“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 03, 2010

စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ

လာရီ ဂျေဂင် အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၆ မိနစ်

ဘန်ကောက် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်ရှိသည်။

စားဖားခွေးဝဲစားကြီးသန်းရွှေ

''မြန်မာ့အလင်း သတင်းစာမှာ ဒေသခံ ခေါင်းဆောင်တွေကို စစ်အစိုးရ ဝန်ကြီးတွေက လက်ဆွဲနှုတ်ဆက်နေတာတွေ၊ ငွေကြေးအကူအညီ ပေးနေတာတွေနဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေ၊ ဒေသခံတွေကို မိန့်ခွန်းပြောနေတဲ့ ပုံတွေ၊ သတင်းတွေ အပြည့်ဖော်ပြနေတာ တွေ့ရတယ်'' ဟု မြန်မာနိုင်ငံက မကြာခင်သေးခင်က ပြန်ရောက်လာသည့် အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောပြသည်။

''ဒါတွေက တကယ်တော့ မဲဆွယ်စည်းရုံးခြင်း တမျိုးပါပဲ။ စစ်တပ်ဟာ ဒေသခံတွေရဲ့ နှလုံးသားကို ဖမ်းစားဖို့ ကြိုးစားနေတာပါ'' ဟု သူက ဆက်ပြောခဲ့သည်။

''ဒီနေ့ မြန်မာနိုင်ငံက ဒီမိုကရေစီဟာ နုနယ်သေးတယ်။ ပြီးတော့ ဂရုတစိုက် စိတ်ရှည်ဖို့နဲ့ အာရုံစူးစိုက်ဖို့လည်း လိုပါတယ်'' ဟု မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ပြီးခဲ့သည့်နှစ် တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသွားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ လွဲ၍ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ရှားရှားပါးပါး ပြောဆိုခဲ့သော်လည်း သူ့အနေနှင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို အာဏာမမက်ကြရန်နှင့် စည်းကမ်းလိုက်နာကြရန် အလိုရှိနေလေသည်။

''ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ စနစ်တကျ ကျင်းပဖို့ အစီအစဉ်တွေ ဆွဲနေတုန်းပဲ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ရလိမ့်မယ်'' ဟု သူက သတိပေးခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီ အက်ဥပဒေတို့ အတည်မပြုရသေးသော်လည်း ထိုရွေးကောက်ပွဲ အစီအစဉ်များက မြန်မာနိုင်ရှိ အရာအားလုံးကို လွှမ်းမိုးလျက်ရှိသည်။ ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုလည်း အတိအကျ မကြေညာရသေးချေ။

သို့သော် မြန်မာပြည်တဝှန်းတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိတ်တဆိတ် ပြင်ဆင်မှုများကို ပြုနေကြသည်။ အစိုးရ အုပ်ချုပ်ရေး ယန္တယားမှာ ယာယီရပ်ဆိုင်းထားပြီး အစိုးရ ဝန်ကြီးများ၊ အရာရှိကြီးများမှာ နိုင်ငံရေး စည်းရုံးမှုများကိုသာ ဦးစားပေး လုပ်ဆောင်နေကြသည်။
''ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ မဆိုင်တဲ့ အစိုးရဆုံးဖြတ်ချက်တွေ ဘာကိုမှ မလုပ်တော့ဘူး'' ဟု အမည်မဖော်လိုသော ထိပ်တန်း ကုလသမဂ္ဂ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အရေးကြီးသည့် စီမံကိန်းများကို ရွေးကောက်ပွဲများ ပြီးမှသာ စတင်နိုင်မည်ဟု အစိုးရဝန်ကြီးများက အခြား ကုလသမဂ္ဂ အကူအညီပေးရေး အရာရှိတဦးသို့လည်း ပြောပြသည်။

အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း ဗုဒ္ဓဟူးနေ့သို့ ရွေ့ပြောင်းလိုက်ခြင်းအားဖြင့် ဝန်ကြီးများကို ကြာသပတေးမှ တနင်္ဂနွေအထိ တပတ်လျှင် ၄ ရက်၊ ၎င်းတို့ စည်းရုံးရေးအတွက် တာဝန်ကျရာ အရပ်ဒေသများတွင် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့သည်ဟု ထိပ်တန်း စစ်တပ်အသိုင်းအဝိုင်း အဆိုအရ သိရသည်။ ထိုဆောင်ရွက်ချက်များတွင် သတ်မှတ်ထားသည့် ဒေသခံ လူထုကို လက်ဆောင်ပစ္စည်းနှင့် ငွေကြေးများ ပေးအပ်သည်သာမကဘဲ ရွေးကောက်ပွဲရက် ကြေညာသည့်အခါ စည်းရုံးရေးလုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်ရန်အတွက် ငွေကြေးကောက်ခံသည့် လုပ်ငန်းများလည်း ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သြဇာကြီးပြီး အဂတိလိုက်စားသော ဝန်ကြီးဦးအောင်သောင်းကို ရွေးကောက်ပွဲ စည်းရုံးရေးများ ကြီးကြပ်ရန်နှင့် စစ်အုပ်စုထောက်ခံသော ကိုယ်စားလှယ်များကို ငွေကြေးထောက်ပံ့ရန် တာဝန်ပေးထားသည်ဟု ဗိုလ်ချုပ်မှူးကြီးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။
thein-sein
သူက ''အဘိုးကြီးရဲ့ လူယုံဖြစ်နေတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ကုမ္ပဏီတခုမှ အကြီးတန်း မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။ ''သူ့ရဲ့ လျှို့ဝှက်ရည်မှန်းချက်က စစ်အုပ်စုသဘောကျတဲ့ ကိုယ်စားလှယ်တွေကို ရိုဟင်ဂျာတွေက ထောက်ခံလာအောင်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို လူထုရဲ့ ထောက်ခံမဲတွေရလာအောင် သေသေချာချာ လုပ်ဆောင်ဖို့ပဲ'' ဟု စစ်အစိုးရ အရာရှိတဦးက ပြောသည်။

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည်။ သို့သော် မြန်မာစစ်တပ်က ၎င်းတို့ကို အရပ်သားအစိုးရ ဖွဲ့စည်းရန် မည်သို့မှ ခွင့်မပြုခဲ့ချေ။ ဒီတခါ စစ်ဗိုလ်ချုပ်ကြီးများက ထိုစဉ်က အမှားမျိုး ဆက်လက်မကျူးလွန်ရန် စီစဉ်နေပြီး ဤတကြိမ်တွင် သူတို့ မရှုံးရန် အရာအားလုံးကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တချိန်တည်းမှာပင် ၎င်းတို့က လူတိုင်းကို အမှောင်ထဲမှာ ရှိနေစေခဲ့သည်။

''ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေက အခုဆိုရင် ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ'' ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက အင်ဒိုနီးရှားဝန်ကြီး မာတီ နာတလီဂါဝါကို ဟနွိုင်းရှိ အာဆီယံဒေသဆိုင်ရာ အစည်းအဝေး တခုတွင် ပြောကြားခဲ့သည်။ ''၁ဝဝ ရာခိုင်နှုန်းပြီးဖို့ နောက်ထပ် ၂ လ ဒါမှမဟုတ် ၃ လ ထပ်စောင့်ရလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဒီနှစ် ဒုတိယ ခြောက်လပတ်ထဲမှာမှ ဖြစ်လိမ့်မယ်'' ဟု သူက ပြောဆိုကြောင်း သိရသည်။

မြန်မာနှင့် အနီးစပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲသည် ယခုနှစ် နောက်ဆုံး ၃ လ အတွင်း ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ်သံတမန်များ အဆိုအရ သိရသည်။ ၎င်းရွေးကောက်ပွဲမှာ ၁ဝ ရက် ၁ဝ လ ၂ဝ၁ဝ ခုနှစ်တွင် ဖြစ်လိမ့်မည်ဟု မြို့တော်သစ် နေပြည်တော်ရှိ ထိပ်တန်း စစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ နိုင်ငံရေးပါတီ ၁ဝ ခုသာ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဟွာဟင်း၌ ကျင်းပသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း အခြား အာရှခေါင်းဆောင်များကို ပြောကြား
ခဲ့ကြောင်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အင်ဒိုနီးရှား သံတမန်တဦးက ပြန်ပြောပြသည်။

သို့သော် အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်ကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်၍လည်းကောင်း တစုံတရာ ရည်ညွှန်းသွားခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ကိန်းဂဏန်းများအပေါ် သက်ဝင်ယုံကြည်လွန်းသော စစ်အုပ်စု၏ အမူအကျင့်အရ ၁ဝ ရက်၊ ၁ဝ လ၊ ၂ဝ၁ဝ မှာ ပိုမိုဖြစ်နိုင်ကြောင်း လူအများက ခန့်မှန်းနေကြသည်။ အတိတ်တုန်းက စစ်တပ်သည် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ နေ့ရက်နှင့် မြို့တော်သစ်သို့ အလုံးအရင်းဖြင့် ပြောင်းရွေ့သည့်နေ့ အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်တိုင်း ဗေဒင်ဆရာများ၏ တွက်ချက်မှုအပေါ် အခြေခံ၍သော်လည်ကောင်း၊ ထူးခြားသည့် နေ့ရက်များကို အခြေခံ၍သော်လည်ကောင်း ပြုလုပ်လေ့ရှိသည်။ ယခုအခါ ရွေးကောက်ပွဲမှာ ယခုနှစ် မိုးရာသီ ကုန်လွန်ပြီးနောက် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပရန် သေချာနေပြီး လောလောဆယ် ပြောဆိုနေသော နေ့ရက်မှာ လှည့်စားခြင်းသက်သက်သာ ဖြစ်ကြောင်းလည်း ဖြစ်နိုင်လေသည်။ ရွေးကောက်ပွဲကို လူတိုင်း ပုံမှန်အလုပ်နားရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဆိုသည်ကတော့ သေချာနေသည်။

ရွေးကောက်ပွဲဥပဒေ ကြေညာသည့် အချိန်အထိ ဖြစ်နိုင်ချေရှိသော နိုင်ငံရေးသမားများ ပါဝင်လှုပ်ရှားရန် အနည်းအကျဉ်းသာရှိပြီး သူတို့၏ အချိန်ကို စောင့်ဆိုင်းနေရန်သာ ရှိသည်။ ထိုအချိန်ထိ ရွေးကောက်ပွဲ များကို မည်သို့မည်ပုံ ကျင်းပမည်ကို မည်သူမျှ မသိရှိနိုင်သလို ပိုမိုအရေးကြီးသည့် မည်သူများ ပါဝင်ယှဉ်ပြိုင်မည်ကိုလည်း မသိနိုင်ဘဲ ရှိနေသည်။ တရားဝင်အားဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် မရှိသေးဘဲ ထိုသို့ ပြုလုပ်ရန် နိုင်ငံရေး ပါတီများ မှတ်ပုံတင်သည့် ဥပဒေများ ထုတ်ပြန်ပြီး ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးမှုများကို ကြီးကြပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပြီးမှသာ ဖြစ်နိုင်လေသည်။

''နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲ ဥပဒေများကို နောက်ဆုံးအချိန်အထိ လျှို့ဝှက်ထားလိမ့်မယ်'' ဟု ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။ ''ဖြစ်နိုင်ချေရှိတဲ့ အတိုက်အခံတွေ အားလုံးကို ခြေလှမ်းမှားအောင်နဲ့ စုစည်းချိန်မရအောင် သူတို့ လုပ်ထားလိမ့်မယ်'' ဟု ဆက်လက်ပြောသည်။

ပြီးခဲ့သည့် နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့ မတိုင်မီ လပေါင်း ၂ဝ စောပြီး ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုခေါင်းဆောင်များက ထိုအမှားမျိုး ထပ်မံမကျူးလွန်ရန် သတိကြီးစွာ ထားနေသည်။ သို့သော် ထိုစဉ်ကထက်စာလျှင် နှစ်ပေါင်း ၂ဝ ဖြတ်ကျော်ပြီးသော ယနေ့ မြန်မာပြည်မှာ လွန်စွာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှု၊ စော်ကားမော်ကားပြုမှုနှင့် စီးပွားရေး ချွတ်ခြုံကျမှုတို့က မြန်မာလူမျိုး အများအပြားမှာ စစ်တပ်အပေါ် စိတ်ရှုပ်ထွေးစေပြီး ပိုမိုဒေါသထွက်လာစေသည်။ သို့သော် ၎င်းမှာ ရွေးကောက်ပွဲတွင် စစ်အစိုးရ ဆန့်ကျင်သော ခိုင်မာသည့် ဆန္ဒမဲများအဖြစ် ပြောင်းလဲသွားမည်၊ မသွားမည်ကတော့ စောင့်ကြည့်ရဦးမည့် သဘောရှိသည်။ ဒီမိုကရေစီလိုလားသူများအတွင်း ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲလျက်ရှိသည်။

''စစ်တပ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားမယ့် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဘာကြောင့် ဝင်ပြိုင်ရမှာလဲ'' ဟု ပြည်ပရောက် မြန်မာများ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

''ကျနော်တို့ရဲ့ ခေါင်းဆောင် တော်တော်များများဟာ သူတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့် အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မှာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ဘာသာ ရေးဆွဲပြီး လူတိုင်းကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတင်းအကျပ် ထောက်ခံမဲပေးအောင် လုပ်ပြီး (၂ဝဝ၈ ခု မေလမှာ) ပြဋ္ဌာန်းခဲ့တယ်'' ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲများသည် စစ်အစိုးရအတွက် ဒီမိုကရေစီကျသည့် အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ရန် အသုံးချခြင်းသက်သက်သာ ဖြစ်ကြောင်း အကဲခတ်အများက ယုံကြည်နေကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်နေရာ၏ လေးပုံတပုံကို စစ်တပ် အရာရှိများအတွက် သီးခြားဖယ်ထားသည်။ ပြီးခဲ့သည့်နှစ်က အငယ်တန်း အရာရှိများကို စစ်တပ်၏ လွှတ်တော်အမတ်များအဖြစ် ထမ်းဆောင်ရန် နိုင်ငံရေး၊ စီးပွားရေးပညာရပ်များနှင့် ပတ်သက်၍ ၎င်းတို့အတွက် အဆင့်မြင့် အရာရှိသင်တန်းများ၏ တစိတ်တပိုင်းအဖြစ် အထူး သင်တန်းများ ပို့ချခဲ့သည်ဟု စစ်အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။ အမျိုးသား ကာကွယ်ရေးကောလိပ်ဟု အမည်ရသည့် ထိပ်တန်း စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည့် အရာရှိတော်တော်များများမှာ လွှတ်တော်သစ်ရှိ နေရာများအတွက် လျာထားလျက်ရှိသည်။

