Pages

Saturday, June 25, 2011

မြန်မာပြည်ခရီးစဉ်မှာ လက္ခဏာကောင်းတချို့ တွေ့မြင်ခဲ့ရကြောင်း အီးယူအဖွဲ့ ပြောဆို

2011-06-23 RFA (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဥရောပ သမဂ္ဂ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အကောင်း မြင်စရာ လက္ခဏာ တချို့ တွေ့မြင်ခဲ့ရတယ်လို့ အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေ အတွက် အစိုးရသစ်ဆီက အားတက်ဖွယ် အရိပ် လက္ခဏာ တချို့ မိမိတို့ တွေ့မြင်ခဲ့ကြောင်း၊ ဒါပေမဲ့ အစိုးရသစ် ရဲ့ ပြုပြင် ပြောင်းလဲရေး ကတိက၀တ်တွေဟာ သူ့ရဲ့ လုပ်ရပ်တွေနဲ့ တထပ်တည်း ကိုက်ညီနေရမှာ ဖြစ်ကြောင်း အီးယူ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗြိတိသျှ ၀ါရင့် သံတမန် မစ္စတာ ရောဘတ်ကူးပါး က ပြောပါတယ်။

အီးယူ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာ အစိုးရသစ် အောက်မှာ အပြောင်းအလဲတွေ မည်၍ မည်မျှ ပေါ်ပေါက်လာနိုင် မလဲ၊ အီးယူ အနေနဲ့ မြန်မာ အစိုးရသစ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံ သွားနိုင်ခြေ ဘယ်လောက်ရှိ သလဲ ဆိုတာတွေကို တီးခေါက် စုံစမ်း တိုင်းတာကြည့်ဖို့ အတွက် လာရောက်တဲ့ ခရီးဖြစ်ကြောင်းလည်း ရောဘတ်ကူးပါး က ပြောပါတယ်။

လွတ်လပ် မျှတမှုမရှိတဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ တက်လာတယ်လို့ ပြည်တွင်း ပြည်ပက ဝေဖန်ခဲ့ ကြပြီး စစ်မှုထမ်းဟောင်းတွေနဲ့ စစ်မှုထမ်းတွေ ပါဝင်နေတဲ့ အစိုးရသစ်ဟာ ဒီမိုကရေစီ ပြုပြောင်းလဲရေးတွေ ဆောင်ရွက်မယ်လို့ ကတိပြု ပြောဆိုခဲ့ပေမဲ့ အခုထိတော့ အပြောင်းအလဲဆီ ဦးတည်တဲ့ အပြုအမူမျိုး မတွေ့ရသေးဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
Rest of your post

No comments:

Post a Comment