BBC News ။ ။ 12-6-2011(ပေးပို့ သူ-ဗမာ့သွေး)
အစိုးရကျောင်းတွေမှာ ပညာမသင်နိုင်ကြတဲ့ ကလေးတွေ အများ အပြားရှိတောင်ဒဂုံ မြို့နယ် မှာရှိတဲ့ မူလတန်း ကျောင်း တကျောင်း မှာ ကျောင်း စတက် နေတဲ့ သူငယ်တန်း ကျောင်းသား ကလေး တဦးဟာ HIV ရောဂါရှိလို့ ကျောင်းကနေ ထုပ်ပယ် ခံလိုက် ရပါတယ်။ကလေးဟာ ကျောင်းတက်ချင် တဲ့အတွက် မနက် အစောကြီး စာထကျက် နေတဲ့ အတွက် သူ့ မိသား စုမှာ စိတ် မကောင်း ဖြစ်နေရ ပါတယ်။
ကလေး ဟာ (၃) ရက်တိတိ ကျောင်း တက် ပြီးမှ ကျောင်းအုပ်ဆရာမကြီးကိုကျောင်းသား မိဘ တွေက ဖိအားပေး ပြောဆို တာကြောင့် ကလေးကို ကျောင်းက ထုတ်လိုက်တာ ဖြစ်ပါတယ်။ကျောင်းထုတ် ခံလိုက်ရတဲ့ ကလေးဟာ ခန္ဒာကိုယ်မှာ ဘာရောဂါ လက္ခဏာ မှမရှိဘဲ ကျန်းကျန်းမာ မာ ရှိနေတဲ့ အတွက် တခြား ကျောင်းသားတွေ နဲ့ရောနှော နေထိုင်ရုံနဲ့ ရောဂါ မကူးစပ် နိုင်ဘူး ဆိုတာ သေချာ တယ်လို့ HIV ဝေဒနာ သည် တွေကို ကူညီ စောင့်ရှောက် ပေးနေတဲ့ တာဝန်ခံ တဦးက ဆိုပါတယ်။
လာမယ့် တနင်္လာနေ့မှာ အဲဒီကျောင်းရဲ့ ကျောင်းအုပ် ဆရာမကြီးကို ပညာသင်ကြားဖို့ ကျောင်းမှာ လက်ခံ ဖို့အတွက် သွားရောက် ပြောဆိုမယ်လို့လဲ သူကပြောပါတယ်။HIV ရောဂါရှိတဲ့ ကလေးတွေ အတွက် သီးသန့် ကျောင်းဆိုတာ အစိုးရက မဖွင့်လှစ် ထားသေး ပါဘူး။
ဒါ့အပြင် အခမဲ့ ကျောင်းတွေကို အာဏာပိုင် အဖွဲ့ အစည်းက ဖိအား ပေးတာတွေ HIV ဝေဒနာ သည် တွေကို ကူညီ စောင့်ရှောက် ပေးနေသူ တွေကိုလဲ အာဏာပိုင် တွေ က နှောင့်ယှက် တာတွေ ရှိနေ တာကြောင့် ပညာ သင်ကြားချင် စိတ် အားပျင်းနေတဲ့ ဝေဒနာသည် ကလေးတွေ အတွက် အခက်တွေ့ နေရပါတယ်။ Rest of your post
No comments:
Post a Comment