စောင့်ကြည့် အမှတ်ပေးရေး အဖွဲ့ များေ ပးပို့ သူ -အိမ်မက်မဟုတ်ပါ
လွှတ်တော်ထဲမှာတော့ ငြိမ်းချမ်းရေး လူ့အခွင့်အရေး ပြည်သူ့ဆန္ဒ ပြည်သူ့အသံ
အော်နေတာ အစုံပါပဲ
(သူခိုးက လူပြန်ဟစ်ဆိုတာ ဒါမျိုး ပြောတာထင်ပါရဲ့)
ထပ်ဖွဲ့လိုက်တဲ့ ကော်မတီတွေကလဲ အားချည်းပဲ
(လွှတ်တော် အမတ်အချင်းချင်း သာတူညီမျှ အခွင့်အရေး မပေးချင်လို့ ထင်ပါရဲ့)
တကယ်ပဲ နိုင်ငံနဲ့ပြည်သူတွေ အပေါ် စေတနာရှိလို့လား
အရေးကြီးတဲ့ ကိစ္စတွေကို အရေးမပါတဲ့ အသးအမွှား အများကြီးနဲ့
ရောမွှေနှောက်ယှက် ဖျောက်ဖျက်ချင်လို့လား
ဒါတွေတော့ တကယ်ဖြစ်နေကြပြီ
အပြင်က ကျနော်တို့ ဘာလုပ်ကြမလဲ
ဘီဘီစီ ဗီအိုအေ အာအက်ဖ်အေ ဒီဗီဘီ စတဲ့ အသံလွှင့် ဌာနတွေကို
ရန်ကုန် မန္တလေး စတဲ့မြို့ ကြီးတွေမှာ ရုံးခွဲကြီးတွေ ဖွင့်အောင်
တောင်းဆိုတိုက်တွန်းမယ်
တောင်ပေါ် ကမ်းရိုးတန်း နဲ့ နယ်စပ်ဒေသ တွေမှာ ရုံးခွဲလေးတွေ ဖွင့်အောင် ကူညီကြမယ်
ကိုယ်တိုင်လည်း အစိုးရ လွှတ်တော် စစ်တပ်နဲ့ ကြံ့ဖွံ့ပါတီ ကို စောင့်ကြည့်
အမှတ်ပေး အဖွဲ့တွေ ထူထောင်ဖွဲ့စည်းမယ်
နိုင်ငံတကာက လူ့အခွင်းအရေး အဖွဲ့တွေကိုလည်း ရုံးခွဲတွေဖွင့်နိုင်အောင် ကူညီမယ်
လက်တွေ့မပါတဲ့ အပြောတွေ နဲ့ မထိရောက်တဲ့ အလုပ်တွေကို လက်မခံကြပါနဲ့
အရူးကို အရူးနေရာ ပဲ ထားပါ ၊ သူခိုးကို သူခို့နေရာ ၊ ဓားပြကို ဓားပြနေရာ
၊ မုဒိမ်းကောင်ကို မုဒိမ်းကောင်နေရာပဲ ထားကြစမ်းပါ
ဒီကောင်တွေရဲ့ သွေးစွန်းတဲ့လက်တွေက မခြောက်သေးပါဘူး
ဒါကိုမမေ့ကြပါနဲ့
ကိုင်း ညီအစ်ကိုတို့ရေ (အပြောနဲ့အလုပ် ဟုတ်မဟုတ်) လက်တွေ့ စကြည့် ရအောင်နော်Rest of your post
No comments:
Post a Comment