Pages

Friday, July 15, 2011

တအိမ်ထောင် ကျပ်တထောင်နှုန်း ကင်းကြေငွေ ကောက်ခံ

သတင်း | July 14th, 2011 | စာရေးသူ - ဘုန်းခိုင်(Via-Burmatwe)
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကျွန်သာယာဒိုင်နယ်အုပ်စု၊ ထိပ်ချောင်းကျေးရွာမှာ ကျေးရွာအာဏာပိုင်များက တအိမ်ထောင်ကို ကင်းကြေးငွေ တထောင်နှုန်း ကောက်ခံနေပြီး ကျေးရွာသားတွေ မကျေမနပ်ဖြစ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကင်းကြေးကောက်ခံသည့် ထိပ်ချောင်းကျေးရွာတွင် အိမ်ထောင်စုပေါင်း (၈၃) စုကို အခုလ (၆)ရက်နေ့က အစည်းအဝေးခေါ်ယူပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ တအိမ်ထောင်ကို တလ တထောင်ကျပ်နှုန်း ကောက်ခံနေတာဖြစ်ကြောင်း ဒေသခံကျေးရွာသားက ပြောသည်။

“သူတို့ပြောတာက ကျေးရွာလုံခြုံရေးကင်းဆိုပြီး ကင်းစောင့်ငှားခက ၅ သောင်းကျမယ်ပေါ့ အဲဒီအတွက် တအိမ်ထောင်ကို တထောင်ကောက်တာ။ ကျန်တာကိုတော့ ကျေးရွာ အာဏာပိုင်တွေက ရန်ပုံငွေဆိုပြီး သူတို့အစည်းအဝေးတွေ ဘာတွေသွားတဲ့အခါ သုံးမယ်ပေါ့ အဓိကကောက်နေတာက အောင်ကျော်မိုးလို့ခေါ်တယ် သူက ရာအိမ်မှူးပဲ မပေးနိုင်တဲ့သူဆိုရင် ဆင့်ခေါ်ပြီး တောင်းတာပဲ” ဟုပြောသည်။

ထိပ်ချောင်းကျေးရွာသားများမှာ ယခုနှစ်အတွင်း နွေစပါး၊ မိုးစပါး နှစ်သီးစလုံး စိုက်ပျိုးဖြစ်ထွန်းမှုမရှိသည့်အတွက် စီးပွားရေးထိခိုက်ပြီး ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းမထားနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

အခုလို အခြေအနေမျိုးတွင် အာဏာပိုင်များက အတင်းအဓမ္မ ကျေးရွာလုံခြုံရေးအကြောင်းပြကာ ကင်းကြေးငွေကောက်ခံနေသဖြင့် ကျေးရွာသားအများစုမှာ ပေးဆောင်နိုင်ခြင်းမရှိသည့်အတွက် အခက်အခဲဖြစ်ရကာ ကျေးရွာအာဏာပိုင်များအပေါ် ကျေနပ်မှု မရှိကြောင်းသိရှိရသည်။


Rest of your post

No comments:

Post a Comment