Pages

Sunday, October 09, 2011

တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ

ခင်ဦးသာ Friday, 07 October 2011 19:03 (ပေးပို့ သူ ဗမာ့သွေး)
တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် အစိုးရအဖွဲ့သည် အဂတိလိုက်စားမှု ကိစ္စများနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း၌ သမ္မတ ဦးသိန်းစိန် ၏ ပြင်းထန်စွာ သတိပေးခြင်း ခံရကြောင်း သိရသည်။


တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)
တနင်္သာရီတိုင်း အတွင်း ဆန်တင်သွင်းခွင့် ချုပ်ကိုင်ထားမှုနှင့် ပတ်သက်သည့် ဦးခင်ဇော် ၏ အဂတိ လိုက်စားမှုများကို ပြီးခဲ့ သည့် လများအတွင်း ဧရာဝတီက နှစ်ကြိမ်တိုင် ထုတ်ဖော် ရေးသား ခဲ့သည်။

ဦးခင်ဇော်အား ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် စုပေါင်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) သို့ တိုင်ကြားသောကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်သည်ဟု ဒေသခံ လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။

တိုင်းဝန်ကြီးချုပ်သည် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအသုံးပြုကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေပြီး ဒေသခံပြည်သူများ၏ အကျိုးအတွက် လုပ်ဆောင်ခြင်းမရှိ၍ ယင်းသို့တိုင်ကြားခံရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦး က ဆိုသည်။

ဦးခင်ဇော် သည် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ကန့်သတ်ထားကာ ၎င်းနှင့်နီးစပ်သည့် မန္တလေး၊ မြိတ် စသည့် ဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်အများအပြားချပေးခဲ့ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ် ဦး ကလည်း ပြောပြသည်။

တနင်္သာရီတိုင်းအတွင်းသို့ ဆန် တင်သွင်းခွင့်ကို ဦးခင်ဇော်က မန္တလေးအခြေစိုက် အောင်မြင်သူကုမ္ပဏီသို့ တစ်ဦးတည်း လုပ်ပိုင်ခွင့်ပေးခဲ့သည်ဟူသော သက်ဆိုင်ရာသို့ တိုင်ကြားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ဦးခင်ဇော်သည် ထားဝယ်မြို့ရှိ အစိုးရဧည့်ဂေဟာအား ဟိုတယ်ဆောက်လုပ်ရန်အတွက် သတ္တုတူးဖော်ရေး လုပ် ငန်းများ လုပ်ကိုင်သည့် ကြယ်နီလာ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားမှုနှင့် ထားဝယ်မြို့ အမှတ်၂ အထက်ကျောင်း ၏ ဘော လုံးကွင်းနေရာကို သိမ်းယူ၍ ဟိုတယ်ဆောက်ရန် စီစဉ်မှုများကိုလည်း ဒေသခံများက ကန့်ကွက်ခံထားကြကြောင်း သိရသည်။

ထားဝယ်ဒေသတွင် လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဦးခင်ဇော်နှင့် တွေ့ဆုံဆွေးနွေးလိုပါက အနည်းဆုံး ကျပ် သိန်း ၂၀ နှင့် ညီမျှသော ‘ရွှေ’ ပေးရကြောင်း၊ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများကို လုပ်ပိုင်ခွင့်မပေးဘဲ ဦးခင်ဇော် တဦးတည်း က ချုပ်ကိုင်ထားကြောင်း အထက်ပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က ရှင်းပြသည်။

တိုင်းအဆင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် ဦးဆောင်၍ တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ ၅၃ ရွာ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသော မလေးရှားနိုင်ငံ Petronas ရေနံ ကုမ္ပဏီ၏ ရဲတံခွန် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးခင်ဇော်က ၎င်း၏ အမိန့်ဖြင့် ဇွန်လက ရပ်နားခိုင်းခဲ့ကြောင်း သိရသည်။

“အခုတော့ ဒီလုပ်ငန်းတွေကို ဗဟိုအစိုးရ ရဲ့ ညွန်ကြားချက်နဲ့ ဆက်လုပ်နေကြပြီ”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ထားဝယ် ဒေသခံတဦးက ပြောသည်။

ဦးခင်ဇော်သည်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖြိုးရေးပါတီ ကိုယ်စားပြု၍ မြိတ်ဒေသ မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံခဲ့ရကာ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်မှ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။Rest of your post

No comments:

Post a Comment