http://www.yoyarlay.com/international-news/international-news/asia/8904-2011-06-24-04-39-37 ပေးပို့ သူ -eimmet mahotpar
တရုတ် ဗဟိုဘဏ် အစီရင်ခံစာ အရ ထောင်ပေါင်း များစွာသော အစိုးရ
အရာရှိများသည် အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ် ကြပြီး ၁၉၉ဝ မှ ၂ဝဝ၈
ခုနှစ် အထိ
၁၈ နှစ်တာ ကာလ အတွင်း စုစုပေါင်းငွေကြေး ပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၁၂ဝ
ကို ခိုးထုတ်ကာ အမေရိကန် သို့ပို့ဆောင်ပြီး ၄င်းတို့၏နိုင်ငံမှ
ထွက်သွားခဲ့ကြ ကြောင်းဖော်ပြလိုက်သည်။
အရာရှိကြီး စုစုပေါင်းဦးရေ ၁၆ဝဝဝ မှ ၁၈ဝဝဝ အထိရှိလိမ့် မည်ဟု ဖော်ပြထားသည်။
၎င်း တို့သည် နိုင်ငံရပ်ခြားရှိဘဏ်များတွင် ငွေစာရင်း များဖွင့်ကာ ငွေ
များလွဲပို့စု ဆောင်းထားခဲ့ကြကြောင်း သိရှိရသည်။ လွှဲပြောင်းသောငွေများမှာ
ပုဂ္ဂိုလ်က
ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများ ထူထောင်ရန် အတွက်
လွှဲပြောင်းရင်းနှီးမြှုပ်နှံမှုများအဖြစ် နိုင်ငံရပ်ခြားဘဏ်များသို့
လွှဲပို့စေခဲ့ ကြသည်။ အများဆုံးမှာ
အမေရိကန် နိုင်ငံတွင်းသို့ လွှဲပြောင်းခဲ့ပြီး၊ အမေရိ ကန်၊ သြစတြေးလျ၊
ကနေဒါနှင့် ဟော်လန်နိုင်ငံများသို့ စုစုပေါင်း လွှဲ ပြောင်းငွေမှာ
တရုတ်ယွမ် ၈ဝဝ
ဘီလျံအထိရှိကြောင်းဖော်ပြထားသည်။ လေ့လာမှုများအရ နိုင်ငံအတွင်း လာဘ်
စားမှုများမှာ တရုတ်အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံရေး
တည်ငြိမ်နေမှုကို
အပြည့်အဝခြိမ်း ခြောက်ခံနေရကြောင်း သုံးသပ်နေကြသည်။Rest of your post
No comments:
Post a Comment