ်းတယ်ဘယ်လို ပဲ ဖမ်းဖမ်း ငွေပေးရင် သွားနိုင်တာပဲ ” ဟု သစ်ကုန်သည်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ် မံစီ၊ ရွှေကူ နှင့် သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် အတွင်းရှိ သစ်တောများမှ ကျွန်းနှင့် သတ်မလန်း သစ်မာများ တင်ဆောင်လာသည့် သစ်ကားများသည် တရုတ်နယ်စပ် နမ့်ခမ်းမြို့ တစ်ဘက်ကမ်းရှိ နောင်တောင်းရွာသို့ တစ်ရက် ကား ၁၀ စီးခန့် နေ့စဉ် ၀င်ရောက်နေဆဲ ဖြစ်ကြောင်းသိရသည်။
မြန်မာစစ်တပ်၏ တရားမ၀င်သစ်ထုတ်မှု နှိမ်နှင်းရေးမှာ အရာမရောက်သကဲ့သို့ ရှိပြီးသစ်များ တရုတ်နယ်စပ်ဘက် ဆက် ထုတ်ရန် ရှိသေးကြောင်း သစ်ကုန်သယ်အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လတ်တလောတွင် မံစီမြို့နယ် နန့်ဟန်ရွာ သစ်တောအတွင်း ခုတ်လှဲထားသည့် သစ်များအား တရုတ်နယ်စပ် ဘက်ထုတ် ရန်ရှိသေးကြောင်း သိရသည်။
“လောလောဆယ် နန့်ဟန်နဲ့ ကျူးစွန်တောင် တစ်ဝိုက်မှာ ခုတ်ထားတာက ကျွန်းနဲ့ သတ်မလန်းသစ်တွေချည်းပဲ အခု နန့်ဟန် ဘက်ကနေ သစ်လမ်းကြောင်းထပ်ဖွင့်ဖို့လုပ်နေတယ် တရုတ်ဘက်ခြမ်းမှာ သစ်ကားအစီး ၃၀၀ လောက် အသင့်စောင့်နေ တယ် ” ဟု သူက ဆိုသည်။
မတ်လဆန်းအတွင်း ကချင်ပြည်နယ် သစ်တောညွှန်ချုပ်၏သားနှင့် အောင်မိုင်ကုမ္ပဏီတို့က တရုတ်နယ်စပ်ဘက် သစ်ကား အစီးရည် ရာချီပို့ဆောင်ခဲ့ရာ သစ်တန်ချိန် ၃၀၀၀ ကျော်ခန့် သယ်ထုတ် ပြီးကြောင်း သိရသည်။
မြန်မာစစ်ကြောင်းများ၏ သစ်မှောင်ခို ဖမ်းဆီးမှုတွင် ဒေသတွင်းတစ်ပိုင်တစ်နိုင် သစ်ခုတ်နေသည့် ဒေသခံများသာအဖမ်းခံ ရကြောင်း သိရသည်။
ရွှေဝါရောင်တော်လှန်ရေးရဲ့ အခမ်းဆက်..
