Pages

Tuesday, September 20, 2011

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ မွန်မြတ်သော ဒါန

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ....

ဒီကနေ့ (19th Sept ) မှာ ကျရောက်တဲ့ အဆိုတော် သံသာဝင်း နဲ့ အနဂ္ဂရဲ့ တူလေး အခရာ တို့ရဲ့ မွေးနေ့မှာ ကုသိုလ် ကောင်းမူ ပြုတဲ့ အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) မှ ကလေးငယ်များ အားလုံးကို ဗလာ စာအုပ်နှင့် စာရေး ကရိယာများ၊ အဟာရ မုန့်နှင့် အအေး တို့ကို ကလေး တစ်ဦးချင်းစီအား ကိုယ်တိုင် ကိုယ်ကျ ကြင်နာစွာ လာရောက် ကျွေးမွေး လှူဒါန်း ခဲ့ကြပါတယ်။ အမေ့အိမ် ပညာဒါနကျောင်း ရံပုံငွေ အဖြစ် အလှူငွေကျပ်( ၁၀၀,၀၀၀ ) တစ်သိန်းကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံကျော် အနုပညာရှင် နှစ်ဦးတို့ရဲ့ ဖြူစင်တဲ့ စေတနာနဲ့ ကျွေးမွေး လှူဒါန်းမှုဟာ ကလေးငယ်များ အတွက် ခန္ဒာကိုယ် အဟာရသာမက စိတ်ဓါတ် အင်အားတွေကိုပါ မြှင့်တင်ပေးရာ ရောက်စေတာမို့ အမေ့အိမ် ပညာရေး ကော်မတီမှ ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ပါသည်။

ပကာဿန မပါ ဖြူစင် မွန်မြတ်သော ဒါနမို့ အားလုံး သာဓု ခေါ်နိုင်ရန် မျှဝေ လိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ် ပညာရေး ကော်မတီ

No comments:

Post a Comment