''၂ဝ၁ဝ မှာ ရွေးကောက်ပွဲဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်လိမ့်မယ်။ သူတို့ကိုယ် သူတို့ စစ်ဝတ်စုံချွတ်ပြီး အရပ်သားပုံစံနဲ့ အာဏာဆက်ယူဖို့ ဖြစ်မယ်'' ဟု ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံ ဦးစိုးအောင်က ပြောသည်။ စစ်အစိုးရ အရာရှိတော်တော်များများက ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲမဟုတ်ဘဲ ရွေးချယ်ပွဲသာ ဖြစ်လိမ့်မည်ဟု သီးခြား ဝန်ခံလေသည်။

''ဒီနှစ်မှာ ရွေးကောက်ပွဲ ရှိတယ်ဆိုပေမယ့် အောင်ဆန်းစုကြည် ဒါမှမဟုတ် သူမရဲ့ ပါတီ ဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ အာဏာလွှဲပြောင်းရေးကတော့ ဖြစ်လာစရာ မရှိပါဘူး'' ဟု မြန်မာ့အရေးကို အနီးကပ် လေ့လာနေသော တရုတ်သံတမန်တဦးက ဆိုသည်။ ''အားလုံး အရင်အတိုင်းပဲ။ နိုင်ငံရေး အပြောင်းအလဲ ရှိမှာမဟုတ်ဘူး'' ဟု ထိပ်တန်း တရုတ်အစိုးရ အရာရှိတဦးကလည်း မဇ္ဈိမကို ပြောပြသည်။

၂ဝ၁ဝ အတွက် အာဏာရယူရန် ပါတီများ ဖွဲ့စည်းခြင်းမရှိဘဲ တရားဝင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရန်အတွက် စစ်အစိုးရက ပြင်ဆင် နေခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများကို စစ်အစိုးရ ကိုယ်စားလှယ်လောင်းကိုသာ ထောက်ခံရန်နှင့် ရန်ပုံငွေ ပံ့ပိုးပေးရန် ညွှန်ကြားထားသည်။ ထို့ကြောင့် အချို့မဲဆန္ဒနယ်များတွင် စီးပွားရေးသမား အချို့အတွက် လျာထားပြီး ငွေကြေး အထောက်အပံ့ကိုလည်း ရယူရန် စီစဉ်ထားသည်။

''ဒီရွေးကောက်ပွဲမှာ ရှုံးလို့မရဘူး'' ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိပ်တန်း စီးပွားရေးသမား တချို့ကို ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့သည်။ ''တကယ်လို့ ရှုံးခဲ့ရင် လွန်ခဲ့တဲ့ နှစ် ၂ဝ ကြိုးပမ်းခဲ့တာတွေ အလကားဖြစ်သွားမယ်'' ဟု ပြောကြောင်း မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အနောက်တိုင်း သံတမန်များ၏ အဆိုအရ သိရသည်။

ဖြစ်ချင်သောရလဒ် ထွက်ပေါ်လာရေးအတွက် ရွေးကောက်ပွဲများကို အတည်ပြုရန်မှာ စစ်ခေါင်းဆောင်များအတွက် အကြီးမားဆုံး ပြဿနာများဖြစ်သည်။ ရွေးကောက်ပွဲများသာ လွတ်လပ်ပြီး တရားမျှတခဲ့လျှင် ရွေးကောက်ပွဲဝင်မည့်သူများ ထောက်ခံမဲရရန်မှာ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေ နည်းနေသည်။ အနည်းဆုံး လက်ရှိ ဝန်ကြီး တဒါဇင်ခန့်ကို ရွေးကောက်ပွဲဝင်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ်ထားသည်။ ၎င်းတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစိုးရရာထူးမှ နုတ်ထွက်ရလိမ့်မည်။

အဆိုပါ ဝန်ကြီးများမှာ ၎င်းတို့၏ ဝန်ကြီးဌာနများ အဆင်ပြေချောမွေ့နေစေရန် ယခု ဘဏ္ဍာရေးနှစ်၏ အဆုံးဖြစ်သော ဧပြီလအထိ လက်ရှိရာထူးတွင် ရှိနေရမည်ဖြစ်သည်။ ၎င်းတို့ကို စစ်အစိုးရ၏ လက်ရှိ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခြင်းကို သွက်လက်မြန်ဆန်ရန်နှင့် ဝန်ကြီးဌာနများ၏ ငွေစာရင်းများ မှန်ကန်မှုရှိစေရန် ညွှန်ကြားထားသည်။ ရန်ကုန်ရှိ စစ်အစိုးရ ဝန်ကြီးဌာနများမှ ပိုင်ဆိုင်သော ဧက ၁၁ ဝဝဝ ကျော်ရှိသည့် မြေကွက်များနှင့် အဆောက်အဦးများကို ရောင်းချရန်ရှိကြောင်း မြန်မာခေါင်းဆောင်များနှင့် နီးစပ်သည့် အနောက်တိုင်း စီးပွားရေးသမား တဦး၏ အဆိုအရ သိရသည်။

ထိုကာလအတွက် အုပ်ချုပ်ရေးအာဏာသာရှိပြီး ဥပဒေပြုအာဏာမရှိသော ကြားဖြတ်အစိုးရ တရပ်ကို ဖွဲ့စည်းကာ ရွေးကောက်ပွဲ ကျင်းပချိန်အထိ ၆ လတာ အချိန်အတောအတွင်း အုပ်ချုပ်လိမ့်မည်ဖြစ်ပြီး ၎င်းနောက် ရွေးကောက်ခံ လွှတ်တော်သစ် အစည်းအဝေး မစတင်မီ နောက်ထပ် ၆ လခန့်အတွက်လည်း ဖြစ်လိမ့်မည်။ ''အစိုးရအတွက် တနိုင်ငံလုံးက မဲတွေ ရေတွက်ဖို့နဲ့ နောက်ဆုံး ရလဒ်ကို အတည်ပြုဖို့ သီတင်းပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာ ကြာလိမ့်မယ်'' ဟု မြန်မာပြည်တွင်းရှိ မြန်မာပညာရှင်တဦးက ဆိုသည်။ ထိုကာလမှ မလုံလောက်သေးလျှင် လွှတ်တော်သစ်မှာ အနည်းဆုံး တနှစ်အထိ ကြာမြင့်နိုင်သည်ဟု (လွှတ်တော် ဆောက်လုပ်ရေး) စီမံကိန်းအတွက် အလုပ်လုပ်နေသော မြန်မာဆောက်လုပ်ရေး မန်နေဂျာ ဦးဖေထွန်းက မဇ္ဈိမကို ပြောသည်။

လာမည့် လအနည်းငယ်အတွင်း အစိုးရနှင့် စစ်တပ်အတွင်း အဓိက အပြောင်းအလဲမှာ ဖြစ်ထွန်းလိမ့်မည်။ အစိုးရ အုပ်ချုပ်ရေးယန္တယားကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဝန်ထမ်း အများအပြားမှာလည်း ပင်စင်ယူလိမ့်မည်။ ဝန်ကြီးဌာနများကိုလည်း ခွဲခြမ်းပစ်ပြီး ဝန်ကြီး ၁၇ ဦးသာ ကျန်ရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံရေးသမား လုပ်ရန်အတွက် ဝန်ကြီး ၂ ဦးမှာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းတို့၏ ဝန်ကြီးဌာနများကို အခြားဌာနများနှင့် ပူးပေါင်းပစ်ခဲ့သည်။ ကျန်ဝန်ကြီးများမှာ မြန်မာနှစ်သစ်ကူးကာလ (သင်္ကြန်) အပြီး ဧပြီလ အလယ်ပိုင်းလောက်တွင် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးသမား ဖြစ်သွားလိမ့်မည်။ ၎င်းတို့အားလုံးမှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် မှတ်ပုံမတင်မီ ပိုင်ဆိုင်သမျှကို ကြေညာရလိမ့်မည်ဟု မြန်မာနိုင်ငံရှိ အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။

နိုင်ငံရေးပါတီ ဥပဒေကြေညာပြီးနောက် လအနည်းငယ်အတွင်း အခြေခံ လူတန်းစားများအတွင်း စစ်အစိုးရကို ထောက်ခံရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လွန်ခဲ့တဲ့ ၁၅ နှစ်က ဖွဲ့စည်းခဲ့သော လူထုအဖွဲ့အစည်းဖြစ်သည့် ကြံ့ဖွံ့မှာ ယခုနှစ် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် ပါတီတရပ်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သည့် နှစ်အနည်းက ပါတီ ၃ ရပ် ဖွဲ့စည်းမည်ဟု စီစဉ်ခဲ့သေးသော်လည်း ယခုအခါ ကြံ့ဖွံ့ လက်အောက် တွင် ပါတီတရပ်သာ ဖွဲ့စည်းမည်ဟု စိတ်ချရသည့် မြန်မာသတင်းရပ်ကွက် အဆိုအရ သိရသည်။ စစ်တပ် အသိုင်း အဝိုင်းအဆိုအရ နိုင်ငံရေးလောကသို့ မဖြစ်မနေ ဝင်ရောက်ရမည့် လက်ရှိဝန်ကြီးများမှာ အဆိုပါ ပါတီသို့ ဝင်ရောက်ရလိမ့်မည်။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) မှာလည်း ခေတ်သစ်၏ အစိတ်အပိုင်း တရပ်အဖြစ် တည်ရှိလိမ့်မည်။ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးက စစ်သားနှင့် အစိုးရ ဝန်ထမ်းများကို တစညသည် စစ်တပ်၏ ညီနောင်ပါတီအဖြစ် သဘောထားရန် ညွှန်ကြားထားကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

လာမည့် လများအတွင်း စစ်တပ်နှင့် အစိုးရအတွင်း အပြောင်းအလဲများ ပေါ်ပေါက်လိမ့်မည်။ အသက် ၆ဝ ပြည့် ပင်စင်ယူရန် ဦးသန်းရွှေက အတင်းအကျပ် စည်းမျဉ်းထုတ်ပြန်သည့်အတိုင်း ထောင်ပေါင်းများစွာ မဟုတ်ခဲ့လျှင် ရာပေါင်းများစွာသော အကြီးတန်း စစ်အရာရှိများကို အနားယူစေပြီး အငယ်တန်း အရာရှိများအတွက် အဆင့်မြင့်ရာထူးများ ရယူရန် စစ်တပ်အတွင်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်လိမ့်မည်။ ထိုအချင်းအရာသည် ရွေးကောက်ပွဲများပြီးနောက် ပေါ်ပေါက်လာမည့် ဆက်ဆံရေးသစ်အတွက် အကြီးမားဆုံး ပြင်ဆင်မှု ဖြစ်သည်။

ထုံးစံအားဖြင့် စစ်တိုင်းမှူးများမှာ ဒေသဆိုင်ရာ အရပ်သားအာဏာပိုင်များကို တာဝန်ခံရသည်ဆိုသော်လည်း လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း စစ်တပ်၏ အမူအကျင့်မှာ ၎င်းနှင့် ပြောင်းပြန်ဖြစ်သည်။ တချို့ဧရိယာများတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့အကြား လုပ်အားပေးခိုင်းစေမှုနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး၏ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနှင့်နေပြီဖြစ်သည်။

အဓမ္မ သိမ်းပိုက်ထားသည့် မြေယာများကို ပြန်ပေးရန် အာဏာတည်သည့် အမိန့်ကို ဆန့်ကျင်၍ ဒေသဆိုင်ရာ တရားရုံးတို့က ဆုံးဖြတ်ပြီး မြေယာ ပြန်လည်အပ်နှင်းခံရသည့် လယ်သမားများကို ပိုင်နက်ကျူးလွန်မှုနှင့် တရားစွဲဆိုခြင်းများ ရှိနေသည်။ ဒေသတခုတွင် ဗဟိုအာဏာပိုင်တို့က တရားမဝင် သိမ်းယူမှုအဖြစ် လက်ခံထားပြီး မြေယာ ပိုင်ဆိုင်ခွင့် ရရှိသည့် လယ်သမား ၆ဝ ကျော်မှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ထိုအချင်းအရာများမှာ နောက်လာမည့် ပြဿနာများ၏ အစအဦးသာဖြစ်သည်။
ယခုနှစ် ရွေးကောက်ပွဲဖြစ်စဉ်မှာ ပဋိပက္ခ္ခနှင့် စိုးရိမ်ပူပန်မှုများ တိုးမြင့်လာမည့်သဘော ရှိလေသည်။ မြန်မာဆရာဝန်များ၏ အဆိုအရ အထူးသဖြင့် ရန်ကုန်တွင် ပြည်သူလူထုအကြား လာမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ မသေချာမရေရာမှုကြောင့် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့စိတ်များ တိုးပွားလျက်ရှိနေသည်ဟု သိရသည်။

အာရှသံတမန်တချို့၏ အဆိုအရ ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းရန် အလှမ်းဝေးလျက်ရှိသည်။ ''ရွေးကောက်ပွဲ အစီအစဉ်က ရှိနေတုန်းဖြစ်ပေမယ့် သတင်းပတ် ကြာလာတာနဲ့အမျှ စစ်အစိုးရအတွက် ရလဒ်ကို မထိန်းချုပ်နိုင်မှာကို ပိုပိုပြီး စိုးရိမ်နေတယ်'' ဟု ရန်ကုန်အခြေစိုက် အာရှ သံတမန်တဦးက ဆိုသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ထိန်းချုပ်မှုနှင့် ကန့်သတ်မှုများ တိုးပွားလာမည့်သဘော ရှိနေသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများမှာ တနေ့ထက်တနေ့ ပြည်ဝင်ခွင့်ဗီဇာ ရရန်နှင့် ရန်ကုန်မြို့ပြင်သို့ ခရီးထွက်ခွင့် ရရန်မှာ ခက်ခဲလျက်ရှိသည်။ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာမှာ အတိတ်တုန်းက အရာသာဖြစ်ကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ ဝန်ထမ်းတဦးက ဆိုသည်။

ဆင်ဆာဖြတ်တောက်မှုနှင့် သတင်းမီဒီယာကို ထိန်းချုပ်မှုမှာလည်း တင်းကျပ်လျက်ရှိသည်။ ပြည်တွင်း စာစောင်များတွင် ရွေးကောက်ပွဲအကြောင်းကို ဖော်ပြခွင့် ရရှိနေသော်လည်း ပါတီများ ဖွဲ့စည်းသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပိတ်ပင်ထားသည်ဟု လွတ်လပ်သည့် သတင်းစာစောင်များမှာ အယ်ဒီတာ အများအပြားက ဆိုသည်။

ရွေးကောက်ပွဲမှာ စစ်အစိုးရအတွက် တကယ့် စမ်းသပ်မှုဖြစ်သည်။ သို့သော် အဓိကကျသည့် ကိစ္စရပ်မှာ မြန်မာလူမျိုးများက ရွေးကောက်ပွဲဖြစ်စဉ်ကို မည်သို့ ယူဆသနည်း ဆိုသည့်အပေါ် မူတည်လေသည်။ ''ဒီစစ်အစိုးရ (လူတွေကို) ကြောက်ရွံ့အောင် အုပ်ချုပ်ထားပေမယ့် (ရွေးကောက်ပွဲ) ရလဒ်ကို စစ်တပ်က အလွန်အကျွံ လှည့်စားတယ်လို့ ယူဆကြရင် အီရန်လို တုံ့ပြန်မှုမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး'' ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော လူငယ်နိုင်ငံရေးသမား တဦးက ဆိုသည်။ သို့သော် ဖမ်းဆီးခံရမည့် အရေးကြောင့် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရင် ငြင်းဆန်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/4708-2010-02-02-07-10-21.html

အပြည့်အစုံသတင်းဖတ်ရန်....

