Pages

Wednesday, October 05, 2011

ထက်ထက်မိုးဦး၏ တရားခွင် ကြားနာစစ်ဆေးမှု

မင်းသက် | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၈ မိနစ်(ပေးပို့ သူ ဗမာ့သွေး)
ရန်ကုန် (မဇ္ဈိမ) ။ ။ ဆဲဗင်းဒေး အပတ်စဉ်ထုတ်ဂျာနယ် သတင်းထောက် မအေးသူစံမှ တရားစွဲဆိုထားသည့် အမှုတွင် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ထက်ထက်မိုးဦးကို တရားခွင်ကြားနာစစ်ဆေးမှုတခု အင်္ဂါနေ့က ရန်ကင်းမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သည်။

တရားလိုမအေးသူစံကို တရားရုံးတွင် ၅၁ ကြိမ် စစ်ဆေးပြီးနောက် ယခု ၅၂ ကြိမ်မြောက် ရုံးချိန်းတွင် ဒေါ်ထက်ထက်မိုးဦး က ထွက်ဆိုရန် တရားရုံးသို့ လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။


၂ဝ၁ဝပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဒေါ်ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲကာ ရန်ကင်းမြို့နယ် တရားရုံးတွင် မအေးသူစံမှ တရားစွဲဆိုခဲ့သည်။ ဒေါ်ထက်ထက်မိုးဦးသည် ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ ငွေကျပ် ဆယ်သိန်းဖြင့် အာမခံရရှိထားသည်။

ဆဲဗင်းဒေးဂျာနယ် သတင်းထောက်က သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် ရန်ကင်း မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခဲ့သော်လည်း ယခုအခါ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ တခုတည်းသို့ပြောင်းလဲ လက်ခံထားကြောင်းလည်း သိရသည်။

လာမည့် အောက်တိုဘာ ၁၈ ရက်နေ့သို့ အဆိုပါ အမှုကိုထပ်မံစစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း ရန်ကင်းတရားရုံး၏ အရာထမ်းတဦးက ပြောသည်။

Rest of your post

No comments:

Post a Comment