Pages

Saturday, September 10, 2011

စိတ်ကျရောဂါသည် ပိုများလာတဲ့ ဥရောပ

Wednesday, 07 September 2011 18:12 မောက္ခနိုင်ငံတကာသတင်း (ပေးပို့ သူ-ဗမာ့သွေး)
နာမည်ကြီး ဆေးပညာဂျာနယ် European Neuropsychopharmacology ရဲ့ ယခုအပတ်ထွက် စာစောင် ဖော်ပြချက်အရ၊ ၂၀၁၀ ခုနှစ်အတွင်း ဥရောပနိုင်ငံ အားလုံးမှ လူ ၁၆၅ သန်း (၃၈ ရာခိုင်နှုန်း) မှာ စိတ်ဝေဒနာ (mental disorder) ရရှိနေကြောင်း ဖော်ပြထားသည်။

ဂျာမဏီ တက္ကသိုလ် Technische Universität Dresden မှ ပါမောက္ခ Hans-Ullrich Wittchen ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့က ဥရောပနိုင်ငံ ၂၇ နိုင်ငံတို့အပြင်။ အိုက်စလန်၊ နော်ဝေနဲ့ ဆွစ်ဇာလန် တို့ကိုပါ စစ်တမ်းကောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။

စိတ်ပုံမှန် မဟုတ်တဲ့ ဥရောပသားတွေအနက် အဖြစ်များဆုံးက စိတ်ကျရောဂါ (depression) ဟု ဆိုသည်။ လူ သန်း ၃၀ ကျော် စိတ်ကျရောဂါ ဖြစ်နေပြီး၊ ဥရောပလူဦးရေရဲ့ ၆.၉ ရာခိုင်နှုန်း ရှိသည်။ ဒုတိယ အဖြစ်များဆုံး စိတ်ရောဂါက ကြောက်စိတ်လွန်ကဲမှု (phobias) ဖြစ်သည်။ ဥပမာ ပင့်ကူ ကြောက်တာမျိုး။

အရက်စွဲပြီး စိတ်ဂယောက်ဂယက်ဖြစ်နေသူက ၁၄.၆ သန်း ရှိသည်။ မူးယစ်ဆေးစွဲမှုကြောင့် ပုံမှန်စိတ် မဟုတ်သူက ၂.၄ သန်း ရှိသည်။ အရက်ရော ဆေးပါ လိုင်းစုံပူး သွက်သွက်ခါနေသူတွေလည်း အရေအတွက် ပိုများလာနေသည်Rest of your post

No comments:

Post a Comment