Pages

Monday, April 25, 2011

တရုတ်ပြည် တွင် အီစတာ ပွဲတော် ကျင်းပခွင့် ပိတ်ပင်၊ တရုတ် ခေါင်းဆောင်များ ဗျာပါဒ များနေ

April 24, 2011 FNG(ပေးပို့ သူ -ဗမာသွေး)
ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူတဲ့ အီစတာ ဆုတောင်းပွဲအဖြစ် တရုတ် နိုင်ငံမှာ ကျင်းပ ဖို့ ပြင်ဆင် ထားတဲ့ အီစတာ ပွဲတော် တရုတ် အစိုးရက ဒီနေ့  လမ်းပေါ်မှာ မကျင်းပရဘူးဆိုပြီး လိုက်လံ ပိတ်ပင် နေပါတယ်။

တရုတ် ခရစ်ယန် တွေ ကတော့ ဒီအမိန့် ကို ဆန့် ကျင်ပြီး လုပ်စရာ ရှိတာ ဆက်လုပ်မယ်လို့  ဆိုပါတယ်။

တရုတ် အစိုးရ ရဲ့ ကြံဖွတ် တွေ ဟာ ဒီနေ့ မှာ ထရပ်ကား မောင်းတဲ့ ဆန္ဒပြသူတွေ နား ကပ်သွား ပြီး မစင် (ချီး) တွေ နဲ့ သုတ် တယ်လို့ လို့ လဲတရုတ် ဘလောက် သတင်း တွေ မှာ ဖော်ပြထားပါ တယ်။

တရုတ် အစိုးရကတော့ ရှန်ဟိုင်း ထရပ်ကားမောင်းသမား တွေ ကြောင့် ဂယက် ထပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်ရင်တော့ ဘယ်သူ့ ကို မှ ညှာမှ မဟုတ် ဘူး လို့ ဆိုပါတယ်။

ဒီနေ့ ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ တရုတ် ပြည်မြို့ အချို့ မှာ စပယ်ဖူး တော်လှန်ရေး မှာ ဖမ်းဆီးခံ ထားရသူတွေ ၊ နိုဘယ်ဆုရှင် လျှူရှောင်ဘို နဲ့  အနုပညာရှင် အိုင်ဝေေ၀ တို့ ကို ပြန်လည် လွှတ် ပေး ဖို့  ဆန္ဒပြ တောင်း ဆိုမှု တွေ ပြုလုပ်ခဲ့ပါတယ်။Rest of your post

No comments:

Post a Comment