Pages

Sunday, June 26, 2011

မိုင်တိုင် ၇၆

ပေးပို့ သူ -eimmet mahotpar
ရေးသူရေး ပြောသူပြော ဖြန့်သူဖြန့် ကူးသူကူး ကြည့်သူကြည့်ကြတယ်

အဲဒါ ဘာကားလဲ၊ သရဲကားတဲ့၊

အပြင်မှာ မဖြန့်ရဘူးတဲ့၊ ဆင်ဆာပိတ်ထားလို့ တဲ့

လူပြောများလို့ ကြည့်ဖြစ်တယ်

ပြီးတော့ စဉ်းစားကြည့်တယ်၊ ဒါကြည့်ပြီး ငါ့စိတ်ဘယ့်နှယ်နေသလဲပေါ့

ပိုပြီး ကြောက်တတ်လာတယ်၊ သတ္တိနည်းသွားတယ်၊

သဘာဝကျ မကျ မစဉ်းစားတတ်တာ့ဘူး၊

တိုက်ဆိုင်မှုတစ်ခုကိုတော့တွေ့မိတယ်

ခု ကချင်မှာ စစ်ဖြစ်နေတယ်၊ ရှမ်းမှာ စစ်ပြင်နေတယ်၊ မွန် နဲ့ ကရင်လည်းပါတယ်

ဒီအချိန်မှာ ဒီအခွေက ဘာလို့ ဒီလိုမြန်မြန်ကြီး ပြန့်သွားတာလဲ

လူထုကို တစ်ခုခုနဲ့ အာရုံလွှဲတာလား၊ ဘာလား ညာလားပေါ့

ဘာလုပ်ချင်လို့ အာရုံလွှဲရတာလဲ၊ ဘာလုပ်ချင်လို့ ကြောက်တတ်အောင် လုပ်ရတာလဲ

ဘာလို့ သတ္တိနည်းအောင်လုပ်ရတာလဲ

ဘာလို့ အမှားအမှန် မခွဲနိုင်အောင်လုပ်ရတာလဲ

ကျေးဇူးပြုပြီး ၀ိုင်းကူကြပါအုံး

(ဒါရိုက်တာတွေ မင်းသားတွေ သရုပ်ဆောင်တွေ

လူထုကို တုံးသွးအောင် မလုပ်ကြပါနဲ့ဗျာ)

No comments:

Post a Comment