Summary
လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ
စိုးမိုး/ ၉ ဖေဖော်ဝါရီ ၂ဝ၁ဝ
လှိုင်သာယာစက်မှုဇုန်အတွင်း အလုပ်သမားများ လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးတို့အတွက် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဆန္ဒပြတောင်းဆိုလိုက်သည်။
ယနေ့ လှိုင်သာယာ စက်မှုဇုန် (၃) ရှိ Taiyi ဖိနပ်ချုပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံတို့မှ လုပ်သား (၂,၀၀၀) ကျော် လုပ်ခတိုးမြှင့် ရရှိရေး ဒုတိယနေ့အဖြစ် ဆန္ဒပြခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ အလုပ်သမားနှင့် အလုပ်ရှင်အကြား ယနေ့ လာရောက်ညှိနှိုင်း ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာန အဆိုအရ သိရသည်။
ယမန်နေ့မှစပြီး အဆိုပါစက်ရုံ (၂) ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။
“စစ်ကားအစီး (၃၀) ကျော်ရှိတယ်။ လမ်းတွေ ပိတ်ထားတယ်။ အသေးစိတ် ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့သွား တော့ ညနေ (၄) နာရီမှာ အနီးအနားက ပြောတာ ပြီးသွားပြီလို့တော့ ပြောတယ်။ လမ်းတွေ မဖွင့်သေးဘူး” ဟု ယနေ့ သွားရောက် ကြည့် ရှုခဲ့ သူတဦးက ပြောသည်။
လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတခုတွင် အလုပ်သမား (၁၀၀) ခန့်က ယခုလ (၇) ရက်နေ့တွင် ဆန္ဒပြခဲ့ သကဲ့သို့ စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလက အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်း ဆိုမှု ဖြစ်ပွားခဲ့သည်။
လှိုင်သာယာစက်မှုဇုန်တွင် စားသောက်ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်၊ အိမ်သုံးကုန်များ ထုတ်လုပ်သည့် စက်ရုံအများအပြား ရှိနေပြီး မြန်မာနိုင်ငံအနှံ့အပြားမှ အလုပ်သမားများ အခြေချ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
http://www.khitpyaing.org/news/February%2010/9210c.php
Tuesday, February 09, 2010
စားမလောက်သူရင်..ဆန္ဒပြရမှာဘဲ...(တတိယအကြိမ်မြောက်)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment