ဆဒ္ဒန်မင်းဇာတ်၊ ငယ်က ဖတ်၍၊
စုတ်သပ်မိခဲ့ဖူးပါသည်။
စာမို့ဆိုသည်၊ အပိုလေလား၊
ထိုလူသားသည်၊
တရားဤမျှ – မကင်းနိုင်၊
သနား ဤမျှ – မကင်းနိုင်။
သက်စွန့်ကြိုးပမ်း၊ သူတို့ထမ်း၍
လွတ်လမ်းကိုမြင်၊ ရှေ့ကောင်းကင်၌
နီလွင်ရောင်ဝင်း၊ အရုဏ်ကျင်းက
မြို့တွင်းရွာတွင်း ၊ ပြည်နယ်တွင်းတွင်၊
ပြုံးခြင်း ရွှင်ခြင်း၊ အားရခြင်းဖြင့်
နေမင်းပမာ၊ လင်းရောင်ဖြာလျက်၊
မျက်နှာကြည်ရွှန်း၊ ပကြသည်။
ထိုနေ့ကမူ၊
မိုးဝကောင်းကင်၊ မင်ခဲဆင်၍၊
မရွှင်မျက်နှာ၊ ညှိုးငယ်ကာ၌၊
ဖျာလိပ်ခေါင်းမှ၊ ခြင်တပ်ထသို့၊
ယုတ်လှငြိုးသို့၊ သောနုတ္ထိုရ်တို့၊
ခိုရာမှပေါ်၊ စိတ်ကြမ်းချော်ဖြင့်
လောင်းတော်ဆင်မင်း၊ ဇာတ်ကိုခင်းသည်၊
ကင်းသည့်တရား၊ တို့လူသား၊
ကင်းသည့်သနား တို့လူသား၊
စုတ်သပ်မိသည့် ထပ်မနား။
မင်းသုဝဏ်
Rest of your post
No comments:
Post a Comment