Pages

Wednesday, July 20, 2011

မြန်မာစစ်ဗိုလ်တစ်ဦးအား သျှမ်းစစ်သားထပ်မံ ပစ်သတ်သေနတ်လုပြေး

Tuesday, 19 July 2011 16:18 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
မြို့တွင်း သတင်းထောက်လှမ်းသည့် သျှမ်းပြည် တပ်မတော်သားနှစ်ဦး မြန်မာစစ်ဗိုလ်တဦးအား သီပေါမြို့ နယ်အတွင်းပစ်သတ်လိုက်ကြောင်းဒေသခံ သတင်းရပ်ကွက်မှသိရပါသည်။

)“အရပ်ဝတ် သျှမ်းစစ်သားနှစ်ဦးကို ဗမာစစ်ဗိုလ်က ခေါ်ယူစစ်ဆေးတယ်။ အဲဒီဗမာစစ်ဗိုလ်နားရောက်တော့ ပစ္စတို သေနတ်ရုတ်တရက်ထုတ်ပြီး ပစ်သတ်လိုက်တယ်ပြောတယ်။ သူတို့နှစ်ယောက်သတင်းကို ဗမာစစ် သားတွေက နားယန်း နဲ့ နားမခေါ် ရွာသားတွေကို လိုက်မေးနေတယ်။ သျှမ်းသူပုန်အမာခံတွေ ရအောင် ဖေါ်ထုတ်ပြီး အကုန်ပစ်သတ်ရမယ်တဲ့” - ဟု သီပေါသား တဦးက ပြောပါသည်။

ဂျူလိုင် ၁၆ ရက် စနေနေ့ က သျှမ်းပြည်တပ်မတော်သား ဗိုလ်စိုင်းမောင်အွန် နှင့် နောက်လိုက် ဒုဗိုလ်တဦး သတင်းထောက်လှမ်းရန် အရပ်ဝတ်ဖြင့် သီပေါမြို့နယ် နားမခေါ် - နားယန်းဘက်သို့ သွားရောက်ခဲ့ ကြောင်း၊ ထိုစဉ် မမျှော်လင့်ဘဲ ပက်ပင်းတိုးမိသော ဗမာစစ်ကြောင်းတကြောင်းမှ အရာရှိတဦး က ဌင်းတို့နှစ်အား လှမ်းခေါ်ကာ စစ်ဆေးမည်အပြု ဗိုလ်စိုင်းမောင်အွန်က ဌင်းဖွက်ယူ သွားသည့် ပစ္စတိုဖြင့် မြန်မာစစ်ဗိုလ်အား ပစ်သတ်လိုက် ကြောင်း၊ သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကလည်း ပြောသည်။“ဟုတ်တယ်ကျနော်တို့ တပ်ရင်း ၁၃၇ က ဗိုလ်စိုင်းမောင်အွန်နဲ့ ဒုဗိုလ်တဦး။ သူတို့ကသတင်းထောက်လှမ်း တဲ့ သူတွေလေ။

မြို့ပ်ါတက်ဖို့လုပ်နေချိန် အဲဒီခလရ ၁၄၇ နဲ့တွေ့တာ။ ဗမာစစ်ဗိုလ်တယောက် ပစ်သတ် ပြီး MA ပစ္စတို တစ်လက် ကျည် ၁၇ ဒေါင့် ရလာတယ်။ ဗမာတပ်တွေက သူတို့နှစ်ယောက်ကို လိုက်ပစ်သေးတယ်။ မထိဘူး။ သူတို့နှစ်ယောက်လုံး လွတ်မြောက်လာတယ်” - ဟု ဗိုလ်မှူး စိုင်းလှ ကပြောပါသည်။ပြီးခဲ့သည့် ဂျွန် ၂၅ ရက် ကလည်းသတင်းအချက်အလက်ထောက်လှမ်းစုံစမ်းခြင်း တာဝန်ယူသော သျှမ်းပြည် တပ်မတော် ရဲဘော် စိုင်းအိုက်လက မြန်မာစစ်တပ်အရာရှိတဦးအား မိုင်းနောင်မြို့အထွက်တောင်ဘက်၌ လုပ်ကြံသတ်ဖြတ် ၍ အဆိုပါအရာရှိ၏ ကျည် ၁၂ တောင့်ကျန် 9 mm ပစ္စတို တစ်လက် ယူဆောင်ထွက်ပြေး လွတ်မြောက်ခဲ့ ပါ သေးသည်။Rest of your post

No comments:

Post a Comment