ဧရာဝတီ Friday, 29 July 2011 12:28 သတင်းတိုများ (ပေးပို့ သူ ဗမာ့သွေး)
အန္ဒိယအစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ကူညီမည်ဟု သိရသည်။ မန္တလေးရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ဟားခါးမြို့သို့ သွားရောက်ပြီး ယင်းသို့ကူညီမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တဦးကို ကိုးကား၍ ချင်းသတင်းဌာန ခိုနူမ်းထုန် တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ဇွန်လတွင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးဖြစ်သည်ဟု သိရသည်။
Rest of your post
No comments:
Post a Comment