Pages

Saturday, September 10, 2011

လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့အသံ တကယ် မကြားရ

2011-09-08 RFA (ပေးပို့ သူ-ဗမာ့သွေး)
နေပြည်တော်မှာ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေဟာ လွတ်လပ်မှုနဲ့ ပြည်သူတွေရဲ့ အသံတွေ ထင်ဟပ်မှု မရှိသလောက် ဖြစ်နေတယ်လို့ လေ့လာသူတွေက ဝေဖန် ထောက်ပြနေကြ ပါတယ်။
ဒီဝေဖန်ချက်တွေ တစိတ်တပိုင်း မှန်ကြောင်း၊ လောလောဆယ် လွှတ်တော်ထဲက အဖြစ်မှန်တွေ၊ ဆွေးနွေးချက် အသံတွေကို ပြည်သူတွေ ကြားရဖို့ ပြည်ပ အသံလွှင့် ဌာနတွေကိုပဲ အားထား နေရသေးတယ်လို့ အထက် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်က ၀န်ခံ ပြောဆို ပါတယ်။

ဒါ့အပြင် လွှတ်တော်ရဲ့ အသံတွေကို ပြည်သူတွေ ကြားရဖို့ အတွက် ဆိုရင် နိုင်ငံခြား အသံလွှင့်ဌာနက တဆင့် ပြောဆိုနေရတာတင် မဟုတ်ပဲ ပြည်တွင်းထုတ် ပုဂ္ဂလိက စာစောင်တွေမှာပါ လွှတ်တော် အမတ်တွေရဲ့ ပြောဆိုချက်တွေ၊ လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေကို မဖြတ်မတောက် ဆင်ဆာ မလုပ်ပဲ လွတ်လွတ် လပ်လပ် သတင်းယူ ဖော်ပြခွင့်ပြုသင့်တယ်လို့လည်း သူက ပြောပါတယ်။Rest of your post

No comments:

Post a Comment