Pages

Friday, June 03, 2011

မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ အပြောထက် လက်တွေ့လုပ်ရပ်လိုအပ်

By Thar Nyunt Oo သောကြာ, 03 ဇွန် 2011
ဇွန် ၃၊ ၂၀၁၁။ မြန်မာအစိုးရသစ်အနေနဲ့ အမေရိကန်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းအောင် လုပ်ဆောင်ရာမှာ နွေးထွေးပျူငှာတဲ့စကားလုံးတွေထက်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့အလုပ်တွေအပေါ်မှာ အခြေခံဆောင်ရွက်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်ပါတယ်။
၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇွန် ၃ ရက် နေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်အထက်လွှတ်တော်အမတ် မက်ကိန်းက ခုလို တိုက်တွန်းပြောဆိုသွားတာပါ။ မြန်မာအစိုးရအနေနဲက အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ လိုလားသလိုပဲ၊ အမေရိကန်ပြည်ထောင်စုဖက်ကလည်း အလားတူ စိတ်ဆန္ဒသဘောထားရှိတဲ့အကြောင်း မစ္စတာမက်ကိန်းက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း မြန်မာနိုင်ငံကို ခုလို လာရောက်ဖို့ကြိုးစားခဲ့ပေမယ့်၊ အခု အစိုးရသစ်လက်ထက်ကျမှ လာရောက်ခွင့်ရတာဟာ အပြောင်းအလဲတခုလို မြင်တဲ့အကြောင်းလည်း မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ လက်တွေ့ကျကျ လုပ်ဆောင်ရမယ့်ကိစ္စတွေထဲ အရေးအပါဆုံးကိစ္စတခုကတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဖြစ်ကြောင်း မစ္စတာ မက်ကိန်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မယ့် အခွင့်အရေးနဲ့ လုံခြုံရေးအတွက် သေချာအောင် ဆောင်ရွက်ပေးဖို့ကိုလည်း အစိုးရသစ်ကို တိုက်တွန်းသွားပါတယ်။

မြောက်ကိုရီယားနဲ့ စစ်ရေး ဆက်ဆံမှုတွေမှာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နူကလီးယားမပြန့်ပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မစ္စတာမက်ကိန်းက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတေါ တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးမှုတွေ စတင်ဖို့ကိုလည်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက တိုက်တွန်းသွားခဲ့ပါတယ်။Rest of your post

No comments:

Post a Comment