ဒီပဲရင်း.လုပ်ကြံမှုအရေးအခင်းကြီးအကြောင်းစုံ
Welcome to Burma
အကြံအဖန် ကုလားဖန် ထိုးနေတဲ့ ကြံဖွံ့ အလံရှုးများ
ကြံ့ဖွံ့အဖွဲ့ မဲရရန် လမ်းခင်းပေးလျှက်ရှိ
Friday, 02 April 2010 13:42 လွန်းဒင်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှ ကြံ့ဖွံ့ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း)များ ရွေးကောက်ပွဲအတွက် မဲရရှိရန် စည်းရုံးသည့် အနေဖြင့် ရပ်ကွက်လမ်းများကို ပြင်ပေးနေကြောင်း မြို့ခံတဦးက ပြောသည်။
၎င်းအဖွဲ့သည် လူထုအကျိုးအတွက် လမ်းပြင်ပေးခြင်းမဟုတ်ပဲ ရွေးကောက်ပွဲတွင် အသင်းဝင် အင်အားတိုးလာရန်လူထုအပေါ် အကြပ်ကိုင် သည့် စည်းကမ်းများထုတ်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့အသင်းက ပြင်ပေးမယ့်လမ်းဘေး ဝဲယာမှာ နေကြတဲ့ အိမ်ထောင်စုတွေထဲက အနည်းဆုံး တအိမ်ထောင်ကို တယောက် ကြံ့ဖွံ့အသင်းကို မဝင်မနေရ ဝင်ခိုင်းတယ်၊ အဲဒီလမ်းထဲကလူတွေက အသင်းဝင်ဖို့ ငြင်းဆန်ခဲ့ရင် အခြားလမ်းတလမ်းကိုပဲ သွားပြင်ပေးမယ်လို့ သန်လျင်မြို့နယ် ကြံ့ဖွံ့အမှုဆောင်တွေက ရပ်ကွက် (ရယက) ရုံးမှာ အစည်းအဝေးခေါ်ပြီး ပြောတယ်” ဟု ပြောသည်။
လမ်းကို မြေညှိ၊ ကျောက်ခင်းသည့် အချိန်ကစ၍ ကတ္တရာခင်းပြီးအထိ ပြည်သူများက တအိမ်ထောင်လျှင် တယောက် ကိုယ့်အားကိုယ် ကိုး ပါဝင်လုပ်အားပေးရမည်ဆိုသည့် စည်းကမ်းချက်ခုလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စည်းကမ်းချက်များသည် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ဥပဒေများ နှင့် ညှိစွန်းကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။
“ရပ်ကွက်ပြည်သူတွေကတော့ ကြံ့ဖွံ့အသင်းမတရားလုပ်တာ သိနေပေမယ့်လည်း ကိုယ့်အိမ်ရှေ့လမ်း ကတ္တရာမခင်းပေးမှာစိုးတဲ့အတွက် ကြောင့် ပြန်မပြောရဲပဲ ငြိမ်ခံနေကြတာ၊ ကိုယ့်အိမ်ရှေ့ကိုယ် အနက် (၂) ပေ၊ အကျယ် (၁) ပေရှိတဲ့ ရေမြောင်းတခုကိုပါ တူးပေးရမယ်လို့ ရပ်ကွက် ရယကနဲ့ကြံ့ဖွံ့တွေက လိုက်ပြောနေကြတယ်” ဟု ပြောသည်။
အသင်းက ခင်းပေးသည့်လမ်းများမှာ ထန်းပင်ကုန်း(၁)လမ်း (ထန်းပင်ကုန်းရပ်ကွက်)၊ နှင်းဆီလမ်း (မြို့မတောင်ရပ်ကွက်)၊ ရွာသစ်လမ်း (ဗိုလ်ချုပ်ကျေးရွာ)၊ ဗိုလ်ချုပ်ကျေးရွာတောင်ပိုင်းလမ်းနဲ့ သောက်တော်တွင်းရပ်ကွက်လမ်းတို့ဖြစ်သည်။
ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရလက်အောက်ခံ လူမှုရေးအဖွဲ့များနှင့် ၎င်းတို့ ကျောထောက်နောက်ခံ ပြုထားသည့်အဖွဲ့များ အနေဖြင့် လူထုစည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိသည်။
http://www.yoma3.org/index.php?option=com_content&view=article&id=524:2010-04-02-06-43-33&catid=41:2008-09-21-07-44-45&Itemid=124
စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ပြင်သစ် ထပ်မံတိုက်တွန်း
Summary
02 April 2010
မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးအတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းအစိုးရက ပြောလိုက်သလို၊ မကြာခင်ကမှ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ပြင်သစ် အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီးကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ထားတဲ့ နော်ရှိုးက အပြည့်အစုံကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေး အတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်ပိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Chavanond Intarakomalyasut က ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောခဲ့ပါတယ်။
"မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး အားလုံးပါဝင်နိုင်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ အဲသလိုဖြစ်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် စစ်အစိုးရဘက်က ဘာအကူအညီပဲတောင်းလာလာ ကျနော်တို့က ကူညီဖို့အသင့်ပါ။ ပြည်တွင်းရေးကိုတော့ သွားရောက် မစွက်ဖက်ပါဘူး။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးဆုံး နိုင်ငံတွေထဲက တခုပါ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းတာကို မြင်ချင်ပါတယ်။ အဲဒါမှလည်း ကျနော်တို့အတွက် ပြဿနာတွေကို ပိုနည်းသွားမှာဖြစ်ပါတယ်။"
တခါ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ခွင့် ရနိုင်မှသာလျင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင် မယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Kasit Piromya က အေပီသတင်းဌာနဲ့ အမေးအဖြေလုပ်ရာမှာ ပြောခဲ့တာပါ။ မြန်မာ့နိုင်ငံရေးဖြစ် စဉ်မှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်မရတာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရတယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit က ပြောခဲ့တာကိုလည်း အေပီသတင်းမှာ ကိုးကားထားပါတယ်။
ထိုင်းအစိုးရဘက်က အခုလို ထုတ်ဖော်ပြောကြားမှုတွေရှိတာကြောင့် ဒီနေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့်မဲခေါင်းမြစ်ဝှမ်း ၆ နိုင်ငံအစည်းအဝေး နဲ့ နောက်အပတ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေ အတွင်းမှာလည်း ထိုင်းခေါင်းဆောင် တွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိလိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။
တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နေပြည်တော်မှာ မြန်မာစစ်အစိုးရရဲ့  ဒုငံခြားရေးဝန်ကြီး ဦးမောင်မြင့်အပြင် တခြားစစ် ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီး Francois Zimeray ကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်တွေကို ပြောခဲ့ ကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပြခဲ့ပါတယ်။
"နိုင်ငံရေးအတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတဲ့ ရွေးကောက်ပွဲကို အယုံ မကြည်ရှိနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner စကားပါးလိုက် တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။"
အခုလိုပြောကြားချက်တွေကို စစ်ခေါင်းဆောင်တွေဘက်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ ဆိုတဲ့မေးခွန်းကိုတော့ သံအမတ်ကြီး Zimeray က ခုလိုပြောပါတယ်။
"သူတို့က တုံ့ပြန်တာက တဆင့်ပြီးတဆင့်သွားရမယ်။ ရောမမြို့ကို တရက်တည်းနဲ့ မဆောက်ဘူးတဲ့။ ဒါပေမဲ့ နေပြည်တော်ကိုကျတော့ ၂ နှစ်အတွင်း ဆောက်တယ်လို့ ကျနော်ကတော့ ပြန်ပြောလိုက်ပါတယ်။"
မြန်မာနိုင်ငံမှာရှိနေတုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေတချို့အပြင် တခြား လူထုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ် တချို့ကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ သံအမတ်ကြီး Zimeray က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းပေမဲ့ မရခဲ့ ဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေတဆင့် အခု ထိုင်းနိုင်ငံကိုရောက်နေပြီး မနေ့က အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ Surin Pitsuwan နဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတွေးအမြင်ချင်း ဖလှယ်ခဲ့တယ်လို့ သံအမတ်ကြီး Zimeray က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ နေ့ကလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရ မြန်မာ့နိုင်ငံ ရေးမှာ အရေးပါသူတွေ အားလုံး ပါဝင်ခွင့်မပေးထားတဲ့အတွက် စိတ်ပျက်ရကြောင်းနဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာ နိုင်ငံတကာက အယုံအကြည်ရှိနိုင်မှာမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
http://www.voanews.com/burmese/2010-04-02-voa8.cfm
ကျောက်မျက် ရတနာ စုစုပေါင်း ရောင်းရငွေ ယူရိုသန်း ၄၀၀ကျော် ကျောက်စိမ်း အတွဲပေါင်း ၇,၀၀၀ ကျော်ရောင်းရ
တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ပုဂ္ဂလိက ကျောက်မျက် ရတနာ ရောင်းဝယ် ရေး ကုမ္ပဏီ ပေါင်း ၃၀၀ကျော် ပါဝင်သော ၄၇ကြိမ်မြောက် ကျောက်မျက် ရတနာ ရောင်းချ ပွဲကို ၂၀၁၀ပြည့်နှစ်၊ မတ် ၇ရက်မှ ၂၀ရက် အထိ မြန်မာနိုင်ငံ၏ စီးပွား ရေး မြို့တော် ဖြစ်သော ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ မင်း ဓမ္မလမ်းရှိ မြန်မာကွန် ဗင်းရှင်း စင်တာ MCC ခန်းမ၌ ကျင်းပ ပြီးစီးခဲ့ရာ မြန်မာ့ ကျောက်စိမ်း အတွဲပေါင်း ၇,၀၀၀ ကျော် ထူးခြား စည်ကားစွာ ရောင်း ချ နိုင်ခဲ့ပြီး ကျောက်မျက် ရတနာ စုစုပေါင်း ရောင်းရငွေ ယူရို သန်း ၄၀၀ ကျော်ခန့် ရရှိကြောင်း ပြည်တွင်း ကျောက်မျက် ကုမ္ပဏီ ပိုင်ရှင် တစ်ဦး၏ ပြောပြချက် အရ သိရသည်။
ကုမ္ပဏီ ၃၀၀ ကျော်
၄၇ ကြိမ်မြောက် ကျောက်မျက် ရတနာ ရောင်းချ ပွဲတွင် မြန်မာ စီးပွားရေး ကော်ပိုရေး ရှင်း၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေးနှင့် အကျိုးတူ ပူးပေါင်း ရောင်းချသော ကုမ္ပဏီများနှင့် တိုင်းရင်းသား စီးပွားရေး လုပ် ငန်းရှင် ပုဂ္ဂလိက ကျောက်မျက် ရတနာ ကုမ္ပဏီ ပေါင်း ၃၀၀ ကျော် ပါဝင် ရောင်းချ ခဲ့သည်။
ရတနာ ကုန်သည် ၆,၀၀၀ ကျော်
အဆိုပါ ပြပွဲတွင် ကျောက်စိမ်း အတွဲ ပေါင်း ၁၀,၃၀၀ ခင်းကျင်း ပြသ ခဲ့ရာ မြန်မာ့ ကျောက်စိမ်း အတွဲ ပေါင်း ၇,၀၀၀ ကျော် အား ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များ က ၀ယ်ယူ သွားကြသည်။ ယခုနှစ် နှစ်ဦးတွင် ကျောက်မျက် ရတနာ ပြပွဲသို့ ပြည်တွင်း၊ ပြည် ပ ရတနာ ကုန်သည် ၆,၀၀၀ ကျော် လာ ရောက် ၀ယ်ယူ ကြသည်။
ခရီးသွား အကျိုးရှိ
၄၇ ကြိမ်မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲသည် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည် အများဆုံး လာရောက် သည့် ပွဲဖြစ် သည် နှင့် အညီ မြန်မာ နိုင်ငံ၏ ခရီးသွား လုပ် ငန်းနှင့် ဆက်နွှယ် နေသော ဟိုတယ်၊ မိုတယ်၊ စားသောက် ဆိုင် နှင့် အငှား မော်တော်ယာဉ် မောင်း သူများ လည်း အလွန် အကျိုးရှိ အလုပ် ဖြစ်ကြ ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦး က ပြောပြသည်။
ရက်ပေါင်း ၉၀
