ပြည်သူလူထုရဲ့ အသည်းကြားက မဲပြားတွေကို ရရှိခဲ့တဲ့ တပ်ဦးပါတီဟာ စစ်ကျွန်ဘ၀ကို သွတ်သွင်းမယ့် ကျွန်ဘ၀ သက်ဆိုးရှည်ရေး ကျွန်မဲပြားတွေ ရဖို့အတွက် ကျွန်စိတ်ပျံ့နှံ့နေသူတွေကြားထဲ အုတ်ရောရော၊ ကျောက်ရောရော ၀င်မပါပဲ သခင်စိတ်နဲ့ ရပ်တည်ပြလိုက်ပါပြီ။
သခင်စိတ်ကို ထောက်ခံ အားပေးကြ
အန်အယ်ဒီကို ၀န်းရံကြ
စစ်ကျွန်အဖြစ် နွံ့နစ်မခံ
အမျိုးသားဇာတိမာန်နဲ့
အာဏာရှင်စနစ်ကို
တွန်းလှန်စို့။
Friday, April 02, 2010
ဒို့ မြန်မာ..သခင်စိတ်ဓါတ်..
အစည်းဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း
အမိမြေလွတ်မြောက်ရေးအတွက် သင့်ကိုအလိုရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အစည်းအဝေး ( Seminar) ကို နယ်စပ်တနေရာမှာ ကျင်းပမယ်။ ဒါက ဖုန်းမော်နှစ်ပတ်လည် မှာ စုစည်းမိတဲ့ အမြင်တူ ရင်ခုန်သံတူတွေရဲ့  ဒုတိယမ္ပိ စုစည်းပွဲ။ ဒီမှာ သံဃာတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်သားတွေ၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ အလုပ်သမားတွေ၊ သတင်းသမားတွေ ၊ လူမှုအဖွဲ့ အစည်းက မိတ်ဆွေ တွေ တက်ရောက်ဆွေးနွေးကြမယ်။
‘’ မှတ်ပုံမတင်ဘူး။ ရွေးကောက်ပွဲမ၀င်ဘူး’’ ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ‘’ ငါတို့ ဘာဆက်လုပ်မလဲ “ ဆိုတဲ့ မေးခွန်းပေါ်မှာ အဖြေရှာကြမယ်။ ‘’ ၂၀၁၀ ကိုဘယ်လို တိုက်ဖျက်မလဲ ။‘’ ဘယ်လို လှုပ်ရှားမှုတွေလုပ်ကြမလဲ ‘’
ပါတီရှိဖို့ ထက် နိင်ငံရေးရှိဖို့ က ပိုအရေးကြီးတယ် ဆိုတဲ့ ဆရာကြီးဦးဝင်းတင်ရဲ့  စကား ကပြည်တွင်းသာမဟုတ် ပြည်ပက အဖွဲ့ တွေလည်း သတိပြုဖို့ လိုနေပြီ။ ဒါကြောင့် ငါဘယ်ပါတီက၊ ဘာ ပရောဂျက်၊ ဘာလူကြီးဆိုတာတွေ ဘေးချိတ်ထားခဲ့ကြ။
‘’ တခေါင်းတဉာဏ်’’ ‘’ တယောက်ယူသော်မရ၊ တသောင်းယူသော်ရ သည် ‘’
ဆိုတဲ့စကားလို ၀ိုင်းဝန်းဆွေးနွေးမယ်။ အဖြေရှာမယ်။
‘’ တိုက်ပွဲအပေါ် ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တယ်။ ‘’
အောင်ပွဲအပေါ် ယုံကြည်တယ် ဆိုရင် ဖြင့် သင်တို့ကို ကျွန်ုပ်တို့ကြိုဆိုနေပါတယ်။
ပြည်ပရောက်ရဲဘော်များ၊ မိတ်ဆွေများ -
သင် ဘယ်ဘဲရောက်ရောက်၊ ဘာတွေပဲစားစား သင်ဟာ မြန်မာ ရေနဲ့ မြန်မာ့ မြေ ကိုမမေ့ ဘူးဆိုတာကိုယုံကြည်နေတယ်။ တော်လှန်ရေးနဲ့ ရဲဘော်တွေကိုမမေ့ သေးဘူးဆိုတာဒို့ ယုံကြည်နေတယ်။ သင်ဟာ တော်လှန်ရေးကို ရရာနေရာ ကနေ လုပ်နိင်စွမ်းရှိတယ်ဆိုတာ
ကိုမမေ့ စမ်းပါနဲ့  ။ ရဲဘော်တို့ အတွက် စကိုင်းပီ ( Skype) ကနေ တဆင့် ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်။စကိုင်ပီ နာမည်တွေကို ကွန်မင့်မှာ ရီဂျက်စတာလုပ်ခဲ့ပါ။ ရေးထားပေးခဲ့ပါ။
Skype-ID-1 - (moetheezun)
Skype- ID-2- tdoke88
Skype-ID-3- yinhtway1
ဆွေးနွေးပွဲနေ့……… ဧပြီလ ၃ ရက်၊ ၂၀၁၀ ၊ နံနက် ၉ နာရီ တိတိ၊ ( ထိုင်းစံတော်ချိန်)
ကိုဂါမဏိ (089-565-8810) gamanii@gmail.com
ကိုမင်းဇော် (085-735-1457 ) minzaw101@gmail.com
ကိုသံဒုတ် (086-119-9091 )tdoke@gmail.com
ကိုလွဏ်းဆွေ (081-284-1418) lunswe@gmail.com
ကိုယဉ်ထွေး ( 084-575-5416 )yinhtway@gmail.com တို့ ကိုဆက်သွယ်နိုင်ပါတယ်။
မှတ်ချက်- နံနက်စာကို လ္ဘက်ရည်နဲ့ မုန့်  ( ကိုလွမ်းဆွေ မှ တာဝန်ယူထားတယ်။)
နေလည်စာကို ဗူးသီးနဲ့ ဝက်သားချဉ်ရည်ဟင်း၊ ငပိဘာလချောင် နဲ့ တည်ခင်းပါမယ်။ ( ကို သံဒုတ် BLSO တာဝန်ယူထားပါတယ်။)
ဒို့ ဖခင် ဗိုလ်ချုပ်က ဒီလိုမှာခဲ့တယ်..
