2011-07-14 RFA(Via-Burmatwe)
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ၀ိုင်းဝန်း ထောက်ခံ ပါဝင်ကြဖို့ မြန်မာ့အရေး ပူးပေါင်းလှုပ်ရှားသူများ အဖွဲ့ Burma Partnership က အာဆီယံ နိုင်ငံ အစိုးရတွေကို တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လာမည့် ရက်ပိုင်း အတွင်း ကျင်းပမည့် အာဆီယံ ၀န်ကြီးများ အစည်းအဝေးနဲ့ ဒေသ ဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာ့အရေး ဆွေးနွေးနိုင်ဖို့ အတွက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့က ဒီကနေ့ ဂျကာတာမြို့ အခြေစိုက် အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ အာဆီယံ နိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ အာဆီယံနိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာပြည် အရေးကို စောင့်ကြည့် လေ့လာ မနေသင့်တော့ကြောင်းနဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ပေါ်ပေါက်ရေးကို ထောက်ခံ အားပေးဖို့ တောင်းဆိုခဲ့ကြောင်း အဖွဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှုး မခင်ဥမ္မာက ပြောပါတယ်။ Rest of your post
No comments:
Post a Comment