ကျောက်စိမ်း အတွဲ ၇,၀၀၀ ကျော် အား တရုတ်၊ ဟောင်ကောင် နှင့် တရုတ် (တိုင်ပေ) ရတနာ ကုန်သည် များက ၀ယ်ယူ ကြပြီး မြန်မာ့ ပုလဲနှင့် ကျောက်မျက် ရတနာ များအား ဥရောပ ရှိ ရတနာ ကုန်သည်များ က ၀ယ် ယူကြသည်။
ဝယ်ယူပြီး ကျောက်မျက်နှင့် ကျောက် စိမ်း အတွဲများအား ရက်ပေါင်း ၉၀ အတွင်း တွင် ပထမအရစ် ယူရို ၁၀ ရာခိုင်နှုန်း ပေး သွင်း၍ ကျန်ငွေနှင့် ကုန်ပစ္စည်းများ ကို ရက် ပေါင်း ၉၀အတွင်း ငွေပေးသွင်း ထုတ်ယူ နိုင် ရန် ကျင်းပရေး ကော်မတီက စီစဉ် ပေးထား ကြောင်း သိရသည်။
စောလှိုင်ဝင်း
http://www.themyanmarpost.com/2010/04/%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%80%E1%80%B9-%E1%80%9B%E1%80%90%E1%80%94%E1%80%AC-%E1%80%85%E1%80%AF%E1%80%85%E1%80%AF%E1%80%B1%E1%80%95%E1%80%AB%E1%80%84/
သေတဲ့စကားကိုတောင် မကြားချင်ဘူးတဲ့ဗျ..သူ..မသေမှာ ကျနေတာဘဲ
နအဖ ခေါင်းဆောင်အမည်နဲ့ “ဘ၀နတ်ထံပျံ”စကားလုံးတွဲသည့် သတင်းစာခေါင်းစဉ်ကြောင့် ပြဿနာဖြစ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၃၊ ၂၀၁၀
ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့ခြင်းကြောင့် သတင်းစာတိုက်မှ ၀န်ထမ်းများ ပြဿနာဖြစ်နေကြောင်း ကြားသိရသည်
ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖူးမြော်ကန်တော့ ဆိုသည့် သတင်းကို ရေးသားရာတွင် သတင်းခေါင်းစဉ်နေရာတွင် ဗိုလ်ချုပ်မှူးကြီး အမည်ကို ရှေ့ဆုံးမှ တင်ရိုးထုံးစံရှိသည့် အတိုင်းရေးသားပြီးမှ `ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ဖေါ်ပြခဲ့ရာ နအဖ ခေါင်းဆောင်အတွက် မကောင်းသည့် နိမိတ်အဖြစ် ယူဆက သတင်းစာတိုက်မှ ၀န်ထမ်းများ ပြစ်တင်ပြောဆိုခံရခြင်း ဖြစ်သည်။
နအဖ ခေါင်းဆောင်များနှင့် ပတ်သက်သည့် သတင်းများရေးသားရာတွင် သတင်းစာပညာရပ်၏ ထုံးထမ်းနည်းနာများကို ဆန့်ကျင်ပြီး အစဉ်အမြဲ ရှေ့ဆုံးသို့မဟုတ် ထိပ်ဆုံးမှ ဖေါ်ပြရေးသား ခံလိုခြင်း၊ ဘွဲ့နှင့် ရာထူးအပြည့်အစုံကို မည်သည့် သတင်းတွင်မဆို ရေးသား ရမည့် ထုံးစံရှိခြင်းတို့ကြောင့် အစိုးရပိုင် သတင်းစာ အနေဖြင့် သတင်းစာပညာ သင်ကြားချက်များကို လျစ်လျူရှုကာ အာဏာရှင်များ အကြိုက် ရေးသားဖေါ်ပြ နေကြရသည်။
ထိုသို့ အရှေ့ဆုံးမှ ဖေါ်ပြရမည်ဟူသည့် ညွှန်ကြားချက် အတိုင်းရေးသားခဲ့ရာမှ ယခုလို ရုတ်တရက် နားလည်မှုလွဲစေနိုင်သည့် သတင်း ခေါင်းစဉ်မျိုး ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ပြည်တွင်းမှ ၀ါရင့် သတင်းထောက် တဦးက ပြောသည်။
အဆိုပါ သတင်းထောက်က
“အစိုးရသတင်းစာ မှာ နအဖခေါင်းဆောင် တွေအကြောင်းရေးသား ဖေါ်ပြတယ်ဆိုရင် အဲဒီသတင်းတွေဟာ သတင်းစာပညာအရာ အညံ့ဆုံး နမူနာတွေ ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆို တိုအောင် ရှင်းအောင် စာဖတ်သူနားလည်လွယ်အောင် ရေးခွင့်မရှိပဲ သူတို့ရဲ့ ဘွဲ့ထူးဂုဏ်ပုဒ်တွေကို တန်းစီပြီး ရေးလိုက်တာ စာကြောင်းသုံးကြောင်း လောက်ရောက်တာတောင် ဘယ်သူဆိုတာ မသိနိုင်သေးတဲ့အဖြစ်မျိုး၊
နောက်တခါ ဘာသတင်းလဲ ဆိုတာထက် လာကြည့်တဲ့သူ၊ လာစစ်ဆေးတဲ့သူကို ဦးစားပေးဖေါ်ပြတဲ့ အတွက်မူရင်းရေးချင်တဲ့ အကြောင်းက နောက်မှာ မှိန်မှိန်ပဲ ကျန်တော့တဲ့ ဟာမျိုး၊ နောက် နိုင်ငံခြားခေါင်းဆောင်တွေ လာတွေ့တယ်ဆို ဘာတွေဆွေးနွေးတယ် ဆိုတာတလုံးတပါဒမှ မပါဘဲ ၊ ဘယ်သူတွေရှိနေကြတယ်ဆိုတာပဲ ပါတာမျိုးပေါ့ ဒါကြောင့် သတင်းစာပညာ သင်တန်းတွေမှာ အညံ့ဆုံး ဥပမာပေးရင် အစိုးရသတင်းစာက သတင်းတွေကို ဥပမာပေးလေ့ရှိတာ” ဟု ဆိုသည်။
