ပေးပို့ သူ-အိမ်မက်မဟုတ်ပါ၁။၉။၁၁
ဒီစကား ဒီစာသားကို ကြားဖူး တွေ့ဖူးပါတယ်
အောက်ခြေလွတ် ဘ၀င်မြင့် ဘ၀မေ့တဲ့သူ
လေဘ ဒေါသ ဇောတိုက် အသိမှောင်မိုက်တဲ့သူ
ကျေးဇူးရှင်ကိုမှရွေး ဒုက္ခပေးချင်တဲ့သူ
အဲဒီလိုလူတွေကို သတိတစ်ချက် လက်ကနဲဖြစ်အောင်
ပညာရှိများ ရေးထားတဲ့ စာသားထင်ပါရဲ့
ထမင်းကျွေးသောလက်ကို မကိုက်ပါနှင့်
ဖတ်လေ ကောင်းလေ တွေးလေ သဘောပေါက်လေ ပါပဲ
ဒါနဲ့ပဲ ဆက်ပြီးတွေးမိတယ်
ဌာနဆိုင်ရာက စာရေး ရုံးအုပ် ညွှန်မှုး ညွှန်ချုပ်တွေ
မီးသတ်တွေ ရဲတွေ ကျေးရွာ ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှုး တွေ
မြို့တော်ဝန်တွေ ၀န်ကြီးတွေ
စစ်သား စစ်ဗိုလ် ဗိုလ်မှုး ဗိုလ်ချုပ်တွေ
လွှတ်တော်ထဲက အမတ် ဥက္ကဋ္ဌ နာယက တွေ
နောက်ဆုံး ကာကွယ်ရေးဦးစီချုပ် ဒုသမ္မတ နဲ့ သမ္မတ တွေ
သူတို့တွေအားလုံး လစာယူကြတယ် မဟုတ်လား ၊ သိပ်ဟုတ်တာပေါ့
အဲဒီလစာ ဘယ်က ပေးလဲ ၊ ဘယ်သူ့ ပိုက်ဆံနဲ့ ပေးသလဲ
စဉ်းစား စဉ်းစား
သူတို့အားလုံးကို ထမင်းကျွေး လစာပေး နေတာလေ
ဲပြည်သူ့ဘဏ္ဍာ ပြည်သူ့ပိုက်ဆံ
ဒါဆို ဒါဆို ငါတို့ပိုက်ဆံ ငါ့ပိုက်ဆံလည်းပါတာပေါ့
ဒါကို ဒင်းတို့ မေ့နေတာလား မသိချင်ယောင်ဆောင်တာလား
ဒီစာကို အိမ်ဝမှာကပ်ထားရမယ်
စစ်တပ်ထဲနဲ့ လွှတ်တော်ထဲမှာလည်းသွားဝေရမယ်
ကြံ့ဖွံ့ပါတီကိုလည်း သွားပေးရမယ်
(အဲဒါလည်းငါတို့ ပိုက်ဆံတွေပဲလေ)
ဘ၀မမေ့အောင်လို့ပါ
စာသားလေးက အရမ်းကောင်းလို့ ထပ်ပြီးဖတ်ကြည့်ရအောင်နော်
ထမင်းကျွေးသောလက်ကို မကိုက်ပါနှင့်Rest of your post
No comments:
Post a Comment