အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကနေ အရပ်သားတွေအတွက် အမြင့်ဆုံး ချီးမြှင့်တဲ့ ကွန်ဂရက်စ်လွှတ်တော် ရွှေတံဆိပ်ဆုကို ကိုယ်တိုင် ပေးအပ်ချင်တယ်ဆိုတဲ့ ပြောကြားချက်နဲ့အတူ မြန်မာ့ဒီမိုကရေစီရေးကို ဆက်လက် ထောက်ခံသွားမယ့်အကြောင်း ကွန်ဂရက်စ် လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) က ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ ထောက်ခံလာခဲ့တဲ့ မစ္စတာ ခရော်လီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ် ရွှေတံဆိပ်ဆု ချီးမြှင့်ဖို့ အဆိုပြုချက် တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂါနေ့က စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားကြောင်း၊ သူ့ရဲ့သတ္တိကို ချီးကျူး ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူအပါအဝင် အမေရိကန် ကွန်ဂရက်စ် အမတ်တွေအတွက် စိတ်အားတက်ကြွ ဂုဏ်ယူဖွယ် ဖြစ်တဲ့ အကြောင်းတွေကို ပြောပြခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကွန်ဂရက်စ် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပေးအပ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ လွှတ်တော်အမတ် ခရော်လီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းဟာ လမ်းကြောင်းမှန်ကို ဦးတည်တဲ့ ခြေလှမ်း ဖြစ်ပေမဲ့ ဆက်လုပ်စရာ အများကြီး ကျန် သေး တယ်လို့လည်း လွှတ်တော်အမတ် ဂျိုးဇက် ခရိုလီရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
www.voanews.com

0 comments:
Post a Comment