အရင်က မုဒ်ဦး တကာ..အခုတော့ သူမဟုတ်တော့ပါ ဗုဒ္ဓဘာသာ..

ဒီကျောင်းကကော ကံဆောင်ပါသလားလို့ မေးပါရစေ ။ ဘုရားရဲ့ သားတော်သံဃာများ ညီညွတ်ကြပါသလား ။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, February 02, 2010

သံဃာ့ တပ်ပေါင်းစုနှင့် ဆက်သွယ်သူများကို ထောင်ဒဏ်ချမှတ်

Tuesday, 02 February 2010 18:03 ရန်ပိုင်
နိုင်ငံရေး လှုပ်ရှား တက်ကြွသူ သံဃာတော် ၃ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး ကို မကြာသေးခင် ရက်ပိုင်းတွင် စစ်အစိုးရ အင်းစိန်ထောင် အထူး တရားရုံးမှ ထောင်ဒဏ် ၆ နှစ် မှ ၉ နှစ်အထိ အသီးသီး အပြစ်ပေး လိုက်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် အမှု စစ်ဆေးနေစဉ် အတွင်း မိသားစုများ လာရောက်တွေ့ဆုံနိုင်ခြင်း မရှိကြောင်း၊ ရှေ့နေလည်းငှားရမ်းနိုင်ခြင်း မရှိသည့်အတွက် အမှုကိုအမြန်ဆုံး စီရင်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“ ၆နှစ်ကနေ ၉နှစ်အထိ ထောင်ချခံရတယ်လို့ ရုံးချိန်းထွက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောတယ်”ဟု ၎င်းကဆိုသည်။

ယခုပြစ်ဒဏ်ချခံရသူများကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ မျိုးဆက်သစ်လူငယ်များ အဖွဲ့ စသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်သည့်အတွက် တရားမ၀င် အသင်းအဖွဲ့ဆိုင်ရာ ပုဒ်မ ၇၊ နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု ပုဒ်မ ၁၃/၁၊ နိုင်ငံခြားငွေ တရား မ၀င်ကိုင်ဆောင်မှုပုဒ်မ ၂၄/၁ ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဦးကျော်ဟိုးက ပြောသည်။

ပြီးခဲ့သည်နှစ် စက်တင်ဘာလအတွင်းက သံဃာတော် ၄ ပါးဖြစ်သည့် ရေနံချောင်းမြို့ ရွှေစေတီ ကျောင်းမှ ဆရာတော် ဦးဝါယမ၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့မှ ဦးရေ၀တ၊ ပခုက္ကူမြို့ သာသနာ့ဝေပုလ္လာရာမ အနောက် တိုက်မှ ဦးဝိသုဒ္ဓနှင့် ဦးဃောသိတ တို့ အပါ အ၀င် မန္တလေးမြို့မှ ဦးရဲမြင့်၊ ကိုညို၊ မစန္ဒာ (ခ) မသန္တာထွန်း နှင့်ပဲခူးမြို့မှ ဦးကျော်ခင်တို့ ၈ ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းဖမ်းဆီးခံရသူများတွင် ကိုညို ၊ မစန္ဒာနှင့် ဦးဃောသိတ တို့သာ NLD အဖွဲ့အား အကူအညီတောင်းသဖြင့် ရှေ့နေငှားရမ်း၍ ဥပဒေ၏ အကျိုးခံစားခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“အဲ့ဒီအကျဉ်းသားတွေကို ရှေ့နေလိုက်ပေးမယ်ဆိုပြီးသွားပြောတော့ SB ရဲတွေက ကျနော်တို့ကို ခင်ဗျားတို့နဲ့ မဆိုင်ဘူးဆို ပြီး မောင်းထုတ်တယ်၊တွေ့ခွင့်မပေးဘူး”ဟု ၎င်းကဆိုသည်။

ကိုညိုနှင့် မစန္ဒာတို့ကို အင်းစိန်ထောင်တွင်းထောင်ဒဏ်ကျခံနေသည့် NLD လူမှု့အထောက်အကူအဖွဲ့မှ ဒေါ်ချိုက အကူအညီ ပေးသည့်အတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် ရရှိခြင်းဖြစ်ကြောင်း၊ ဦးဃောသိတ အမှုအတွက် တခြားသော ရှေ့နေ တဦးဖြစ် သည့် ဦးကျော်ဌေးက လိုက်ပါ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

သာသနာ့ဝေပုလ္လာရာမ အနောက်တိုက်ကျောင်း တည်ရှိရာ ပခုက္ကူ၌ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် သံဃာ ၅၀၀ ကျော် က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြား မှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ် လိုက်သည်။

စစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ စွပ်စွဲခံရပြီး ဖမ်းဆီးထားသူများအား ဥပဒေနှင့်အညီ မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေငှားရမ်းခွင့် ပေးအပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့သော ဥပဒေ၏ အကျိုးခံစားခွင့် မရရှိခြင်းသည် လူ့အခွင့်အရေး ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ယခုကဲ့သို့ ရှေ့နေမပါဘဲ စီရင်ချက်ချမှတ်ခြင်းသည် ဥပဒေကြောင်းအရလည်း တရားမ၀င်ကြောင်း ဦးကျော်ဟိုးက သုံးသပ်သည်။

၂၀၀၈ ခုနှစ်အတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားများအမှု၊ NLD အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွန်း နှင့် ဦးညီပု အမှု၊ ဦးကျင်ရှင်းထန်၏သား ကမ်ခမ်ခုတ် အမှုနှင့် ရခိုင်လူငယ် ကိုတင်ထူးအောင်တို့အမှုများအား အကျိုးဆောင်ရှေ့နေ ငှားရမ်းခွင့် မရရှိဘဲစီရင်ချက်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ http://www.irrawaddy.org/bur/index.php/news/1-news/2529-2010-02-02-11-04-18

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၂) အာဏာရှင် နှင့် သံဃာ့အာဇာနည်များ