Thursday, April 01, 2010
ပြည်သူများ၏ မေတ္တာစာ..
အို . . . မိခင် နှင့်  ပြည်သူကိုချစ်သောခေါင်းဆောင်ကြီးများခင်ဗျာ . . .
ဆုံးဖြတ်ချက်အပေါ်ပြည်သူလူထုကြီးက
၁ . အထူးကျေးဇူးတင်ရှိပါတယ် ။
၂ . ကိုယ်ရေးကိုယ်တာသမားများ လူထုကြီးနှင့် ကွဲပြားသွားသဖြင့်  ဂုဏ်ယူပါတယ် ။
၃ . အတွင်ခြများပေါ်လွင်လာသဖြင့်ထပ်မံကျေးဇူးတင်မိပါသည်။
၎ . ထို့ ကြောင့်  ဆက်လက်ထောက်ခံ လက်တွဲပါမည်ဟု ၀န်ခံဂတိပြုပါသည် ။
တာဝန်သိပြည်သူများမှ
နအဖ အတွက် အထူးသင်္ကြန်စာ
ဧပြီလ(၁)ရက်နေ့ နေ့စွဲ့ဖြင့် နအဖ စစ်အစိုးရ အတွက် အထူးအစီအစဉ် သင်္ကြန်စာကို ထုတ်ဝေလိုက်ပါပြီ..၁၃၇၂ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၁၀ခု၊
ဧပြီလ ၁၄ ရက်၊ဗုဒ္ဓဟူး နေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆စက္ကန့် …..။
“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီး ထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည်ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက်နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေးနှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့်အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစော အိပ်ရာဝင်ရ လတ္တံ့၊ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့်ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။ သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့်တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။
သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့သင်္ကြန်နေ့၌အင်းလျားလမ်းတွင်မဏ္ဍပ်ဝင်က၊ကညာနှမမြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ်ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်းမျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကိုလူ့ပြည်လူ့ခွင်လူကိုစင်ထားမြင့်မိုရ် ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ သို့သော်မြန်ပြေ (ပြည်)ဆန်းသည့်မြေ၌ အရက်စတုဒီသာပေးနေ ပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍သောက်ပါလေ။
တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီးကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ ..ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)
တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သောအရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့်ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကိုအခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။
အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်းခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင် လည်းပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှအကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ“လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်စောင့်ပါလေ။
ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင်ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင်လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟုလိပ်ခေါင်း မထွက်မချင်း အော်ပါ။
ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှမကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကိုမျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။
သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြားမဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေးအထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာတနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက်မြိုပါ။
စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့်ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ (ဥပမာ -ဖားခြင်း) အထူးကျွမ်းကျင်ပြီးအင်္ဂါနာမ် (ဆန်ရှင်)ကြောင့် လတ်တလောဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ -ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်က ဆန်ရှင်ရင်အောက်ကသစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်းလည်ချောင်းကွဲသည်ထိ အော်ပါ။
သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း ..နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမား စောင့်၏၊ လ ကို မီးပျက်သည့်ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကိုမြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံးရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကားလင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။
နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးကမနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါအစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့်ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့်မြန်မာပြည်တွင်လူဖြစ်အံ့။
အာဇာနည် မျိုးဆက်၏..ခံစားချက်
၈၈ ကျောင်းသားကိုမြအေးရဲ့ သမီးလေးဝေနှင်းပွင့်သုန်ဖြစ်ပါတယ်။..လေးစားပါတယ်..မဝေနှင်းခင်ဗျား
ခြေချုပ်ချခံထားနေရသော.မဟာနာယက ဆရာတော်ကြီးများ
မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း ၀င်ထွက်သွားလာခွင့် ကန့်သတ်
အောင်ထက်/ ၃၀ မတ် ၂ဝ၁ဝ
လမ်းလျှောက်၊ အပန်းဖြေ၊ အနားယူသူများနှင့် စည်ကားလေ့ရှိသော ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်း ဧရိယာအတွင်း ၀င်ထွက်သွားလာခွင့်ကို ရန်ကုန်တိုင်း တိုင်းမှူးက ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့ မတ်လ (၂၆) ရက်နေ့က တိုင်းမှူးရော၊ စစ်ဒေသမှူးရော ဆင်းလာတယ်။ အဲဒီကတည်းက ဒီနေ့အထိ လုံခြုံရေး တင်းတင်းကျပ် ကျပ် ချလိုက်တယ်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတွေက ကျနော်တို့ လုံခြုံရေးကင်းတွေကို ညစဉ် လိုက်စစ်နေတယ်။ စစ်ဒေသမှူးလည်း ရှောင်တခင် ၀င်စစ်တတ်တယ်” ဟု တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ညွှန်ကြားချက်၊ အမှတ် (၁) စစ်ဒေသမှူး၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ထိုသို့ လုံခြုံရေး တင်းကျပ် လိုက်သည့်အပေါ် ပြည်သူများက သို့လော သို့လော သံသယဖြစ်နေကြသည်။
နံနက်တိုင်း လမ်းလျှောက်လေ့ရှိသူတဦးက “မဟာနာယက ဆရာတော်ကြီးတွေ လမ်းလျှောက်လေ့ရှိတဲ့ နံနက်ခင်းရယ်၊ ညဘက်ရယ် လုံးဝ လမ်းလျှောက်သွားလာခွင့် မပြုတော့ဘူး။ နေ့ခင်းဘက် ရောက်လာတဲ့ သူတွေကျတော့လည်း အစစ်အဆေး အမေးအမြန်း ခံနေရတော့ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်” ဟု ဆိုသည်။
(၂) မိုင်ခန့်ရှည်လျားသော အဆိုပါ မဟာပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်းသို့ ကျောက်မျက်ခန်းမဘေးမှလည်းကောင်း၊ ကမ္ဘာအေးဘုရားမှလည်းကောင်း အ၀င်အထွက်ပြုလုပ်၍ ရပြီး ယခင်ကဆိုလျှင် ပွဲတော်ချိန်မှအပ လုံခြုံရေးချထားခြင်း မရှိခဲ့ပေ။
သာသနာရေးဝန်ထမ်းတဦး၏ ပြောပြချက်အရ (မန္တလေး) မဟာနာယက ဆရာတော်ကြီးတပါးက နေပြည်တော်ရှိ ၀န်ကြီးချုပ်ထံသို့ တိုင်တန်းခဲ့သည်ဟု သိရသည်။
၎င်းက “အမျိုးသမီးတွေက ဘောင်းဘီတိုတွေ၊ စကတ်တွေနဲ့ နံနက်စောစော လေ့ကျင်ခန်း လာလုပ်လေ့ရှိတယ်။ မဟာပါသဏလိုဏ်ဂူတော်မှာ ဂြိုဟ်တိုင် (၁၀၈) တိုင်ရှိတယ်။ တချို့က ဂြိုဟ်တိုင်တွေပေါ် ခြေထောက်တင်ကြ၊ တချို့က ခြေဆင်းထိုင်ကြနဲ့ အမြင်မတော်ဘူး။ နောက်ပြီး ဘဲဥပုံ ရေကန်ကြီးဘေး ထိုင်ခုံတွေမှာ စုံတွဲတွေ လာထိုင်ကြတယ်။ ဒါတွေ မြင်နေရတော့ မန္တလေး ဆရာတော်ကြီးတပါးက ၀န်ကြီးချုပ်ဆီ တိုင်တယ်ကြားတာပဲ” ဟု ပြောသည်။
သို့သော် ယခင်ကတည်းက သာသနာတော်ကို ညစ်နွမ်းစေသည့် အပြုအမူများ၊ ၀တ်စားဆင်ယင်မှုများဖြင့် စေတီ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ခြင်းမပြုရဟု ကြေညာချက်ထုတ်ပြန်မှုမျိုး ထုတ်ပြန်ထားသဖြင့် ယခုကဲ့သို့ မဟာ ပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်းသို့ ၀င်ထွက်ခွင့်ကန့်သတ်လိုက်သည့်အပေါ် သာသနာရေးဝန်ထမ်းများက ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။
အဆိုပါ ဧရိယာသည် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့်လည်းကောင်း၊ ရန်ကုန်တိုင်း တိုင်းမှူးအပါအ၀င် တပ်မတော်အရာရှိကြီးများ နေထိုင်သည့် ကုန်းမြင့်သာယာနှင့်လည်းကောင်း တဆက်တည်း နီးကပ်စွာရှိနေသည့်အတွက် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ၀န်ထမ်းများက ယူဆနေကြသည်။
လက်ရှိအခြေအနေတွင် မဟာပါသဏလိုဏ်ဂူတော်ကြီးတွင် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ် ရဲစခန်းတို့မှ လုံခြုံရေးဝန်ထမ်းများနှင့် သာသနာရေးဝန်ထမ်းအချို့တို့ကို လုံခြုံရေးတာဝန်ချထားကြောင်း သိရသည်။
http://knljapan.blogspot.com/2010/03/blog-post_3793.html
G8 Foreign Ministers Discussed Burma as Activists Demand Election Law Reforms

Burma's Elections Top G8 Foreign Minsters Meeting Agenda
1 April 2010: Burma topped the agenda at the discussion on global peace and security during the Group of Eight Foreign Ministers meeting held in Canada this week.
