Pages

Sunday, July 03, 2011

ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ်မှ မြန်မာသို့ ကုန်ပစ္စည်းများ တင်ပို့သူ မှောင်ခိုသမားကြီး ၁၇ ဦးအား ဖမ်ဆီးရန် အမိန့်ထုတ်

နိရဉ္ဖရာသတင်းဌာန ။ ။ News Date:7/1/2011 (ပေးပို့ သူ-ဗမာ့သွေး)
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မြန်မာနိုင်ငံသို့ တားမြစ်ကုန်ပစ္စည်းများ တင်ပို့နေသူ မှောင်ခို စီးပွားရေးသမားကြီး ၁၇ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ အမိန့်ထုတ် လိုက်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ၀န်ကြီးချုပ်မှ အမိန့်ထုတ်ပြန်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပြီး အဆိုပါ စာကို ဇွန်လ ၁၃ ရက်နေ့က ၀န်ကြီးချုပ်ရုံးမှ ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပေးပို့ခဲ့သည်ဟု သိရသည်။ မည်သည့်အတွက်ကြောင့် ညွန်ကြားချက် အမိန့်ထုတ်ပြန်ရသည်ကို ၀န်ကြီးချုပ်ရုံး တာဝနှ်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

" သူတို့က ဘင်္ဂလာဒေခ်ျ့နိုင်ငံက အဓိက ပြည်သူတွေ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကို ရေလမ်းကြောင်းကတဆင့် တင်ပို့နေတယ်။ ဒီနိုင်ငံက အဓိက တားမြစ်ထားတဲ့ ဒီဇယ်ဆီ၊ ဓါတ်မြေသြဇာ၊ စားသုံးဆီနဲ့ အ၀တ်စ (အ၀တ်အထည်)တွေကို နေ့တိုင်းလိုလို တင်ပို့နေကြတဲ့ အတွက် တိုင်းပြည်တွင်းမှာ နစ်နာမူတွေ ရှိလာတယ်။ ဒါနဲ့ ခုလို သူတို့ကို ဖမ်းဆီးဖို့ ၀န်ကြီးချုပ် ကိုယ်တိုင်အမိန့်ထုတ်ပြန်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခံရသူများမှာ မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော ကော့စ်ဘဇားခရိုင် အတွင်းမှ ဖြစ်ကြသည်။ အများစုမှာ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော တက်ကနက် မြို့နယ်မှ ဖြစ်ကြသည်။

" သူတို့က ဒီကစ္စည်းတွေကို မော်တော်ဘုတ်ကြီးတွေနဲ့ ရေလမ်းကြောင်းက တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ဘီဂျီဘီနဲ့ ရဲအရာရှိတွေကိုလည်း မှောင်ခိုသမားကြီးတွေက ငွေပေး ပေါင်ထားနိုင်တော့ သူတို့က လွတ်လွတ်လပ်လပ် ဒီပစ္စည်းတွေကို မြန်မာနိုင်ငံကို မှောင်ခို တင်ပို့နိုင်ကြတယ်လေ။ ဒါကြောင့် သူတို့ကို ဖမ်းဆီးမယ့်သူလည်း မရှိ ဖြစ်နေတော့ ပြည်ထဲရေး ၀န်ကြီးဌာနကို ၀န်ကြီးချုပ်က အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။


မြန်မာနိုင်ငံသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ မှောင်ခိုင်တင်ပို့နေသည့် လမ်းကြောင်း ထွက်ပေါက် ၀င်ပေါက် ၃၀ ရှိပြီး အဆိုပါ လမ်းကြောင်းများမှ မော်တော်ဘုတ်များ စက်လှေများဖြင့် အဆိုပါ ပစ္စည်းများကို မှောင်ခို တင်ပို့နေကြသည်ဟု ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ စွမ်းအင်ဝန်ကြီဌာနမှ ထုတ်ပြန်ချက်အရ တနှစ်ကို စက်သုံးဆီ တန်ချိန် နှစ်သိန်း အိမ်နီးချင်းနိုင်ငံများသို့ လမ်းကြောင်း ၃၃ ခုမှ မှောင်ခို တင်ပို့နေကြသည်ဟု ဖေါ်ပြပြီး အများဆုံး ဆီမှာ ဒီဇယ်ဆီ ဖြစ်ကြောင်း ပြောဆိုသည်။

ယခုအခါ တက်ကနက်မြို့နယ် တစ်ခုတည်းမှ မြန်မာသို့ မှောင်ခို တင်ပို့နေသော ရေလမ်းကြောင်း ၁၃ ခုကို ပိတ်ပစ်မည် ဖြစ်ပြီး ရေတပ်၊ ကမ်းခြေစောင့်တပ်၊ ဘီဂျီဘီ၊ ရဲနှင့် ဒေသ ပြည်သူ့စစ်များကို မှောင်ခို လုပ်ငန်းများကို ရပ်တန့်နိုင်ရေး အတွက် အမြင့်ဆုံး တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ အကြားတွင် မှောင်ခို လုပ်ငန်းမှာ အကြီးအကျယ် ဖြစ်ထွန်းနေပြီး မြန်မာနိုင်ငံမှလည်း အဖိုးတန် သစ်များ၊ ယာဘားများကို မှောင်ခို လမ်းကြောင်းမှ တစ်ဆင့် ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ကြကြောင်း သိရသည်။
Rest of your post

No comments:

Post a Comment