Monday, 27 June 2011 18:47 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ဝင်းကန် ကျေးရွာရှိ အစိုးရသစ်တောရုံးအား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ က ယနေ့နံနက် ၄ နာရီ ခွဲခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့က ရုံးအဆောက်အဦအား သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သစ်တောရုံးက နမ့်ခမ်းကနေ မုံးဝီးဘက်ထွက်တဲ့လမ်းမှာ ရှိတယ်။ ဒီမနက် ၄ နာရီခွဲလောက်မှာ ဗုံးခွဲခံရတယ်၊ လက် နက်ငယ်နဲ့ ၄ - ၅ ချက်လောက် ရုံးအောက်ထပ်ကို ပစ်သွားတယ်၊ ဝန်ထမ်း ၂ ယောက် အပေါ်ထပ်မှာ အိပ်နေတော့ ထိခိုက်တာမရှိဘူး၊ ရုံးအဆောက်အဦ နည်းနည်းပျက်စီးသွားတယ်” ဟု သူက ဆိုသည်။
ဗုံးခွဲခံရအပြီး နံနက်ပိုင်းတွင် မြန်မာစစ်တပ်များ သစ်တောရုံးသို့ ရောက်ရှိလာပြီး ရှင်းလင်းမှုများ ပြုလုပ်ကြောင်း သိရသည်။
ယခုလ ၂၅ ရက်နေ့ကလည်း မူစယ်မြို့နယ် စယ်လန့်ကျေးရွာရှိ အရှည် ပေ ၄၀ ခန့်ရှိ အုပ်တံတားတစ်စင်း မိုင်းခွဲခံ ခဲ့ရမှုကြောင့် အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။
ゞင်းတံတားဖေါက်ခွဲမှုကို စယ်လန့်ရွာရှိ ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စယ်လန့်ရွာမှာ ရဲ ၄ - ၅ ယောက်လောက် စောင့်နေတယ်၊ တံတားကိုမိုင်းထုတ်နဲ့သွားပစ်တယ်၊ တံတား နည်းနည်း ပါးပါး ပျက်စီးသွားတယ် ဒီရွာမှာရှိတဲ့ လူငယ်တွေကို ကင်းစောင့်ခိုင်းချင်လို့ရဲတွေကိုယ်တိုင်ဖေါက် ခွဲတာ” ဟု ဆိုသည်။
ယခုအခါ မြို့တော်သစ် နေပြည်တော်အပါအဝင် မန္တလေး၊ ကချင်ပြည်နယ်နှင့် သျှမ်းပြည်(မြောက်ပိုင်း) ရှိ မြို့ ကြီး များတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
Rest of your post
No comments:
Post a Comment