The two-day summit of top diplomats from the eight most industrialized nations, hosted by Canadian Minister of Foreign Affairs Lawrence Cannon, took place in Gatineau as Burmese activists from three Canadian cities held demonstrations demanding that the military junta implement changes to its election laws that unfairly disqualify most of the leading Burmese opposition groups from the polls planned for later this year.
The G8 Ministers express concerns over the recently adopted restrictive electoral law, and call on Burma’s ruling military junta to “enable full democratic participation in the upcoming election and to release all political prisoners.” They caution that the continued incarceration of political prisoners, including opposition leader Aung San Suu Kyi would undermine the credibility of the junta’s elections.
Meanwhile, Burmese activists from three cities across Canada staged demonstrations denouncing Burma’s election laws. Rallies were held in Ottawa, Saskatoon and Vancouver. They demand that the junta amend its electoral laws in order to make ways for a truly inclusive and participatory electoral process. They also call on the military regime to cease attacks on the ethnic groups and to start a genuine and inclusive dialogue process.
Arguing that there are clearly demonstrated connections to the supplies of arms to the junta and ongoing repressions in Burma, the protestors say that the international community should support a global arms embargo on Burma.
Rallies were staged in front of the Burmese embassy in Ottawa and city halls in Saskatoon and Vancouver. More than 50 Burmese activists and Canadian supporters attended in each event.
In a related development, Japanese Foreign Minister Kaysuya Okada was quoted by Kyodo News as saying on last Friday that Japan would not expand economic aid to Burma unless the junta implements steps to conduct an inclusive and participatory elections.
© Chinland Guardian
“ လူထုတိုက်ပွဲ ၊ ဦးဆောင်ပါတီ NLD ”
Summary
ရဲဘော် ဗိုလ်သူ
စစ်အုပ်စုရဲ့ နိုင့်ထက်စီနင်းထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ တွေက NLD ဘာလုပ်မလဲလို့ စိန်ခေါ်ခဲ့ပါတယ် ။ စစ်အုပ်စုရဲ့ ထိုးနှက်မှုကြောင့် NLDပါတီတွင်း ရှေ့ ဘယ်လိုရပ်တည်မလဲ ၊ သဘောထားကွဲလွဲမှုတွေ ထုံးစံ အတိုင်းရှိခဲ့ပေမဲ့ “ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ” ဆိုတဲ့ ၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်နဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်းကို အခိုင်အမာ ဆုတ်ကိုင်ရင်း ၊ အညံ့မခံ အရှုံးမပေးတဲ့ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ချမှတ်လိုက်ပါပြီ ။
ဒါဟာ စစ်အုပ်စုရဲ့ စိန်ခေါ်မှုကို “မှတ်ပုံမတင်ဘူး ၊ ဘာလုပ်မလဲလို့ ” စိန်ခေါ်မှုနဲ့ပဲ တုန့်ပြန် လိုက်တာဖြစ်ပါတယ် ၊ ခုလောက် ညီညွတ်ကြမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ရည်ရွယ်ချက်ရှိရှိ NLD ပြိုကွဲအောင်လုပ်ခဲ့ပေမဲ့ ၊ ဒီလို မပြိုမကွဲ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တော့ စစ်အုပ်စု နည်းနည်းတော့ပြာယာခတ်သွားမှာပါ ။
ဒါပေမဲ့ ဒီလိုဖြစ်လာရင်ဘာလုပ်မလဲလို့ ကြိုပြင်ထားတာမျိုးလဲရှိမှာပါ ၊ သူတို့ရဲ့ ထုံးစံအတိုင်း တက်ကြွသူတွေကိုဖမ်းမယ် ၊ မတရားအသင်းကြေငြာမယ် ၊ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်း မယ် ၊ အနိုင်ကျင့်မှုမျိုးစုံကို ကောက်ကျစ်တဲ့နည်းလမ်းစုံသုံးပြီး လုပ်လာမယ် ၊ ကြံ့ဖွတ်တွေ ၊ ရာဇ၀တ်သားတွေကိုသုံးပြီး NLDအဖွဲ့ဝင်တွေကို ၀ိုင်းရိုက်တာမျိုး တွေလုပ်လာမယ် ၊ ပြီးတော့ NLD ထဲက မှတ်ပုံတင်ချင်တဲ့လူကြောက်တွေ ၊ ရွေးကောက်ပွဲဝင်ချင်တဲ့ အခွင့်ရေးသမားတွေ၊ ကို မြှောက်ပေးပြီး အနိမ့်ဆုံးအဆင့် NLDကနှုတ်ထွက်ပါသည်ဆိုတာမျိုး ၊ လုပ်ခိုင်းနိုင်ပါတယ်။ NLD အနေနဲ့လဲ ရှေ့ လုပ်ငန်းစဉ်တွေ ပြင်ရပါတော့မယ် ၊ စစ်အုပ်စုရဲ့ မတရားတဲ့ဥပဒေတွေ အောက်မှာ ပါတီမှတ်ပုံမတင်ဘူး ၊ တင်စရာမလိုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ၊ စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ၊ ဗမာပြည် ပြည်သူလူထုကြားမှာ ၊ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက် သာဖြစ်ပါတယ် ၊ အဲဒီ ရပ်တည်ချက် ခိုင်မာကြောင်းပြဘို့ ၊ ရန်ပြုလာမဲ့စစ်အုပ်စုကိုကာကွယ်ဘို့ ၊ လုပ်ငန်းစဉ်တွေချမှတ်ရပါမယ် ။
