ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ပြီးခဲ့သောရက်အနည်းငယ်ခန့်က အလုပ်ရှင်မှ (၉)နှစ်အရွယ်ရှိ ၄င်း၏အလုပ်သမား ကလေးငယ်တစ်ဦးအပေါ်လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ ဟင်္သာတမြို့ဦးပါရဲဘုရား အရှေ့ဘက်တွင်ဖွင့်လှစ်ထားသော U&Me လက်ဖက်ရည်ဆိုင်မှ အလုပ်သမားလေး မောင်ထိပ်ကွက်သည် အလုပ်ရှင်မိသားစုမှ မွေးမြူထားသော ခွေးကလေးအား ရိုက်နှက်မိခဲ့သဖြင့် အလုပ်ရှင်မှ ဖမ်းဆီးရိုက်နှက်၊နှိပ်စက်ညှဉ်းပန်းခဲ့သဖြင့် ကလေးငယ်လေးမှာ သေလုမျောပါး ဒဏ်ရာများဖြင့်ဆေးရုံတင်ထားခဲ့ရသည်။ '' ကလေးက မိဘမဲ့လေးဗျ၊ သူတို့ဆိုင်မှာအောက်ခြေသိမ်း အကုန်လုပ်ပေးရတာ၊ ထားတော့လည်း ခွေးတွေထားတဲ့နေရာမှာပဲ အတူထားတာ၊သူတို့မွေးထားတဲ့ခွေးကို ရိုက်မိလို့တဲ့ဗျာ၊ နှိပ်စက်တာမှ တစ်ကယ့်ကို လူမဆန်ဘူး၊ ရိုက်နှက်ထိုးကြိတ်ရုံတင်မကဘူး၊ မီးပူနဲ့ ပေါင်တွေ၊ ကျောတွေကို ကပ်တယ်၊ ခွေးချေးတွေကို ပါးစပ်ထဲထိုးထည့်ပြီး အပြင်ကအ၀တ်နဲ့ ပိတ်စို့ထားပြီး မျက်နှာကို ကြိုးနဲ့ချည်ထားတာဗျ။ အချိန်မှီဆေးရုံမတင်နိုင်ရင် ကလေးကသေတော့မှာဗျ '' ဟု အမြင်မတော်သူ မျက်မြင်သက်သေတစ်ဦးကပြောပြခဲ့သည်။ ယခုအချိန်တွင် ကလေးငယ်မှာ ဟင်္သာတဆေးရုံတွင် ဆေးကုသခံလျှက်ရှိပြီး ၄င်းအမှုကို ( ပုဒ်326 ၊ 342 )တို့ဖြင့်ဆွဲဆိုထားကြောင်းသိရသည်။
By: Linaung Pyae

SummaryRest of your post
No comments:
Post a Comment