ထိန်လင်း
ဖေဖော်ဝါရီ ၁၊ ၂၀၁၀
တိုင်းပြည်တစ်ခုဟာ အာဏာရှင်စနစ်အောက်ကို ရောက်နေမယ်၊ အာဏာရှင်တွေရဲ့ အုပ်စိုးတာ ခံနေရမယ်ဆိုရင် နိုင်ငံရေးလွတ်လပ်ခွင့်ကနေကျန်တဲ့အခွင့်အရေးအားလုံး ဆုံးရှုံးရမှာဖြစ်ပါတယ်။ အဲဒီလိုဆုံးရှုံးရတဲ့အခါ အခြေခံ အခွင့်အရေးတွေနဲ့အတူ လူတွေရဲ့
ကိုးကွယ်ယုံကြည်မှုတွေကိုပါ ထိပါးနှောင့်ယှက်တာ ခံရပါတယ်။
လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တွေကိုသာမကဘာသာရေးခေါင်းဆောင်များကိုပါ နှိပ်စက်ကလူ ပြုတတ်ပါတယ်။ အထူးသဖြင့်အရာရာကို မျက်မှန်စိမ်းတပ်ပြီး ကြည့်တဲ့သဘောမျိုး ဘယ်လူပုဂ္ဂိုလ်ဘယ်အရာကို ကြည့်ကြည့် ‘နိုင်ငံရေး’ဆိုတဲ့ ခေါင်းစဉ်နဲ့ကြည့်တဲ့သဘောတွေကြောင့် အခွင့်အရေးချိုးဖောက်မှုတွေက လိုအပ်တာထက် ပိုမိုဆိုးဝါးတာကို တွေ့ရမှာဖြစ်ပါတယ်။
အာဏာရှင်က သူ့ရဲ့အကျိုးစီးပွားနဲ့ အာဏာပါဝါကို ကာကွယ်တယ်၊ စစ်တပ်ကသူ့ရဲ့တပ် မပြိုကွဲအောင် မကျဆုံးအောင် ကာကွယ်တယ် ဆိုရင်ကိုးကွယ်ယုံကြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကလည်း မိမိတို့ရဲ့ ဘာသာသာသနာ မပျက်စီးအောင်၊ တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရမှာပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ သံဃာ့အာဇာနည်များဟာလည်း ဒီလိုထိန်းသိမ်းကာကွယ်ခဲ့သူတွေ ဖြစ်ကြပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ဟာ ပြီးခဲ့တဲ့ ၂ နှစ်က သံဃာတော်များအပေါ် အာဏာပိုင်တွေ ကအကြမ်းဖက်ခဲ့တဲ့နေ့ဖြစ်သလို စက်တင်ဘာလ ၉ ရက်နေ့ဟာလည်း ဆရာတော် ဦးဥတ္တမကိုဂုဏ်ပြု သတ်မှတ်ထားတဲ့ ‘ဦးဥတ္တမနေ့’ ဖြစ်ပါတယ်။ ဒီ ၂ ရက်ဟာ အတိတ်ကအာဏာရှင်တွေနဲ့ မျက်မှောက်ခေတ် အာဏာရှင်တွေကြောင့် ပေါ်ပေါက်လာတဲ့အထိမ်းအမှတ်နေ့ရက်တွေ ဖြစ်ပါတယ်။ ဒီတော့ ဒီ ၂ ရက်နဲ့ ဆက်စပ်ပြီးအတိတ်နဲ့ပစ္စုပ္ပန်ကို ရောယှက်တွေးတောမိပါတယ်။
အရင်ဆုံး အတိတ်က ဘီလူးသဘက်လို ကြောက်ရွံ့မုန်းတီးခဲ့တဲ့ကိုလိုနီအစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ပေါ်ပေါက်လာခဲ့ရတဲ့ သံဃာ့အာဇာနည်များအကြောင်းသမိုင်းနဲ့အတ္ထုပ္ပတ္တိစာအုပ်တွေမှာ ရှာဖွေကြည့်မိပါတယ်။ အင်္ဂလိပ်ခေတ် မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပထမဆုံး အပြစ်ပေးခံခဲ့ရသူက ဆရာတော်ဦးဥတ္တမဖြစ်တယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ အင်္ဂလိပ်ဘုရင်ခံကို ‘ကရက်ဒေါက် ထွက်သွား’လို့ မောင်းထုတ်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမကို ၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာမှာ ‘လိပ်အခွံနွှာရမည်’ဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောတဲ့အတွက် မတ်လ ၃၁ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆူးကလပ်ရွာကနေ ထွက်ကတည်းက သံကြိုးစာ ပို့ပြီးအထက်က ဖမ်းခိုင်းခဲ့တာဖြစ်ပေမယ့် ဆရာတော်ကို ကျောင်းကုန်းမြို့ ရောက်မှဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကို ဖမ်းဖို့ ကျောင်းကုန်းတိုက်ပိုင်အင်စပက်တော် ဦးထွန်းငြိမ်းက ဌာနာအုပ်ကို စေခိုင်းခဲ့တာဖြစ်ပေမယ့် တရားဟောနေတုန်း မဖမ်းဖို့၊ တည်းခိုတဲ့အိမ် ရောက်မှ ဖမ်းဖို့၊ ဖမ်းတဲ့အခါမှာ လည်း အမိန့်စာကို ရိုရိုသေသေ ပြပြီးမှ ဖမ်းဖို့နဲ့ ပုလိပ်ယူနီဖောင်း ဝတ်မသွားဖို့ စသဖြင့် မှာကြားပြီးမှ ဖမ်းခိုင်းခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ဆရာတော်ကို ထောင်ဒဏ် ၁ နှစ် ကျခံစေခဲ့ပါတယ်။
ဆရာတော်ကို တရားစွဲပြီး အမှုစစ်ဆေးနေတုန်း လပြည့်လကွယ်တွေမှာဥပုသ်ပြုခွင့်တွေ ပေးခဲ့လို့ ထောင်ချုပ်ချ ရာ မအူပင်ထောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ ကျောင်းတိုက်တစ်ခုဆီ သွားရောက် ဥပုသ်ပြုနိုင်ခဲ့ပေမယ့် အကျဉ်းချလိုက်တဲ့နေ့ကစပြီး သင်္ကန်းကိုချွတ်ပြီး ထောင်ဝတ်ထောင်စားကို ဝတ်စေခဲ့တာဖြစ်ပါတယ်။ ထောင်က
ပြန်ထွက်လာပြီးတဲ့နောက်မှာလည်း ဆရာတော်က လွတ်လပ်ရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့ပြီး ၁၉၂၄ ခုနှစ် အောက်တိုဘာလမှာလည်း ရန်ကုန် မြို့လုံးကျွတ် အစည်းအဝေးကြီးမှာ “အစိုးရလုပ်တာ မကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ။ ဒီအခွင့်အရေး ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့”
စတဲ့ ဒီမိုကရေစီတရား ဟောကြားခဲ့ပါတယ်။ ဒီအတွက် ထပ်အဖမ်းခံရပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် အပြစ်ပေးတာ ခံခဲ့ရပြန်ပါတယ်။
ဆရာတော်ဦးဥတ္တမဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့တန်းက ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့လို့ ထောင် ၃ ကြိမ် ကျခဲ့ရပါ တယ်။ ဒါကြောင့်ပဲ စက်တင်ဘာလ ၉ ရက်နေ့ကို ‘ဦးဥတ္တမနေ့’အဖြစ် ၁၉၄၇ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့တာ ဖြစ်ပေမယ့် ဘယ်အာဏာပိုင်၊ ဘယ်အစိုးရကမှ ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုကျင်းပတာ မရှိခဲ့ပါဘူး။ ရွှေတိဂုံစေတီ ခြေတော်ရင်းက ‘ကန်တော်မင် ပန်းခြံ’ကို ‘ဦးဥတ္တမ ပန်းခြံ’လို့ အရင်က ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ‘ကန်တော်မင်္ဂလာ ပန်းခြံ’လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါပြီ။
ဆရာတော် ဦးဝိစာရကတော့ နိုင်ငံရေးတရားဟောမှုကြောင့် ၃ ကြိမ် ဖမ်းဆီးထောင်ချတာ ခံခဲ့ရသလို လူမဆန်တဲ့ ရက်စက်မှုတွေနဲ့ နှိပ်စက်တာတွေလည်း ခံခဲ့ရပါတယ်။ အကျဉ်းချလိုက်တာနဲ့ သင်္ကန်းချွတ် လူဝတ်လဲခိုင်းတာ၊ ဥပုသ်စောင့်ခွင့်မပေးတာ၊ သံဃာတော်တွေကိုတောင် အမိန့်စာ ပေးပို့တဲ့အခါ ‘မောင်မင်း နာခံရမည်’ ဆိုတဲ့ ရိုင်းပျမောက်မာတဲ့ အသုံးအနှုန်းတွေ သုံးစွဲတာကို ဆရာတော်က တရားဟောတာ၊ အစာငတ်ခံတာတွေ နဲ့ ဆန့်ကျင်ပါတယ်။
ကိုလိုနီအစိုးရက ဆရာတော်ဦးဝိစာရကို မြန်မာပြည်နိုင်ငံရေး (လူဆိုး)စာရင်းဝင် နံပါတ် ၄၄ အဖြစ် မှတ်တမ်းတင် ခဲ့ပါ တယ်။ ဆရာတော် ဦးဝိစာရဟာ တရားဟောပြောရာမှာ ရဲရင့်ပြောင်မြောက်ပြီး ပွင့်လင်း ပြတ်သား တယ်၊ အသံသြဇာနဲ့ ပြည့်စုံပြီး တရားနာပရိသတ်ရဲ့ အာရုံကိုသိမ်းကျုံးဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။ ရဟန်းတော်တို့ရဲ့ ဣေ¹န္ဒသိက္ခာတော်နဲ့ ပြည့်စုံပြီး တည်ငြိမ်သိမ်မွေ့စွာ နေထိုင်သူဖြစ်တဲ့အတွက် တကာ တကာမများကလည်း အထူး ကြည်ညိုလေးစားကြတယ်လို့ သိရပါတယ်။ ဆရာတော်ဟာ စီစဉ်ထားတဲ့ တရားပွဲကို ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်ထားတာကိုတောင် ဖီဆန်ပြီး တရားဟောခဲ့သူဖြစ်ပါတယ်။ ဖမ်းဆီးပြီး
ထောင်ချတော့ ထောင်အာဏာပိုင်တွေက သင်္ကန်းချွတ်ပြီး ထောင်အဝတ်အစား လဲခိုင်းတာကိုလည်း မလဲဘဲ အံတုခဲ့တဲ့အပြင် အင်အားသုံးပြီး သင်္ကန်းကို အတင်းအဓမ္မဆွဲချွတ်တဲ့အတွက် သင်္ကန်းမရှိတော့ပေမယ့် ထောင်အဝတ်ကို မဝတ်ဘဲ အဝတ်မပါ ကိုယ်ဗလာနဲ့ နေရင်း ဆန္ဒပြခဲ့ပါတယ်။ ဒီလိုပဲ ထောင်တွင်းမှာ
ဥပုသ်စောင့်ခွင့်မပေးတဲ့အတွက် ရက်ပေါင်းများစွာ ဆွမ်းဘုဉ်းမပေးဘဲ အကြိမ်ကြိမ်ဆန္ဒပြခဲ့ပါတယ်။ နောက်ဆုံး ၁၆၆ ရက်တိတိ အစာငတ်ခံပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် ဆရာတော် ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။
ဒီလို အစာငတ်ခံ ဆန္ဒထုတ်ဖော်တဲ့အခါ ကိုလိုနီအာဏာပိုင်တွေ၊ အာဏာရှင်အလိုတော်ရိ ထောင်ဝန်ထမ်းတွေက ဆရာတော်ကို အစာစားဖို့ အတင်းအဓမ္မ ပြုမူခဲ့တာတွေ လည်း ကြုံခဲ့ရပါတယ်။ ဥပမာအားဖြင့် ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုဆက်ဆံတာတွေ၊ အဓမ္မဝိုင်းချုပ်ပြီးနှာခေါင်းပေါက်ကနေ နွားနို့ကို ပြွန်နဲ့ ထိုးသွင်းတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ ရက် ၄ဝ လောက် အစာမစားလို့ အားအင်ပြတ်ပြီး
လဲနေတဲ့အချိန်မှာ အရင်တုန်းက ‘အရူးထောင်’လို့ ခေါ်တဲ့ စိတ္တဇဆေးရုံကိုပို့ပြီး စိတ်မနှံ့သူတွေကြား ပစ်ထားပြန်ပါတယ်။ ထောင်များစွာ၊ အချုပ်ခန်းများစွာမှာ လှည့်လည်အကျဉ်းချတာကိုလည်း ခံခဲ့ရပါတယ်။ လက်ရှိစစ်အစိုးရလက်ထက်မှာ ကျင့်သုံးနေတဲ့ ထောင်က လွှတ်ပေးပြီး ထောင်ဗူးဝကနေ နောက်တစ်မှုနဲ့ပြန် ဖမ်းတဲ့ အဖြစ်မျိုးကိုလည်း ဆရာတော် ကြုံခဲ့ရပါတယ်။
တတိယအကြိမ် ထောင်ကျတဲ့အချိန်မှာတော့ ဆရာတော်ဟာ သံဃာတော်အားလုံးအတွက်
အခွင့်အရေး တောင်းဆိုရင်း ထောင်ထဲမှာပဲ ပျံလွန်တော်မူခဲ့ရပါတယ်။ ဆရာတော်အဓိကတောင်းဆိုတာက အချက် ၃ ချက်ဖြစ်ပြီး
(၁) ထောင်ဒဏ် အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်၊
(၂) ထောင်အတွင်း၌ ဝိနည်းတော်အရ ၁ လ ၂ ကြိမ် ဥပုသ်နေ့တိုင်း
ဥပုသ်ပြုခွင့်ပေးရန်၊
(၃) နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ ထောင်တွင်းရောက်ရဟန်းများအား ထိုက်တန်သော သီတင်းသုံးခွင့်ပြုရန် တို့ဖြစ်ပါတယ်။ ဒါပေမယ့်ကိုလိုနီအာဏာပိုင်တွေက မလိုက်လျောခဲ့ တဲ့အတွက် ဆရာတော်က အစာငတ်ခံသပိတ်တိုက်ပွဲ ဆင်နွှဲရင်း ၁၆၆ ရက်မြောက်မှာပျံလွန်တော်မူခဲ့ရ တာဖြစ်ပါတယ်။
ဆရာတော်ဦးဝိစာရ ရဲ့ အဂ္ဂိဈာပန ပြီးမြောက်တဲ့အခါ ဆရာတော်ရဲ့ အရိုးတွေကိုကောက်ယူပြီး ရွှေတိဂုံစေတီအနီး မှာ အရိုးအိုးစေတီတစ်ဆူ တည်ထားခဲ့ပေမယ့်ဒီစေတီ ဘယ်လို ပျောက်ပျက်သွားတယ် ဆိုတာတောင် ဘယ်လူမှ မသိကြဘူးလို့မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒီလို
သမိုင်းဝင် အထိမ်းအမှတ်တွေ အများအပြား ပျောက်ပျက်ကုန်ပေမယ့် အတိတ်ကအမွေဆိုးတွေနဲ့ ပြည်သူတွေ အပေါ် ဆက်လက်ဖိနှိပ်နေမှုတွေ ကျန်နေသေးတာကတော့တကယ့်ကို စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါ ပဲ။ ။
ထိန်လင်း (၂၊ ၉၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၄ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
(မိုးမခသတင်း)

အပြည့်အစုံသတင်းဖတ်ရန်....

America suspects nuclear co-operation between Yangon and Pyongyang

A report by the Institute for Science and International Security is not certain that former Burma wants to build an atomic bomb, but the presence in Myanmar of a North Korean company targeted by UN sanctions is raising concerns.

Washington (AsiaNews) – There are increased suspicions about the nuclear ambitions of the Burmese regime which according to an American think tank are building a reactor near Mandalay with the help of North Korea. The idea has been circulating for some time but the latest report from the Institute for Science and International Security, which included photos, reinforces the suspicion.

The document, titled "Myanmar: an aspiring nuclear state; suspected ties with North Korea; supplies of suspicious high-technology and facilities," denouncing the arrival of equipment useful for the development of a nuclear or missile program being amassed in remote areas of Burma for “unknown purposes". Although this is not enough to state that there is a nuclear weapons program - the report warns - companies and governments need to take extreme caution in relations with Myanmar and require the utmost transparency". The junta, in fact, is buying or applying for a large quantity of suspect material such as highly sophisticated technology potentially for missile or nuclear use.

According to the experts who drafted the document, David Albright and Paul Brannan, the former Burma and North Korea have discussed nuclear cooperation, but currently there is no certainty of the construction of a nuclear power plant. The evidence of collaboration include the Korean-Burmese presence in Myanmar of the heads of Namchongang Trading (NCG), a North Korean trading company targeted by UN sanctions. The nature of this partnership is still unknown, but the involvement of the NCG only increases the suspicions of those who look at Myanmar as a future nuclear threat like Iran or Pakistan.
http://www.asianews.it/news-en/America-suspects-nuclear-co-operation-between-Yangon-and-Pyongyang-17500.html

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ အရေးအတွက် အိုဘားမား ဒေါ်လာ ၃၆.၅ သန်း အဆိုတင်သွင်း

Tuesday, 02 February 2010 16:06 လာလစ် ကေဂျာ့

အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာ - ထိုင်း နယ်စပ် တလျှောက်ရှိ ဒီမိုကရေစီနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ လုပ်ငန်းစဉ်များ အထောက် အပံ့အတွက် အမေရိကန် ဒေါ်လာ ၃၆.၅ သန်းပေးရန် လွှတ်တော်သို့ အဆို တင်သွင်းလိုက်သည်။

စီးပွားရေး အထောက် အပံ့ရန်ပုံငွေ (Economic Support Fund) ၏ ၂၀၁၁ ခုနှစ် ဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်းရာ၌ သမ္မတ အိုဘားမားက နိုင်ငံတွင်းနှင့် မြန်မာ - ထိုင်းနယ်စပ် တလျှောက်ရှိ မြန်မာ့ ဒီမိုကရေစီရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လုပ်ငန်းများ အတွက် အထောက်အပံ့ ပေးနိုင်ရန် ယင်းငွေ ပမာဏကို အသုံးပြု သင့်သည်ဟု ထည့်သွင်း အဆိုပြုခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဘတ်ဂျက်သည် ၂၀၁၀ အောက်တိုဘာ လတွင် စတင် အသက်ဝင်မည် ဖြစ်သည်။

ပြည်ပ အခြေစိုက် မြန်မာ ကျောင်းသား အဖွဲ့များနှင့် တခြား အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်တာများနှင့် နယ်စပ်များ တလျှောက်ရှိ မြန်မာ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများသည် ဤထောက်ပံ့မှု၌ အကြုံးဝင်ကြောင်း သိရသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ အကူအညီ (Migration and Refugee Assistance) ခေါင်းစဉ်အောက်ရှိ မြန်မာဒုက္ခသည်များအတွက် အကူအညီ၌ ဒေါ်လာ ၄ သန်း တိုးမြှင့်ချမှတ်ပေးရန်ကိုလည်း အဆို ပြုခဲ့ ညသည်။ အဆိုပါ ဒေါ်လာ ၄ သန်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ(IDP)အား အစားအစာ၊ ဆေးဝါးနှင့် တခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ကူညီနေသော ထိုင်းအခြေစိုက် လူမှုအခြေပြု လူ့အဖွဲ့ အစည်း များကို ပံ့ပိုးနိုင်ရန်ဖြစ်သည်။

ဤဘတ်ဂျက်အဆိုတင်သွင်းမှုအရ မြန်မာနိုင်ငံအတွက် ချမှတ်ထားသော ငွေကြေးအကူအညီများကို အသုံးပြု၍ လုပ်ငန်းများအကောင်အ ထည်ဖော် ဆောင်ရွက်မည့် အစုအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ်၊ ရည်မှန်းချက်များနှင့် သွေဖီမှုမရှိသည့် လုပ် ငန်း များကိုသာ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

ယင်းဘတ်ဂျက်အဆိုတင်သွင်းမှု၌ သမ္မတအိုဘားမား၏ အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရသို့ ပေးအပ်မည့် မည်သည့် ချေးငွေ နှင့် ငွေကြေးအကူအညီများကိုမဆို နိုင်ငံတကာတွင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖေါ်ပြထားသည်။

"ဘဏ္ဍာရေးဋ္ဌာန အတွင်းရေးမှူးသည် အမေရိကန်ပြည်ထောင်စု ပါဝင်သည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတိုင်း၌ မြန်မာစစ် အစိုးရသို့ ချေးငွေ သို့မဟုတ် ငွေကြေး သို့မဟုတ် နည်းပညာအကူအညီပေးရန် သို့မဟုတ် ဘဏ်တခုခုမှ မြန်မာစစ်အစိုးရ အတွက် တခြားပုံစံဖြင့် ငွေကြေးသုံးစွဲရန် တင်ပြလာမှုများအား ကန့်ကွက်သွားရန်အတွက် ဦးဆောင်ညွှန်ကြားရေးမှူးကို လမ်းညွှန်သွားရ မည်"ဟုလည်း အဆိုတင်သွင်းမှုတွင် ဖေါ်ပြထားသည်။

တပြိုင်တည်းမှာပင် ဗီအိုအေ သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထပ်လောင်းတောင်းဆိုကြောင်း၊ သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေနှင့် မြန်မာ စစ်အစိုးရက ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် အစီအစဉ်ဆွဲနေသည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ အဖြစ် မြင်တွေ့လိုကြောင်း ပြောကြားသွားသည်။

"ကျမတို့မြင်တွေ့လိုတာကတော့ မြန်မာပြည်သူတွေ သူ့တို့ရဲ့ခေါင်းဆောင်တွေကို သူတို့ဘာသာစိတ်ကြိုက်ရွေးချယ်ခွင့်ရမယ့် လွတ်လပ် ပြီး တရားမျှတတဲ့ တရားဝင်ရွေးကောက်ပွဲတွေပဲဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာတာကိုလည်း ကျမတို့မြင်လိုပါတယ်"ဟု မစ္စ ဟီလာရီ ကလင်တန်က ပြောကြားသွားသည်။

"ကျမတို့အနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ချင်တာပါ၊ အဲဒါနဲ့ပါတ်သက်တဲ့ ဖြစ်နိုင်ချေတွေ ကိုလည်း ကျမတို့ဘက်ကကမ်းလှမ်းမှုတွေ လုပ်ပြီးပါပြီ။ ဒါပေမယ့် ကျမတို့ တကယ်မျှော်လင့်ပြီး မြင်တွေ့လို တဲ့အရာက မြန်မာ စစ်အစိုးရ အနေနဲ့ မြန်မာပြည်ဟာ အာဏာရှင်စနစ်အောက်က၊ အထီးကျန်မှုအောက်က ရုန်းထွက်လာပြီ၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေလည်း နည်းလာပြီဆိုတာတွေကို ကျမတို့ကို သက်သေပြဖို့ပါပဲ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ပါ၊ မြန်မာပြည်ကို ကူညီဖို့လည်း အဆင်သင့် ပါပဲ။ ဒါပေမယ့် ကျမတို့ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေကို အရင်တွေ့လိုပါတယ်"ဟု မစ္စ ဟီလာရီက ဗီအိုအေသို့ ဆက်လက်ပြောကြားသွားခဲ့သည်။
VOA သတင်း

အပြည့်အစုံသတင်းဖတ်ရန်....