ရွှေဂုံတိုင်ကြေငြာစာတမ်းပါအချက်တွေကို ကြွေးကြော်သံအဖြစ်ကိုင်ဆွဲရင်း လူထုကို ဦးဆောင် ရပါမယ် ၊ NLD ဟာ လူထုဦးဆောင်ပါတီ ၊ လူထုရှေ့ က တပ်ဦးပါတီ ဖြစ်နေရပါမယ် ။ စစ်အုပ် စုက ဖိနှိပ်မှုမျိုးစုံလုပ်လာခဲ့ရင် နယ်စပ်ကိုထွက်လာတာမျိုးမဖြစ်ဘို့တော့ သတိထားရပါမယ် ။ ကိုယ်ကနယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့တောင်းပန်ပါတယ် ၊ စစ်အုပ်စုက နယ်စပ်ကတော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေမှာ ဂရုကိုမစိုက်ပါ ဘူး ၊ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ ၊ လူတွေနယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကိုခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ ၊ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ် သွားကြတာများပါတယ် ၊ လက်ရှိနယ်စပ်တွေမှာရှိနေကြတဲ့ နိုင်ငံရေးသမားဆိုသူ အများစုဟာ အလုပ်သမားရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ကလေးအခွင့်အရေး ၊ အမျိုးသမီးအရေး စသဖြင့် ခေါင်းစဉ်တွေပြ ၊ NGO တွေနဲ့ပေါင်းပြီး ကိုယ့်ရပ်တည်ရေးအတွက်ကိုယ် လုပ်နေကြတာများ ပါတယ် ၊ လင်မယားနှစ်ယောက်ရှိရင် လင်ကတစ်ဖွဲ့ မယားကတစ်ဖွဲ့ ၊ လင်မယားနှစ်ယောက် ပေါင်းပြီး တပ်ပေါင်းစုရယ်လို့ တစ်ဖွဲ့ ၊ နှစ်ယောက်ရှိရင် သုံးဖွဲ့ ဖွဲ့ပြီး လစာထုတ်စားနေကြတဲ့ လခစားနိုင်ငံရေးသမားတွေ များပါတယ် ( မှန်မှန်ကန်ကန် တိုက်ပွဲဝင်နေသူတွေကို မပြောပါ) ။ ဒါကြောင့် စစ်အုပ်စုက နယ်စပ်ကလူတွေကိုမကြောက်ပါဘူး ၊ ပြည်တွင်းထဲက NLD အဖွဲ့ဝင် တွေကိုတော့ လူငယ်လေးတွေကအစ ကြောက်ပါတယ် ၊ ပြည်သူတွေနဲ့ထိတွေ့နေပြီး ပြည်သူ့ အုံကြွမှုကို ဦးဆောင်နိုင်မဲ့သူတွေ ဖြစ်သွားမှာစိုးရိမ်လို့ ပါ ။ ဗမာပြည်အကျဉ်းထောင်အသီးသီး က နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်မှာ NLD အဖွဲ့ဝင် ၅၀၀ နီးပါးရှိနေတာ ၊ လူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့ NLD ကို ၊ စစ်အုပ်စု တလျှောက်လုံး ကြောက်နေခဲ့လို့ပါ ။ အဲဒီတော့ အဖမ်းခံစရာရှိ ရဲရဲအဖမ်းခံ ၊ သေစရာရှိရဲရဲသေပြီး ပြည်တွင်းမှာပဲ ပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်ရင်ဖြတ်သန်းဘို့ ၊ ပြည်သူကိုဦးဆောင်မှုပေးဘို့ အားနာနာနဲ့ပဲ တောင်းဆို ပါရစေ ။ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည် ’ လို့ တဆက်တည်းဆုံးဖြတ်ခဲ့တာ ဒီကနေ့အဖြေအနေနဲ့ အကိုက်ညီဆုံးတောင်းဆိုမှုပါ ၊ အရေး ကြီးတာက တောင်းဆိုမှုက အချိန်အကန့်အသတ်လိုနေပါတယ် ၊ ပြီးရင် အဲဒီအချိန်အတွင်း တောင်းဆိုမှုကိုမလိုက်လျောရင် ဘာလုပ်မလဲဆိုတာပါ ၊ ကြိုတင်ပြင်ထားဘို့လိုပါတယ် ၊ တောင်းဆိုနေရုံသက်သက်ဆိုရင်တော့ စစ်အုပ်စုက မလိုက်လျောတတ်ဘူးဆိုတာ ၊ ၂၁နှစ်စာ အတွေ့အကြုံတွေကနေ သိသင့်ပါပြီ ၊ တိုက်ပွဲနဲ့ တောင်းဆိုမှရမှာပါ ။
ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလဲ NLD ကို တပ်ဦးတင် လိုက်ပါဘို့ လိုပါတယ် ၊ စစ်အုပ်စုက NLD ကို ၂၁နှစ်တာကာလ တလျောက်လုံး နှိပ်ကွပ်ခဲ့ သလို ၊ ခုလဲ အရင်ထက်ဆိုးတဲ့ နှိပ်ကွပ်မှုတွေနဲ့ တုန့်ပြန်လာတော့မှာပါ ၊ ခုချိန်မှာ NLD အရေး ဟာ ပြည်သူ့အရေးပါ ၊ NLD ဖြိုခွဲခံရရင် ကျွန်တော်တို့တော်လှန်ရေး ကြာသထက်ကြာနေဦးမှာပါ ၊ “စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီမှတ်ပုံတင်ဘို့မလိုပါ ”ဆိုတဲ့ NLDရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်ဆိုတာမျိုး ၊ ကြေငြာချက်တွေထုတ်နေရုံသာမဟုတ်ပဲ NLD နှင့်ထပ်တူ ထိထိရောက်ရောက်တိုက်ပွဲဝင်မှုမျိုး လုပ်ကြရပါတော့မယ် ၊ ၂၀၁၀ လူထုတိုက်ပွဲ ကြီး လူထုအရေးတော်ပုံကြီးဆင်နွှဲဘို့ အချိန်ကျပြီ ၊ ဦးဆောင်ရမှာက NLD ပါ ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည် ။
ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ်၏ အလားအလာ..
