BBC News / 16-10-2011(ပေးပို့ သူ - ဗမာ့သွေး )
ယူရိုဇုန် အတွင်း ကြုံတွေ့ နေရတဲ့ အကြွေး ပြဿနာ တွေကို ဖြေရှင်း နိုင်ဖို့ အတွက် ပြင်သစ် နိုင်ငံ က ပါရီ မြို့မှာ ပြုလုပ်ခဲ့တဲ့ ဂျီ ၂၀ နိုင်ငံ တွေက ဘဏ္ဍာရေး ဝန်ကြီး တွေ ရဲ့ အစည်းအဝေး ကြီး ပြီးဆုံး ခဲ့ပြီ ဖြစ်ပါတယ်။
သူတို့တွေက ဥရောပ ခေါင်းဆောင် တွေဟာ ဒီ ပြဿနာတွေ ကို ဖြေရှင်း နိုင်ရေး အတွက် နီးစပ် လာနေပြီ ဖြစ်တယ်လို့ ယုံကြည် ကြောင်း ပြော ပါတယ်။
ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး ဂျော့ခ်ျ အော့စဘုန်း က ဒီ အစည်းအဝေး မှာ ဆွေးနွေးမှုတွေ တော်တော်ကို အရှိန် ရခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး တင်မိုသီ ဂိုက်တနာက ဒီ အခုရှိနေတဲ့ အစီအစဉ် သစ် တွေ နဲ့ပတ်သက် လို့ တော်တော် အားရ စရာ ကောင်းတာ တွေ ရှိတယ်လို့ သူ ကြားထား ကြောင်း ဆိုပေမယ့် အသေးစိတ် ကို မသိသေးလို့ စောင့်ကြည့် ဦးမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ဖရန်ဆွာ ဘာအိုရင်က တော့ ဒီအသေးစိတ် အစီအစဉ် တွေကို လာမဲ့ သတင်းပတ် ကုန်ပိုင်း ဘရပ်ဆယ်လ် မြို့မှာ ပြုလုပ်မဲ့ အီးယူ ခေါင်းဆောင် တွေရဲ့ အစည်းအဝေးမှာ တင်ပြ သွား မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ အစီ အမံ တွေထဲမှာ ဥရောပ ဘဏ်လုပ်ငန်း တွေ ကို အားဖြည့် ပေးဖို့၊ ဂရိ နိုင်ငံရဲ့ ကြွေးမြီ ပမာဏ ကို လျှော့ချ ပစ်ဖို့ နဲ့ ယူရို ငွေကြေး သုံးစွဲတဲ့ ဇုန်အတွင်း မှာ အကူရန်ပုံငွေ အင်အား တိုးမြှင့် ဖို့ တွေ ပါဝင်တယ်လို့ သိရပါတယ်။Rest of your post
No comments:
Post a Comment