အဓမ္မချောဆွဲမှုကြောင့် ရွာသားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်။

ဖေဖော်ဝါရီလ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်တွင် အခြေစိုက်လှုပ်ရှားနေသော နအဖ စစ်တပ်သည် ၎င်းတို့တပ်ရိက္ခာပို့ ဆောင်ရန်အတွက် ဒေသခံ ရွာသားများကို ရက်အတန်ကြာ ခေါ်ယူခိုင်းစေနေသည့်အတွက် ပြီးခဲ့သည့်ရက်အနည်းငယ်က ရွာ သားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့သည်။

ဝေါ်လေခီးဂွင်ရှိ ဘုရင့်နောင်တောင်ကုန်းပေါ်တွင် စခန်းချသည့် ဒုဗိုလ်မှူးကြီးကျော်မျိုးလှိုင် ဦးစီးသော နအဖ ခမရ(၄၀၉) တပ် ရင်းသည် ဇန်န၀ါရီလ နောက်ဆုံးအပတ်မှစ၍ ကနဲလေးကျေးရွာမှ ဘုရင့်နောင်တောင်ကုန်းပေါ်သို့ ၎င်းတို့တပ်ရိက္ခာ ပို့ဆောင် ရန်အတွက် ရွာသားများကို ခေါ်ယူခိုင်းစေရာတွင် ဆဲဆိုကြိမ်းမောင်းကာ အစာလုံလောက်စွာ မကျွေးသည့်အတွက်ကြောင့် ထွက်ပြေးလာရခြင်းဖြစ်သည်ဟု ဝေါ်လေဂွင်၊ မောဖိုးကလိုးရွာသား စောဆာထဲက ပြောသည်။

၎င်းက “ကနဲလေးရွာကနေ ဘုရင့်နောင်ကုန်းအထိ ကျနော်တို့ ဆန်သွားထမ်းပေးရတယ်။ ကျနော်တို့ သွားတဲ့အခေါက်မှာ လူ အယောက် ၅၀ကျော်ပါတယ်။ တပတ်တခါ ပုံမှန် သွားထမ်းရတယ်။ ဆန်တအိတ်လုံးကို ထမ်းရတော့ ၂ခေါက်လောက် ထမ်းရ ရင် မိုးချုပ်ပြီ။ တောင်တက်နှေးရင် ကျနော်တို့ကို ဆဲဆိုကြိမ်းမောင်းတယ်။ ထမင်းလည်း ၀အောင် မကျွေးဘဲ တပတ်လုံးလုံး ထမ်းရတော့ မခံနိုင်ဘူးလေ။ ဒါကြောင့် ထွက်ပြေးရင် အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။
ယင်းသို့ ထွက်ပြေးလာသူ မောဖိုးကလို့ရွာသားများမှာ စောဆာထဲ ၂၀နှစ်၊ စောယုလား ၁၈နှစ်၊ စောနာသူ ၁၈နှစ်တို့ဖြစ်ကြပြီး ထိုသို့ ရွာသားများခေါ်ယူခိုင်းစေရာတွင် အမျိုးသမီးများ ထက်ဝက်ခန့်ပါရှိသည်ဟု သိရသည်။

အဆိုပါဒေသတွင် နအဖ စစ်တပ်သာမက ဒီကေဘီအေတပ်ဖွဲ့များပါ ရွာသူရွာသားများကို အဓမ္မခိုင်းစေနေခြင်းဖြစ်သည်ဟု ပြီး ခဲ့သည့် လအနည်းငယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၂၀၁)ထံ လာ ရောက်ပူးပေါင်းခဲ့သူ စောနော်တယာ ဦးစီးသော ဒီကေဘီအေ (၉၀၇)တပ်ရင်းမှ တပ်သား စောမောင်ဘီက ပြောသည်။

“ကျနော် ဒီကေဘီအေမှာ နေတုန်းကဆို ရွာသားတွေကို ပေါ်တာခေါ်တာတို့၊ လုပ်အားပေးခေါ်တာတို့ကို ဒီကေဘီအေလည်း နအဖလို ခိုင်းတာပဲ။ ရွာသားတွေကတော့ ကိုယ့်အလုပ်ကို မလုပ်အားတော့ပေါ့။ ယောက်ျားမသွားနိုင်ရင် မိန်းမ သွားပေးရ တယ်။ အချို့မိန်းမတွေဆို ထမ်းရတဲ့ဆန်အိတ်က လေးနေတော့ ငိုတဲ့သူလည်း ရှိတယ်”ဟု ဆို သည်။

၂၀၀၉-၁၀ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် လှုပ်ရှားနေသော နအဖစစ်တပ်များသည် စစ်ရိက္ခာသယ်ယူပို့ဆောင်ရန်အတွက် ကရင်ပြည်သူများကို ပေါ်တာခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာသည်ဟု သိရသည်။
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဝေါ်လေခီးဂွင်တွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)လက်အောက်ခံ ခမရ(၄၀၉) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)လက်အောက်ခံ (၉၀၇)တပ်ရင်းနှင့် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှား လျှက်ရှိသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အမှန်တရားဘက်ကရပ်တည်မှုတဲ့..ထောင်ကျတဲ့ ရှေ့ နေ..တရားဥပဒေအပေါ်မှာ ဘယ်သူရှိနေသလည်း...

ILO တိုင်ကြားသူ ရှေ့နေ ဦးဖိုးဖြူအမှု တရားရုံးချုပ် အထူးအယူခံ ကြားနာမည်

01 February 2010
ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို တိုင်တန်းမှုတွေနဲ့ ဆက်နွယ်ပြီး လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ရင်း ကိုယ်တိုင် အကျဉ်းကျခံနေရတဲ့ ရှေ့နေ ဦးဖိုးဖြူရဲ့ အမှုကို နေပြည်တော် တရားသူကြီးချုပ်ရုံးက အထူးအယူခံ ကြားနာဖို့ ရှိပါတယ်။ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုလာ (Kari Tapiola) ကိုယ်တိုင် မြန်မာအာဏာပိုင်တွေဆီ တင်ပြ ဆွေးနွေးခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး အခုလို တရားဥပဒေအရ ဆက်လက် ဆောင်ရွက်မှုတွေ ရှိလာတာ အပြုသဘော ဆောင်တယ်လို့ ILO ဌာနေ ကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရှေ့နေ ကိုဖိုးဖြူခေါ် ကိုရန်နိုင်အောင်ဟာ မကွေးတိုင်းထဲက တောင်သူလယ်သမားတွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေရင်း ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ အာဏာပိုင်တွေက သူ့ကို အသင်းအပင်း အဖွဲ့များဆိုင်ရာ ဥပဒေနဲ့ အရေးယူတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု နေပြည်တော် တရားသူကြီးချုပ်ရုံးက အထူးအယူခံ အဖြစ်နဲ့ ပြန်လည်ကြားနာဖို့ ရှိတယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“၁၅ ရက်နေ့ နေပြည်တော်မှာ အပြီးသတ် လျှောက်လဲရမှာပါ။ တရားသူကြီးချုပ်က ညွှန်ကြားချက်နဲ့ အမှု ပြန်ဖွင့်ပေးတာပါ။ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၈ အရ တရားသူကြီးချုပ် ကိုယ်တိုင် ဖွင့်ရပါတယ်။ အဲဒီလို ဖွင့်ထားတာကို ကျနော်တို့က ၁၅ ရက်နေ့ နေပြည်တော်မှာ ၀န်ကြီး ၃ ပါးထိုင်နဲ့ လျှောက်လဲချက်ပေးဖို့ ချိန်းထားပါတယ်။”

ကိုဖိုးဖြူရဲ့ အမှုဟာ အထက်မြန်မာပြည်ဘက်က အမှု ဖြစ်တဲ့အတွက် တရားသူကြီး ၃ ပါးထိုင် ကြားနာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကိုဖိုးဖြူရဲ့ အမှုအတွက် လျှောက်လဲဖို့ ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်ပြီး …

“ကျနော်တို့ကတော့ အစကတည်းက အယူခံတွေ၊ ပြင်ဆင်တွေ တက်ပေးထားပါတယ်။ ကိုဖိုးဖြူဟာ အသင်းအဖွဲ့ ဥပဒေပုဒ်မ ၆ နဲ့ မငြိစွန်းပါဘူး။ သူက အသင်းအဖွဲ့ ဥပဒေပုဒ်မ ၃(ဂ) တို့၊ ၅(ဂ) တို့ ကျူးလွန်တယ် ဆိုပြီးတော့ ပုဒ်မ ၆ အရ ထောင်ဒဏ် ၄ နှစ် ချထားတာပါ။ သူ့မှတ်တမ်းထဲမှာ သူငယ်ချင်းတွေနဲ့ ရေးထားတဲ့ အဖွဲ့သေးလေးကို အသင်းအဖွဲ့ ဖွဲ့တယ်ဆိုပြီးတော့ စွပ်စွဲပြီး ပြစ်ဒဏ်ချတဲ့အတွက် လွှတ်ပေးဖို့ပဲ ကျနော်တို့ လျှောက်လဲမှာပါ။” လို့ ဆက်ပြောသွားပါတယ်။

အခုလို နေပြည်တော် တရားသူကြီးချုပ်ရုံးက ကြားနာတာမျိုးဟာ သိပ်ကို ရှားပါးတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ အခု အောက်ရုံးတွေမှာ ဆင့်ကဲဆင့်ကဲ တက်တာတောင်မှ ပုဒ်မ ၇ နဲ့ အပယ်ခံရရင် ပုဒ်မ ၈ နဲ့ လျှောက်ရင်တောင်မှ တရားမတို့ ရာဇ၀တ်တို့ဟာ ဖွင့်ခဲပါတယ်။ အခုဟာကတော့ ညွှန်ကြားချက်နဲ့ တိုက်ရိုက် ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒီအမှုမျိုးကတော့ ဖွင့်ခဲပါတယ်။ တရားစီရင်ရေး ဥပဒေမှာ အဆင့်မြင့်တဲ့ တရားသူကြီးတွေကနေ အမှုကိုယူပြီး ပြန်ဖွင့်ပေးလေ့ ရှိပါတယ်၊ ဥပဒေအရ။ ကျနော်တို့ လေ့လာမိသလောက်တော့ ပုဒ်မ ၈ နဲ့ ဖွင့်တာက တနှစ်မှ တမှု ရှိခဲပါတယ်။”

ရှေ့နေ ဦးမြင့်သွင် ပြောပြသွားတာ ဖြစ်ပါတယ်။

ရှေ့နေ ကိုဖိုးဖြူဟာ ILO ကို တိုင်ကြားသူ အမှုတွေကို လိုက်ပါဆောင်ရွက်ရာက အခုလို ပြစ်ဒဏ် ကျခံခဲ့ရတာမို့ သူ့အမှုနဲ့ ပတ်သက်ပြီး ILO က အထူးဂရုစိုက် ဆောင်ရွက်နေပါတယ်လို့ ရန်ကုန်က ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) က ပြောပါတယ်။

“သူ့ရဲ့အမှုကို မစ္စတာ တာပီယိုလာ ကိုယ်တိုင် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ILO က ဒါကို မပြတ် ဆွေးနွေးနေတာပါ။ သူ့ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ILO က သိပ်အလေးထားပြီး ဆောင်ရွက်နေတာပါ။ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာမို့ ဒီရှေ့နေ အပါအ၀င် တခြား ဖမ်းထားသူ အားလုံးနဲ့ ပတ်သက်ပြီး အကြောင်းပြန်မှာကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။” လို့ ပြောသွားပါတယ်။

ILO ရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း ပြောပြထားပြီးပြီမို့ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း ဒီလို ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ်မှုတွေ နောင်မှာ မရှိအောင် လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လိုလုပ်ဆောင်မယ် ဆိုတာကို စောင့်ကြည့်နေပါတယ်လို့လည်း ဆိုပါတယ်။

ရှေ့နေ ကိုဖိုးဖြူရဲ့ အမှုကို ၁၅ ရက်နေ့ အယူခံ ကြားနာဖို့ရှိတယ် ဆိုတာကို ILO ကို အကြောင်းမကြားသေးပေမဲ့ ဒီလို ဆောင်ရွက်လာမှုတွေဟာ အကောင်းလက္ခဏာ ဆောင်နေတယ်လို့လည်း ပြောပါတယ်။

“ဒီလို အခြေအနေမျိုး ရောက်နေသူတွေအတွက် တရားဥပဒေအရ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်ခွင့် ရတာမျိုးဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီလို အယူခံဝင်ခွင့် ပေးတာမျိုးဟာ အကောင်းလက္ခဏာ ဆောင်လာတာပါ။ သူ့လို အခြေအနေမျိုး ရောက်နေသူတွေနဲ့ ပတ်သက်ပြီး ဒီလို အခွင့်အရေးတွေ ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေကို ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာပါ။ ဒါ့အပြင် တရားရေး စနစ်ကလည်း ဒီလိုလူမျိုးတွေကို ချက်ချင်းလွှတ်ပေးမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” လို့ ILO ဌာနေ ကိုယ်စားလှယ် မစ္စတာမာရှဲလ်က ပြောသွားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ဖေဖေါ်ဝါရီ ၁ရက် 2010

8888 People Power January Last One-

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ သတင်းစုံ (ဖေဖေါ်ဝါရီ ၁ရက် ၂၀၁၀

1 Feb Yeyintnge's Diary
ကိုရဲရင့်ငယ်ကျေးဇူးပြုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုစာစောင်(Jan 2010)

Bul-No06January 10NDF

အပြည့်အစုံသတင်းဖတ်ရန်....

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

Monday, 01 February 2010 19:50 ဘကောင်း
“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။

ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ လိုင်းတွေသာရတဲ့ ရုပ်မြင်သံကြားကို ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။

ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။ နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။ ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။

“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။ “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။

အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။ အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။

အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။

Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။

“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။

ီဘကောင်း ရေးသားသော Despite Discomfort, Suu Kyi Staya Busy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အင်္ဂလန်ကလာသော...စာတစ်စောင်

Gordon Brown has sent a letter to Aung San Suu Kyi
UK continues to support a democratic Burma
10 Downing Street
30 Dec 2009

Gordon Brown has sent a letter to Aung San Suu Kyi assuring her that the UK will continue to do everything possible to advance positive change and genuine democracy in Burma.

He added that if the forthcoming elections in Burma are genuinely inclusive, free and fair, then the whole of the international community is ready to stand with Burma and to welcome her back into the community of nations.

Gordon Brown also assured Aung San Suu Kyi that he will continue to call upon the regime to engage with her and allow her further contact with diplomats in Rangoon, and to start a genuine dialogue that can give the Burmese people back their future and their hope.

Read the letter

Dear Daw Suu

You have dedicated the whole of your life to the cause of democracy and freedom in Burma. You have selflessly highlighted the wider suffering of the Burmese people rather than dwelling on your own pain. And through that courage you have gained the respect of the entire international community not just for a person, but for a cause.

The world knows that as Burma approaches an historic year you will be as resolute as ever in approaching its challenges.

If the scheduled elections proceed under a rigged constitution, with opposition leaders excluded and with no international oversight, the military rulers will be condemning Burma to more years of diplomatic isolation and economic stagnation.

But if the elections are genuinely inclusive, free and fair, then the whole of the international community is ready to stand with Burma, welcome her back into the community of nations, and contribute to rebuilding her future and prosperity. It is clear this is the only path which will lead to Burma’s future security, stability and progress for all her people.

Sadly, as the year turns, the signs do not look good. Your continuing detention is only the most visible evidence of the bad faith of a regime which has so far shown no signs of listening to regional or international calls for an end to its violent behaviour.

I continue to call upon the regime to engage with you and allow you further contact with diplomats in Rangoon, and to start a genuine dialogue that can give the Burmese people back their future and their hope.

You have asked us to use our freedom to secure the freedom of the Burmese people. I assure you that as we move into a new year and a new decade the United Kingdom will continue to do everything possible to advance positive change and genuine democracy in your country.

As you have said, there is so much that needs to be done in a Burma that cannot afford to wait.

We are immovably with you – and with the Burmese people.

Yours sincerely

Gordon Brown

http://www.bdcburma.org/Index.asp

အပြည့်အစုံသတင်းဖတ်ရန်....

သေတောင် သရဏဂုံ တင်ပေးမည်မဟုတ်..ဗုဒ္ဓဘာသာဝင်က ပယ်ကြဉ်လိုက်တယ်။

ဦးအောင်ဆန်းဦးကို သပိတ်မှောက် ကံဆောင်ကြောင်း အသိပေး ကြေညာချက်


အပြည့်အစုံသတင်းဖတ်ရန်....

Monday, February 01, 2010

စဉ်းစားကြည့်တာပါ

ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းမယ်ဆိုတော့ တရုတ်ကပြောတယ်၊

ဒီအစီအစဉ်ဟာ တရုတ်-အမေရိကန်ဆက်ဆံရေးကိုအကြီးအကျယ်ထိခိုက်စေလိမ့်မယ်တဲ့။

ဒါဆိုရင်.. တရုတ်က နအဖ ကို စစ်လက်နက်တွေရောင်းနေတဲ့ ကိစ္စ ကျနော်တို့ဘယ်လိုပြောကြမလဲ။

ဗမာပြည်သူလူထုနဲ့တရုတ်အစိုးရအကြား ချစ်ကြည်ရေးထိခိုက်စေလိမ့်မယ်လို့..ပြောရင်ကောင်းမလား။ စဉ်းစားကြည့်တာပါ။




ဒါမှမဟုတ် .. အနာဂတ် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်သဖွယ်ဖြစ်လာနိုင်တယ်လို့ ပြောရင်ရော..

ကောင်းမလား။ စဉ်းစားကြည့်တာပါ။



တရုတ်လည်းရှက်တတ်တာပဲ

၂၀၀၄ ခုနှစ်လောက်က ဖင်လန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ကျနော်တို့ ဗမာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကော်မတီ (ဖင်လန်နိုင်ငံ) က

စည်းရုံးလှုံ့ဆော်ခဲ့ပြီးတော့ လူအင်အားကောင်းကောင်းနဲ့ဆန္ဒပြခဲ့ကြဖူးတယ်။ နအဖ ကို လက်နက် ရောင်းနေတာ ရပ်ဖို့။ ကန့်ကွက်စာပေးပို့ခဲ့တယ်။

တရုတ်သံအရာရှိတယောက် ထွက်လာတယ်။ မျက်နှာကို နီရဲနေတာပဲ။ ဒေါနဲ့မောနဲ့ ဘာဖြစ်လို့ ဆန္ဒပြတာလဲ။ ဒါ တရုတ်အစိုးရကို အရှက်ခွဲတာပဲတဲ့။

သူ့ရဲ့ ပြောပုံဆိုပုံ ကိုယ်အမူအရာ နှုတ်အမူအရာ ကြည့်ခြင်းအားဖြင့် အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ရုပ်ကြမ်းလို့တော့ မထင်မိခဲ့ပါဘူး။

(တရုတ်တွေ) တော်တော်ရှက်ပြီး တော်တော်ဒေါသ ထွက်နေတယ်ဆိုတာကိုတော့ မှတ်ချက်ထား သတိပြူမိခဲ့ဖူးပါတယ်။ တရုတ်တွေလည်း ရှက်တတ်တာပဲနော်... ။

စဉ်းစားကြည့်တာပါ။



မြန်မာနိုင်ငံအကြောင်းဟောပြောခဲ့သမျှ

ပြီးခဲ့တဲ့ အပတ်က ဖင်လန်နိုင်ငံမှာပဲ မြန်မာနိုင်ငံအကြောင်း ရှင်းလင်းဟောပြောတဲ့ပွဲကလေးတပွဲ လုပ်တယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက လုပ်တာပါ။

ကျနော့်ကို ဟောပြောရှင်းလင်းပေးဖို့ ဖိတ်ကြားတဲ့အတွက် သွားခဲ့ပါတယ်။ သူတို့ကားနဲ့လာကြိုပေးတယ်။ ပရိတ်ဿတ်တော့ သိပ်မများလှဘူး။ လူ ၃၀ ၀န်းကျင်လောက်ရှိတယ်။

ပရိတ်ဿတ်မများလှပေမယ့် သူတို့သိချင်လို့မေးတာတွေကတော့ အများသား။



မြန်မာလူမျိုးဆင်းသက်လာပုံ၊ မြန်မာနိုင်ငံဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားလူမျိုးစုတွေအကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်တွေအကြောင်း၊ အင်္ဂလိပ်မြန်မာစစ်ပွဲတွေအကြောင်း၊ ပုဂံပြည်ပျက်ခဲ့ရတဲ့ တရုတ်-မြန်မာစစ်ပွဲတွေအကြောင်း၊ အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေး နိုင်ငံရေးဆက်စပ်မှုတွေအကြောင်း။ တရုတ်အစိုးရရဲ့ နအဖ အပေါ် ကူညီထောက်ပံ့နေတဲ့အကြောင်း။ စစ်လက်နက်တွေ ရောင်းချနေတဲ့အကြောင်း။ မြန်မာ့ပြည်တွင်းရေးဝင်မစွက်ဘူး ဆိုတဲ့ တရုတ်အစိုးရရဲ့ မူအပေါ်ကို ကျနော်တို့ သံသယရှိတဲ့အကြောင်းတွေကို ၂ နာရီလောက် ဟောပြောရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအကြောင်း သိချင်လို့ လာရောက်နားထောင်ကြသူတွေအတွက် စဉ်းစားကြည့်ဖို့ အချက်အလက် အဖြစ်အပျက်တွေကို သတင်းစကား ပါးလိုက်တာပါ။



သတင်းစာများကပြောတဲ့ မြန်မာနိုင်ငံ

အဲဒီရှင်းလင်းဟောပြောပွဲမှာ မြန်မာနိုင်ငံထုတ် သတင်းစာဖြတ်ပိုင်းလေးတွေ ၊ ဗွီဒီယို သတင်းတိုလေးတွေ ပြသပြီးတော့လည်း နှိုင်းယှဉ်ပြလိုက်ပါသေးတယ်။ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ MRTV တို့ မြ၀တီတို့မှာ ဖော်ပြနေတဲ့ နအဖ ခေါင်းဆောင်တွေ ဗိုလ်ချုပ်တွေ တိုင်းမှူးတွေ လှည့်လည်ကြည့်ရှူမှာကြား သြ၀ါဒ ခံယူကြောင်း သတင်းတွေကို လာရောက် နားထောင်သူတွေ ကြည့်ရတော့ အံ့သြကြတယ်။ ပြီးတော့ ဒါ မြန်မာပြည်က သတင်းစာလားတဲ့။ ဒါမြန်မာပြည်က ရုပ်မြင်သံကြား သတင်း အစီအစဉ်လားတဲ့။ ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်တော့…၀က်ဝက်ကွဲ ရယ်လိုက်ကြတာ..။



ဟုတ်ကဲ့.. အမေရိကန်မှာတော့ အလားတူ ကိစ္စမျိုးတွေက (တခါတရံမှာ) သတင်းဖြစ်တတ်ပါကြောင်း.. ကျနော်ပြန်လည် ဆွေးနွေးကြည့်ခဲ့ပါတယ်။



အမေရိကားမှာ စီးပွားပျက်ကပ်ကြီးဆိုက်တော့ ချွေတာရေးကို ရှေ့ဆောင်လမ်းပြပြုတဲ့အနေနဲ့

ကိုယ်တိုင်စိုက်ပျိုးပြီး ထွက်လာတဲ့ အသီးအနှံတွေကို ဈေးထဲမှာ ကိုယ်တိုင်လာရောက်ရောင်းချနေတဲ့ ခရမ်းချဉ်သီးသည် ဆီကနေ ၀ယ်ယူအားပေးနေတဲ့ သမ္မတကတော် (အိုဘားမား ဇနီး) ရဲ့ သတင်းဓာတ်ပုံကို အမေရိကန် စာနယ်ဇင်းတွေက အထူးသတင်းသဖွယ် ဖော်ပြခဲ့ကြတာ ကျနော်ကြည့်ခဲ့ ဖတ်ခဲ့ဖူးပါတယ်။ တခါတလေမှာ ဒါမျိုးလည်း သတင်းဖြစ်တတ်ပါတယ်ပေါ့။



ဒါပေမယ့် မြန်မာပြည်မှာတော့ အနှစ် ၂၀ ကျော်ပေမယ့် (ဟုတ်ကဲ့ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖောက်လိုက်တဲ့ လမ်းတွေ အနှစ် ၂၀ ကျော်ပါပြီ) ခုထက်ထိကို မပြီးနိုင်ပါသေးကြောင်း။

လမ်းဖောက် မြောင်းဆယ် တံတားထိုး တိုက်ဆောက် လုပ်ငန်းတွေမှာ သွားသွားကြည့်နေရတဲ့ ဗိုလ်ချုပ်တွေရဲ့သတင်းကတော့ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ နေ့တိုင်းမပါမဖြစ်တဲ့ သတင်းစာ ခေါင်းကြီးသတင်းဖြစ်နေပါသေးကြောင်း…

မြန်မာပြည်ရဲ့ နေ့စဉ်သတင်းကို ဖော်ပြပါဆိုရင်... အဲဒီသတင်းတွေပဲ ဖော်ပြရတော့မှာပဲဖြစ်ပါကြောင်း...



