ဧရာဝတီ Wednesday, 20 July 2011 17:45 သတင်းတိုများ(ပေးပို့ သူ ဗမာ့သွေး)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်မြေခံစစ်တပ်က အခကြေးငွေ မပေးဘဲ လယ်သမားတို့၏ မွေးမြူရေးပုစွန်များကို ဖမ်းယူ စားသောက်နေကြောင်း ဒေသခံများက ပြောသည်။ ထိုလုပ်ရပ်ကို ရွှေညိုမ နှင့် ပန်းတောပြင် ကျေးရွာအုပ်စု တို့မှ လယ်သမား ၁၇၄ ဦး ကြုံတွေ့နေရသည်ဟု ဆိုသည်။ ခြေလျင်တပ်ရင်း အမှတ် ၃၄ မှ စစ်သည်တို့၏ စည်းကမ်းမဲ့ လုပ်ရပ်ကြောင့် တာတမံများ ကျိုးပျက်ခြင်း၊ စပါးခင်းများ ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။ ခရိုင် ငါးလုပ်ဦးစီးဌာနကို တိုင်ကြားသော်လည်း အရေးယူမှု မရှိဘဲ စစ်တပ်၏ ခြိမ်းခြောက် ပြောဆိုမှုများနှင့်သာ ကြုံတွေ့နေရကြောင်း ဒေသခံ လယ်သမားတို့က ဧရာဝတီကို ပြောသည်။
Rest of your post
No comments:
Post a Comment