Pages

Thursday, June 16, 2011

ငြိမ်း​ချမ်း​ရေး​ပြန်​လုပ်​ဖို့ မြန်မာ​စစ်​တပ်​ကို​ပြော

BBC News ။ 15-6-2011 (ပေးပို့ သူ-ဗမာ့သွေး)
ယူကေနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အငယ်တန်းဝန်ကြီး jeremy Browne က မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်သဘောတူ ညီချက် ပြန်ယူသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ယူဖို့ အငယ်တန်းဝန်ကြီးပြောဇွန်လ ၁၀ ရက် ရက်စွဲနဲ့ Burma Campaign UK ကို ရေးသားတဲ့စာမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ လက်ထက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ယူခဲ့ပြီးနောက်မှာ မနှစ်က စလို့ ဒီနှစ်အထိ ငြိမ်းချမ်းရေး သဘောတူညီချက် သုံးခုကို ချိုးဖျက်ပြီး မြန်မာစစ်တပ်က တိုင်းရင်း သားတွေ အပေါ် ထိုးစစ်တွေ ဆင်ခဲ့တယ်လို့ ဝန်ကြီးရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။မြန်မာအစိုးရသစ်ရဲ့ စစ်တပ်က မကြာသေး ခင်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။


ဂ​ရိ​ပါလီမန်​ပြင်​ပ​မှာ ရဲ​နဲ့​ဆန္ဒ​ပြ​သူ​တိုက်ခိုက်
BBC News ။ 15-6-2011



ဂရိနိုင်ငံရဲ့ ပါလီမန်အပြင်ဘက်မှာ ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်နေပြီး၊ အစိုးရရဲ့ အသုံးစရိတ်လျှော့ချရေးနဲ့ပတ်သက်တဲ့ အစီအစဉ်သစ်အပေါ် ပြည်သူထောင်ပေါင်း များစွာက ကန့်ကွက်နေကြပါတယ်။


ဆန္ဒပြသူတွေက ရဲတွေကို ကျောက်တုန်းနဲ့ ပေါက်ခဲ့ကြပြီး၊ ရဲတွေကလည်း မျက်ရည် ယို ဗုံးတွေနဲ့ လူအုပ်ကို ပြန်ပစ်ခဲ့ ပါတယ်။ ဒီနေ့ တနေ့လုံး ကိုတော့ ဆန္ဒပြပွဲတွေ ဆက်တိုက် လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အလုပ်သမားတွေနဲ့ အစိုးရဆောင်ရွက်ချက်ကို မကျေနပ်သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆေးရုံတွေ၊ အများပြည်သူသုံး ပို့ဆောင်ရေး ကွန်ရက်နဲ့ အသံလွှင့်ရုံတွေပါ ထိခိုက်ကုန် တယ်လို့ သိပါတယ်။Rest of your post

No comments:

Post a Comment