Pages

Wednesday, July 20, 2011

ရွှေဘို အခမ်းအနား

(ပေးပို့ သူ ဗမာ့သွေး)
စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်လည်း အာဏာပိုင်များ တားမြစ်သည့်ကြားက အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွဲဘက်အတွင်းရေးမှူး ကိုအောင်မျိုးတို့အား
ခေါ်ယူတွေ့ဆုံ တားမြစ်ခဲ့သေးသည်ဟု ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“နှစ်စဉ်လုပ်နေကျမို့ ကျနော်တို့ အေးအေးချမ်းချမ်း လုပ်မယ်ဆိုတာ သိပါတယ်တဲ့။ သို့သော် အဖျက်အမှောက်တွေ
ပေါနေတဲ့အတွက် မလုပ်ဘဲနေရင် ကောင်းမယ်ပေါ့။ ကျနော်တို့က ဖိတ်ထားပြီး ဖြစ်တဲ့အတွက် စီစဉ်ထားတဲ့ အတိုင်း ကျင်းပသွားမှာလို့ ဆွေးနွေးပြီး လုပ်ကြတာပါ” ဟု သူက ပြောသည်။

ပါတီဝင် ၅ဝ ခန့် တက်ရောက်သည့် အခမ်းအနားသို့ လွတ်လပ်ရေးမော်ကွန်းဝင် အသက် ၉ဝ အရွယ် ဦးသန်းညွန့် လာရောက် ဟောပြောခဲ့သည်။

အခမ်းအနား ကျင်းပသည့် ပါတီရုံးအနီးတွင် ရဲများနှင့် အရပ်ဝတ် လုံခြုံရေးများ စောင့်ကြပ်ခဲ့သော်လည်း အနှောင့်အယှက် မရှိခဲ့ပေ။

အခြားသော ပြည်နယ်နှင့် တိုင်းများတွင်လည်း ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးနှင့် အခမ်းအနားများ ကျင်းပခဲ့ကြရာ စစ်ကိုင်း၊ မတ္တရာ၊ ရေနံချောင်း၊ ရေတာရှည်၊ ကော့သောင်းမြို့များလည်း ပါရှိသည်Rest of your post

No comments:

Post a Comment