2011-07-05 RFA (ပေးပို့ သူ-ဗမာ့သွေး)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုဆိုတာ၊ မှတ်တမ်းယူတာတွေ မလုပ်ဖို့ နယ်ခံ ဘုရား ဂေါပကတွေကို ကြိုတင် သတိပေး တားမြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။
နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်း ပုဂံဘုရားဖူး ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ် အဲရစ်တို့ကို အာနန်ဒါဘုရားရှေ့တွင် တွေ့ရပုံ။
၂ ရက်နေ့က ဘုရား ဂေါပကတွေကို ခေါ်ယူပြီး တရားဝင် ပိတ်ပင်ထားတာ မရှိပေမဲ့ ပန်းစည်းဆက်တာ ကြိုဆိုတာမျိုး မလုပ်ဖို့ သတိပေးခဲ့တယ်လို့ ညောင်ဦး ဒေသခံ NLD အဖွဲ့ဝင် တဦးကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မိသားစု ခရီးစဉ်သာ ဖြစ်တဲ့ အတွက် ဒေသခံ အန်အဲလ်ဒီ အဖွဲ့ဝင်တွေနဲ့ သီးခြား တွေ့ဆုံတာ ပါတီကိစ္စတွေ ပြောဆို ဆွေးနွေးတာ လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရ အရပ်ဝတ် လုံခြုံရေးတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်နေလို့ သိရပါတယ်။
Rest of your post
No comments:
Post a Comment