Pages

Wednesday, June 01, 2011

အိုဆာမာဘင် လာဒင်ကို ဘယ်သူ လက်ထောက်ချခဲ့သလဲ

အိုဆာမာဘင် လာဒင်ကို ပါကိစ္စတန် နိုင်ငံမှာ ခိုအောင်းနေတဲ့ နေရာကို အမေရိကန် အစိုးရကို လက်ထောက်ချသူဟာ တာလီဘန်အဖွဲ့ကို တည်ထောင်ရာမှာ ဦးဆောင် ပါဝင်ခဲ့သူ Mullah Ghani Baradar ဖြစ်တယ်လို့ လန်ဒန်ကလာတဲ့ PTI သတင်း တပုဒ်က ဖေါ်ပြပါတယ်။

Bin-lardan
အခုလို ဘင်လာဒင် ခိုအောင်းနေတဲ့ နေရာကို အမေရိကန် စစ်ဆေးသူတွေကို ထုတ်ဖေါ် ပြောဆိုတာဟာ အမေရိကန်တပ်တွေ အာဖဂန် နိစ္စတန်က ဆုတ်ခွာပေးမယ်ဆိုတဲ့ ကတိက၀တ် တစ်ခုကို ရရှိပြီးတဲ့ နောက်မှာ ဖြစ်တယ်လို့ မီဒီယာ သတင်း တပုဒ်ကို ကိုးကားပြီး PTI က ပြောပါတယ်။

ခုလို သာမန်ထက် လွန်ကဲတဲ့ သဘောတူညီမူ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာတာဟာ အမေရိကန်ရဲ့ လျို့ဝှက် စစ်ဆင်ရေး ညွန်ကြားချက်ကို ဘင်လာဒင်ကို ကွပ်မျက်ခဲ့ရာ အာဘူတာဘတ်မြို့က သူ့ရဲ့ အိမ်မှာ တွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာ ဖြစ်တယ်လို့ The Sunday Mirror က ဖေါ်ပြပါတယ်။

သို့သော်လည်း ပါကိစ္စတန်က လာတဲ့ သတင်းတွေအရ လက်ထောက်ချခဲ့သူလို့ စွပ်စွဲခံရသူ Mullah Ghani Baradar ဟာ ဘီလာဒင်ရဲ့ စိတ်အချရဆုံး လုပ်ဖေါ်ကိုင်ဘက် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
Rest of your post

No comments:

Post a Comment