Pages

Thursday, September 01, 2011

ဈေးထဲက ဆန်သည် အဒေါ်ကြီးကမေးတယ်

အစိုးရ၀န်ထမ်းလုပ်နေတဲ့ သူ့သားအကြီးကောင် ဖောင်ကြီးမှာ သင်တန်းတက်ရတယ်တဲ့
အဲဒီက သင်ခန်းစာတစ်ခုမှာ နိုင်ငံတစ်ခုမှာ အုပ်ချုပ်သူလူတန်းစားနဲ့
အုပ်ချုပ်ခံလူတန်းစား နှစ်မျိုးရှိတယ်ဆိုပဲ တဲ့

အဲဒါကို အဲဒီအဒေါ်ကြီးက အတော်သိချင်နေတယ်

လူတစ်ယောက်မှာ မွေးလာကတည်းက အုပ်ချုပ်သူဖြစ်မယ် အုပ်ချုပ်ခံဖြစ်မယ်လို့
နှာဖူးမှာရေးထားလို့လား တဲ့

သက်ပြင်းချပြီး ညည်းညူရေရီတ်သံကို သူ့ဆီကကြားလိုက်ရတယ်

စစ်သားတွေ ၀န်ထမ်းတွေကို ဘာတွေ သင်တယ်မသိပါဘူး

ဘုရားမကြောက် တရားမကြောက် ဘုန်းကြီးသတ်ရဲ တဲ့သူတွေ ဒီခေတ်ကြမှ ပေါ်လာတာ

ခေတ်ကိုက ဆိုးပါတယ်တဲ့

ဟုတ်ပ အတွေးတစ်ခုဝင်လာတယ်

စစ်တပ်ထဲမှာ ဘာတွေကို သင်ပေးနေသလဲပေါ့

ဒါအရေးကြီးတယ် လုံးဝကိုအရေးကြီးပါတယ်

အဒေါ်ကြီးကိုပြန်အဖြေပေးဖို့ အကြံဝိုင်းပေးကြပါအုံးRest of your post

1 comment: