Pages

Saturday, August 13, 2011

စစ်တပ်တွင်း အန္တရာယ်အကြီးဆုံး

doubt (Breaking News)eimmet mahotpar
http://www.photayokeking.org/breaking-news/613-the-most-dangerous-in-army-of-doubt

စစ်တပ်မှာ ရေပန်းစားနေတဲ့ အန္တရာယ် အကြီးဆုံး စကားလုံးကတော့ doubt
ဆိုတဲ့စကားလုံးဖြစ်ပြီး ထိပ်ပိုင်း ဗိုလ်ချုပ်များအချင်းချင်း doubt
ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်စဉ် အများအပြား ရှိနေကြောင်း စစ်ဘက်နီးစပ်သူများက
စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံခဲ့ရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး
သူရမြင့်အောင်ထံ ဂါရဝ တရားအရ လာရောက်တွေ့ဆုံခဲ့တဲ့ ရကတ တိုင်းမှူးဟောင်း
ဗိုလ်မှူးချုပ် ထွန်းသန်းနဲ့ ကစထ (၅) မှူးဟောင်း ဗိုလ်ချုပ်တင်ငွေတို့
အပေါ် ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်နေတဲ့ ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဘဝင်မကျ doubt ဖြစ်ခဲ့သလို
အာဏာမစွန့်လွတ်ရသေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီကောင် အာဏာဖြင့်
မလွှဲသေးဘူး၊ အုပ်စုဖွဲ့ အာဏာနီ တည်ဆောက်နေပြီဟု doubt ဖြစ်ခဲ့လို့ ဒုတိယ
ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။ ရန်ကုန်တိုင်း
စစ်ဌာနချုပ်ကို ကွပ်ကဲရတဲ့ ဗိုလ်ချုပ်တင်ငွေဟာ ကစထ (၅) မှူးရဲ့ တာဝန်
ဝတ္တရားအရ ရန်ကုန်တိုင်းအတွင်းရှိ ဝန်ကြီးဌာနများရဲ့ စီမံကိန်းများ
စစ်ဆေးခြင်းနဲ့ သုဝဏ္ဏအားကစားကွင်း မွမ်းမံ တည်ဆောက်ရေး စီမံကိန်း
စစ်ဆေးရာမှာ တခမ်းတနား စစ်ဆေးတဲ့အပေါ် ထိုစဉ်က ရွေးကောက်ပွဲ မပြီးသေးလို့
ခေတ္တထောင့်ကပ်နေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဘဝင်မကျ
doubt ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်တပ်မှာ ဗိုလ်ချုပ်တွေ အချင်းချင်း
doubt ဖြစ်ပြီဆိုရင် ကြောက်စရာကောင်းလှပြီး ဖြေစရာ ဆေးမရှိကြောင်း
စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့
သုံးသပ်တင်ပြလာပါတယ်။
Rest of your post

No comments:

Post a Comment