ကျနော့်အမြင်ကတော့ လမ်းတွေ တံတားတွေကို နောက်မှ အေးအေးဆေးဆေး ဆက်ဖောက်ပါ။ လောလောဆယ် အရင်ဆုံး

ဒေါ်အောင်ဆန်းစုကြည့်နဲ့ဘယ်လိုတွေ့ဆုံနိုင်မလဲ အနီးဆုံးလမ်းကိုရှာပါလို့သာ စစ်အစိုးရကို အကြံပြုလိုပါကြောင်းပြောတော့

ဖျောင်းဖျောင်းဖျောင်းတဲ့… လက်ခုပ်သံတွေပါ။



ယဉ်ကျေးမှုအမွေအနှစ်တွေ ထိမ်းသိမ်းကြဖို့

ဟုတ်ကဲ့.. ဒါ့အပြင် ကျနော်တို့ မြန်မာလူမျိုးတွေကို ယဉ်ကျေးမှုအမွေအနှစ်ထိမ်းသိမ်းကြဖို့၊ အမျိုးသားရေးလက္ခဏာတွေ မပျောက်ပျက်အောင် စောင့်ရှောက်ကြဖို့ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခဏခဏ မှာကြားတတ်တဲ့အကြောင်း ပြောပြပြီး ဓာတ်ပုံ နှစ်ပုံ ဆလိုက်ထိုးပြခဲ့ပါသေးတယ်။ တပုံက ဘတ်စ်ကားအိုကြီးတစီး .. ကားပေါ်မှာ ခရီးသည်တွေ ငပိသိပ်ငချဉ်သိပ် ပါလာတဲ့ပုံ။ ဒီကားက အနှစ် ၅၀ ကျော်ပြီ ရှေးဟောင်းပစ္စည်း။ ဗိုလ်ချုပ်မှူးကြီးက ယဉ်ကျေးမှုအမွေအနှစ် ထိမ်းသိမ်းတဲ့ အနေနဲ့ ပြည်သူတွေကို အခုထက်ထိ ဒါမျိုးတွေပဲ အသုံးပြုခိုင်းထားကြောင်း...။ နောက်တပုံက မီးရထားတစင်းပုံ။ ဒီရထားရဲ့ သက်တမ်းက အနည်းဆုံး အနှစ် ၆၀ ထက်မလျော့ဘူး ဆိုတော့ ...။ ရယ်လိုက်ကြတာ .... ။ သူတို့နိုင်ငံမှာတော့ ဒါမျိုးပြတိုက် မှာပဲ ရှိတော့တယ်တဲ့။ ဟုတ်ကဲ့ .. ကျနော်တို့ဆီမှာတော့ အခုထိ ယဉ်ကျေးမှုအမွေအနှစ်တွေက လမ်းပေါ်မှာ မရပ်မနား ပြေးဆွဲနေရတုန်း၊ ခေတ်မှီနိုင်ငံတော်ကြီးကို တည်ဆောက်နေကြတုန်းဖြစ်ပါကြောင်း…။


ခလုပ်တိုက်တယ်
ဟောပြောရှင်းလင်းပွဲပြီးတော့ အပြန်လမ်းမှာ ကြောင်လိမ်လှေကားပေါ်ကအဆင်း ကျနော် ခလုပ်တိုက်မိပြီး လဲကျမလိုလို ဖြစ်သွားသေးတယ်။ ကျနော့်မိတ်ဆွေတယောက်ဆိုရင် အခုလို ခလုပ်တိုက်တာပဲဖြစ်ဖြစ်၊ သူ့ဟာသူ ချော်လဲတာပဲဖြစ်ဖြစ်၊ သူ့ဟာသူ စက်ဘီးမှောက်တာပဲဖြစ်ဖြစ်၊ သူ့ဟာသူ လောင်းကစားဝိုင်းမှာ ရှူံးတာပဲဖြစ်ဖြစ်၊ နောက်ဆုံးသူ့ကွန်ပျူတာ ပျက်သွားမျိုးပဲဖြစ်ဖြစ် ... သူက အခုလို စဉ်းစားတတ်ပါတယ်။ တယောက်ယောက်တော့ သူ့ကို ကျိန်ဆဲနေပြီတဲ့..။

စဉ်းစားကြည့်တာပါ။
ခင်မင်လေးစားစွာဖြင့်
သားဆွေ

အပြည့်အစုံသတင်းဖတ်ရန်....

အမှန်တရား၏ ခေါင်းဆောင်..ဗိုလ်ချုပ်အောင်ဆန်း..

ရဲဘော်တို့ မေးစရာ စကားရှိတယ်။
တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။
အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။
ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။
အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။
ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။
ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။
နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။
အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။
ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။
အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။
ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။
သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။
အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။
နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။
ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။
ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။
သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။
ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။
တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။
အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ြ
ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။
မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။
အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။



အပြည့်အစုံသတင်းဖတ်ရန်....

ရွှေခမောက် စာစောင် အမှတ်စဉ် (၁၀၉)

Shwekhamauk Bulletin 109

အပြည့်အစုံသတင်းဖတ်ရန်....

လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..

ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ
Monday, 01 February 2010 13:07 ဧရာဝတီ .
ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက်သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ခန့်သာ လိုသည့်အချိန်တွင် ထိုစာအုပ်ငယ်များ အလွန် အရောင်းသွက်နေသည်ဟု ခိုးကူး စာရွက်စာတမ်း ရောင်းချသူများက ပြောသည်။


လျှို့ဝှက်သယ်ဆောင်ရန် လွယ်ကူသည့် ပေါ့ကက် (pocket) ခေါ် ခိုးကူးစာအုပ်ငယ်များ (ဓာတ်ပုံ - ဧရာဝတီ)“စာအုပ်ဆိုင်တွေမှာ တင်ရောင်း သလို၊ လူကိုယ်တိုင်လည်း လမ်းပေါ် လျှောက်ပြီး ဒိုင်လျှို ရောင်းကြတယ်” ဟု ဆိပ်ကမ်းသာလမ်း အနီးရှိ စာအုပ်ဆိုင် တဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

ဆယ်တန်း ဘာသာရပ်စုံ ပါဝင်သော ခိုးကူး စာရွက်စာတမ်း တစုံလျှင် အနည်းဆုံး ကျပ် ၃၅၀၀ ဖြင့် ရောင်းဝယ် ကြကြောင်း၊ စာမေးပွဲ နီးလာချိန်တွင် ၀ယ်ယူသူ ပိုမို များပြား လာဖွယ် ရှိကြောင်း ခိုးကူးစာအုပ် ရောင်းသူတဦးက ပြောသည်။

“ဖေဖော်ဝါရီ လကုန်နဲ့ စာမေးပွဲ စဖြေတဲ့ မတ်လဆန်း လောက်ဆို တနေ့ကို ခိုးကူး အစုံ ရာချီ ရောင်းရတယ်။ ခိုးကူးတစုံကို ၃၅၀၀နဲ့ ရောင်းတယ်။ စာအုပ်ဖိုးရော၊ လိုင်းကြေး အပါ ခိုးကူးတစုံ အရင်းချည်းပဲ ၁၈၀၀ ရှိတယ်” ဟု သူက ရှင်းပြသည်။

လိုင်းကြေး ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများကို ပေးရသည့် လာဘ်ငွေ ဖြစ်သည်။

နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို နေ့စဉ် ကျပ် ၅၀၀၀ ပေးရပြီး စည်ပင်ရဲ၊ ရယက၊ ကြံ့ဖွံ့ စသည့် ဒေသခံ အဖွဲ့အစည်းများကိုလည်း လာဘ်ငွေ အနည်းငယ် ပေးရသည်ဟု ဆူးလေးဘုရားအနီးရှိ ခိုးကူးစာအုပ် အရောင်းဈေးသည် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားများသည် ကိုးတန်းအထိ စာမေးပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် အခက်အခဲများနှင့် မကြုံခဲ့ရပေ။ သက်ဆိုင်ရာ ကျောင်းမှ ဆရာ ဆရာများက စာမေးပွဲနီးလျှင် လေ့လာကျက်မှတ်ရမည့် သင်ခန်းစာများကို ရွေးချယ်ပေးလေ့ရှိသည်။

ကျောင်းသားများ ဆယ်တန်းသို့ ရောက်သည့်အခါ ယခင်နှင့်မတူဘဲ ခက်ခဲသည့် စာမေးပွဲနှင့် ရင်ဆိုင်ရသည်။ ဆယ်တန်း စာမေးပွဲသည် အစိုးရစစ် ဖြစ်ပြီး မေးခွန်းလွှာများကို ပညာရေးဝန်ကြီးဌာနက စီစဉ်သဖြင့် ပါဝင်မည့် မေးခွန်းများကို ကြိုတင် မသိနိုင်သောကြောင့် လေ့လာ ကျက်မှတ်ရမည့် သင်ခန်းစာများ အထူး များပြားနေခြင်းသည် ကျောင်းသားများ၏ အခက်အခဲ ဖြစ်နေသည်။

၁၉၉၅ ခုနှစ်ခန့်မှ စပြီး စီးပွားရေး သမားများက စာမေးပွဲခန်း အတွင်း စာကူးပြီး ဖြေလိုသူ ကျောင်းသားများ ခိုးဝှက် သက်ဆောင်ရန် လွယ်ကူသည့် စာအုပ် ငယ်များကို ပုံနှိပ် ရောင်းချခဲ့ကြသည်။

ဆယ်တန်း စာမေးပွဲတွင် ခိုးကူး ဖြေဆိုသူများကို စာမေးပွဲ ရာသက်ပန် ဖြေဆိုခွင့် ပိတ်သည် အထိ အရေးယူ နိုင်ကြောင်း အခြေခံ ပညာ အထက်တန်းကျောင်း တကျောင်းမှ ဆရာတဦးက ရှင်းပြသည်။

ရန်ကုန်မြို့မှ နာမည်ကြီး ကျူရှင်ဆရာကြီး တဦးက ပညာရေးသည် တိုင်းပြည် တိုးတက်ရေး အတွက် အဓိက ဖြစ်သောကြောင့် အာဏာပိုင် တို့က ခိုးကူးရောင်း ချမှုများကို ထိရောက်စွာ နှိမ်နင်းသင့်သည်ဟု သုံးသပ်သည်။

“အရေးယူမှု မရှိလို့ ဒီလောက် တွင်ကျယ်လာတာ။ ဒါ ပညာရေးကို အလေးမထားတဲ့ လုပ်ရပ် ဆိုရင် ပိုမှန်မယ်” ဟု သူက ပြောသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/1-news/2516-2010-02-01-06-12-36

အပြည့်အစုံသတင်းဖတ်ရန်....

Weekly Political Events Regarding the SPDC's Election

Weekly Political Events Regarding the SPDC's Election

အပြည့်အစုံသတင်းဖတ်ရန်....

ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..

နအဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲသည် မကျင်းပမီ ကပင် လွတ်လပ်မှု၊ တရားမျှတမှု မရှိကြောင်း သုံးသပ်ထုတ်ပြန်ချက်

၁။ အမျိုးသားညီလာခံ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) နှင့် လူထုဆန္ဒခံယူပွဲတို့ အပေါ်မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ၏ အမြင်သဘောထား
မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရမှဦးစီးကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ယင်းညီလာခံမှ ထွက်ပေါ် လာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများ၌ ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီ ခြင်းမရှိသည့် အချက်များကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် သည် မြန်မာနိုင်ငံတွင် ခိုင်မာတောင့်တင်း၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဖြစ်ပေါ်စေနိုင်မည့် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲပေးနိုင်မည့် ကော်မရှင်မဟုတ်ကြောင်း ကို လည်းကောင်း၊ ယင်းကော်မရှင် မှ ရေးဆွဲလိုက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) တွင်ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့် ပုဒ်မ များ ကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) လူထုဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် သည် နိုင်ငံတကာ ဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသောကြောင့် လူထုဆန္ဒခံယူပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးနိုင် မည် မဟုတ်ကြောင်းကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလ တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း မရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုနိုင်မည်မဟုတ် ကြောင်းကိုလည်းကောင်း၊ အစဉ်တစိုက်လေ့လာဆန်းစစ်လျက် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။


၂။ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရ၏ သဘောထား
န.အ.ဖစစ်အစိုးရသည်၂၀၀၈ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲ မကျင်းပမီကပင် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၉) ရက်နေ့၌ ကြေ ငြာချက်အမှတ် ၂/၂၀၀၈ ကိုထုတ်ပြန်၍ “ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ” အတိအလင်း ထုတ်ပြန် ကြေငြာခဲ့သည်။

ထို့ပြင် န.အ.ဖ. ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် “၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်” ဖြစ်ကြောင်းကို ၂၀၀၉ ခုနှစ်၊
အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ တွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလတွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း၏နှစ်ပတ်လည် အစည်းအဝေးတွင်လည်းကောင်း၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ တွင် လည်းကောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ပြီးဖြစ်သည်။

၃။ ရွေးကောက်ပွဲ ဥပဒေနှင့် စပ်လျဉ်း၍ နအဖ ၀န်ကြီးချုပ်၏ ပြောကြားချက်

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့ တွင်ကျင်းပသည့် (၁၅)ကြိမ် မြောက် အာဆီယံထိပ်သီးညီ လာခံတွင် န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ” နိုင်ငံတကာခေါင်းဆောင်များအလယ် တွင် အတည်ပြုပြောဆိုခဲ့ သည်။ သို့သော် ရွေးကောက်ပွဲတရပ် ကျင်းပမည်ဆိုပါက မဖြစ် မနေလိုအပ်သည့် ရွေးကောက်ပွဲကျင်းပရေး ကော် မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေ များကို ယနေ့ထက်တိုင်အောင်ပြဌာန်း နိုင်ခြင်းမရှိသေးပေ။
၎။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ကျင်းပနိုင်ရန် လိုအပ်သည့် ဥပဒေအခြေခံ လုပ်ထုံးလုပ်နည်းများ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ ရေသောက်မြစ်တခုဖြစ်သကဲ့သို့ပင် လူ့အခွင့်အရေးအခြေခံအ ချက်တရပ်လည်းဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၁) အပိုဒ်ခွဲ (၁) တွင် တရားမျှတ သောရွေးကောက်ပွဲများမှတဆင့် လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး ၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ၊ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ အပိုဒ် (၂၁) အပိုဒ်ခွဲ (၃) တွင် ပြည်သူလူထု၏ ဆန္ဒသည် အုပ်ချုပ် မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြား၍ တရားမျှတစွာ ကျင်းပသော ရွေးကောက် ပွဲများဖြင့်ထင်ရှားစေရမည်။
ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ မဲဆန္ဒပေးပိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ် ဖြင့်ဖြစ် စေ၊ အလားတူလွတ်လပ်သောမဲပေးစနစ်ဖြင့် ဖြစ်စေ ကျင်းပရ မည် ဟုဖေါ်ပြထားသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကိုပထမဦးစွာ ထုတ်ပြန်ပေးရမည်ဖြစ်သည်။သို့သော်န.အ.ဖစစ်အစိုးရအနေဖြင့်၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားသည့် ပါတီစုံအထွေထွေရွေး ကောက် ပွဲ ကျင်းပရေး ကော်မရှင်ကိုလည်း ယနေ့ထက်တိုင်အောင် ဖျက်သိမ်းခြင်းမရှိသေးပါ။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပေးရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်း ပနိုင်ရေးအတွက် အရေး ကြီးသောအခန်းကဏ္ဍမှ ပါဝင်သည့်အားလျှော်စွာ ယင်းဥပဒေကိုရေးဆွဲရာတွင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် ပထမဦးစွာ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ယင်းဥပဒေမူကြမ်းကို နိုင်ငံ တော်သို့ထုတ်ပြန်ကြေငြာ၍ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီ များ ၏ သဘောဆန္ဒ အကြံပြုချက်များကို တောင်းခံ ရယူခြင်း၊ ထိုသဘောဆန္ဒ အကြံပြုချက်များကို အတတ်နိုင်ဆုံးညှိနှိုင်းလျက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကိုရေးဆွဲထုတ်ပြန်ခြင်း စသည့်အဆင့်များကို ပြုလုပ်ကြရမည်ဖြစ်သည်။

