Pages

Wednesday, June 22, 2011

မြစ်ကြီးနား-နမ္မတီး ရထားလမ်း လုံ ခြုံရေး ပြည်သူများအားအလှည့်ကျ တာဝန်ပေး

Tuesday, 21 June 2011 16:47 KNG (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာစစ်တပ်နှင့်KIAတပ်ကြားတိုက်ပွဲများကြောင့်ရထားလမ်း လုံခြုံရေးတာဝန်ယူရန်ကချင်ပြည်နယ်မြစ်ကြီးနားမြို့နေထိုင်သူ များအားသက်ဆိုင်ရာအာဏာပိုင်များကညွှန်ကြားထားသည်။
မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များမှ တစ်ရပ်ကွက်လျှင် ၁၀ ဦးကျမြစ်ကြီးနားနမ္မတီးရထားလမ်းတစ်လျှောက်ရထားလမ်း လုံခြုံရေး ကင်းစောင့်တာဝန်များ အလှည့်ကျ ယူနေရသည်။

“ကျွန်တော်တို့ရပ်ကွက်ကတော့ ဒီ ကျွန်တော်တို့ရပ်ကွက်နဲ့ ဂျန်မိုင်ကောင်ဘက်မှာ တာဝန်ကျတယ်” ဟုမြို့ခံတစ်ဦးပြော သည်။

ရထားလမ်းသည် မြစ်ကြီးနားဘူတာရုံမှ မြို့ပေါ် မင်းရပ်၊ မြို့သစ်၊ ဧရာ၊ ရန်ကြီးအောင်၊ မြေမြင့်၊ ဒူကထောင်၊ ဂျန်မိုင်ကောင်၊ စံပြ ရပ်ကွက်များကို ဖြတ်သန်းပြီး နမ္မတီး၊ မိုးကောင်းဘက်သို့ ဦးတည်သွားသည်။

ရထားလမ်းလုံခြုံရေးအတွက် မိမိဆန္ဒအလျောက်သွားရောက်လိုသူမရှိသည့်အတွက် အခကြေးငွေဖြင့် လူငှါးရသည်။ လိုအပ်သည့်ငွေကြေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးဌာနမှ ၎င်းရပ်ကွက်တွင်း အိမ်ထောင်စု အလိုက်ငွေကြေးကောက်ခံသည်။

Rest of your post

No comments:

Post a Comment