2011-09-08 RFA (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းစားရေး အတွက် အစိုးရရဲ့ အသုံးချခံ ဖြစ်မှာကို မိမိအနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ဒီကနေ့ RFA ကို ပြောဆိုလိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ မကြာခင်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အစိုးရက သူ့ကို အသုံးချနေတယ်လို့ ပြောဆိုသံ တချို့ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါ သလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က - "အမေကတော့ အမေ့ကိုယ် အမေ အသုံးချခံရတယ်လို့ မမြင်ပါဘူး။
ပူးတွဲပြီးတော့ဘဲ လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ တကယ်ဘဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ် ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ " သောကြာည နဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း RFA က ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တယောက်က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
Rest of your post
No comments:
Post a Comment