NLD ၏အနာဂတ်..
မေလ ၆ ရက်နေ့ နောက်ပိုင်း NLD ၏ ဖြစ်နိုင်ချေများအပေါ် သဘောထားအမြင်များအား စုစည်းတင်ပြလိုက်သည်
Today at 4:30am
ပါတီဝင်များ၏ သဘောထားများ
ဒေါ်အောင်ဆန်းစုကြည်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ဦးဝင်းတင်
1. “ကျနော်တို့မှာ ပါတီမရှိဘူးဆိုရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ အများကြီး Limited ကန့်သတ်ထားပြီးသား ဖြစ်သွား ပါလိမ့်မယ်။ ကျနော်တို့က ဒီထက်ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ရှိလာမယ်ဆိုရင်၊ ရပ်တည်လာမယ်ဆိုရင် ကျနော်တို့ကို မတရား အသင်းအဖြစ် ကြေညာ လာနိုင်တယ်ဗျ” ဟု ဦးဝင်းတင်က ပြောသည်။
2. ”သူများထက် ခြေတလှမ်းစောတဲ့သူ၊ သူများထက် လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင် ထောင်ထဲ ဆွဲထည့်မှာပဲဗျ။ ဒါတွေကတော့ ကျနော်တို့ ကြုံရမှာပဲ” ဟု အသက် ၈ဝ နှစ်အရွယ်ရှိ ဦးဝင်းတင်က ပြောသည်။
3. ”ကျနော်တို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနိုင်ရေး၊ အာဏာရရေးလောက်ပဲ လုပ်နေတာ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ် တခုလုံးကို ဖြိုချဖို့ လုပ်နေတာဆိုတော့ သူတို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ရှိမှာပဲ” ဟု သူက ပြောသည်။
ဦးဉာဏ်ဝင်း
4. NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော့် အမြင်ကတော့ ပါတီ သေချင်သေသွားမယ်၊ နိုင်ငံရေး မသေဘူး” ဟု ပြောသည်။
ဒေါက်တာသန်းငြိမ်း
5. ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သင့်သည်ဟု ယူဆထားသော ပါတီဝင်များ ကစဥ့်ကလျား ဖြစ်မည်နှင့် ပါတီဝင်များ၏ ရှေ့ရေးကို စိုးရိမ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဒေါက်တာ သန်းငြိမ်းက ပြောသည်။ (နေအိမ်အကျယ်ချုပ်ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ယောက်ဖတော်သူ ဒေါက်တာသန်းငြိမ်း မှာလည်း ပါတီတွင်း လှုပ်ရှားမှုကြောင့် ထောင် ၈ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။)
ဦးအောင်စိုးမြင့်
6. တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် ကပြောသည်။ “ပါတီရပ်တည်ခွင့်အတွက် ကျန်နေသေးတဲ့ သက်တမ်းကာလမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မတရားတဲ့ ဥပဒေတွေကို တရားဝင်ထပ်မံ ကန့်ကွက်ဖို့ကိုလည်း ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု ၎င်းကဆိုသည်။
ပါတီဝင်မဟုတ်သူများ၏ အမြင်
1. ပါတီအနေဖြင့် ရပ်တည်ခွင့် မရနိုင်တော့မည့် NLD အနေဖြင့် မြေအောက် အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် မလိုအပ်ဟု ရွေးကောက်ပွဲ ကို ဆန့်ကျင်သူ တဦးဖြစ်သော ဇိုမီးအမျိုးသား ကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။“နိုင်ငံရေးဆိုတာကတော့ ဆိုင်းဘုတ်မရှိလည်း စိတ်ထဲမှာရှိရင် လုပ်လို့ရပါတယ်။ ကျနော်တို့ရဲ့ ZNC ဆိုတာက ၉၃ ခုနှစ် ကတည်းက ဖျက်သိမ်းတာ။ ကျနော်တို့ ဆိုင်းဘုတ် မထောင်နိုင်ဘူး၊ စာတွေ မဝေနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့ လုပ်တာပဲ” ဟု သူက ပြောသည်။
2. NLD ၏ ဆုံးဖြတ်ချက်ကို ဝမ်းသာအားရ ကြိုဆိုကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောကြားသည်။ “ဒီနေရာမှာတော့ NLD ကို ကျနော် တော်တော်အားရတယ်။ ကျနော်က ဘယ်ပါတီဝင်မှတော့ မဟုတ်ဘူး။ လွတ်လပ်တဲ့ ကလောင် တချောင်းကို ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတယ်။ သို့သော် NLD ကို ကျနော်တို့ ထောက်ခံတယ်၊ ဝန်းရံမယ်” ဟု သူက ဆက်ပြောသည်။
ယခု ဆုံးဖြတ်ချက်ကြောင့် နအဖအစိုးရသည် နောက်ထပ် အခက်အခဲ တမျိုးနှင့် ရင်ဆိုင်လိုက်ရသည်ဟု သူက ဆိုသည်။
သူက “Border Guard ကိစ္စတွေ၊ NLD ကိစ္စတွေ၊ နောက်တခါ သူတို့ ခွဲတမ်းချရမယ့် ကိစ္စတွေ၊ ဆိုတော့ ကျနော်တို့ပဲ ခက်တာ မဟုတ်ဘူး၊ သူတို့တွေက ကျနော်တို့ထက်တောင် ပိုခက်သေးတယ်။ ကျနော်ကတော့ ဟောဒီ ရွေးကောက်ပွဲ မဖြစ်ဘူးလို့တောင် ထင်တယ်” ဟု ပြောသည်။
ကိုအောင်မိုးဇော်
3. လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ဒါဟာ ပြည်သူ့သဘောထားပဲလို့ ဆိုပါတယ်။
“ဒီကိစ္စဟာ ပြည်သူလူထု သဘောထားနဲ့ ကိုက်ညီတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သမိုင်းမှာ မှတ်ကျောက်တင်ခံရတဲ့ နိုင်ငံရေးပါတီကြီး တရပ်အဖြစ် ရပ်တည်နိုင်လိုက်ပြီ ဖြစ်တယ်လို့ ပြောချင်တယ်။ ပါတီရှိတာ မရှိတာ၊ ပါတီဖျက်ပစ်တာ မဖျက်ပစ်တာ သူတို့ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အမှတ်ရစေချင်တယ်။ ပါတီဖျက်တာက သူတို့ဖျက်တာ ဖြစ်တယ်၊ ပါတီ မပျက်ဖို့လိုတယ်၊ ဒါ အဓိကဖြစ်တယ်။
“ဒုတိယတချက် ပြောချင်တာကတော့ နအဖ စစ်အုပ်စုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းသည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပျက်မှာမဟုတ်ဘူး။ ပြည်သူလူထုထဲမှာ အမြဲတမ်း တည်ရှိနေမှာ ဖြစ်တယ်။ တတိုင်းပြည်လုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်သွားမှာ ဖြစ်တယ်။
သခင်ချန်ထွန်း
4. ရန်ကုန် အခြေစိုက် ၀ါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ သခင် ချန်ထွန်းက ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမှားအမှန်ကို သမိုင်းက ဆုံးဖြတ် သွားမည် ဖြစ်သည်ဟု ဆိုသည်။ “တနင်္လာနေ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာ လျှို့ဝှက် ဆောင်ရွက်မယ့် နည်းတော့ ရှိမှာပေါ့”ဟု သခင်ချန်ထွန်းက ပြောသည်။
ကိုဖြိုးမင်းသိန်း
5. ကိုဖြိုးမင်းသိန်းက “ရွေးကောက်ပွဲမှာ မ၀င်တော့ဘူး၊ ပါတီမထောင်တော့ဘူးဆိုတော့ ရှေ့ဆက် ဖြစ် လာမယ့် အလားအလာက မြန်မာပြည် အတွက် မကောင်းနိုင်ဘူး၊ ဒီပါတီ ရှိနေဖို့ လိုအပ်တယ် ဆိုတဲ့ အပေါ်မှာ ကျနော်တို့ စဉ်းစားတာ၊ ခိုင်မာတဲ့ အားတခု ပြိုလဲ သွားမှာကို စိုးရိမ်တယ်၊ NLD မရှိဘူးဆိုရင် နောက်ထပ် ပြင်ဆင်ရမယ့် အခြေအနေက ဒီထက် ပိုပြီး ရှုပ်ထွေးလာနိုင်တယ်၊ ကွဲပြားမှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
ဦးအေးသာအောင်
6. ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
“ပါတီမှတ်ပုံတင် ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတော့ ပိုပြီးတော့ ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိုးမိုး ခြယ်လှယ်ထားတဲ့ ပုဒ်မတွေ ပါတဲ့ အတွက် နိုင်ငံရေး ပါတီ တရပ် အနေနဲ့ ဒီကော်မရှင် အောက်မှာ ရပ်တည်ပြီးတော့ နိုင်ငံရေး လုပ်ဆောင်ဖို့ ဆိုတာ မဖြစ်သင့်ဘူး” ဟု ရန်ကုန်တွင် နေထိုင်သည့် ဦးအေးသာအောင်က ပြောသည်။
နိုင်ငံတကာ သဘောထားများ
7. “မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့ အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲလို့ ကျနော်တို့ နားလည်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လေက ပြောသည်။
8. ကုလသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လေးစားရန် လိုအပ်သည်ဟု ပြောသည်။
ko myo
ကောလဟာလလား..တကယ်လား..မောင်သန်းရွှေတော့ ကြောက်ဖျားဖျားနေ..
