အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 ခုနှစ် ဇော်ကြီး (ပေးပို့ သူ ဗမာ့သွေး)
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့်ဗန်းမော် မြို့အကြား ကားလမ်းဘေးရှိ ကချင်ရွာသုံးရွာမှ အိမ်ထောင်စု (၂၀၀၀)ခန့်အား ယနေ့နောက်ဆုံး ထား ပြောင်းရွှေ့ရမည်ဟု အစိုးရတပ်က အမိန့် ထုတ်ထားသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရားယန်၊ ကဇူးနှင့် သဘတ် ကျေးရွာများကို ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလနန်က ယခုလိုပြောသည်။
“ဒီနေ့ (၂၅) ရက်နေ့ နောက်ဆုံးထားပြီးတော့ အဲဒီရွာတွေက ရွာသားတွေကို ရှောင်ခိုင်းတဲ့ သဘော ရှိတယ်။ အိမ်တွေ ဘာတွေ ဖျက်တာတော့ မဟုတ်ဖူးဗျ။ ရှောင်ခိုင်းတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ လူဦးရေတော့ ခန့်မှန်းလို့ မရဘူး။ အိမ်ခြေကတော့ နှစ်ထောင်နီးပါးလောက် ရှိမယ်ထင်တယ်။ အဲဒီ ရွာတွေက ရွာကြီးတွေချည်းပဲလေ။ ရွာသုံးရွာ စလုံးက ဆက်တိုက်ကြီး ဖြစ်နေတယ်။”
မည်သည့်အတွက်ကြောင့် တိမ်းရှောင်ခိုင်းသည်ကို မသိရသော်လည်း ၀ိုင်းမော်မြို့ဖက်သို့ အုပ်စုလိုက် ရှောင်တိမ်းလာ ကြသည်ကို တွေ့မြင်ခဲ့ကြောင်း နမ်ဆန်ယန် ကျေးရွာမှ ၀ိုင်းမော်သို့ ပြန်လာသည့် ၀ိုင်းမော်မြို့ခံတဦးက ယခုလိုပြောသည်။
“ဒီကနေ့ဆိုလို့ရှိရင် လူတွေက အရမ်းပဲ ပြေးပြေးလွားလွားနဲ့ ပြေးလာခဲ့ကြတာပေါ့နော်။ များသောအားဖြင့် တော့ ကချင်တွေပေါ့လေ။ အဖွဲ့လိုက်အသင်းလိုက်တွေပေါ့နော်။ အဲဒီဖက်က ရွာတွေအသီးသီးကနေပြီး တော့ ပြေးလွားခဲ့ကြတာလေ။ အဲဒီမှာ အလုအယက်နဲ့ ဖောင်စီးပြီးတော့ ကူးခဲ့ကြတာ။ခါတိုင်းထက် အများကြီး ထူးခြားပြီးတော့မှ ပြေးလွှားလာကြတာကို တွေ့ရတယ်။”
အဆိုပါ ကျေးရွာ သုံးခုမှာ ၀ိုင်းမော်မြို့မှ (၂၁) မိုင်ခန့် အကွာတွင် တည်ရှိ၍ တရုတ်မြန်မာ နယ်စပ်နှင့် အလှမ်းကွာဝေးသည်။ ထို့အပြင် နမ်ဆန်ယန်ကျေးရွာသည် ၀ိုင်းမော်မြို့မှ လိုင်ဇာမြို့သို့သွားရာလမ်းကြောင်း ပေါ်ရှိ ကဇူးကျေးရွာ၏ အလွန်တွင် တည်ရှိသည်။
အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလ၌ ဒေသတွင်းနေ့စဉ်နှင့် အမျှ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ယခုလ (၂၀) ရက်နေ့ည ကလည်း ဂါးရားယန် ကျေးရွာအနီးရှိ တံတား တစင်းအား KIA မှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ ထို့အတွက် ထွက်ပြေးလာသူများအခက်အခဲဖြစ်ကြရ သည်ဟု ၀ိုင်းမော်မြို့ခံက ယခုလိုပြောသည်။
Rest of your post
No comments:
Post a Comment