သောကြာနေ့၊ ဂျူလိုင်လ 08 ရက် 2011 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) - ကန္တာရ၀တီတိုင်း(မ်)Via Burmatwe
ကရင်နီပြည်နယ်တွင် အကြွေရှားပါးပြီးဟောင်းနွမ်း ပျက်စီးနေသော မြန်မာကျပ်ငွေများကိုဒေသခံပြည် သူများ အားလုံးက ပလပ်စတစ်အိတ်ဖြင့် ထုပ်ပြီး အသုံးပြုနေကြရသည်ဟု လွိုင်ကော်မြို့ရှိဒေသခံ တစ်ဦးက ပြောသည်
အကြွေများကို အများဆုံး အသုံးလိုသော ကျပ်နှစ်ရာတန်နှင့် တစ်ရာတန်များကို ပလပ်စတစ်အိတ်ထဲသို့ ခေါက်ထည့်၍ ဖယောင်းတိုင်မီးဖြင့် ပိတ်ပြီး ထိုသို့ ပြုလုပ်ထားသည်ကို ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ နေရာတိုင်းတွင် တွေ့ရသည်ဟု ဆိုသည်။
“အကြွေက ရှိမှ မရှိတော့တာ ပိုက်ဆံက ကျေမွှပြီးတော့ ပျောက်သွားတော့မယ်။ ဒီလိုမှ မလုပ်ရင် ဘာနဲ့ သုံးရမလဲ။ ဘယ်သူမဆို ဒီလိုပဲ သုံးနေကြတာပဲ” ဟု လွိုင်ကော်ဒေသခံက ပြောသည်။
နအဖစစ်တပ်များ
ထိုသို့ အိတ်ထဲ ထည့်ထားသော ငွေများကို ကရင်နီပြည်နယ်အတွင်းသာ အသုံးပြုနေကြရသည်ကို တွေ့ရပြီး အခြားတိုင်းနှင့် ပြည်နယ်ဘက်များတွင် အသုံးပြုခြင်း မတွေ့ရသောကြောင့် အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ ခရီးသွားရသော လွိုင်ကော်မြို့ရှိ ၀န်ထမ်းတစ်ဦးက ၎င်းငွေများကို အသုံးပြုရန် ယူသွားလိုသော ဆန္ဒမရှိကြောင်း ပြောသည်။
၎င်းက “ရန်ကုန်မှာ အဲဒီငွေတွေ သုံးလို့ရလား မရလား မသိဘူး။ မရဘူးဆိုရင် ဒီငွေတွေကို ကိုင်ရမှာ ရှက်စရာကြီး အဲဒါကြောင့်မို့ ဒီမှာပဲ အကုန်သုံးလိုက်တယ်။ ယူမသွားရဲဘူး” ဟု ပြောသည်။
ဝန်ထမ်းလစာများတွင် ကျပ်နှစ်ရာတန်၊ တစ်ရာတန်များကို ထုတ်ပေးခြင်း မတွေ့ရတော့သည့်အပြင် အစိုးရဘဏ်များတွင်လည်း ဟောင်းနွမ်းသော ငွေစက္ကူများကို လှယ်လည်ပေးခြင်း၊ နောက်ထပ် ငွေစက္ကူ အသစ်များ ထုတ်ပေးခြင်း မရှိခြင်း၊ ဟောင်းနွမ်းသော ငွေစက္ကူများ လာရောက်အပ်နှံပါကလက်မခံခြင်း များကြောင့် ငွေများ ရှားပါးလာရခြင်း ဖြစ်ပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော ငွေများကိုပလပ်စတစ်အိတ် ဖြင့် ထုပ်၍ အသုံးပြုရခြင်း ဖြစ်သည်ဟု သိရသည်။
Rest of your post
ရှမ်းပြည်တောင်ပိုင်းမှာ ဒါမျိုးလုပ်တာ ၃ နှစ် ၄ နှစ် တောင်ရှိ
ReplyDeleteပြီ ဟိုပုံး၊မိုင်းပွန်၊လွိုင်လင်၊နမ့်စန်၊မိုးနဲ၊လင်းခေး၊မိုင်းပန်၊
လဲချား၊မိုင်းကိုင်..........စတဲ့မြို့တွေမှာ ပိုက်ဆံတွေကို
(၅၀၊၁၀၀၊၂၀၀ ကျပ်တန်)ပလပ်စတစ်အိပ်ထဲ ထည့်ပြီး
သုံးနေရတယ် ဒါတကယ်ပါပဲ ကိုယ်တိုင်လည်းသုံးဖူးတယ်
ရီရတယ် ဗမာပြည်က ပိုက်ဆံရယ်.....အဟား
ရှမ်းပြည်တောင်ပိုင်းမှာ လည်း ဒီတိုင်းသုံးနေရတာ ၃-၄ နှစ်ရှိပြီ ကယားပြည်မှာချည်းသုံးတယ် မထင်နဲ့
ReplyDeleteသေသေချာချာ လေ့လာပြီးရေးစမ်းပါ
ရှမ်းပြည်တောင်ပိုင်းမှာ ဒါမျိုးလုပ်တာ ၃ နှစ် ၄ နှစ် တောင်ရှိ
ReplyDeleteပြီ ဟိုပုံး၊မိုင်းပွန်၊လွိုင်လင်၊နမ့်စန်၊မိုးနဲ၊လင်းခေး၊မိုင်းပန်၊
လဲချား၊မိုင်းကိုင်..........စတဲ့မြို့တွေမှာ ပိုက်ဆံတွေကို
(၅၀၊၁၀၀၊၂၀၀ ကျပ်တန်)ပလပ်စတစ်အိပ်ထဲ ထည့်ပြီး
သုံးနေရတယ် ဒါတကယ်ပါပဲ ကိုယ်တိုင်လည်းသုံးဖူးတယ်
ရီရတယ် ဗမာပြည်က ပိုက်ဆံရယ်.....အဟား