မင်းကိုနိုင်နဲ့တကွ... ဖမ်းခံထားရတဲ့နိုင်ငံရေးသမားများကို သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ပြောနေကြပါသည်....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ (ဂျပန်လွှတ်တော် အတွင်းမှ) လက်ရှိမြန်မာ့အရေးဆွေးနွေးပွဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့် လက်ရှိမြန်မာနိုင်ငံရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအထိ ဂျပန်လွှတ်တော် အဆောက်အဦး Dai 2 ခမ်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီအရေး ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsu နှင့် ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ရှိသူများ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ စုစုပေါင်း ၅၀ကျော်ခန့် တက်ရောက်ကြပါတယ်။
အခမ်းအနားကို ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsuမှ စတင်ဖွင့်လှစ်ပေးပြီး .. မိတ်ဆက်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ရှင်းလင်းပြောပြပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ စစ်အစိုးရရဲ့ (၂၀၁၀) ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတဲ့ အကြောင်းရှင်းလင်း ပြောပြပြီး အကယ်၍စစ်အစိုးရမှ အတင်းအကြပ် ကျင်းပပြုလုပ်ခဲ့ရင် ထွက်ပေါ်လာတဲ့ အစိုးရကို ဂျပန်အစိုးရမှ အသိအမှတ်မပြုဖို့နဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ မဝင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တစုံတခု အန္တရာယ်ပေးခဲ့သည်ရှိသော် ဂျပန်အစိုးရမှ အဖွဲ့ချုပ်ဘက်မှ အပြည့်အဝ ရပ်တည်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ဂျပန်နိုင်ငံမှ ဂျပန်အစိုးရအား သံတမာန်အဆင့်အတန်း လျော့ချပေးရန်တို့ကို တင်ပြ တောင်းဆိုသွားပါတယ်။
ဆက်လက်ပြီး CHRISTIAN SOLIDARITY WORLDWIDE အရှေ့တောင်အာရှ တာဝန်ခံ မြန်မာ့အရေးကျွမ်းကျင်သူ Mr.Ben Rogerမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နယ်စပ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ဆလိုက်ရှိုးများဖြင့် ပြသရှင်းလင်းပြောပြသွားပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ (ဒု)ဥက္ကဋ္ဌဦးလှဟန်မှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပြီးခဲတဲ့ ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Okada မှ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရားဝင် ဥပဒေတခုအဖြစ် ပေါ်ထွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားပြီး ၁။ စစ်အစိုးရအာဏာပိုင်များ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်ပေးရန် ၂။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို အခြေခံ၍ ကျင်းပသော ရွေးကောက်ပွဲကိုရလာဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ပေးရန်၊ ၃။ ဂျပန်အစိုးရမှ အသိအမှတ်မပြုသော ရွေးကောက်ပွဲ ရလာဒ်မှ ဖွဲ့စည်းထားသော မည်သည့်အစိုးရကိုမှ ဂျပန်နိုင်ငံမှ မည်သည့်အကူအညီ အထောက်အပံ့များ မပြုလုပ်နိုင်ကြောင်း အသိပေးရန်၊ ၄။ သံတမာန်အဆင့် လျော့ချတဲ့အထိ အရေးယူမည်ဟု ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ပေးရန်နှင့် လက်ရှိပြသနာတွေ ဖြေရှင်းနိုင်ဖို့ အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ ပြည်သူလူထုကို ထိတွေ့ခွင့် ပေးမှပြေလည်နိုင်မှာ ဖြစ်ကြောင်း တို့ကို ရှင်းလင်း တင်ပြ တောင်းဆိုသွားပါတယ်။
ဆက်လက်ပြီး ဂျပန်လွှတ်တော် အမတ်များရဲ့ မေးမြန်းချက်ကို ဥက္ကဋ္ဌဦးသန့်ဇင်ဦးနှင့် Mr. Ben Roger တို့မှ ပြန်လည်ဖြေကြားသွားပါတယ်။ ယနေ့အစည်းအဝေး၌ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနဲ့ ၂၉ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထား (၆)ချက်ပါ ကြေငြာချက်တို့ကို အင်္ဂလိပ်၊ ဂျပန်ဘာသာတို့ဖြင့် ရှင်းလင်းချက်များအား ဝေငှခဲ့ပါတယ်။ ညနေ(၄)နာရီမှာ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်။
သတင်း၊ဓာတ်ပုံ .. ဒီမိုဝေယံ..