အာဏာရှင်တို့အလှည့် ဇာတ်သိမ်းမလှအမှောင်နဲ့ အလင်း
စစ်ပြိုင်ခင်းက
အလင်းသည်သာ အောင်ပွဲခံမှာ။
ကဒါဖီ အာဏာရှင်
မည်သို့ပင် ငွေရွှင်ရွှင်
မည်သို့ပင် အာဏာခင်ခင်
ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ရဲသည်သို့
စစ်ပွဲဆင်သမျှ
အရှုံးကြီးရှုံးရ
နောက်ဆုံးအမြှီးကုတ်
ကုလတပ်ကမောင်းထုတ်
နောက်ဆုတ်စရာမရှိ
ကိုယ့်ကျော့ကွင်းနဲ့ ကိုယ်ငြိ
ခလုတ်ထိမှ အမိတ
ကယ်လို့ပင် မလွယ်လှ
မာယာရှင်တို့ရဲ့နတ်စိမ်းဘဝ
အာဏာရှင်တို့အလှည့် ဇာတ်သိမ်းမလှ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဇွန် ၉ ၂၀၁၁Rest of your post
No comments:
Post a Comment