Pages

Wednesday, June 22, 2011

ရထားလမ်း သံတံတား အဖျက်ခံရ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့-မန္တလေး မီးရထားလမ်းပေါ်ရှိ နမ္မတီးကျေးရွာအနီး ပိန်းချောင်း သံတံတားအား လက်နက်ကိုင်တစုက ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့မှ ၃၂ မိုင်အကွာရှိ အရှည် ၅ဝ နှင့် အကျယ် ၈ ပေခန့်ရှိ ပိန်းချောင်းတံတားကို နံနက် ၂ နာရီခွဲခန့်က မိုင်းဖြင့်ဖောက်ခွဲ ဖျက်ဆီးသွားခြင်း ဖြစ်သည်။

နမ္မတီးကျေးရွာ အနီး ပိန်းချောင်း သံတံတားအား လက်နက်ကိုင် တစုက ဗုံးခွဲဖျက်ဆီး လိုက်သောကြောင့် နမ္မတီးမြို့အတွင်း လုံခြုံရေးများ တိုးပွားလာ (ဓါတ်ပုံ မဇ္ဈိမ) ...
“ည ၂ နာရီခွဲလောက်မှာ ကျနော်တို့ နမ္မတီးနဲ့ မရမ်းကြားက ပိန်းချောင်းတံတားက ဖျက်ခံရတာ။ ပေ ၄ဝ ကျော်၊ ၅ဝ လောက် ရှိတယ် အကျယ်က ၇၊ ၈ ပေလောက် သံဘောင် ပြုတ်ကျသွားတယ်၊
အုတ်ခုံ ပြိုသွားတယ် အဲဒီလောက်ပါဘဲ လောလောဆယ် ဘယ်သူခွဲမှန်း မသိဘူး”ဟု နမ္မတီးမြို့နေသူ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောကြားသည်။

မြစ်ကြီးနားမြို့သို့ ရထားတိုက်ရိုက် သွားလာ၍ မရတော့ဘဲ တံတား တဘက်တချက်မှနေ၍ ရထားနှစ်စင်းမှ ခရီးသည်များကို လဲလှယ်ပေးကာ ပြေးဆွဲနေရသည်။ အရေးပေါ် တံတားပြင်ဆင်မှု လုပ်နေဆဲဖြစ်ပြီး သံလမ်းပြင်ရေးအဖွဲ့ကို ကိုးကား၍ ဒေသခံတဦးက
ပြောကြားရာတွင် မနက်ဖြန် ရထားပြန်လည်
ပြေးဆွဲနိုင်လိမ့်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အာဏာပိုင်များက ရထားလမ်း လုံခြုံရေးအတွက် ကင်းစောင့်ငှားရန် အနီးနားနေသူများထံမှ တအိမ်ထောင်လျှင် ကျပ် နှစ်ထောင်နှုန်း
ငွေကောက်ခံထားပြီး ဖြစ်သည်။ ငွေမပေးနိုင်သည့် အိမ်မှ သုံးရက် လူလွှတ်၍ ကင်းစောင့်ရမည် ဖြစ်သည်။

လက်ရှိ နမ္မတီးမြို့အတွင်း စာသင်ကျောင်း၊ တံတား၊ ရုံးအဆောက်အအုံများတွင် လုံခြုံရေးများ တိုးပွားလာနေသည်။ အလားတူ မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး- လဝက ရုံးရှေ့တွင်လည်း ယမန်နေ့ ည ၁ဝ နာရီဝန်းကျင်တွင် ဗုံး၂ လုံး ခွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။ ရုံးပိတ်ချိန်အတွင်း တိုက်ခိုက်မှုဖြစ်ခြင်းကြောင့် အသေအပျောက်မရှိဟု သိရသည်။

ရဲစခန်းကို တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။ အရပ်သားများကို ဦးတည် တိုက်ခိုက်ခြင်း မရှိဟုလည်း သူက ဆိုသည်။

ထို့ပြင် ဇွန် ၂ဝ ရက်နေ့က လူအသေအပျောက် မရှိသော တိုက်ခိုက်မှုတခု ကေအိုင်အိုက ပြုလုပ်ခဲ့သည်။ ဖားကန့်မြို့ မြို့မ ရပ်ကွက်ရှိ အစိုးရ ရဲစခန်းရှေ့နှင့် လုံးခင်းကျေးရွာမှ ရဲစခန်းတို့ကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။ ဇွန် ၁၉ ရက်နေ့ကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်ပေါ်မှ နမ်ဆန်ယန် ကျေးရွာမှ စရဖ ရုံးကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်။

တိုက်ပွဲများ ဖြစ်လာပြီးနောက် ကချင်လူငယ်များက
bgfdestorytrainstreets

နမ္မတီးကျေးရွာ အနီး ပိန်းချောင်း သံတံတားအား လက်နက်ကိုင် တစုက ဗုံးခွဲဖျက်ဆီး လိုက်သောကြောင့် နမ္မတီးမြို့အတွင်း လုံခြုံရေးများ တိုးပွားလာ (ဓါတ်ပုံ မဇ္ဈိမ) ...
စစ်မှုထမ်းရန် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ သွားရောက် ပူးပေါင်းကြသည်ဟု ကေအိုင်အိုနှင့်
ဒေသခံများက ပြောသည်။

အစိုးရဘက်မှ ဇွန် ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ လတ်တလော ကေအိုင်အိုက ဖျက်ခဲ့သော တံတား ၂၅ စင်းရှိသွားပြီဟု ဆိုသည်။

ထိုသို့ဖြစ်ပွားနေခိုက် KIO အဖွဲ့မှ ခွဲထွက်ခဲ့၍ ပြည်သူ့စစ် အသွင်ပြောင်းလဲလိုက်သော ဦးလဆန်အောင်ဝါကို နေအိမ် အကျယ်ချုပ်ထားသည့် သတင်းမှာလည်း မြစ်ကြီးနား မြို့ပေါ်တွင် ပြန့်နှံ့နေသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပါ။

တိုက်ပွဲဖြစ်ပွားမှု ၁၄ ရက်မြောက်ဖြစ်သော ယနေ့တွင် စစ်ဘေးလွတ်ရန် မြစ်ကြီးနားမြို့ ဇီးလွန်နှစ်ခြင်း ဘုရားရှိခိုးကျောင်းတွင် ဒုက္ခသည် ၈ဝ ဦး၊ တပ်ကုန်းနှစ်ခြင်း ဘုရားကျောင်းတွင် ၆ဝ ဦး၊ ဝိုင်းမော်မြို့တွင် ၁ဝဝ ကျော် တို့ကို ရောက်ရှိနေသည်ဟု ဘုရားကျောင်းနှင့်နီးစပ်သူ ဘာသာရေး ဆရာတဦးက ပြောသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်များတွင် နေရာအနှံ့ လုံခြုံရေးများ တင်းကြပ်ထားသည်ဟု ဒေသခံများက
ပြောသည်။Rest of your post

No comments:

Post a Comment