Pages

Tuesday, May 31, 2011

ဆင်းရဲသော မိသားစုများသို့ UNDP မှ ထောက်ပံ့ငွေ တစ်ချို့ အာဏာပိုင်များကို ပေးနေရ

News Date:5/30/2011 နိရဉ္ဖရာ သတင်းဌာန(ပေးပို့ သူ-ဗမာ့သွေး)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အစီအစဉ်အရ UNDP မှ ဆင်းရဲသား မိသားစုများကို ထောက်ပံ့နေသော ငွေ တစ်ချို့ကို အာဏာပိုင်များက လိုက်လံ ကောက်ခံမူများ ရှိနေကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ငွေကောက်ခံနေမူကို စနေနေ့ ညနေပိုင်းမှ စတင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

" အခု ကောက်ခံနေတာက တစ်အိမ်ထောင်က ၁၀၀၀ ကျပ်စီ ကောက်ပါ တယ်။ နစကဆီက စာလာတယ်ပြောပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်း တွေက ကောက်နေတာ ဖြစ်ပါတယ်။ မပေးရင် အဖမ်း ခံရနိုင်တဲ့ အတွက် တောင်းတဲ့ငွေကို ပေးနေကြပါတယ်" ဟု သူက ပြောသည်။

UNDP က ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော မွတ်ဆလင် ဒုက္ခသည် မိသားစုများကို အဆင့် (၅) ဆင့်ဖြင့် ကူညီနေရာ နောက်ဆုံး အဆင့် ဖြစ်သော မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး အစီအစဉ်အရ တနိုင်တပိုင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန်အတွက် ငွေများ ထုတ်ပေးနေကြောင်း သိရသည်။

" သူတို့က အဆင့် တစ်ကနေ ၅ ထိ တဆင့်ပီး တဆင့် ကူညီနေတာ ဖြစ်ပါတယ်။ နံပတ် (၅) အဆင့်မှာ အိမ်တစ်အိမ်ကို ငွေ ၃၀၀၀ ကနေ ၅၀၀၀ ကျပ်ထိ ထုတ်ပေး နေပါတယ်။ မွေးမြူရေး အတွက် ကြက် ဆယ့်လေး ငါးကောင် ၀ယ်ဖို့ အတွက် ထုတ်ပေးတာပါ။ အဲဒီအထဲက ငွေတွေကို သူတို့ကို တစ်ထောင်စီ ပေးရမယ်ဆိုပြီး နစကမှ ကောက်ခံနေတာ ဖြစ်ပါတယ်။"

ယခု ငွေကောက်ခံနေရသော ကျေးရွာများ ပြိုင်းတောင်၊ တောင်ချေ၊ ဒိုးတန်း၊ ဆင်သေပြင်နှင့် ဖရုံချောင်း စသည့် ကျေးရွာများ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာများ အနီးတည်ရှိသော အမှတ်(၂၈) ညောင်ချောင်း နစက စခန်းမှ ကောက်ခံနေခြင်း ဖြစ်သည်။

" သူတို့ ဘာအတွက် ကောက်တယ်ဆိုတာကိုတော့ မပြောဘူး။ သူတို့ သုံးဖို့အတွက်ဘဲ ဖြစ်ဖို့များပါတယ်။ မပေးရင် ကျေးရွာ အုပ်ချုပ်ရေးမှူးက အချုပ်ခန်းမှာ ဖမ်းချုပ်ပါတယ်။ ဒါကြောင့် လူတွေက ပေးနေရပါတယ်" ဟု သူက ပြောသည်။

ယခု ကောက်ခံနေသော ငွေမှာ သိန်းရာချီရှိပြီး သူတို့ကိုယ်ကျိုး အတွက် ကောက်ခံခြင်း ဖြစ်ကြောင်း အများစု ပြည်သူများက ပြောသည်။

ကျေးရွာသားများ အနေဖြင့် ယခုလို ယူအန်ဒီပီက ပေးသောငွေကို အာဏာပိုင်များက ကောက်ယူသည့် အပေါ် မကျေနပ်သော်လည်း မည်သည့် နေရာကိုမှ မတိုင်တန်းရဲဘဲ ဖြစ်နေကြောင်း သူတို့က ပြောသည်။Rest of your post

No comments:

Post a Comment