Pages

Saturday, June 11, 2011

တရုတ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုဟု မြန်မာအစိုးရ သမ္မတပြောကြား

(၁၉၈၈-၁၉၈၉ မိတ်ဖက်နိုင်ငံတွေကိုး ဆွေမျိုးပေါက်ဖေါ်ညီညွတ်ရေး)
မြန်မာနိုင်ငံနှင့် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုအများဆုံး မိတ်ဖက်နိုင်ငံဖြစ်ခဲ့သည့် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် ခင်မင်ရင်းနှီးစွာ ဆက်ဆံမှုကို ပိုမိုခိုင်မာစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ် အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
မေလ ၂၈ ရက်နေ့ရက်စွဲဖြင့် ပေကျင်းမြို့မှ ထုတ်ပြန်ခဲ့သော အဆိုပါ ပူးတွဲ ကြေညာချက်တွင် တရုတ်မြန်မာဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများအဖြစ် ထူထောင်သွားကြရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက လွှတ်တော်များ၊ တရားရေးဌာနများနှင့် နိုင်ငံရေးပါတီများအကြား အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုကို ထိန်းသိမ်းမည်ဟု ဖော်ပြထားပြီး နယ်စပ်စီမံ ခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်လည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် တရုတ်သမ္မတ ဟူကျင်ထောင်နှင့် တွေ့ဆုံစဉ်ကလည်း တရုတ်သမ္မတက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တရားမျှတ သည့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ရန်ရှိသည်ကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။
မစ္စတာဟူကျင်ထောင်က လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအဖြစ် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတည်ငြိမ်အောင် အားပေးကူညီကာ ယခုနှစ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလျံအထိရောက်ရှိရန် ဆောင်ရွက် သွားလိုကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် အများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ နီးပါးရှိခဲ့ကာ စီမံကိန်း ၇၂ ခုအတွက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံအထိ ရှိခဲ့သည်။ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူ စာချုပ်နှင့် နားလည်မှုစာလွှာပေါင်းကိုးခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
ချုပ်ဆိုခဲ့သော စာချုပ်များတွင် မူဆယ်-ကျောက်ဖြူရထားပို့ဆောင်ရေးစီမံကိန်း အတွက် ဘီအိုတီစနစ်ဖြင့် အကောင်အထည် ဖော်ရေးဆိုင်ရာ နောက်ဆက်တွဲ နားလည်မှုစာလွှာလည်းအပါအ၀င်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၇၆၃ သန်းကို တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ထောက်ပံ့ပေးအပ်သည့် စာချုပ်လည်းပါဝင်သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံချက်များကိုလည်း တရုတ်နိုင်ငံ နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း တရုတ် ကုမ္ပဏီအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံ သူများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က တရုတ်သမ္မတကိုပြောကြားခဲ့သည်။
မြန်မာနိုင်ငံအစိုးရသစ်က အာဏာကို လွှဲပြောင်းရယူပြီး ရက်ပိုင်းအကြာ ဧပြီလဆန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီဥက္ကဋ္ဌ မစ္စတာကျာချင့်လင်သည် မြန်မာနိုင်ငံသို့နှစ်ရက်ကြာလာရောက်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကော်မတီဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တွေ့ဆုံခဲ့သည်။Rest of your post

No comments:

Post a Comment