ဧရာဝတီ Tuesday, 09 August 2011 13:01 သတင်းတိုများ (ပေးပို့ သူ ဗမာ့သွေး)
ဧရာဝတီမြစ်တကြောတွင် တည်ဆောက်မည့် မြစ်ဆုံ၊ ချီဗွေ စသည့် ရေအားလျှပ်စစ် စီမံကိန်း ၈ ခုကြောင့် ဧရာဝတီမြစ်ကို အမှီပြုနေသည့် စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှု လုံးဝမရှိနိုင်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာပါ ဆောင်းပါးတပုဒ်တွင် ခုခံရေးသားထားသည်။ တရုတ်နှင့် မြန်မာပညာရှင်များပါဝင်သော အဖွဲ့က ထိုကြီးမားလှသည့် စီမံကိန်းကြီးများသည် ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သော်လည်း တရုတ်ပိုင် CPI ကုမ္ပဏီက ဆက်လုပ်ရန် ဆုံးဖြတ်ပြီးနောက် ပြည်တွင်း ပြည်ပမှ ထိုစီမံကိန်းများအပေါ် ဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။Rest of your post
No comments:
Post a Comment