Pages

Thursday, July 28, 2011

အင်တာနက် အလွန်အကျွံသုံးလျှင် ဦးနှောက်ကို ထိခိုက်နိုင်

Monday, 25 July 2011 19:35 administrator (ပေးပို့ သူ ဗမာ့သွေး)
ဆယ်ကျော်သက်များ အင်တာနက်ကို အလွန်အကျွံ သုံးခြင်းသည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ဆေးရုံများမှ သုတေသနပညာရှင်များ၊ သိပ္ပံသုတေသ်ီများ၏ လေ့လာမှုအရ သိရှိရပါသည်။


သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ အင်တာနက် သုံးချိန် ကြာမြင့်လေလေ ဦးနှောက်ကို ထိခိုက်လေဟု ဆိုသည်။ အင်တာနက်ကို အချိန်ကြာမြင့်စွာသုံးခြင်းဖြင့် အာရုံ စူးစိုက်နိုင်စွမ်းနှင့် မှတ်ဥာဏ်အပေါ် သက်ရောက်မှု ရှိစေရုံ သာမက ဆုံးဖြတ်ချက်များ ချနိုင်စွမ်း၊ ရည်မှန်းချက်များ ချမှတ်နိုင်စွမ်းကို လျော့ကျစေကာ ပုံမှန် မဟုတ်သည့် အပြုအမူများ ဖြစ်ပေါ် စေတတ်သည်ဟု ဆိုသည်။

သုတေသနပြုမှုတွင် တစ်နေ့ လျှင် ၈ နာရီမှ ၁၃ နာရီအထိ အင်တာနက် ဂိမ်းသုံးစွဲသည့် အသက် ၁၉ နှစ်ရှိ တက္ကသိုလ် ကျောင်းသား ပေါင်း ၁၈ ဦး၏ ဦးနှောက်ကို BrainScan များ ရိုက်ပြီး လေ့လာခဲ့သည်။

၎င်းကျောင်းသားအုပ်စုနှင့် တစ်နေ့လျှင် ၂ နာရီမျှ အင်တာနက်သုံးသည့်ကျောင်းသားများနှင့် နှိုင်းယှဉ်လေ့လာခဲ့ရာ ဦးနှောက်၏ ဥာဏ်ရည်ခံ စားမှု၊ အကြား၊ အမြင် စသည်တို့ကို လုပ်ဆောင်ပေးသည့် Grey Matter အစိတ်အပိုင်းသည် အင်တာနက်သုံးလေလေ မျက်နှာ ပြင် ကျုံ့လေလေဖြစ်သည်ကို တွေ့ရှိ ခဲ့ရသည်။ ထို့အပြင် နာ့ဗ်ကြောစနစ်တွင် Grey Matter ဧရိယာအသီးသီး အကြား သတင်းပေးပို့ပေးသော ဦးနှောက် အတွင်းပိုင်း တစ်သျှူး Whit Matter များပါ ပြောင်းလဲစေသည့် သက်ရောက်မှုဖြစ်စေသည်ဟု ဆို သည်။

ထိုသို့ဆိုးကျိုးများ ဖြစ်ပေါ် စေလျက်ရှိသည့် အင်တာနက်ကြည့်ချိန် များလွန်းခြင်းသည် ဆယ်ကျော် သက်ကလေးများ၏ ကျန်းမာရေး အတွက် စိုးရိမ်စရာဖြစ်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် အင်တာနက်ကို ခုံမင်လွန်းသည့်လူငယ်ပေါင်း ခန့်မှန်းခြေ ၂၄ သန်းအထိ ရှိသည်။


Rest of your post

No comments:

Post a Comment