ပို့ လာသူ - အိမ်မက်မဟုတ်ပါ
မေးပါရစေ တကယ်အရေးကြီးလို့ မေးပါရစေအခု ပေါတာကြီး ဘယ်မှာလဲ ဘာလုပ်နေလဲ မြစ်ဆုံကိစ္စအတွက် သူ့စိတ်ထဲမှာ ဘာရှိနေလဲ
အဲဒီမြစ်ဆုံကိစ္စက ဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူစလို့ ဒီလို စာချုပ် ချုပ်ဖြစ်သွားတာလဲ
ကျောက်ဖြူကိစ္စရော အခြားအခြား တိုင်းပြည်ရဲ့ သံယံဇာတ ပြုန်းတီးစေတဲ့
ကိစ္စတွေ ဘာလို့ လုပ်ခဲ့ ဖြစ်ခဲ့ကြတာလဲ
တာဝန်အရှိဆုံးဟာ ဘယ်သူလဲ ၊ အပေါင်းအပါတွေကရောဘယ်သူလဲ
ပြောကြစမ်းပါ ဒီအချိန်မှာ ပေါတာကြီး ဘာလုပ်နေလဲ
(လေချွန် နေတယ်)
(တကယ်ပါ လေချွန်နေလေရဲ့)
(ဗမာနိုင်ငံကြီးကို ဖျက်ဆီးခဲ့သူ ဘယ်သူလဲဆိုတာ လူတွေလုံးဝ မစဉ်းစားကြတော့ဘူး)
(တရုတ်နိုင်ငံကသာ ဗမာနိုင်ငံကို ချက်ချင်းပဲ ဖျက်ဆီးတော့မလို သတင်းတွေနဲ့
အားလုံးမျက်စိလည်နေကြပြီ)
သမ္မတကြီး လုပ်နေတဲ့ ဦးသိန်းစိန်
ပေါတာကြီးခိုင်းသမျှလုပ်နေတုန်းပဲလား
မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တယ်ဆိုတဲ့ သတင်းထုတ်ပြန်လိုက်ရုံနဲ့
လူတွေကို နားလှည့်ပါးရိုက်လို့ ရပြီထင်နေလား
ခင်ဗျားတိုင်းပြည်အပေါ် တာဝန်ကျေတယ်ဆိုတာပြချင်ရင် ခင်ဗျား
ပေါတာကြီးလောင်းရိပ် အောက်မှာ မရှိဘူးဆိုတာပြချင်ရင်
ခင်ဗျား ပေါတာကြီးကို အရင် ဖမ်းပြီး အချုပ်ထဲ ထည့်ပြပါ
ထပ်ပြောမယ် ခင်ဗျား ပေါတာကြီးကို အရင် ဖမ်းပြီး အချုပ်ထဲ ထည့်ပြပါ
ဒီလိုတိုင်းပြည်ကို တပါးသူလက်ထဲ ထိုးထည့်ပြီး
ကိုယ်ကြိုးရှာခဲ့တဲ့သူတွေကို စပြီးအရေးယူတုန့်ပြန်ပါ
တိုင်းပြည်ကို ကယ်တင်သလိုလိုနဲ့ အမျိုးသားရေးစိတ်ဓါတ်
မြှင့်တင်သလိုလိုနဲ့ ဗမာနဲ့ တရုတ်ကို ရန်မတိုက်ပေးပါနဲ့
နိုင်ငံရေး အကျပ်အတည်း ၊ စီးပွားရေးအကျပ်အတည်း ၊ လူမျိုးရေးအကျပ်အတည်း ၊
ဘာသာရေးအကျပ်အတည်း
ဒီလိုရေရှည် အကျပ်အတည်းတွေကြားကို တိုင်းပြည်ကို ဆွဲမထည့်ပါနဲ့
မြစ်ဆုံကိစ္စ စာချုပ် ချုပ်ခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ် ဆို တာ
ခင်ဗျားကိုယ်တိုင် ၀န်ခံပါ
ထပ်ပြောမယ် မြစ်ဆုံကိစ္စ စာချုပ် ချုပ်ခဲ့တာဟာ မှားယွင်းတဲ့
လုပ်ရပ်ဖြစ်တယ် ဆို တာ ခင်ဗျားကိုယ်တိုင် ၀န်ခံပါ
လက်ရှိအစိုးရ တစ်ဖွဲ့လုံး ၀န်ခံပါ
လွှတ်တော်တွေကလည်း ၀န်ခံပါ
ဒီလိုမျိုး တိုင်းပြည်ကို ပျက်စီးနစ်နာစေတဲ့ အခြားစီမံကိန်းတွေကို
လုပ်ဖြစ်အောင် ဖန်တီးခဲ့ကြတဲ့သူတွေကို ဖော်ထုတ် ပြစ်တင်ရှုံ့ချပါ
ခင်ဗျားကိုယ်တိုင်ပါရင် ခင်ဗျားအရင်ဝန်ခံပါ
ခင်ဗျားကို သတိပေးမယ်
တိုင်းပြည်ကို ချောက်ထဲ ဆွဲမချပါနဲ့
ခင်ဗျား ဗုဒ္ဓဘာသာဝင်မဟုတ်လား
ကံ ကံ၏အကျိုးဆိုတာ ကြားဖူးတယ် မဟုတ်လား
ထပ်ပြီးသတိပေးလိုက်မယ်
ခင်ဗျား နောင်တမရပါစေနဲ့
- Show quoted text -Rest of your post
No comments:
Post a Comment