Pages

Monday, April 25, 2011

ဟိန္ဒူ ဘာသာရေးခေါင်းဆောင် ဆိုင်းဘာဘာ ကွယ်လွန်

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 24 ဧပြီ 2011(ပေးပို့ သူ -ဗမာသွေး)
အိန္ဒိယနိုင်ငံ၊ အန်ဒရာ ပရာဒက်ရှ် (Andra Pradesh) ပြည်နယ်က တန်ခိုးရှင်အဖြစ် ကျော်ကြားတဲ့ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုင်းဘာဘာဟာ တနင်္ဂနွေနေ့မှာ သူ့ကျောင်းဝင်းနားက ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ကမ္ဘာတ၀န်း ကြည်ညိုသူတွေက ဘုရားတဆူလို ကိုးကွယ်ကြတဲ့ ဆိုင်းဘာဘာဟာ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်လို ကိုယ်တွင်းအင်္ဂါတွေ အလုပ်ကောင်းကောင်း မလုပ်တော့တဲ့အတွက် သူနေထိုင်ရာ ပွတ္တာပါတီ (Puttaparti) ရွာက ဆေးရုံကို တင်ထားခဲ့တာ သီတင်းပတ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို သူ့နောက်ဆုံးနေ့တွေမှာတော့ အသက်ရှူစက် တပ်ဆင်ထားခဲ့ရပါတယ်။

ဆံပင်ပွပွ၊ သင်္ကန်းရောင်ဝတ်စုံနဲ့ ဆိုင်းဘာဘာကို ချစ်ကြည်ညိုသူတွေဟာ ပွတ္တာပါတီကို လာရောက် ဂါရ၀ပြုကြပါတယ်။ ဒီအထဲမှာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးနဲ့ နာမည်ကြီး အားကစားသမားတွေလည်း ပါဝင်ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကတော့ ဟိန္ဒူဘုန်းတော်ကြီး ဆိုင်းဘာဘာကို သန်းနဲ့ချီတဲ့ လူထုက ယုံကြည်ကိုးစားကြပြီး အဓိပ္ပာယ်ရှိတဲ့ ဘ၀ကို တန်ဖိုးရှိရှိ အသုံးချဖို့ ဦးဆောင်ခဲ့သူတဦး အခုလို ဆုံးပါးသွားတာမို့ တနိုင်ငံလုံးက ယူကြုံးမရ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ၀န်ကြီးများအဖွဲ့ ဥက္ကဋ္ဌ အန်န် ကီရန် ကူမာ ရက်ဒီ (N. Kiran Kumar Reddy) ကတော့ ဗုဒ္ဓဟူးနေ့ လူပေါင်း သိန်းနဲ့ချီ လာရောက်မယ့် နိုင်ငံတော်ဈာပန ကျင်းပချိန်အထိ အောက်မေ့ဘွယ်နေ့ကို ၄ ရက်ကြာ သတ်မှတ်မှာဖြစ်ကြောင်း ကြေညာပါတယ်။

အခုတော့ ဆိုင်းဘာဘာရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို မှန်ခေါင်းထဲမှာ ထည့်သွင်းထားပြီး လူအများ လာရောက် ဂါဝရပြုနိုင်ဖို့ သူ့ကျောင်းဝင်းထဲမှာ ထားရှိပါတယ်။ တနင်္ဂနွေ တနေ့တည်းမှာပဲ သူ့ကိုကြည်ညိုသူ ရာပေါင်းများစွာ လာရောက် ကြည့်ရှုခဲ့ပါတယ်။

ပရိသတ်ကို ထိန်းနိုင်ဖို့ ဧည့်ကန့်သတ်မှုတွေ၊ ဆိုင်မဖွင့်ဖို့ အမိန့်ထုတ်မှုတွေအပြင် လုံခြုံရေးအတွက် အာဏာပိုင်တွေက ရဲတပ်သားအင်အား ထောင်နဲ့ချီပြီး ချထားခဲ့ပါတယ်။Rest of your post

No comments:

Post a Comment