ယခုအဖြစ်အပျက်ကြောင့် အစိုးရသတင်းစာတိုက်မှ တာဝန်ရှိ ၀န်ထမ်းများအား ဖမ်းဆီးခြင်းသို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းမျိုး မကြားသိရသေးသော်လည်း ဖြေရှင်းတောင်းပန်ရသည်ဆိုသည့် အနေအထားတွင် ရှိသည်ဟု အစိုးရ သတင်းစာတိုက်ဝန်ထမ်း တဦးကပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ဗိုလ်ချုပ်ခင်ညွှန့်သတင်းနှင့် ကမ္ဘာ့လူလိမ်ကြီးများဟူသည့် သတင်းတို့ကို ဟိုဘက်ဒီဘက် ဖေါ်ပြမိသည့် အတွက်သတင်းစာတိုက်ဝန်ထမ်းများ အဖမ်းခံရခြင်း၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စကားရပ်ကို `မ´ဖြုတ်လိုက်ပြီး ဒီမိုကရေစီရနိုင် ဟုဖေါ်ပြမိသဖြင့် ၀န်ထမ်းများ စစ်ဆေးခံရပြီး အလုပ်မှထုတ်ပယ်ခဲ့ခြင်း တို့မကြာခဏဖြစ်ပွားခဲ့သည်။
http://moemaka.blogspot.com/2010/04/regimes-leader-name-associated-with.html
အစကထဲက နာမည်ပုပ်က ကျော်နေပြီ
ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက်စာရင်းသွင်း
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၁ မိနစ်
ချင်းမိုင်။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU ၏ နာမည်ပျက် စာရင်းတွင် ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။
၎င်းတို့မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး ဒေါက်တာတင်အောင်အေးတို့ဖြစ်ကြောင်း ဖြစ်သည်။
ထိုစာရင်းတွင် ပါဝင်နေသဖြင့် ၎င်းတို့သည် EU အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်ခွင့်ကို ပိတ်ပင်ခံထားရကာ၊ ၎င်းတို့ပိုင်ဆိုင်မှု မှန်သမျှကိုပါ အရေးယူပိတ်ပင်တားပြီး၊ ဥရောပအခြေစိုက် ဘဏ္ဍာရေး အဖွဲ့အစည်းများကို အသုံးပြု၍ ငွေကြေးလွှဲပြောင်း ပေးပို့ခြင်းလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။
အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂ဝဝ၉ ခုနှစ် သြဂုတ်လ၌ ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်တွင် အထိန်းသိမ်းမိန့် ချမှတ်ပြီးနောက် အဆိုပါ တရားသူကြီး နှစ်ဦး အပါအဝင် တရားသူကြီးအဖွဲ့မှ ထိပ်ပိုင်းအရာရှိများအား EU အမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်သည့်အနေဖြင့် မတရားပြစ်ဒဏ် ချမှတ်ရာတွင် ပါဝင်ခဲ့သည့် တရားသူကြီးအဖွဲ့မှ အဖွဲ့ဝင်များအား အမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း EU က ပြောကြားခဲ့သည်။ ထိုသို့ အရေးယူ ပိတ်ပင်ခြင်းသည် ဆီလျော်သော ပြစ်ဒဏ် ချမှတ်မှုဖြစ်သည်ဟုလည်း EU က ပြောဆိုခဲ့သေးသည်။
၎င်းတို့နှစ်ဦးအပြင် စ်အစိုးရထဲမှ အဓိက ကျသူများအပြင် စစ်အစိုးရနှင့် အလွန်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇလည်းလည်း EU သတ်မှတ်ထားသည့် နာမည်ပျက်စာရင်းတွင် ပါဝင်လျက်ရှိသည်။
ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးသည် မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်တဦး ဖြစ်ခဲ့ပြီး၊ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ် သည်။ ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သည့် အမျိုးသားညီလာခံတွင် တာဝန်ထမ်းဆောင် ရန် ခန့်အပ်ခြင်း ခံခဲ့ရသည်။
၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် ဒေါက်တာ တင်အောင်အေးအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင် တွင် စစ်အစိုးရက တာဝန်ထမ်းဆောင်စေခဲ့သည်။
အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် တရပ်တွင် ဒေါက်တာ တင်အောင်အေးသည် ဥပဒေပညာရပ် မာစတာ ဘွဲ့နှင့် ဒေါက်တာ ဘွဲ့အား ဂျာမဏီနိုင်ငံမှ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
http://www.mizzimaburmese.com/news/2010-election/5169-2010-04-02-12-25-33.html
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။
၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေး…
ဒို့အရေး…ဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ တိုင်းရင်းသားညီညွတ်ရေး ကိုအမှန်
တကယ်လုပ်ဆောင်နေပါသလား….။
၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ဦးမျှပါဝင်ပါသနည်း။
၃။ ယခုစစ်အစိုးရမှထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့်
အကျဉ်းကျခံနေရသောနိုင်ငံရေးအင်အားစုများကိုဦးတည် ကန့်သတ်မှုဖြစ်ပါသလား…။
၎။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်Aတွက်ကြောင့်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများ အပေါ်အလွန်ကြောက်ရွံရပါသလဲ။
၅။ စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသော လွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ်
မှနေရာယူ အကျောရထားပြီး ရိုးသားသောနည်း…တရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အားစုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှဉ်ပြိုင်ဝံပါသလဲ…။
၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်…လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ…။
၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း…။
၈။ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သောလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်
ဟူ၍၄င်း၊အမျိုးမျိုးကတိပေးပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိဟု၎င်း
မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်းဆန်နေခြင်းတို့သည် လူကြီးလူကောင်းဆန်သည်ဟု အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား
၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျ…ဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက်
လူမိုက်စာရင်းဝင်မြောက်ကိုးရီးယားတို့ကို အားကိုးဖားယားဆက်ဆံနေရသူများမှာ ပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။
၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။
၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့် နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော
ဗိုလ်ချူပ်ကြီးခင်ညွန့် အစရှိသည့် တိုင်းပြည်ခေါင်းဆောင်(ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး
တယောက်မျှအစဉ်အလာမကောင်းခဲ့ပါ.၊ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ်
ရေးကောင်းမည်ဟုယူဆပါသလား…။
၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး
စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။
၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိ နေမည်ဟု
ယုံကြည် ယူဆပါသလား…။
၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအာင်အာဏာ
ကိုဆက်လက်ချုပ်ကိုင်ထားနိုင်မည်ဟုယူဆထားပါသနည်း။
၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့
ဖြင့်ကန့်သတ်ချူပ်ချယ်ထားမှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။
၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ-
ကျောင်းသား-သတင်းသမားများ ပြုမှုဆက်ဆံနေခြင်းသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား…။
၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍
သန်း ၆၀ နီးပါးသော ရဟန်း၊ ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ်
အာဏာရှင်များ၏ရက်စက်ယုတ်မာမှုကိုခံစားနေရပါသည်။ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ
အပါအ၀င် အပေါင်းအပါစစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟုထင်မြင်ပါသနည်း…။
၁၈။ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာ မှပင်မြင်တွေ့လို
သော ကောင်းသော ဆန္ဒအရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာ ကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို
ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်ပါသနည်း။
၁၉။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀-ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများက အသိ
အမှတ်ပြုယုံကြည်မည်ဟု အာဏာရှင်ကြီးယုံကြည်ပါသလား….။
၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……။
We love fair and justice.
Burma…….. Free! Free! Free!
Iron Lady Daw Aung Sun Su Kyi…….Free! Free! Free!
Mr. Free Lance.
http://4shokelay.blogspot.com/
Friday, April 02, 2010
welcome Home!!
ကဗျာဆရာကိုစောဝေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် မှကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်က ပြန်လည်လွတ်မြောက်လာ..
၂ဝဝ၈ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က “အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာရေးသားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ ကဗျာဆရာကိုစောဝေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်ကပြန်လည်လွတ်မြောက် လာကြောင်းသိရှိရပါတယ်။
ကဗျာဆရာကိုစောဝေဟာ ၂၀၀၈ခုနှစ် က ဇန်နဝါရီလက အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားကို ရေးသားမှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး ဧပြီလ၁ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။ ကဗျာဆရာကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းခွင့်ပြုတဲ့ အချစ်ဂျာနယ်အယ်ဒီတာချုပ် စစ်အစိုးရ အလိုတော်ရိ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့တပည့် မြတ်ခိုင်ဖြစ်ပြီး၊ ထုတ်ဝေသူကတော့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ ထိုစဉ်ကကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်မှ တာဝန်ယူသည်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တာဝန်ခံမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့မှာမူ အရေးယူခံရခြင်းမရှိခဲ့ပါဘူး။
မနေ့က ပြန်လည်လွတ်မြောက်တဲ့ သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးလည်း ပါဝင်ကြောင်းသိရှိရပြီး (၂)ဦးလုံး လွတ်ရက်စေ့ပြီးမှ လွတ်မြောက်လာသူတွေ ဖြစ်ကြောင်းသိရှိရပါတယ်။
သတင်း... ဒီမိုဝေယံ

