Pages

Friday, October 14, 2011

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

2011-10-13 RFA(ပေးပို့ သူ ဗမာ့သွေး)
နိုင်ငံရေးအကျဉ်းသား အချို့ လွတ်လာတာကို ကြိုဆိုပေမယ့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းအပြည့်အစုံကို ကျမတို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ကျန်နေသေးတယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။ သူတို့အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို ပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စဟာ မြန်မာပြည်သူတွေ လိုလားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရဘက်က ဆောင်ရွက်ပေးရမယ့် အရေးကြီးတဲ့ အဆင့်တခု ဖြစ်တယ်လို့ အမေရိကန် အစိုးရအနေနဲ့ မြင်တဲ့အကြောင်း သူက ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ ဆွေးနွေး ပြောဆိုသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောဆိုခဲ့ပါတယ်။


Rest of your post

No comments:

Post a Comment