၅။ နအဖ စစ်အစိုးရ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဝန်ကြီးများ ကိုယ်တိုင် အဂတိလိုက်စားမဲဆွယ် စည်းရုံးနေမှုများကို ကြေငြာချက် ထုတ် ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် န.အ.ဖ အုပ် ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အစိုးရ (အငြိမ်းစား) ၀န်ထမ်း များစာရင်း ကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[1] မဲဆန္ဒ ရှင်များစာရင်းကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[2] နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းတချို့ ကို ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးချယ်ခံနိုင်ရန်ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေခြင်း၊[3] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် နိုင်ငံရေးပါတီတရပ် သဖွယ် မဲဆွယ်စည်းရုံးနေမှုများ[4] တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မဲဆွယ်စည်းရုံးနေမှုများ၊[5] စသည် တို့အပြင် န.အ.ဖ ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်းမရှိသည့် တခြားသော နိုင်ငံရေးအင်အားစုများ၏ မဲဆွယ် စည်း ရုံးနေ မှုများ၊ စသည်တို့ကို စစ်အစိုးရအနေဖြင့် မသိကျိုးကျွံပြု ခွင့်ပြုလျက်ရှိသည်။

၆။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးနိုင်ငံရေးပါတီများ ၏ အခြေအနေ
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်း/ပြည်နယ် ရုံးခန်းများ နှင့် မြို့နယ်ရုံးခန်း များကို အကြောင်းပြချက်မရှိ ချိတ်ပိတ်ထားခြင်းမှ ယနေ့ထက်တိုင် အောင်ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေး ခြင်း၊[6] ပါတီဝင်အသီးသီးအပေါ် အာဏာပိုင်တို့မှ နှောင့်ယှက် ဟန့်တား ဖမ်း ဆီးနှိပ်စက် အကျဉ်းချထားခြင်းများကို ယနေ့ ထက်တိုင်အောင်ပြုလုပ်ကျူးလွန်လျက်ရှိခြင်း၊ ၁၉၉၀ ပြည့် နှစ် ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဖျက် သိမ်းထားသဖြင့် ယနေ့ထက်တိုင်အောင်စည်းရုံး လှုပ် ရှားခွင့် မရရှိခြင်း၊ စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။

၇။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် ရှိရမည့် နိုင်ငံရေးအခြေအနေ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိရန် မဖြစ် မနေလိုအပ်ပါသည်။ န.၀.တနှင့် န.အ.ဖ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိကြောင်း ကိုအောက်ပါ အကြောင်းအချင်းရာ များက ပြဆိုလျက်ရှိသည်။
(က)ယနေ့ထက်တိုင်အောင်၊ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်တို့အားအိမ်အကျယ်ချုပ်ကျဖြင့်ထိန်းသိမ်းထားခြင်းနှင့်တိုင်းရင်း သားခေါင်းဆောင်များ၊(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ရဟန်းသံဃာ များအပါအ၀င်နိုင်ငံရေးအကျဉ်းသား ပေါင်း (၂၀၀၀)ကျော်၊မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင်နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခံထားရခြင်း၊[7]
(ခ) ပြည်သူလူထု၏ စားဝတ်နေရေး အထွေထွေအကြပ်အတည်းကို အကြောင်းပြု၍ ၂၀၀၇ စက်တင် ဘာလတွင် ရဟန်းရှင်လူ၊ လုပ်သားပြည်သူ သိန်းနှင့်ချီ၍ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းနှင့် န.အ.ဖ စစ် အစိုးရမှ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့ခြင်း၊
(ဂ) အောက်ခြေတပ်မတော်သားများအတွင်း စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် ဆန္ဒပြတောင်းဆိုမှု များ[8]၊ နောက်ဆက်တွဲ
ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ် ခမရ (၅) တို့၏ ပစ်ခတ်မှုများ[9]
(ဃ) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလုပ်ကြံခံရမှုနှင့် ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ၀န်ထမ်းဦးသူရကျော်
တို့သည် သတင်းလွတ်လပ်ခွင့်မရှိခြင်းကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား သည်ဟူသောအကြောင်းပြချက်ဖြင့် သေဒဏ် ချမှတ်ခံရမှုများ[10]
(င) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယနေ့ထက်တိုင်အောင်မြင်သာထင်ရှားသော ငြိမ်းချမ်း ရေး ရယူနိုင်မှု မရှိသေး သည့်အခြေအနေများ
(စ) တနေ့တခြား ဆိုးရွားလျက်ရှိသော ပြည်သူ့ဘ၀ စားဝတ်နေရေးအခြေအနေများ
(ဆ) မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေများ[11]

၈။ ဖျက်သိမ်းရမည့် ဥပဒေများ
ရွေးကောက်ပွဲတရပ်မကျင်းပခင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာဥပဒေနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ကိုက် ညီခြင်းမရှိသည့် အောက်ပါဥပဒေများကို ဖျက်သိမ်းရမည်ဖြစ်သည်။
(က) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈
“ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ”
(ဂ) ၁၉၇၅ ခုနှစ် “ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ”
(ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် - ၅/၉၆
“ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီ လာခံ လုပ်ငန်းများ အောင်မြင်
စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ”
(င)န.၀.တဥပဒေအမှတ်-၉/၈၉“နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ”
(စ)၁၉၀၈ ခုနှစ် မတရားသင်း မြန်မာနိုင်ငံဥပဒေများအတွဲ - ၂ မတရားသင်းနှင့် သက်ဆိုင်သည့် ဥပဒေ ပြဌာန်းချက်များ
(ဆ)၂၀၀၄ ခုနှစ်၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(ဈ) ၁၉၉၀ ပြည့်နှစ် န.၀.တ ဥပဒေအမှတ် ၂၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊
(ည) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၈ ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ
(ဋ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၉၊ ရုပ်ရှင်ဥပဒေ
(ဌ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၁၀ ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ
(ဍ) ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)
စသည့် ဥပဒေများသည် ဖျက်သိမ်းရမည့်ဥပဒေများဖြစ်သည်။

၉။ မြန်မာနိုင်တွင်ကျင့်သုံးလျက်ရှိသည့် မဲပေးစနစ်
ရွေးကောက်ပွဲတွင်မဲပေးသည်ဆိုခြင်းမှာ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းတွင် အမည်စာရင်းတင်သွင်းထားကြ
သည့်ကိုယ်စားလှယ်များ၏ အရည်အချင်းကိုသေသေချာချာလေ့လာစိစစ်လျက် တိုင်းပြည်၏ အကျိုးစီးပွားတစုံတရာကို ထမ်းဆောင်နိုင်မည့်
ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မဲမပေးလျှင်မနေရ၊ မဖြစ်မနေ မဲပေးရမည်ဆိုသည့် ဥပဒေပြဌာန်းချက်မျိုးမရှိပါ။ မဲဆန္ဒ ရှင်များအနေဖြင့် မိမိသဘော
ဆန္ဒအရသာ မဲပေးလိုကပေးနိုင်ခွင့်ရှိသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

၁၀။ သုံးသပ်ချက်
ရွေးကောက်ပွဲတစ်ရပ်၏ အဓိက ကျောရိုးမှာ “ လွတ်လပ်မှု နှင့် တရားမျှတမှု ” ပင်ဖြစ်သည်။ သို့သော် န.အ.ဖ စစ်အစိုးရ၏ အထက်
ဖေါ်ပြပါလုပ်ရပ်များကို နှိုင်းယှဉ် သုံးသပ်ပါက -
၂၀၁၀ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရန်လုံ
လောက်သော အချိန်ကာလ ရရှိနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ထိ တိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ဥပဒေတို့ကို ထုတ်ပြန်ကြေငြာခြင်း မရှိပါ။
-အထက်ဖေါ်ပြပါ ဥပဒေများကို နည်းလမ်းမှန်ကန်စွာဖြင့် ထုတ်ပြန်ပေးခြင်းမရှိသေးမီ အချိန်ကတည်းက ပင် န.အ.ဖ စစ်အစိုးရ နှင့် လက်ဝေခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြခြင်း၊
- စစ်မှန်သော ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်နေကြသည့် ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြသော အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများကိုမူ ယနေ့ထက် တိုင်အောင် အမျိုးမျိုးဖိနှိပ်လျက်ရှိခြင်း၊ထို့ပြင် န.အ.ဖ စစ်အစိုးရက ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် များသည် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သက်ဝင်လှုပ်ရှားရမည့် လွှတ်တော်များသို့ တက်ရောက်ကြရမည်ဖြစ်သည်။
တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ထမ်းဆောင်ကြရမည်ဆိုခြင်း ထက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တည်တံ့ရေးကိုသာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
အထက်ဖေါ်ပြပါ အကြောင်းအချက်များအရ န.အ.ဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေး ကောက်ပွဲသည် မကျင်းပမီ ကပင်“ လွတ်လပ်မှု၊တရားမျှတမှု” မရှိကြောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်နိုင်မည့်ရွေး ကောက်ပွဲမျိုးမဟုတ်ပါ။
ထို့ကြောင့် မြန်မာ့ပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် န.အ.ဖ ၏ မည်သည့်ကိုယ်စား လှယ် ကိုမှ မဲမပေးခြင်း၊ မဲရုံများသို့သွားရောက်မဲမထည့်ခြင်းအားဖြင့် လူထုပါဝင်ပတ်သတ်မှု မရှိသောမတရားသည့်ရွေးကောက်ပွဲအဖြစ် ထင်ရှားစေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ လည်း အဆိုပါရွေးကောက်ပွဲကို လုံးဝ အသိ အမှတ်မပြုသင့်ပါကြောင်း တို့ကို အလေးအနက်ပန်ကြားလျက် သုံးသပ်ချက် ထုတ် ပြန် အပ်ပါသည်။

၁၅.၁.၂၀၁၀
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊ ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈
[1] ခေတ်ပြိုင်၊ ၅ ဇန်န၀ါရီ ၂၀၁၀
[2] 15.12.2009 RFA
[3] 16.10.2009 RFA
[4] 31.3.2009 BLC Statement
[5] 19.1.2009 RFA , 25.9.2009 ဧရာဝတီ
[6] NLD ၏ထုတ်ပြန်ကြေငြာချက်များ
[7] AAPPB MONTHLY CHRONOLOGY DECEMBER 2009
[8] 24.12.2009 BLC Statement
[9] January 12, 2010 BBC Burmese News
[10] ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့ ၊ ဦးစိန်လွင် နှင့် မဇ္ဈိမသတင်းဌာန အင်တာဗျူး
[11] မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာထုတ်ပြန်ကြေငြာချက်များ

http://www.hittai.org/main.htm

အပြည့်အစုံသတင်းဖတ်ရန်....

မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)




http://nldlajb.blogspot.com/

အပြည့်အစုံသတင်းဖတ်ရန်....

အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) မှပါတီ ရှိ ကားများ ကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ အကြောင်းပြ ပြင်ပသို့ ဌားရမ်း

Posted: 30 Jan 2010 06:57 PM PST
ဟံသာဝတီ | စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်းထားသော တစည ပါတီသည် စစ်အစိုးရမှ ပါတီသို့ ပေးထားသော 929 ၊ 323 ၊ B600 နှင့် TE 11 ကားများကို ပါတီ ရံပုံငွေ အကြောင်းပြကာ ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပေးထားကြောင်း သတင်း ရရှိသည်။

ထို ပါတီကားများကို ပြင်ပသို့ ဌားရမ်း အသုံး ပြုခွင်ကို ထိုပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ခွင့်ပြု လုပ်ကိုင် စေခြင်း ဖြစ်ကြောင်း တစည ပါတီဝင် တဦးမှ အယခုလို ပြောပြ ပါတယ်။ ပါတီရှိ ကားများကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ ရရှိရန် ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပြုထား သည်မှာ မှန်ကန်ကြောင်း ၊ သို့သော် ထိုကားများကို ပြင်ပသို့ ဌားရမ်းသည်မှာ ပုံစံ အမျိုးမျိုး နှင့် ဌားရမ်း ခြင်း ဖြစ်ကြောင်း ၊ လူတိုင်းအား ဌားရမ်းခြင်း မဟုတ်ကြောင်း ၊ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး နှင့် ပတ်သက် သူများကိုသာ ဌားရမ်းခြင်း ဖြစ်ကြောင်း ၊ ပါတီ ရံပုံငွေဟု အကြောင်းပြ ထား သော်လည်း ထိုငွေသည် ပါတီအတွက် အသုံးမဖြစ် သောငွေသာ ဖြစ်ကြောင်း ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အကြိုး စီးပွားသာ ဖြစ်သွားကြောင်း ပြောပြပါသည်။

ပြင်ပတွင် မော်တော်ယာဉ်တစ်စီး ဌားရမ်းခမှာ တစ်လလျှင် သိန်းကျော် ရှိသော်လည်း တစညပါတီမှ ပြင်ပသို့ ဌားရမ်းသည့် ဈေးနှုန်းမှာ မည်သူမှ မကြားဖူးသော ဈေးနှုန်းများသာ ဖြစ်သည်။ 929 ၊ 323 တစ်လဌားရမ်း ခမှာ ကျပ်သုံးသောင်း ၊ TE 11 ကားတစ်စီး တစ်လဌားရမ်းခမှာ ကျပ် နှစ်သောင်း နှင့် B600 တစ်စီး တစ်လ ဌားရမ်းခမှာ ကျပ် ရှစ်ထောင်သာ ဖြစ်ကြောင်းသိရသည်။ ထိုငွေသည် ပါတီသို့သွင်းရသော ငွေသာဖြစ်သည်။

ထို ပါတီ၏ ကားများကို ဌားရမ်း လိုသူများသည် ပါတီဗဟိုကော်မတီဝင် ၂ ဦး၏ ထောက်ခံချက်၊ နေအိမ် ပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူများ လိုအပ်သည်။ သို့သော် ထိုကားများကို ဦးခင်မောင်ကြီး နှင့် နီးစပ် ပတ်သက်သော သူများသာ ရရှိကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သော တစညပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးချိန်မှ စတင်ပြီး ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံနှုတ်ပိတ်ခဲ့ပြီး စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကိုလည်း တစုံတရာ ထောက်ပြပြောဆို ခဲ့ခြင်းမရှိခဲ့သောပါတီဖြစ်သည် ။ ပါတီရှိ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အပါအ၀င် ဗဟိုကော်မတီ များသည် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ မဆလ ပါတီတွင် ထိပ်ပိုင်း တာဝန်ရှိ သူများ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် ခဲ့ကြ သူများ ဖြစ်သည့် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နည်းတူ မိမိ မိသားစု အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင် နေသူများသာ ဖြစ်ကြပါသည်။
http://www.nfacforburma.info/2010/01/car.html မှကူးယူဖော်ပြပေးပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */